Thursday, March 21, 2019

ငွက္ေပ်ာသီးကို ေန႔စဥ္ စားသင္႔ေသာ အေၾကာင္းရင္း (၁၂) ခ်က္




(၁) ငွက္ေပ်ာသီးကုိ သင္ ေန႔စဥ္ ပုံမွန္စားတဲ့ အက်င့္ ျပဳလုပ္ထားရင္ ေလျဖတ္ေရာဂါေၾကာင့္ ေသဆုံးႏုိင္ေျခ ၄၀ ရာခုိင္ႏႈန္းထိ ေလွ်ာ့ခ်ႏုိင္တယ္လုိ႔ New England ေဆးပညာ ဂ်ာနယ္မွ ေလ့လာမႈ အရ သိရပါတယ္။
(၂) ငွက္ေပ်ာသီးမွ ာ အဓိက အားျဖင့္ သၾကား (ဂလူးကုိ႔စ္၊ ဖရပ္တုိ႔စ္ နဲ႔ ဆူးက႐ုိ႕စ္) ပါဝင္တာေၾကာင့္ စြမ္းအင္ကုိ ခ်က္ခ်င္း ေပးႏုိင္သလုိ စြမ္းအင္ တာရွည္စြာ ရရွိေစႏုိင္ပါတယ္။

(၃) ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ Tryptophan ေခၚတဲ့ Aminoacid ဟာ Serotonin အျဖစ္ ေျပာင္းလဲႏုိင္ တာေၾကာင့္ စိတ္ခံစားမႈ ေကာင္းေစၿပီး စိတ္ဓာတ္ က်ဆင္းမႈ ေလ်ာ့နည္းေစပါတယ္။
(၄) ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ မ်ားစြာေသာ အမွ်င္ဓာတ္ေတြက ဝမ္းႏုတ္ေဆး အေပ်ာ့စားလုိ ျပဳလုပ္ႏုိင္ တာေၾကာင့္ ဝမ္းခ်ဳပ္သူေတြ အတြက္ အသုံးဝင္ပါတယ္။
(၅) သူ႔မွာ ပါဝင္တဲ့ မ်ားစြာေသာ အမွ်င္ဓာတ္ေတြက အူမႀကီး လုပ္ငန္း ပုံမွန္ ျဖစ္ေအာင္ ကူညီေပးသလုိ Pectin ေခၚတဲ့ ေရမွာ ေပ်ာ္ဝင္တဲ့ အမွ်င္ ဓာတ္ေတြဟာလည္း အစာလမ္းေၾကာင္း တစ္ေလွ်ာက္ ပုံမွန္ ေရြ႕လ်ားမႈ ရရွိေအာင္ ျပဳလုပ္ေပးပါတယ္။


(၆) ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ သံဓာတ္ေတြဟာ ခႏၶာကုိယ္တြင္း ေဟမုိဂလုိဘင္ ႀကီးထြားဖုိ႔ လႈံ႕ေဆာ္ႏုိင္ တာေၾကာင့္ ေသြးအားနည္း ေရာဂါအတြက္ သင့္ေတာ္ပါတယ္။
(၇) ေန႔စဥ္ ငွက္ေပ်ာသီး သုံးလုံး ပုံမွန္စားတဲ့ အသက္ႀကီးသူေတြဟာ အသက္ႀကီးလာရင္ အျမင္အာ႐ုံ ဆုံး႐ႈံးမႈ ျဖစ္ရတဲ့ အေၾကာင္းရင္း ျဖစ္တဲ့ မက္ကူလာ ပ်က္စီး ယုိယြင္းမႈ (Age related macular degeneration) ျဖစ္ႏုိင္ေျခကုိ ၃၆ ရာခုိင္ႏႈန္း အထိ ေလွ်ာ့ခ်ႏုိင္ပါတယ္။
(၈) ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ မ်ားစြာေသာ ပုိတက္စီယမ္ နဲ႔ အလြန္ နည္းလွတဲ့ ဆုိဒီယမ္ေၾကာင့္ ေသြးတုိး ေရာဂါ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။
(၉) ငွက္ေပ်ာသီးမွာ ခႏၶာကုိယ္တြင္း ေကာင္းတဲ့ ဘက္တီးရီးယားေတြကုိ အာဟာရျဖစ္ေစတဲ့ Fructooligosaccharide ပါဝင္ပါတယ္။
(၁၀) ရင္ပူေဝဒနာ ရွိသူေတြ ငွက္ေပ်ာသီး စားရင္ သက္သာတာဟာ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ Antacid ဂုဏ္သတၱိေၾကာင့္ပါ။
(၁၁) ငွက္ေပ်ာသီးကုိ ပုံမွန္ စားေပးရင္ ေက်ာက္ကပ္ က်န္းမာေရးကုိ ကူညီႏုိင္ပါတယ္။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ဓာတ္တုိး ဆန္႔က်င္ပစၥည္း ျဒပ္ေပါင္း Phenolic ေၾကာင့္ ေက်ာက္ကပ္ ကင္ဆာ ျဖစ္ႏုိင္ေျခကုိ ေလွ်ာ့ခ်ႏုိင္ပါတယ္။
(၁၂) ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ဗီတာမင္ B6,B12, ပုိတက္စီယမ္ နဲ႔ မဂၢနီဆီယမ္ေၾကာင့္ ေဆးလိပ္ျဖတ္ သူေတြမွာ နီကုိတင္း ျဖတ္တာေၾကာင့္ ျဖစ္လာတဲ့ အက်ဳိးဆက္ေတြကုိ ျမန္ျမန္ ေကာင္းေအာင္ ကူညီႏုိင္ ပါတယ္။


Unicode ဖြင့်ဖတ်ရန်
(၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင် လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။
(၂) ငှက်ပျောသီးမှာ အဓိကအားဖြင့် သကြား (ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်) ပါဝင်တာကြောင့် စွမ်းအင်ကို ချက်ချင်း ပေးနိုင်သလို စွမ်းအင် တာရှည်စွာ ရရှိစေနိုင်ပါတယ်။(၃) ငှက်ပျောသီးမှာ ပါဝင်တဲ့ Tryptophan ခေါ်တဲ့ Aminoacid ဟာ Serotonin အဖြစ် ပြောင်းလဲနိုင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။
(၄) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက ဝမ်းနုတ်ဆေး အပျော့စားလို ပြုလုပ်နိုင်တာကြောင့် ဝမ်းချုပ်သူတွေ အတွက် အသုံးဝင်ပါတယ်။
(၅) သူ့မှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက အူမကြီး လုပ်ငန်း ပုံမှန် ဖြစ်အောင် ကူညီပေးသလို Pectin ခေါ်တဲ့ ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေဟာလည်း အစာလမ်းကြောင်း တစ်လျှောက် ပုံမှန် ရွေ့လျားမှု ရရှိအောင် ပြုလုပ်ပေးပါတယ်။
(၆) ငှက်ပျောသီးမှာ ပါဝင်တဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင် ကြီးထွားဖို့ လှုံ့ဆော်နိုင်တာကြောင့် သွေးအားနည်း ရောဂါအတွက် သင့်တော်ပါတယ်။
(၇) နေ့စဉ် ငှက်ပျောသီး သုံးလုံး ပုံမှန်စားတဲ့ အသက်ကြီးသူတွေဟာ အသက်ကြီးလာရင် အမြင်အာရုံ ဆုံးရှုံးမှု ဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှု (Age related macular degeneration) ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။
(၈) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်နဲ့ အလွန် နည်းလှတဲ့ ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
(၉) ငှက်ပျောသီးမှာ ခန္ဓာကိုယ်တွင်း ကောင်းတဲ့ ဘက်တီးရီးယားတွေကို အာဟာရဖြစ်စေတဲ့ Fructooligosaccharide ပါဝင်ပါတယ်။
(၁၀) ရင်ပူဝေဒနာ ရှိသူတွေ ငှက်ပျောသီး စားရင် သက်သာတာဟာ ငှက်ပျောသီးမှာ ပါဝင်တဲ့ Antacid ဂုဏ်သတ္တိကြောင့်ပါ။
(၁၁) ငှက်ပျောသီးကို ပုံမှန် စားပေးရင် ကျောက်ကပ် ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
(၁၂) ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6,B12, ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆေးလိပ်ဖြတ်သူတွေမှာ နီကိုတင်း ဖြတ်တာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန် ကောင်းအောင် ကူညီနိုင်ပါတယ်။


No comments:

Post a Comment