Monday, September 26, 2016

တစ်ခြားဂြိုလ် က သက်ရှိများကို ရှာဖွေရန် ကမ္ဘာ့အကြီးဆုံး အနုကြည့်မှန်ပြောင်း တရုတ်တပ်ဆင်


အခြားဂြိုလ်က သက်ရှိတွေကို ရှာဖွေဖို့ အတွက် “မြန်နှုန်းမြင့်”လို့ အမည်ပေးထားတဲ့ အလင်းဝင်ပေါက် အကျယ် ၅၀၀ မီတာ  ရှိတဲ့ အနုကြည့်မှန်ပြောင်းကို တရုတ်နိုင်ငံက တပ်ဆင်ပြီးသွားတယ်လို့ သိရပါတယ်။
ဒီဟာ က ကမ္ဘာပေါ်မှာ အကြီးဆုံး ရေဒီယို အနုကြည့်မှန်ပြောင်းလည်း ဖြစ်ပါတယ်။ 

 “ဒီမြန်နှုန်းမြင့်ဆိုတဲ့” အနုကြည့်မှန်ပြောင်းကို တရုတ်ပြည် အနောက်တောင်ပိုင်း ခရိုင်တစ်ခုက ပင်တန် မှာ ရှိတဲ့ ကာ့စ်ထ် တောင်ကြားတွေထဲမှာ တပ်ဆင်ထားတာပါ။

မှန်ပြောင်း ဟာ စကြာဝဠာကြီး ရဲ့မူလအစ ကို ပိုမိုနားလည်နိုင်အောင် အဝေးမှာ ရှိတဲ့ အရာဝတ္တုတွေကို ရှာဖွေနိုင်မယ့် အခြားဂြိုလ်က သက်ရှိတွေကို ရှာဖွေဖို့အတွက် အများကြီး အထောက်အကူဖြစ်စေနိုင်မယ်လို့ ကျွမ်းကျင်သူတွေကတော့ ပြောထားပါတယ်။

သိပ္ပံပညာရှင်တွေ နဲ့ သတင်းထောက်တွေ ကတော့ တပ်ဆင်မှုပြီးဆုံးသွားတဲ့ အခမ်းအနား မှာ ရောက် ရှိနေကြပါတယ်။ ဒီမှန်ပြောင်း ကို တရုတ်ပြည် ရဲ့စိတ်ကူးနဲ့သာ ပုံဖော် တည်ဆောက်ထား တာပါ။





မှန်ပြောင်းကို တီထွင်ဖို့ စိတ်ကူး ကတော့ ၁၉၉၄ ခုနှစ်ကတည်းက စခဲ့တာဖြစ်ပြီး တစ်ကယ် ဖန်တီးတဲ့ အခါမှာတော့ ၅ နှစ်ကျော်ကြာခဲ့ပါတယ်။


ပြန်လည်ပြင်ဆင်တာတွေ ကတော့ ၂ နှစ် ကနေ ၃ နှစ် အထိကြာပါလိမ့်မယ်။



http://burmese.dvb.no/archives/169830

No comments:

Post a Comment