Monday, January 7, 2019

လူငယ်တွေ အလုပ်ဖြစ်စေချင်



လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က ဘမောင်ရဲ့အလုပ်တစ်ခုက မန်နေဂျာနဲ့ အခြား အလုပ် တစ်ခုက မန်နေဂျာမလေးတို့ အိမ်ထောင် ကျကြတယ်၊ မန်နေဂျာမလေး က ကြိုးစားတယ်၊ မန်နေဂျာလေးက အတော်လေးတယ်၊ လုပ်သက်ရှိလာတော့ တစ်နေ့သူတို့ ကို ကိုယ်ပိုင် လုပ်ငန်းတစ်ခု မတည်ပေးခဲ့တယ်။

မန်နေဂျာမလေးက လုပ်ငန်းကို ဦးစီးတယ် သူ့ခင်ပွန်းက ကျောင်းတွေ၊ သင်တန်းတွေ တစ်ခုပြီး တစ်ခု တက်နေတာ (၁၅ နှစ်လောက်ရှိနေပြီ  မပြီးနိုင်သေးဘူး၊ အခုဆို သူတို့တောင် (၅၀) ဝန်းကျင်တွေ ရှိကြရော့မယ်၊ သင်တန်း ဆက်တက်နေတုန်းပဲ။

လူငယ်တွေ သင်တန်းတွေနဲ့ အချိန်ကုန်နေကြတာများတယ် ။  ဘယ် အသက်မွေးဝမ်းကြောင်းနဲ့ သွားမလဲ ဆုံးဖြတ်ဖို့လိုတယ် ။ တစ်ခါ တစ်ခါမှာ ကိုယ်ဝါသနာပါရာကို လုပ်တာထက် နိုင်ငံရဲ့အခြေအနေပေးတဲ့ အခွင့်အလန်းကို မြင်အောင်ကြည့်ပြီး အသုံးချနှိုင်တဲ့ သင်တန်းကိုပဲ တက်ဖို့လိုတယ်၊

စာတတ်ဖို့လား၊ အပြောကောင်းဖို့လား လက်တွေ့ဘဝကို တည်ဆောက်နိုင်ဖို့လား ဆိုတာကို အချိန် ယူပြီး ကိုယ့်က်ုယ်ကို အရင်မေးဖို့လိုမယ် ။



ဘဝမှာ တစ်ကယ် အလုပ် လုပ်ချိန်က နှစ် (၃၀)နှစ်လောက်ပဲ ရှိတာကို သတိထားဖို့ လိုလိမ့် မယ်။ လုပ်ငန်း အခြေကောင်းကောင်း တည်ပြီးမှ ကိုယ်ဝါသနာပါရာကို ဆက်သင်၊ ဆက်လေ့လာသင့်တယ် ။

ဘမောင် ကိုယ်တိုင်  တပ်က အငြိမ်းစားယူပြီး စီးပွားရေးနယ်ထဲ စဝင်တော့ ဝါသနာပါတဲ့ စာပြန် မရေးနိုင်သေးသလို၊ ဆန္ဒရှိတဲ့ ပညာကိုလည်း ထပ်မသင်နိုင်ခဲ့သေးပါဘူး ။


လက်တွေ့ဆန်မဲ့ လုပ်ငန်းဝင်ငွေမှန်ရေးကို (၆) နှစ်လောက် အရင် အခြေတည်ခဲ့ရတယ်၊ စိတ်ချ သလောက် ရှိမှ ဝင်ငွေကို ခဏစွန့်ပြီး ပညာရေးရော၊ စာပေ ဖက်ရောကို တစ်ကြော့ပြန် လှည့်ခဲ့ရတာပါ၊

ပညာတတ်ဖို့ မခက်ပါဘူး၊ ပညာရှိဖို့ ( လက်တွေ့ကျကျ ကူးပြောင်းအသုံးချနှိုင်ခြင်း ) ကသာ ခက်တာပါ၊ ပညာတတ်တွေ များပြီး တစ်ကယ် အလုပ်မဖြစ်ကြသူတွေကို သတိထားလေ့လာရင် ဘာလုပ်သင့်တယ် ဆိုတာ တွေ့နိုင်ကြပါလိမ့်မယ် ။


အမေရိကန်လို နေရာမျိုးမှာတောင် တစ်ချိန်က School goers တွေ ခေတ်စားခဲ့ပြီး တစ်ကယ် အလုပ် မဖြစ် ကြလို့ ပြင်ဆင်ခဲ့ကြရပါတယ်။

ဝါသနာကို ခဏမေ့ထားပြီး၊ ခေတ်ကဖေးမတဲ့ ပညာကိုပဲ အရင်သင်ကြပါ၊ တစ်ကယ့် ပညာ အဖြစ်ပြောင်းပါ အလုပ် လုပ်ပါ၊ အခြေတည်အောင် အရင်လုပ်ကြပါ ။


ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်အောင် အရင်လုပ်ပါ ။ ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်လို့ စားဝတ် နေရေး မပူ ရတော့ ရင် ကိုယ့်အတွေ့ကြုံနဲ့ သီအိုရီကိုပေါင်းစပ်ပြီး နောက်လူတွေကို နောက်ဆံ မတင်းပဲ မျှဝေနိုင်ပါလိမ့်မယ် အဲ့ဒီ နည်းက လက်တွေ့ ပိုကျပြီး ပိုထိရောက်ပါတယ်။

လက်တွေ့အလုပ်ဖြစ်မဲ့ စဉ်းစားမှုမျိုးကိုပဲ တွေးစေချင်ပါတယ် ။



Crd .. Nay Zin Latt



No comments:

Post a Comment