
ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်ကျပ်၊ ကားကျပ်ကျပ် မစီးချင်လို့ ညနေရုံးဆင်းချိန် ဘူတာကြီးကိုသွားပြီး ရထား စီးပြီး အိမ်ပြန်မယ်လို့ ဆုံးဖြတ်ကာ ဘူတာရုံဆီ ထွက်ခဲ့ပါတယ်။ အချိန်က နေ၀င်ချုပ်စ နွေဦးည ခုနစ်နာရီ ခန့်ပေါ့။
ကိုယ်က တောက လာတာ ဆိုတော့ ကားစီး ရတာလည်း မကျွမ်း သလို ရထား ထွက်ချိန်တွေ လည်း တိတိ ကျကျသိသူ မဟုတ်ပါဘူး။ တိတိကျကျ သိပါတယ် ဆိုရင်တောင်မှ ရထားဆိုက်ချိန် ထွက်ချိန်က မမှန် တော့ လည်း မသိတာ နဲ့ ဘာမှ မထူးပါဘူးဗျာ။ ပန်းဆိုးတန်း ခုံးကျော်တံတားကြီးပေါ်က မြို့ပတ်ရထား ထွက်တဲ့ စင်္ကြံ ဆီ ဆင်းခဲ့ ပါတယ်။
ဆင်းဆင်းချင်း တွေ့တဲ့ လက်မှတ် အရောင်းဌာန မှာ RBE အဲကွန်းရထား ရှိလားမေးပြီး လက်မှတ်ဖြတ် ဖို့ လုပ်တော့ လက်မှတ် ရောင်းသူက သူနဲ့ မျက်နှာချင်းဆိုင် က လက်မှတ်ရောင်းတဲ့ ရုံကလေးဆီ လက်ညှိုး ထိုးပြရှာ ပါတယ်ဗျာ။
နေရာကတော့ ပန်းဆိုးတန်း ခုံးကျော်တံတား ရဲ့အရှေ့ဘက် အနည်းငယ် လှမ်းသပေါ့။ ဒီလိုနဲ့ လက်မှတ် RBE တစောင် ၀ယ်ပြီး ကိုယ့်ဆရာရေ ဘယ်စင်္ကြံ မှာ စီးရမလဲ ဆိုတော့ စောစောက လက်မှတ်ဝယ်တဲ့ ဘက်ဆီ လက်ညှိုးထိုးပြပါတယ်။ ကိုယ်လည်း သေချာ ကြည့်ပါရဲ့ ဘူတာရုံ မှာလည်း မီးတွေ လင်းလင်း ချင်းချင်း ရှိ ပါရဲ့ ဒါကို ကိုယ်ပဲ အမြင်အာရုံချွတ်ယွင်း သလားဆိုတော့ ဘယ်မှာ ထပ်မေးရမယ်မသိ။