Monday, September 12, 2016

မရမ်းသီး ရဲ့ ဆေးဖက်ဝင်မှု

Image may contain: food


ခံတွင်းပျက်နေသူများ၊ ခံတွင်း အရသာ မပေါ်ခြင်းဖြစ်နေသူများ မရမ်းသီး ကို သုပ်စား၊ ချက်စား စသဖြင့် စားသုံးပေးရင် သက်သာပျောက်ကင်းပြီး ခံတွင်း အရသာပြန်လိုက်လာစေမှာပါ။
..
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်း သွားခြင်းဖြစ်နေပါက မရမ်းသီး နဲ့ ဆားကို တွဲဖက်ပေးပြီး စားရပါမယ်။
ဥပမာ- မရမ်းသီး ဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီး ကို သုပ်စားပေးခြင်းဖြင့်
ဝမ်းကိုက် ပိုးများကို သေစေနိုင်ပါတယ်။
..
အသည်း အဆီဖုံးရောဂါရှင်တွေသာ မက သာမန် လူများလည်း စားသောက်ရာမှာ အဆီများ ပိုလျှံစွာ မစားမိဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ အဆီ များတဲ့ သားငါးများ ချက်တဲ့အခါ ပိုလျှံနေသော အဆီများ မစားမိအောင် သားငါးများ တွင် မရမ်းသီး ထည့် ချက်ပြုတ်ခြင်းဖြင့် ထို အဆီများ ချေဖျက်ပေးနိုင်ပါတယ်။
..
မရမ်းသီး ရဲ့ တစ်ခြားျေဆးဖက်ဝင်မှုတွေ ကတော့-...............
သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်း ပူ လောင်ခြင်း၊ အသားကြား အရိုးကြား နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။
အထူးသဖြင့် မရမ်းစေ့ များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြုကြပါတယ်။


..
မရမ်းသီး ရဲ့ဆေးဖက် ဝင်မှုကိုသိပြီဖြစ်လို့ မရမ်းသီး ကို ထိထိရောက်ရောက် အသုံးချ စားသုံးနိုင်ကြပါပြီ။
ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတာကိုလည်း သတိတော့ ထားကြရအောင်။


Credit to သိသူဖော်စား အသုံးဝင်အချက်များ
နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment