Sunday, September 4, 2016

ငလျင် လှုပ်ရင်……………..(လူတိုင်း ဖတ်သင့်သော ဆောင်းပါး) (ဝေမျှပါ)




အခု အချိန်မှာ…သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေကြတာ ကို စာဖတ်သူတိုင်း သိရှိကြမှာပါ…..

တစ်ကယ့်ကိုယ်တွေ့ကြုံလာတဲ့ အချိန်….ပျာယာ မခတ် ပဲ လုပ်ဆောင်သင့် သည်များကို အချိန်မှီ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်……..
– ငလျင် လှုပ်ရင် စားပွဲ အောက် မှာ နေပါ တို့၊ တံခါး ကျည်းဘောင် အောက် မှာ နေပါတို့ အစရှိ ဖြင့်အရပ်ပြော စကားတွေ ရှိကြတာကို ကြားဖူး ကြမှာပါ။ အဲဒါတွေ အားလုံးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါတော့။ အခု ဆောင်းပါး ကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ် ပရိသတ် တွေရဲ့ အတွေး အခေါ် ပောာင်း သွား နိုင်ပြီး တစ်နေ့နေ့ မှာ သင်တို့ရဲ့ အသက်တွေ ကို ကယ်တင်နိုင်ဖို့ အထောက် အကူဖြစ် ပါလိမ့်မယ်။ (Doug Copp ၏ “The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)
ကျွန်တော့်နာမည်က ဒေါက်ဂ် ကော့ပ် ပါ။ ကျွန်တော် ဟာ ကမ္ဘာပေါ်မှာ အတွေ့ အကြုံ  အရင့်ဆုံး ကယ်ဆယ်ရေး အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ ကယ်ဆယ်ရေး အကြီး အကဲနှင့် သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူးကို ရရှိထား သူပါ။
ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက် အအုံ (၈၇၅) ခုထဲကို တွားသွား ဝင်ရောက် ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း (၆၀) ကျော်က ကယ်ဆယ် ရေး အဖွဲ့အစည်းတွေ နဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာ ဆိုရင် ကယ်ဆယ်ရေး အဖွဲ့တွေကို တောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။
၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ် မှာဖြစ်ပျက်သမျှ အကြီးစား သဘာဝ ဘေး အန္တရာယ်တိုင်း မှာ ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။ ၁၉၈၅ ခုနှစ်၊ မက္ကဆီကို စီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော် ကျောင်း တစ်ကျောင်း ထဲကို အရင်ဆုံး တွားသွား ဝင်ရောက်တဲ့ အခါမှာ ကျောင်းသား ကလေးငယ် အားလုံး သူတို့တွေ ရဲ့ စာသင် စားပွဲတွေအောက် မှာရှိနေတဲ့ မြင်ကွင်းပါပဲ။ ဒါပေမဲ့ ကလေးတွေ အားလုံး အရိုးတွေ စိစိ ညက်ညက်ကြေတဲ့ အထိ ပိမိနေကြ တာကို စိတ်မချမ်း မြေ့ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။
တစ်ကယ်လို့သာ ကလေး ငယ်တွေဟာ အခန်း အလယ်လျှောက် လမ်း ထဲက သူတို့တွေရဲ့ စာသင်ခုံ တွေနဲ့ ဘေးကပ်လျက် လဲလျောင်း နေခဲ့ကြမယ် ဆိုရင်တောင် အသက်ဆုံးရှုံးချင် မှ ဆုံးရှုံးကြရမှာပါ။
အရှင်းဆုံးပြောပါမယ်။
အ ဆောက်အအုံ တစ်ခု ပြိုကျတဲ့ အခါ မျက်နှာကြက်တွေ ရဲ့အလေးချိန် ဟာ ပရိဘောဂတွေ ရဲ့ အပေါ်တည့်တည့် ကို သက်ရောက် တာကြောင့် အောက် တည့်တည့် မှာ ရှိတဲ့ အရာဝတ္ထု အားလုံး ကြေမွ သွားကြပါတယ်။ ဒါပေမဲ့ အဲဒီ အပျက်အစီးပုံ ရဲ့ဘေးနေ ရာလေးတွေ ကတော့ ဂလိုင်များ အ ဖြစ်ကျန်ခဲ့ ပါတယ်။ အဲဒီနေရာလွတ် ကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္ထု တစ်ခုဟာကြီးမား တောင့်တင်းလေ ပိုမို ခိုင်ခံ့လေ ဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ် ဟာလည်းပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေ အနေနဲ့ အဲဒီနေရာလွတ် ထဲမှာ ဘေးမသီ ရန်မခနေ ထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။
ငလျင် ကြောင့် ပြိုပျက်နေတဲ့ အဆောက် အအုံ ပုံတွေကို တီဗွီ မှာ တွေ့ရတဲ့အခါ အသက်ကယ် တြိဂံတွေ ကို လိုက်ပြီး ရေတွက်ကြည့်ပါ။ ပြိုပျက် နေတဲ့ အဆောက် အအုံတစ်ခု အထဲမှာ အတွေ့ရ အများဆုံး ဂျီဩမေတြီ ပုံသဏ္ဌာန် ကတော့ တြိဂံဖြစ်ပြီး နေရာ တစ်ကာမှာ တွေ့ရပါလိမ့်မယ်။




