Monday, December 21, 2015

နည်းစနစ်ကျကျ အရက်သောက်နည်း

GK Aung Aung's photo.


၁ ။ ည၆ နာရီနောက်ပိုင်းမှာ သောက်ပါ ည၁၀ နာရီလောက်ဆို တော်သင့်ပါပြီ အိပ်ချိန်အတွက် လုံလောက် တဲ့ အချိန်ပမာဏ ယူသင့်ပါတယ်။

၂ ။ အမြည်း များများ စားပေးပါ ။ အမြည်းက သင့် အစာအိမ် အတွက် အကာအကွယ်ကောင်း တစ်ခုဖြစ်လို့ ပါပဲ။

၃ ။ ရေ များများရောပါ ရေက အရက်ကြောင့် ရင်ပူခြင်း နဲ့ အဆိပ် အတောက်ဖြစ်စေမဲ့ အရာများကို  ခြေ ဖျက်ပေး ပါလိမ့်မယ်။

၎ ။ မကြာခဏ ဆီးထသွားတတ် အောင်လေ့ကျင့် ထားပါ ။ ဆီးသွားမှကျောက်ကပ် ထဲက အဆိပ် ပမာဏ နဲနိုင် သမျှနည်းအောင် လုပ်ယူလို့ ရမှာပါ။

၅ ။ ရေခဲ သုံးပါ ။ ရေခဲ က ခန္ဓာကိုယ်တွင်း အပူကို ခဏမျှ သက်သာစေလို့ပါ ။

၆ ။ အစာကြေလွယ်သော အမျှင်ဓါတ် ပါသော အစားအစာများကိုသာမြည်းပါ ။အကြောင်း ကတော့ မနက် မိုးလင်း တာနဲ့ ဝမ်းသွားလျှင် ညပိုင်း စားထား သမျှတွေ စွန်ပြစ်စေချင်လို့ ပါပဲ။


 
၇ ။ မနက်ပိုင်း အရက်သောက်တတ် သော အကျင့် ကိုရှောင်ပါ ။ တကယ်လို့သောက်နေပြီ ဆိုရင် အရက် စွဲရောဂါဖြစ်နေပါပြီ ။ ကုသမှုကို ခံယူပါ။


အရက် စွဲနေရင်တော့ . . .
အရက် အလွန်အကျွံ သောက်ရင် အရက် စွဲပြီး အရက်နာ ကျတတ်တယ်။ ကိုယ် အလေးချိန် နည်း သူတွေမှာ ခန္ဓာကိုယ်တွင်း အရည် ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလိုလူတွေ နဲ့ အဆီ မပါတဲ့ တစ်သျှူး နည်းပါး သူတွေ ဟာ အရက်ကို ခံနိုင်ရည်မရှိဘူး။ 

အင်ဇိုင်း နည်းပါးတဲ့ အမျိုးသမီး နဲ့ လူငယ်တွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်းနိုင်တယ်။ အရက် စွဲခြင်း အရက်စွဲသူ ရဲ့ လက္ခဏာတွေ ကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာလည် မူးဝေခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဝေဒနာပြင်းထန်ရင် ကြွက်တက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ 

ညအချိန်၌ အိပ်မပျော်ခြင်း၊ အသည်း အဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ အထိဖြစ်ခြင်းနဲ့ စိတ်ကျရော ဂါ ဖြစ်ခြင်း တို့ဖြစ်တယ်။ 

အရက်နာ မကျအောင် အရက် မသောက်မီ နွားနို့ တစ်ခွက် နဲ့ ကြက်ဥ အစိမ်း တစ်လုံး ဖောက်သောက် သင့် တယ်။ အရက်သောက်တဲ့ အခါ အမြည်း များများ စားပြီး ရေများများ သောက်သင့်တယ်။ အရက် နဲ့ အချိုရည် တွဲသောက်သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့ အရက် (ချက်အရက်၊ မှောင်ခို ဝင်လာတဲ့ အရက်) များ ရှောင်သင့်တယ်။ 

ဗီတာမင် ဆေးသောက်ဖို့ လိုသလို ဆီးရောဂါမဖြစ်အောင် ဆီးအောင့်ထားခြင်း မပြုလုပ်ရပါ။ ဆီးနည်းခြင်း၊ ဝမ်းချုပ်ခြင်း မဖြစ်စေရပါ။ အရက်စွဲလာပြီ ဆိုရင်တော့ အရက်ဖြတ်ဆေး သောက်ဖို့လို တယ်။ များသော အားဖြင့် စီပီဇက်သောက်ဆေး နှစ်လုံး ကို နှစ်ကြိမ် နဲ့ အိပ်ဆေးဗေလီယံ တစ်ခုခု နှစ်လုံး တွဲ သောက်သင့် တယ်။ 

အချိန်ပိုနေတယ် ဆိုရင်တော့ ဘာသာရေး လိုက်စားခြင်း၊ အားကစား သို့မဟုတ် လူမှုရေး အလုပ် တစ်ခုခု လုပ်နေသင့်တယ်။ အစားအစာ ပုံမှန် အားဖြင့် အရက်မှာ ပါတဲ့ အယ်လ်ကိုဟော နဲ့ ပါဝင်ပစ္စည်းများ ဟာ ရေ ဓာတ် ဆုံးရှုံးစေပြီး မလိုလား အပ်တဲ့ အဆီတွေ အသည်းမှာ စုစေတယ်။

 သွေးထဲမှာ ကိုလက်စထရော မြင့်စေတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ အဖွဲ့အစည်းတွေမှာ ဆိုးရွားတဲ့ အခြေအနေ ဖြစ်စေတယ်။ အရက်ဖြတ်ရင် သဘာဝသစ် သီး ဖျော်ရည်၊ သံပရာ၊ လိုင်းဂျူးစ်၊ စတော်ဘယ်ရီ ဖျော်ရည် သောက်သင့်တယ်။ 

ပန်းသီး၊ မုန်လာဥနီ၊ မုန်လာဥဝါ၊ တရုတ်နံနံ၊ သကြားဓာတ် ပါဝင်တဲ့ သစ်သီးဖျော်ရည် သောက်သင့် တယ်။ သွေး ထဲ မှာ ဂလူးကို့စ်နည်းရင် သကြားဖြည့်ပေးရမယ်။ 

အကြံပြုချက် 
 အရက် ဟာ ကောင်းကျိုးထက် အရက် စွဲခြင်း၊ ရောဂါ စွဲကပ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးများတဲ့ အတွက် တတ်နိုင်ရင် မသောက် ဘဲ နေ သင့်တယ်။ အရက်ဖြတ်မယ် ဆိုလည်း စနစ်တကျ ဆရာဝန်နဲ့ပြပြီး ကုသ သင့်တယ်။



 GK Aung Aung
ကိုးကား '
မြဝတီ

No comments:

Post a Comment