Monday, March 11, 2019

ယောက်ျားထုကြီးကို ကိုယ်တွေ့ ပညာပေး စကားလေး ပြောချင်တာကတော့ ....



လက်​မထပ်​ခင်​ လွန်​ခဲ့တဲ့ တစ်​ပတ်​က ကျွန်​​တော့်​ရဲ့​ကောင်​မ​လေးက သူ့အိမ်​ကို အလည်​​ခေါ်ပါတယ်​။သူ့အိမ်​​လည်း ​ရောက်​သွား​ရော့ တစ်​အိမ်​လုံးမှာ သူ့ညီမ တစ်​​ယောက်​ပဲ ​တွေ့တယ်​။

သူ့ညီမ​လေး ဘယ်​​လောက်​ ညှို့အားပြင်းပြီး ဆွဲ​ဆောင်​မှု့ရှိလဲ ဆိုတာ ​ပြောရင်​ ယုံမှာ​တောင် ​မဟုတ်​ဘူး။
ကြည့်​အုန်း အဲ့ဒီ​နေ့မှာမှ အဲ့ဒီ​ကောင်​မ​လေးက (mini-skirt) ​တိုတို​လေးကို ဝတ်​ထားပြီး အတွင်းခံ ဘရာစီယာ လည်း ဝတ်​မထားဘူး။

အဲ့ဒီ​ကောင်​မ​လေးက ​ပြောတယ်​။ သူ့အစ်​မက အခုဆို အ​ရေးကြီး ကိစ္စနဲ့ အပြင်​ကို ထွက်​သွားတယ်​။ ည​နေမှ ပြန်​လာမည်​ ဆိုတဲ့ အ​ကြောင်း ​ပြောပြဖို့ သူ့ကိုမှာထားတယ်​တဲ့။


ဒါနဲ့ ကျွန်​​တော်​ အိမ်​ထဲမှာ၊ သူ့ညီမ​လေးနဲ့ စကား​ပြော​နေတုန်း၊ သူ့ညီမ​လေးက ကျွန်​​တော့်​အနားကို ကတ်​ပြီး တိုးတိုး​လေး​ပြောတယ်​။

သူ့အစ်​မနဲ့ လက်​မထပ်​ခင်​ ကျွန်​​တော့်​တစ်​ဘဝလုံးကို သူ့အစ်​မဆီ လုံးဝ မပုံအပ်​လိုက်​ခင်​၊ ကျွန်​​တော်​နဲ့ တစ်​ကြိမ်​​လောက်​ဖြစ်​ဖြစ်​ အတူတူ ရှိ​နေချင်​တယ်​တဲ့။

သေဟဲ့ ဆိုပြီး ကျွန်​​တော်​ ​တော်​​တော်​​လေး လန့်​ သွားတယ်​။ ဘာစကားမှ​တောင်​ ပြန်​မ​ပြောနိုင်​ဘူး။
ဒါနဲ့ အဲ့ဒီ​​ကောင်​မ​လေးက ဆက်​​ပြောပါတယ်​။
ညီမ​တော့ အိပ်​ခန်းထဲ သွား​တော့မယ်​။ တစ်​ကယ်​လို့ ​နောက်​ဆုံး အ​နေနဲ့ အတူတူ ​ပျော်​မြူးးချင်​တယ်​ ဆိုရင်​ ညီမဆီလာခဲ့ပါ​နော်​´´တဲ့။



ကျွန်​​တော်​ ချက်​ချင်းပဲ ချာခနဲ လှည့်​ပြီး ကျွန်​​တော့့် ကားဆီ သွားဖို့ အိမ်​​ရှေ့တံခါးမကြီးဆီ​ လျှောက်​သွားလိုက်​တယ်​။

တံခါးကို ဖွင့်​လိုက်​​တယ် ​ဆိုရင်​ပဲ ဟိုက်​​ရော့တစ်​မိသားစုလုံးပါလား။
ကျွန်​​တော့်​ရဲ့ ​ယောက္ခမ​လောင်း မိသားစု​ပေါ့ဗျာ။


အားလုံး လက်​ခုပ်​​တွေ တီး​နေကြတယ် ​။ ယောက္ခမထီးကြီးဆို မျက်​ရည်​​တွေ ဝဲလို့ ကျွန်​​တော့်​ကို လာဖက်​တယ်​။

“အ​ဖေတို့က သားရဲ့ ကိုယ်​ကျင့်​တရားကို စမ်းခဲ့တာကွာ။
“သား​အောင်​မြင်​ခဲ့တဲ့ အတွက်​ အရမ်းကို ဝမ်းသာမိပါတယ်​ကွာ"


ကျနော်နောက်ဆုံး ယောက်ျားထုကြီးကို ကိုယ်တွေ့
ပညာပေး စကားလေး ပြောချင်တာကတော့.....


“ သတိ – သင့် ကွန်ဒုံး ကို ကားထဲမှာ သေချာသိမ်းပါ. . .”


Credit- online


No comments:

Post a Comment