Sunday, January 10, 2016

ဘာတွေဝယ်လို့ ဘာတွေရောင်းမှာလဲ Stock exchange {သားဝင့်ကျော်}




Stock exvhange စတော့ဈေးကွက်မှာ ဝယ်ကြ ရောင်းကြမယ် ဆိုတော့ ဘယ်လိုလဲ ဘာတွေလဲပေါ့
တကယ်တော့ ငွေပိုငွေလျှံ ကို ရင်းနှီးမြှုပ်နှံကြတာပါပဲ။ စီးပွားရေး ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ ရင်းနှီး မြှုပ်နှံနိုင်မည့် လုပ်ကွက် များစွာ ရှိပါသည်။

အများနှင့် သက်ဆိုင်သော၊ ပေးရန် တာဝန် ကန့်သတ်ထားသော ကုမ္ပဏီ များ၏ အစု ရှယ်ယာများ(shares) ..
ရှယ်ယာစုများ (Stock) ကို ရောင်းဝယ်ဖလှယ်နိုင်သော (Stock exchange).. ငွေချေး စာချုပ် များကို ရောင်းဝယ် ဖလှယ်နိုင်သော (Bond market) ...ကုန်ပစ္စည်း များကို ကြိုရောင်း ကြိုဝယ် စာချုပ်များ ဖလှယ်ရောင်းဝယ်နိုင်သော (Future market) ဆို၍ များစွာရှိပါသည်။

ယင်းတို့ အနက်မှ ကျနော်တို့နိုင်ငံမှာ စတင်နေတဲ့ စတော့ဈေးကွက် (Stock exchange) အကြောင်း သိသမျှ ဖေါက်သည်ချကြည့်ပါမည်။

စတော့ဈေးကွက်တွင် ရောင်းချသော ကုန်စည်မှာ အများနှင့် သက်ဆိုင်သော၊ ပေးရန် တာဝန်ကန့်သတ်ထားသော ကုမ္ပဏီ များ၏ အစုရှယ်ယာ များ ရှယ်ယာစုများဖြစ်သည်။

အစုရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံ ထားသူသည် ထို အစုရှယ်ယာများကို ဝယ်ယူကိုင်ဆောင် ထားချိန် တွင် ကုမ္ပဏီမှ ခွဲဝေပေးသော အမြတ်ဝေစုကို နှစ်စဉ် ခံစားနိုင်ပြီး အကယ်၍ ယင်း ကုမ္ပဏီ၏ အမြတ်ရ ရှိနိုင်စွမ်း အခြေအနေ ငွေဖြစ်လွယ်မှု့အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ခြင်းကြောင့် ယင်း ကုမ္ပဏီ၏ အစုရှယ်ယာများ သည် စတော့ဈေးကွက်တွင် ဈေးတက်လာပါက လက်ဝယ်ကိုင်ဆောင်ထားသူက မိမိ ဝယ်ယူထားသော အစုရှယ်ယာများ ကို စတော့ဈေးကွက်တွင် ပြန်လည်ရောင်းချခြင်း ဖြင့် အမြတ် ရရှိနိုင်ပါသည်။


သို့ရာတွင် အမြတ်ရလိမ့်မည်ဟု ကျိန်းသေပေါက် တွက်ဆ ၍ မရနိုင်ပါ။ အကယ် ၍ မိမိ ကုမ္ပဏီ၏ ဦးဆောင်သူများ စီမံခန့်ခွဲမှု့  ညံဖျင်း၍ လုပ်ငန်း ကျဆင်းပါက ရှယ်ယာဈေးလည်း ကျဆင်းကာ အရှုံးပေါ်တတ်ပါသည်။ တခါ တရံ ကုမ္ပဏီ က ဒေဝါလီ ခံရလောက်အောင် အခြေအနေ ဆိုးလျှင် မိမိ ရင်းနှီးထားသောငွေများ အားလုံး ဆုံးရှုံး ရတတ်ပါသည်။

ထို့ကြောင့် အစုရှယ်ယာ ဝယ်လျှင် ယင်း အစုရှယ်ယာ များကို ထုတ်ဝေသော မူရင်း ကုမ္ပဏီ၏ အခြေအနေ အလားအလာ ကို သေချာစွာလေ့လာပြီးမှ ဆုံးဖြတ်သင့်ပါသည်။

