Thursday, February 4, 2016

အွန်လိုင်း ကနေ စာသင်ဖို့ အကောင်းဆုံး ဆိုက် ၉ ခု

အရှင် သုမင်္ဂလ's photo.


အချိန် မရွေး၊ အသက်အရွယ် မရွေး ပညာရေး လိုလား သူတိုင်း လေ့လာနိုင်တဲ့ ၀က်ဘ် ဆု...ိက် ၉ - ခု ကို ဖော်ပြ လိုက်ပါတယ်။ 

အခု ဆိုက် အားလုံးဟာ အပြည့်အ၀ ကို အခမဲ့ သင်ယူနိုင်ပြီး သမိုင်း ဘာသာ ကနေ ပရိုဂရမ်မင်း ဘာသာ အထိ ဘာသာ အမျိုးမျိုးကို လေ့လာလို့ ရမှာပါ။

၁။ Coursera.org
ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်တွေ၊ ပြတိုက်တွေ နဲ့ ပါတနာ လုပ်ထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ အဲဒါကြောင့် မယုံနိုင်လောက်အောင် များပြားတဲ့ သင်ခန်းစာတွေ ကို သင်ယူနိုင်မှာပါ။ လိပ်စာ က http://www.course.org/campus ပါ။

၂။ Khan Academy
ကမ္ဘာ တစ်ဝန်း က စာသင်ကျောင်း အများအပြား နဲ့ ချိတ်ဆက် ထားပြီး သုံးရ လွယ်ကူပါတယ်။ ဒါ့အပြင် ၀က်ဘ် တစ်ခွင် က သင်ခန်းစာ အများအပြား ကိုလည်း စုဆောင်းပေးထားပါတယ်။ သည်တော့ ဘာသာရပ် မျိုးစုံ ရှိပါတယ်။ လိပ်စာက
https://www.khanacademy.org/ ပါ။

၃။ Open Culture Online Courses
ဘာသာရပ် တစ်ခုကို သီးသန့် သင်ချင်တယ် ဆိုရင် ဒီဆိုက် ကိုသာ ၀င်ကြည့်ုလိုက်ပါ။ ကမ္ဘာ တစ်ဝန်း က တက္ကသိုလ်တွေ ရဲ့ သင်ခန်းစာပေါင်း ၁၀၀၀ ကျော် ကို စုစည်း ထားပါတယ်။ ဒါ့အပြင် တက္ကသိုလ် သီးသန့် ဆိုက်တွေ မှာ သာ တင်တဲ့ သင်ခန်းစာတွေကို ဒီမှာ ဖော်ပြထားပါတယ်။ အားလုံးကို အလွယ် တကူရှာဖွေနိုင် ပါတယ်။ လိပ်စာက
http://www.openculture.com/freeonlinecourses ပါ။




၎။ Udemy
သူက နံပါတ် ၁- က Coursea နဲ့ တူပေမယ့် သင်တန်းတွေ ကို ကိုယ့်စိတ်ကြိုက် ထုတ်နှုတ်ပြီး တစ်ပိုင်း တစ်စ စီ တက်နိုင်တာ ပိုပါတယ်။ သူ့မှာ အခမဲ့ရော၊ သင်တန်းကြေးပါ ပေးပြီး တက်နိုင်တဲ့ သင်ခန်းစာတွေ ရှိပါ တယ်။ လိပ်စာက
https://www.udemy.com/… ပါ။

၅။ Academic Earth
အထက်က ဆိုက်တွေ အတိုင်း များပြားတဲ့ သင်ခန်းစာတွေ ကို သင်ကြားပေးပါတယ်။ သူ့ ထူးခြားချက်က ဘာသာရပ် နဲ့ ကျောင်း နာမည်ကို စာရင်း လုပ်ပေးထားတဲ့ အတွက် တစ်ခုခု ကို ရှာဖွေချင်တဲ့ သူအဖို့ ပို လွယ်ကူစေပါတယ်။ လိပ်စာက
http://academicearth.org/ ပါ။

၆ Harvard Extension
ဟားဗတ် တက္ကသိုလ် မှာပဲ သင်တဲ့ အွန်လိုင်း သင်ခန်းစာတွေကို ဒီမှာ လေ့လာနိုင်မှာပါ။ ဒါ့အပြင် အသိ အမှတ်ပြု လက်မှတ် ထုတ်ပေးတဲ့ သင်တန်းတွေ ကိုလည်း ဟားဗတ် မှာ ရှာဖွေနိုင်ပါတယ်။ လိပ်စာက
http://www.extension.harvard.edu/open-learning-initiative     ပါ။

၇။ Open Yale Courses
ဟားဗတ် လိုပဲသင်ပေးတဲ့ ယေးလ် ရဲ့ အွန်လိုင်း ဆိုက်ပါ။ တက္ကသိုလ် စာသင်ချိန် မှာ ရိုက်ကူး ထားတဲ့ သင်ခန်းစာတွေ ကို ဗီဒီယို ဖိုင်တွေနဲ့ တင်ပေးထားတာပါ။ စာဖတ်တာထက် ဗီဒီယိုဖိုင် ကြည့်ရတာ ပိုကြိုက် ရင် ဒီဆိုက် က အဆင်ပြေစေမှာပါ။ လိပ်စာက
http://oyc.yale.edu/ ပါ။

၈။ Code
Programming, Software, App ရေးသားနည်းတွေ ကို သင်ချင်ရင် ဒီဆိုက် ကို ကြည့်ပါ။ လူကြီးတွေ အတွက် သာ မက ကလေးတွေ ကိုပါ သင်ကြားပေးတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ လိပ်စာက
http://code.org/learn ပါ။

၉။ Alison
သင်တန်းတက်ရုံ မက အသိအမှတ်ပြု လက်မှတ်ပါ ထုတ်ပေးတဲ့ ဆိုက် တစ်ခုပါ။ စီးပွားရေး၊ နည်းပညာ နဲ့ ကျန်းမာရေး ကို အဓိက ထား သင်ကြားပေးပေမယ်။ ဘာသာစကား သင်တန်းတွေ လည်း ရှိပါတယ်။ လိပ်စာက
http://alison.com/ ပါ။




#‎စုပြည့်စုံ‬
Credit>>Ohnmar Oo
═══════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ



အရှင် သုမင်္ဂလ

No comments:

Post a Comment