Sunday, January 10, 2016

ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၂) - Stock exchange {သားဝင့်ကျော်}



 
 
ပြီးခဲ့တဲ့ ဆောင်းပါးစဉ် မှာ အစုရှယ်ယာ ဝယ်ယူလိုတဲ့ ကုမ္ပဏီ အကြောင်းကို ရှင်းပြရင်း စာရင်းကိုင် အယူ အဆတွေကို အကြမ်းဖျင်းပြောပြ ခဲ့ပြီးပြီ ။ ဒီစာစု မှာ ကုမ္ပဏီတွေရဲ့ လက်ကျန် ရှင်းတမ်း အကြောင်းလေး ဆက်ကြည့်ရအောင်စို့။

လက်ကျန် ရှင်းတမ်း ဆိုတာ နေ့တစ်နေ့မှာ ရှိတဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ ရင်းနှီးငွေ တန်ဖိုး စုစုပေါင်း နဲ့ အဲ့ဒီငွေတွေ နဲ့ ဝယ်ယူ ပိုင်ဆိုင် ထားတဲ့ ပိုင်ဆိုင်ပစ္စည်း အရပ်ရပ်စုစုပေါင်း တူညီကြောင်း ရှင်းပြ ထားတဲ့ ရှင်းတမ်း တစ်ခုပါပဲ။


အဲ့ဒီ ရှင်းတမ်း ထဲမှာပါတဲ့ အသေးစိတ် ကို အောက်မှာကြည့်ရအောင်..................
ပထမတစ်ပိုင်း အနေနဲ့

မြှုပ်နှံထားသော ရင်းနှီးငွေ (Capital employed) မှာ ပိုင်ဆိုင်ခွင့် နဲ့ ချေးငွေများ ဆိုပြီးပါတယ်။
ပိုင်ဆိုင်ခွင့်(Equity)
---------------------------
ရှယ်ယာရှင်များ ၏ ရင်းနှီးငွေ(Shareholder's Fund)
မခွဲဝေရသေးသော အမြတ်( Retained profit)
သီးသန့်ရန်ပုံငွေများ(Reserve)
ရှယ်ယာ အပိုကြေး (Share premium)
ချေးငွေများ (Loams)
-----------------------------

ကြွေးစာချုပ်(Debenture)
နှစ်ရှည်ချေးငွေ(Long-term loan)


နောက်တစ်ပိုင်းက ရင်းနှီးငွေ အသုံးချမှု့ များ (Employment of capital) မှာ 
ပုံသေ လုပ်ငန်းသုံး ပစ္စည်း (Non-current assets or Fixed assets)
လက်ငင်း လုပ်ငန်းသုံး ပစ္စည်း (Current assets)
လက်ငင်းပေးရန် တာဝန်(Current Liabilities) ဆိုပြီးပါတယ်။

ရပိုင်ခွင့်/ လုပ်ငန်းသုံးပစ္စည်း(Assets)
မှာ ပုံသေလုပ်ငန်းသုံးပစ္စည်းနဲ့ လက်ငင်းလုပ်ငန်းသုံးပစ္စည်း ဆိုပြီးခွဲတယ်။

ပုံသေလုပ်ငန်းသုံးပစ္စည်းဆိုတာမြေ အဆောက်အဦး စက်ရုံ စက်ကိရိယာ ယာဉ် စသဖြင့်ပါတယ်။
နောက်ဒြပ်မဲ့ပုံသေလုပ်ငန်းသုံပစ္စည်း အဖြစ် နာမည်ကောင်း ကုန်အမှတ်တံဆိပ်တို့ပါတယ်။

လက်ငင်းလုပ်ငန်းသုံးပစ္စည်းမှာကုန်လက်ကျန်(Inventory)
ရရန်ရှိသောအကြွေး(account receivable)
လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ(marketable securities)
ငွေသား(Cash) တို့ပါဝင်တယ်။

လက်ငင်း လုပ်ငန်းသုံး ပစ္စည်း ၄မျိုး ထဲက ကုန်လက်ကျန် ကို ဖယ်လိုက်ပြီး ကျန်၃ မျိုးပေါင်းရင် ငွေဖြစ် လွယ်လုပ်ငန်းသုံး ပစ္စည်း(quick assets) လို့ခေါ်နိုင်တယ်။

ပထမဆုံး တွက်ချက်ကြည့်ရမယ့် အချိုးက
လက်ငင်း အချိုး(Current ratio)
လက်ငင်း လုပ်ငန်းသုံး ပစ္စည်းကို တည်ပြီး လက်ငင်းပေးရန် တာဝန်နဲ့ စားတာပေါ့ ။

Current ratio=Current assets ÷ Current Liabilities

အဓိပ္ပါယ် က လက်ငင်းပေးရန် တာဝန် ၁ကျပ် ရှိရင် လက်ငင်း လုပ်ငန်းသုံး ပစ္စည်း ဘယ်လောက် ရှိမလဲရှာတာလေ။
Current assets ÷ Current Liabilities =2.5 ဆိုပါစို့
လက်ငင်းပေးရန်တာဝန်လို့ခေါ်တဲ့ တစ်နှစ် အတွင်းပေးရမည့် အကြွေး ၁ကျပ် ရှိရင် လက်ငင်း လုပ်ငန်းသုံး ပစ္စည်း ၂.၅ ကျပ် ရှိတယ်။ ပေးနိုင်တဲ့ အားက ပေးရမယ့် အကြွေးထက်၂ဆခွဲရှိတယ်။ ဒါဆိုရင်ဒီလုပ်ငန်းရဲ့ ငွေကြေး လည်ပါတ်မှု့ ကောင်းတယ် လို့ ယူဆနိုင်တာပေါ့။

ငွေဖြစ်လွယ်မှု့ကို တိုင်းတာနိုင်တဲ့ နောက်အချိုး တစ်ခုက ငွေဖြစ်လျင်မြန်မှု့အချိုး (quick ratio)ပါပဲ။ Liuquidity ratio လို့လည်းခေါ်သေးတယ်။ တစ်ချို့က acid test ratio လို့ခေါ်တယ်။

Quick ratio = Quick assets ÷ Current liabilities
အဲ့ဒီ အချိုးက ၁း၁ ဖြစ်ရင်ကောင်းမွန်ခိုင်မာတဲ့ လုပ်ငန်း လို့သတ်မှတ်နိုင်တာပေါ့။
နောက်ဆောင်းပါးစဉ် မှာ လက်ကျန် ရှင်းတမ်းနောက်တစ်ပိုင်း ကို ဆက်ပါဦးမည်။
 
 
 
 
 

No comments:

Post a Comment