ယင်းသို့ အကဲဖြတ်လေ့လာ ရာတွင် အချက်များစွာ ရှိပါသော်လည်း ယေဘူယျ အားဖြင့်ဆိုလျှင်ပြင်ပ စီးပွားရေးလောက တိုးတက် ထွန်းကားမှု့ကြောင့် ယင်းအရှိန် နှင့် အကြောင်းအားလျော်စွာ အမြတ် ရရှိနေသော ကုမ္ပဏီမျိုး ကို ရင်းနှီးမြှုပ်နှံထိုက်သော ကုမ္ပဏီဟု တစ်ထစ်ချ မယူဆနိုင်ပါ။

ပြင်ပ စီးပွားရေးလောကတွင် စီးပွားရေး တိုးတက်မှု့ နှေးကွေး ကျဆင်းချိန်တွင် တခြား လုပ်ငန်းများ အရှုံးပေါ် ဖျက်သိမ်းနေရချိန်တွင် လုပ်ငန်းကို မရပ်သွားအောင် ထိန်းသိမ်းနိုင်သော ကုမ္ပဏီမျိုး ကို ရင်းနှီးမြှုပ်နှံထိုက်သော ကုမ္ပဏီဟု မှတ်ယူနိုင်ပါသည်။

ယင်းသို့ ရင်းနှီးမြှုပ်နှံရာတွင် အဆိုပါ ကုမ္ပဏီမှ ထုတ်ဝေသော ရှယ်ယာ အမျိုးအစား နှစ်မျိုးနှင့် ကြွေးစာချုပ် တစ်မျိုး ပါဝင်ပါသည်။

ပထမ ရှယ်ယာ အမျိုးအစားမှာ ဦးစား ရှယ်ယာ (Preferred share or Preferrence share) ဖြစ်ပါသည်။
ကုမ္ပဏီက အမြတ် ရရှိလျှင် ဦးစား ရှယ်ယာရှင်များကို ရှေးဦးစွာ ဦးစားပေး ခွဲဝေပေးရန် သဘောတူ တရား ဝင်ကြေညာထားသော ရှယ်ယာမျိုး ဖြစ်ပါသည်။ ယင်း ရှယ်ယာရှင်များသည် ပုံသေသတ် မှတ်ထားသော အမြတ်ဝေစုနှုန်းထား အတိုင်း မိမိ ထည့်ဝင်ထားသော ရှယ်ယာ ရင်းနှီးငွေပေါ်တွင် အမြတ်ဝေစု ရနိုင်ပါ သည်။ သို့သော် ဦးစား ရှယ်ယာရှင်များသည် ကုမ္ပဏီ ၏ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ အတွက် မဲပေးဆုံးဖြတ် ရွေးချယ်ခွင့် မရရှိပါချေ။

ဒုတိယ အမျိုးအစားဖြစ်သော သာမန် ရှယ်ယာရှင် (Ordinary Share) များမှာမူ ဦးစား ရှယ်ယာရှင် များကို အမြတ်ဝေစုပေးပြီးနောက် ကျန်သော အမြတ် အနည်း အများပေါ် ခွဲဝေ ခံစားနိုင်ခွင့်ရှိသည်။ အမြတ် မကျန် လျှင် လည်း မရပါ။

ထို့ကြောင့် သာမန် ရှယ်ယာရှင်များသည် ကုမ္ပဏီနှင့်ကောင်းတူ ဆိုးဖက် သဘောရှိ၍ သာမန် ရှယ်ယာရှင် များသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု့ဆိုင်ရာ အကြောင်းအချင်းရာ များအတွက် မဲပေး ဆုံးဖြတ်ရွေးချယ်ခွင့် ရှိသည်။

တတိယ အမျိုးအစားဖြစ်သော ကြွေးစာချုပ် (Debenture)  မှာ ကုမ္ပဏီ က အများပြည်သူထံမှ ငွေချေး ယူခြင်းသဘောဖြစ်သည်။ အတိုး ပုံသေရသည်။ကြွေး စာချုပ်တွင် ကုမ္ပဏီ ၏ အာမခံ အပေါင်ပစ္စည်း ဖေါ်ပြ ထားမှု့ကြောင့် ကြွေး စာချုပ်ပိုင်ရှင်များ အတွက် ဆုံးရှုံးနိုင်ခြေ မရှိသလောက်ဖြစ်ပါသည်။


 
 

No comments:

Post a Comment