ဘေးရန်ကင်းဖို့ လက်တို့ အညွန်း............
၁။ ငလျင်လှုပ် လို့ အဆောက်အအုံ တစ်ခုပြိုတော့ မလို ဟန်ပြင်နေရင် လူ တော်တော်များများဟာ တစ်ခုခု အောက်ထဲ ဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံ ပိသေ ကြရပါတယ်။ စာရေး စားပွဲတွေ၊ ကား တွေ အစရှိတဲ့ အရာတွေအောက်ဝင် ပုန်းသူတွေဟာ အဖြစ်ဆိုး နဲ့ ကြုံတွေ့ ကြရပါတယ်။
၂။ ခွေးတွေကြောင်တွေ နဲ့ ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ ရှိတာကို မြင်ဖူး ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလို အနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝက ဗပးတဲ့ ဘေးကင်းလုံခြု ရေး အသိပညာပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲမှာ အသက်ရှင်ရက် ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။ အလွယ်တဏ် ကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာ ထိုင်ခုံ၊ ခုတင် အစရှိတဲ့ ထုထည်ကြီးကြီး အရာ တွေဘေးမှာ ခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုး ရှိတတ်ပါတယ်။
၃။ ငလျင်လှုပ်နေစဉ် ကာလ အတွင်း မှာ ပျဉ်ထောင်အိမ်တွေ ဟာ အလုံခြုံ ဆုံး ပါပဲ။ သစ်သားဟာ ကွေး လွယ် ညွတ်လွယ် လို့ ငလျင်လှိုင်းတွေ နဲ့ အတူ အလိုက်သင့် လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး ပြိုကျတယ်ဆိုစေ ဦးတော၊့ နေရာလွတ်တွေအများကြီးချန်ထား ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာပြိုကျရင် ပိမယ့် အလေး ချိန်လည်းနည်းပါး ပါတယ်။ အုတ် တိုက်တွေ ကတော့ ငလျင် လှုပ်ရင် အုတ်ချပ်တွေ အဖြစ် တစ်စစီပြိုကွဲကျသွား တတ်လို့ အောက်မှာ ရှိနေမယ့်လူတွေ အတွက် အန္တရာယ်ရှိပါတယ်။
၎။ ည အချိန် ငလျင် လှုပ်တဲ့ အခါ ခုတင် ပေါ်မှာ တိုက်တိုက် ဆိုင် ဆိုင်ရောက် နေ ရင် ခုတင်ဘေးကိုသာလှိမ့်ချလိုက် ပါ။ ငလျင် လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့ အကြံပြုချက်တွေကိုသာ ခုတင် ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထား ပေးနိုင်မယ် ဆိုရင် လူအသေအပျောက် နည်းသွားနိုင်ပါတယ်။
၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက် ကနေပြေးထွက် ဖို့ အချိန်မရတော့ဘူး ဆိုရင် ဆိုဖာကြီး ကြီးဒါမှ မဟုတ် ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။
၆။ တံခါး ကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့ သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့  ငလျင် လှုပ်လို့  ကျည်းဘောင်ပြုတ်ထွက်သွား ချိန်မှာ အပေါ်က အုတ်၊ အင်္ဂတေ အစ ရှိတာတွေ ပြိုကျ လာနိုင်လို့ အခန် မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။
၇။ လှေကားခွင် ထဲမှာ ဘယ်တော့မှ မ နေပါနဲ့။ လှေကားတွေ ဟာ ပင်မ အ ဆောက်အအုံ နဲ့ တစ်ဆက် တည်း မရှိ တတ်ဘဲ ပုခက်လွှဲ သလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင် လှုပ်ပြီ ဆိုရင် ပြုတ်ကျ လာပြီး အောက်မှာ ရှိတဲ့သူတွေကို လှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါ တယ်။ အဆောက်အအုံပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ် ထွက် သွားနိုင်တဲ့ အန္တရာယ် ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ်စစ်ဆေး သင့်ပါတယ်။
