Thursday, March 21, 2019

စာဖတ်ရခြင်း အကျိုး




တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိလိုက်လေ၏။
အမှုတွဲ မှတ်တမ်းတင် ရဲအရာရှိက မည်သည့် အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု
မေးမြန်းကြည့် လေ၏။
မေး- " ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”...
ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့် အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ." ။
ပထွေးက သူလုပ်ကျွေးရတာ ဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ်  ။ ကျွန်တော်လည်း စိတ်ညစ် တဲ့ အတွက် အမေနဲ့ ပထွေး ကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ဖဲရိုက်တယ် ။

ည ညတွေ ... အိမ်မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ် ။ အဲဒီမှာတင် ကလေကချေ တွနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။


ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက် မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”  ။
မေး - “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်
သူကရော ဒုစရိုက်သမားပဲလား “...
ဖြေ - “ မဟုတ်ပါဘူး ...သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ် ”...
မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခ ကို အခုလို သွားရောက် တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။
မေး - “ ဆရာခင်ဗျာ ... အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “  ။
ဖြေ - “ ကျွန်တော် ခုလို ပါမောက္ခ ဖြစ်ရတာ ပထွေးကြောင့် ပါ ခင်ဗျာ “..
မေး - “ ပထွေးက ဘယ်လို အားပေး ကူညီခဲ့လို့လဲ “..
ဖြေ - “ အားပေးကူညီတာ မဟုတ်ဘူးဗျ နှိပ်စက်တာ .စိတ်ညစ်အောင်လုပ်တာ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ ။
တစ်ခါ တစ်လေ ...အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာ အိပ်တယ်။ စာကြည့်တိုက်မှူး ကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။
စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်... ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည် ရမယ် ဆိုတာ သိလာပြီးကြိုးစားလိုက်တာ အခုလို တက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “...
သင်ခန်းစာ - ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်း တူသော်လည်း စိတ်ညစ်လို့
အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက် ကွာခြားလဲ ဆိုတာ ထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာ ထင်ရှားလှပါတယ်။
.
Credit ; နည်းစနစ်ကျကျ အတွေးအခေါ်


No comments:

Post a Comment