Thursday, September 15, 2016

မိန်းကလေး မျက်ရစ် ဗေဒင်




မိန်းကလေးတွေရဲ့ မျက်ရစ် ကို ကြည့်ပြီး ဇနီးကောင်းဖြစ်နိုင်လား၊ ဖောက်ပြန်တတ်သူ ဖြစ်နိုင်သလားဆိုတာကို ကြည့်လို့ရတယ် လို့ ဆိုပါတယ်။

ကဲ မှန်လေးကို လက်ထဲ ထားပြီး ကိုယ့်ရဲ့ မျက်ရစ်ကို ကြည့်လိုက်နော်။

1.မျက်ရစ် မျဉ်းနှစ်ချောင်းက မျက်တောင် အစမှာ ဆုံနေရင် .... ဇနီးကောင်း


သူကတော့ လောက ရဲ့ကျင့်ဝတ် ကို နားလည်ပြီး တစ်ယောက်ဆို တစ်ယောက်တည်း ချစ်မြတ်နိုးပြီး တသက် လုံး ပါရမီဖြည့်ပေးသွားမယ့်သူ ဖြစ်ပါလိမ့်မယ်။ 
အပျော်သဘော အချစ်ရေးကို စဉ်းစားလေ့ မရှိပဲ၊ အချစ်ရေး အိမ်ထောင်ရေးကို လေးလေး နက်နက် စဉ်းစားသူပါ။ ပါရမီဖြည့်ဘက်ကို တန်ဖိုးထားတဲ့ အတွက် ယောင်္ကျားဖြစ်သူကလည်း တန်ဖိုးထား လေးစားပါလိမ့်မယ်။

2.မျက်ရစ် မျဉ်းနှစ်ချောင်းက မျက်တောင်အစမှာ မဆုံခဲ့ရင် .... ဖောက်ပြန်တတ်သူ


သူကတော့ လောက ကျင့်ဝတ် စည်းကမ်းထက် စိတ်ခံစားမှု ကို အဓိက ထားပြီး စဉ်းစားတဲ့ အတွက် ချစ်သွားပြီ ဆိုရင်တော့ အေးအေးဆေးဆေး တွေးတော စဉ်းစားနိုင်တဲ့ အင်အားက နည်းပါလိမ့်မယ်။ ပတ်ဝန်းကျင်ကိုလည်းမေ့သွားပြီး သူချစ်တဲ့သူ တစ်ယောက်တည်းကိုပဲ မျက်စိထဲ မြင်ပါတော့တယ်။ 


ဒါကြောင့် ပတ်ဝန်းကျင်က သူတွေကို စိတ်ဆင်းရဲစေတာတွေ၊ အနှောက်အယှက်တွေကိုလည်း ပေးမိမှာပါ။ စိတ်ထဲပေါ်ရာကို လုပ်တတ်တဲ့အတွက် တစ်သက်တာထက် ခဏတာ အချိန်ကို ပိုပြီး စိတ်ဝင်စားသွားမိတဲ့အခါမျိုး ရှိတဲ့အတွက် ဖောက်ပြန်နေတဲ့သူလေးလို့ ပတ်ဝန်းကျင် ရဲ့ ထင်မြင်မှုကို ခံရပါလိမ့်မယ်။
ဖောက်ပြန်တတ်တယ် ဆိုပေမဲ့လည်း အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ။ ဖြစ်နိုင်ချေများတဲ့ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့် ကိုယ့် အကြောင်းကို ပြန်လည် သုံးသပ်ပြီး တည်တည်ငြိမ်ငြိမ်နေလိုက်ရင်တော့ အားလုံးအဆင်ပြေသွားမှာပါ။

Chelmo Team
Credit. cocoloni
Credit Photo. twitter
http://chelmo.tips/all-life/fortune/424-201506100001.html


No comments:

Post a Comment