၈။ နံရံတွေ ရဲ့ အတွင်း ဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ကြိုးစား ပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျ ခဲ့ရင် ထွက်ပေါက် ရှာမရဖြစ်တတ်ပါတယ်။
၉။ ငလျင် လှုပ်ချိန်မှာ ဗမ်ာတော်ယာဉ်တွေ အတွင်း ဝင်ရောက်ပုန်းအောင်းသူတွေ ဟာ ပြင်ပက အရာတွေသူတို့ အပေါ်ပိတဲ့ အခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိ သူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက်ကွက်လပ် ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ။
၁၀။ ပြိုကျ ပျက်စီးနေတဲ့ သတင်းစာ တိုက်တွေ နဲ့ စာရွက်အသုံးများ တဲ့ အ ခြားရုံးတွေကို ဝင်ရောက် ကြည့်ရှုဖူး တဲ့ အတွေ့အကြုံအရ စက္ကူတွေ ဟာ လွယ်လွယ် နဲ့ပြားကပ် မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံကြီးဘေး နားမှာ ဆိုရင်တော့ နေရာ လွတ်ကြီး ကြီးမားမား ကျန်တတ်ပါတယ်။ ဒီ အချက်တွေ ကို ၁၉၉၆ ခုနှစ် မှာ လက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီ အစိုးရ၊ အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေး အဖွဲ့နဲ့  ARTI ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျ အဖြေထွက် ခဲ့ပါတယ်။
ကျွန်တော်တို့ ပူးပေါင်း အဖွဲ့ ဟာ လူသားတို့ရဲ့ခံစားမှု အတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူ စက်ရုပ် (၂၀) ကို ကျောင်း တစ်ကျောင်း နဲ့ နေအိမ် တစ်လုံးထဲ ထည့်ပြီး အဆောက်အအုံ တွေကို ဖြိုချကြည့်ခဲ့ပါတယ်။ စက် ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်း တဲ့ စနစ် အတိုင်း နေရာ ချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀) ရုပ်ကိုတော့ ကျွန်တော့် ရဲ့ အသက်ကယ်တြိဂံနည်း စနစ်အတိုင်း နေရာချထားခဲ့ပါတယ်။ အဆောက်အအုံတွေပြိုကျ သွားပြီး တဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံ ပျက်ထဲဝင်ပြီး ဗီဒီယိုမှတ်တမ်းတင် ခဲ့ပါတယ်။
အဲဒီ အခါမှာ တစ်ခုခု အောက်ထဲပြေးဝင်ပုန်းတဲ့ နည်းကို သုံးရင် အသက်ရှင်စရာ လမ်းမမြင်တဲ့ အနေအထားတွေမှာ အသက်ကယ် တြိဂံနည်း စနစ်ကို သုံးတဲ့ သူတွေဟာ အသက်အန္တရာယ် ကနေ လွတ်ငြိမ်း ချမ်းသာဖို့ ရာနှုန်းပြည့် ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။
ဒီ ဥပမာကို ကြည့်ခြင်း အားဖြင့် ငလျင်လှုပ်ပြီ ဆိုရင် ပျာယာခတ် မသွား ဘဲ အခိုင်အခံ့ ပစ္စည်းတွေရှိတဲ့ နေရာ တွေဘေးကွေးကွေး ကလေး ဝင်ထိုင် နေတတ်ဖို့ လိုအပ်တယ် ဆိုတာ သိကြ မယ်လို့ထင်ပါတယ်။ 
ကမ္ဘာကြီး မှာ သဘာဝဘေး အန္တရာယ်တွေ ပိုမိုဖြစ်ပွားလာ  လို့ လူသားတွေ ရဲ့အသက် အန္တရာယ် ပိုမိုရှိလာတဲ့ အတွက် တစ်ခုခုဖြစ်လာ ခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင် မှာ အသက်ကယ် ပစ္စည်းတွေ များများစား စား ထားရှိဖို့လိုအပ်ပါမယ်။
ကိုယ့် ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ် နှစ်ခုရှိနိုင်တယ် ဆိုတာကို ကြိုတင်ရှာ ဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။

(Doug Copp ၏ “The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)
http://www.lwinpyin.com/2015/04/blog-post_133.html


No comments:

Post a Comment