ထိုင်းနိုင်ငံ ဟာ လှပဆဲ လို့ သင်ထင်နေဆဲလား.
လိပ်ကျွန်း လူသတ်မှု မှာ တချိန်လုံး ငြိမ်သက်နေတဲ့ ဟဲနာ မိသားစု မှ ဟဲနာ အစ်မဖြစ်သူ လော်ရာ က တော့ လိပ်ကျွန်းမှာ နောက်ထပ် မတော်တဆ လိုလို သေဆုံးတဲ့ လုမေလာ နဲ့ ပက်သက်ပြီး တိတ်ဆိတ်မှု ကို စတင်ဖြိုခွင်း လိုက်ပါပြီ။
လုမေလာ မိသားစု ရဲ့ ခံစားချက်ကို ထပ်တူ ခံစား နားလည်ပါတယ် ဟု ပြောရင်း အောက်ပါ စကားများ ကို ရင်ဖွင့်ခဲ့ပါသည်။
(
လော်ရာ ဖေ့ဘုတ်မှ တိုက်ရိုက် ဘာသာပြန်တင်ပေးပါသည်)https://www.facebook.com/laura.witherid…/…/10153150628116986
အားလုံး သိထား မြင်ထားပြီး သလိုဘဲ ကော့တောင်ကျွန်းပေါ် မှာ နောက်ထပ် ဗြိတိန်နိုင်ငံသား တစ်ဦး သေပြန်ပြီ။
ကျမ ဘာပိုစ့်မှ ထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီမနက် ကျမ သူငယ်ချင်း တယောက်က အဲ့နေရာ ကိုနောက်ထပ် မသွားဖို့ သတိပေးတဲ့ပိုစ့် ကိုမြင်ခဲ့တော့ ကျမလည်း နည်းနည်းတော့ ပြော ချင်သေးတယ်။
လူတွေ တကယ်ဘဲ အဲ့ဒီနေရာ ကို ထပ်မသွားကြဖို့ တယောက်နဲ့ တယောက် တိုက်တွန်း သတိပေးစေ ချင်တယ်။ တစ်ချို့အဆင်ခြင်မဲ့ ကော်မန့်တွေ ကျမတွေ့ ပါတယ်။
ဘာတဲ့လဲ ဆိုတော့ ထိုင်းနိုင်ငံက သိပ်လှတယ်တဲ့ ကမ္ဘာကြီးထဲက သိပ်လှတဲ့နေရာ တစ်ခုပါတဲ့ ဒီ စကား ကိုကြားလိုက်ရတဲ့ ကျမ အတွက်ကတော့ အပိုစကား လို့ဘဲ သတ်မှတ်တယ်။
အလှအပတွေ ကို ပိုစ့်ကဒ်တွေ ၊ ဓါတ်ပုံတွေ ထဲမှာတော့ အတော်လေး သဘောကျမိ ပါရဲ့။ ဘယ်အရာ ကြည့်ကြည့် အပြင်ပန်း အမြင်မှာ လှနေတာကိုး။