Saturday, April 8, 2017

နှလုံး ရောဂါ မဖြစ်အောင် ဒါတွေ စားသင့်


နှလုံးရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေထဲမှာ ခန္ဓာကိုယ် ရဲ့ သွေးကြောများအတွင်း သွေးလည် ပတ်စီးဆင်းမှု ကောင်းမွန်ခြင်း မရှိဘဲ သွေးကြော ပိတ်ဆို့မှုလည်း ပါဝင်ပါတယ်။ အခု ဖော်ပြထားတဲ့ အစား အစာတွေက ခန္ဓာကိုယ် သွေးကြောများ အတွင်း ပိတ်ဆို့မှု မရှိစေဘဲ သွေး လည်ပတ်မှုကောင်းစေကာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တာကြောင့် ပုံမှန် စားသုံးသင့်ပါတယ်။

ထောပတ်သီး

play

ထောပတ်သီး က အရသာ ရှိရုံမျှမက ကျန်းမာရေး အတွက်လည်း အထူး သင့်တော်ပါတယ်။ သွေးအတွင်း ကိုလက်စထရောဓာတ် ကို ကောင်းမွန်စေပြီး သွေးကြောများ အတွင်း သွေးလည်ပတ် စီးဆင်မှု ကောင်စေ ရန် အထောက်အကူပြုခြင်းဖြင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

တလည်းသီး

play

သစ်သီး အဖြစ်စားရင် အရသာ ရှိပြီး ဖျော်ရည် အဖြစ်လည်း ပြုလုပ်သောက်သုံးနိုင်တဲ့ တလည်းသီး က နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ တလည်းသီးဖျော်ရည် သောက်ခြင်းက သွေးလည်ပတ် စီး ဆင်းမှု ကောင်းမွန်စေပြီး သွေးကြောများ အတွင်း ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းပေးနိုင်ပါတယ်။

ကညွတ်

play

ဗီတာမင် K, B1, B2, C နဲ့ E အပါအဝင် ဗီတာမင်များ၊ အမျှင်ဓာတ် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ကညွတ်က သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပြီး သွေးခဲမှုကို ကာကွယ်ပေးတာကြောင့် နှလုံးရောဂါ မဖြစ်အောင် အထောက် အကူပြုပါတယ်။

ပန်းဂေါ်ဖီစိမ်း

play

ပန်းဂေါ်ဖီစိမ်း မှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် K က ခန္ဓာကိုယ် ရဲ့  သွေးကြောများပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း အပြင် ဟင်းသီး ဟင်းရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး သွေးပေါင်ချိန်မြင့်တက်မှု မဖြစ်စေဘဲ ကိုလက်စထရော ပမာဏ ကိုလည်း ထိန်းညှိပေးခြင်းဖြင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။




တည်သီး

play

တည်သီး မှာ polyphenol နဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်သလို အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် သွေးပေါင်ချိန် ပုံမှန်ဖြစ်စေပြီး သွေးကြောများ အတွင်း ပိတ်ဆို့မှု မဖြစ်စေအောင် ကူညီပေးပါတယ်။

နနွင်း

play

နနွင်း က ခန္ဓာကိုယ် သွေးကြောနံရံများ ပျက်စီးမှုကို လျှော့ချပေးပြီး သွေးခဲမှု မဖြစ်စေဘဲ နှလုံးရောဂါ ကို ကာကွယ်နိုင်ပါတယ်။

သစ်ကြံပိုးခေါက်

play

ဟင်းလျာများ ချက်ပြုတ်တဲ့ အခါ သစ်ကြံပိုးခေါက် ထည့်သွင်း အသုံးပြုသင့်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပါ ဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက နှလုံး ကျန်းမာရေး ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

စိမ်းပြာရေညှိ

play

သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိရောက်စွာ အထောက်အကူပြုပြီး သွေးအတွင်း အဆီဓာတ်ကိုလည်း ထိန်းညှိပေးတာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။



Source & Photo: LifeAdv

Source

No comments:

Post a Comment