Saturday, October 17, 2015

မငိုကြသူများ

 နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ's photo.


 ■ ဘုရားရှင်ဟာ သားသေတဲ့ သူကြွယ် ရဲ့ အိမ် ကို ကြွပါတယ်။ ဘုရားရှင် ကို ရှိခိုးပြီး ထိုင်နေတဲ့ အဲဒီ သူကြွယ် ကို ``အို သူကြွယ်၊ ဘာလို့ ၀မ်းနည်းနေသလဲ`` လို့ မေးပါတယ်။ 

`` မြတ်စွာဘုရား၊ တပည့်တော် သား သေတဲ့ အချိန်ကစပြီး ၀မ်းနည်းနေပါတယ်``လို့ လျှောက်တော့ အို သူကြွယ်၊ ကွဲတတ်တဲ့ သဘော ရှိတဲ့ အရာဆိုတာ ကွဲ တာပဲ။ 

ပျက်တတ် တဲ့ သဘော ရှိတဲ့ အရာဆိုတာ ပျက် တာပဲ။ အဲဒီ ကွဲပျက် တာဟာလည်း တစ်အိမ်တည်း မှာသာ မဟုတ်၊ တစ်ရွာတည်း မှာသာ မဟုတ်၊ တကယ်တော့ အတိုင်း အတာ မရှိတဲ့ စကြ၀ဠာတွေ မှာ ဘ၀သုံးပါး မှာ မသေသူ ဆိုတာ မရှိ၊ မပျက် ဘဲ မြဲတည်နိုင်တဲ့ သင်္ခါရ တရား တစ်ခုလေးတောင် မရှိ၊ သတ္တ၀ါမှန် သမျှ သေကြရတယ်။ 

သင်္ခါရ မှန်သမျှ ပျက်ကြရတယ်။ ရှေး ပညာရှိတွေ ဟာလည်း သားသေတဲ့ အခါ ``သေတတ်တာ သေတယ်၊ ပျက်တတ် တာ ပျက်တယ်``လို့ တွေးကာ ၀မ်းမနည်းခဲ့ကြဘူး လို့ မိန့်တော်မူပါတယ်။
ပြီးတော့ အတိတ် ဇာတ်ကြောင်းကို ဆောင်တော်မူပါတယ်။


■ ဗာရာဏသီပြည် မှာ ဗြဟ္မဒတ် မင်း မင်းပြုတဲ့ အခါ ဘုရားလောင်း ဟာ ဗာရာဏသီမြို့တံခါး အနီးရှိ ရွာလေး တစ်ရွာ က ပုဏ္ဏားအိမ် မှာ ဖြစ်ကာ ဥစ္စာနှစ် ကို ဖြစ်စေပြီး လယ်ယာ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းပြုလုပ်ပါတယ်။ 



သူ့မှာ သား တစ်ယောက်၊ သမီး တစ်ယောက် ရှိပါတယ်။ အရွယ်ရောက်လာတဲ့ သား ကို အမျိုးတူ ထဲက ကလေးမ တစ်ယောက်နဲ့ ပေးစားလိုက်ပါတယ်။ ဘုရားလောင်း ရယ်၊ သူ့ ဇနီးရယ်၊ သားရယ်၊ သမီးရယ် ၊ ချွေးမရယ်၊ ကျွန်မ ရယ်လို့ (၆) ယောက် ဟာ ညီညီ ညွတ်ညွတ် ၀မ်းမြောက်ဝမ်းသာ ချစ်ချစ်ခင်ခင် နဲ့ နေ ကြပါတယ်။

ဘုရားလောင်း ဟာ ကျန်တဲ့ လူ (၅)ယောက် ကို ဒီလို သြ၀ါဒ ပေးပါတယ်။
``သင်တို့ဟာ သင် တို့ ရရှိတဲ့ ပစ္စည်း အခြေအနေ နဲ့ပဲ ဒါနပြုကြပါ။ သီလစောင့်ကြပါ။ ဥပုသ်ဆောက် တည် ကြပါ၊ မရဏဿ         တိ    (သေခြင်းအေက်မေ့မှု) ကို ပွားများကြပါ။ သင်တို့ သေရမှာ ကို အမှတ်ရကြပါ။ 


ဟုတ်တယ်။ ဒီ သတ္တ၀ါတွေ ရဲ့ သေရတာဟာ မြဲတယ်၊ အသက်ရှင်ရတာ ဟာ မမြဲဘူး။ သင်္ခါရ အားလုံးဟာ မမြဲဘူး။ ကုန်တတ် ပျက်တတ်ကြတယ်။ နေ့မှာရော ညမှာပါ မမေ့မလျော့ နေကြပါ``
ကျန်တဲ့ လူ (၅)ယောက်က `` ကောင်းပါတယ်``လို့ သြ၀ါဒ ကို ခံယူကာ မမေ့မလျော့ မရဏဿ        တိကို ပွားများကြပါတယ်။


■ တစ်နေ့မှာ ဘုရားလောင်း ဟာ သား နဲ့အတူ လယ်ကို သွားကာ ထွန်ပါတယ်။ သားက အမှိုက် ကို စုပုံပြီး မီးရှို့ ပါတယ်။ အဲဒီ ရဲ့ အနီးအနား က တောင်ပို့တစ်ခု ထဲမှာ အဆိပ်ပြင်းတဲ့မြွေ ရှိပါတယ်။ မီးခိုး က အဲဒီမြွေ ရဲ့ မျက်စိတွေ ကို ထိခိုက်ပါတယ်။ အဲဒီမြွေ က စိတ်ဆိုးပြီး ထွက်ကာ `` သူ့ ကို မှီပြီး ငါ့မှာ ဘေးဖြစ် ရတယ် ``လို့ တွေးပြီး အစွယ် (၄)ချောင်း နစ်မြှုပ်ကာ သူ့ကို ကိုက်လိုက်ပါတယ်။ 

သားဟာ လဲပြီး ကျသွားပါတယ်။ ဘုရားလောင်း က သူ့သား လဲကျသွားတာ ကို မြင်လို့ နွားတွေကို ထားခဲ့ ကာ သွားပြီး သူ့သား သေ သွားတာကို သိတဲ့ အတွက် သူ့သား အလောင်းကို မြှောက်ချီ ကာ သစ်ပင် တစ် ပင်အောက်မှာ လဲလျောင်းထားပါတယ်။ အ၀တ်ခြုံပေးထားပါတယ်။ မငိုပါဘူး။ 

``ကွဲပျက်တတ် တာ ကွဲပျက် တယ်၊ သေတတ် တာ သေတယ်။ သင်္ခါရ အားလုံး အမြဲမရှိ၊ သေခြင်း အဆုံးရှိ ပါတယ်``လို့ မမြဲ တဲ့ အဖြစ် ကိုသာ ရှုမှတ်ကာ လယ်ထွန်နေပါတယ်။

■ ဘုရားလောင်း ဟာ လယ် အနီးက ဖြတ် သွားတဲ့ အိမ်နီးနားချင်းယောက်ျား တစ် ယောက်ကို မြင်လို့ ``မိတ်ဆွေ အိမ် ကို သွား မလို့လား`` လို့ မေးတဲ့ အခါ `` သွားပါမယ်``လို့ ပြောလို့ ဒီလိုဆိုရင် ကျွန်တော် တို့အိမ် ကို သွားပြီး ပုဏ္ဏေးမ ကို ပြောပေးစမ်းပါ။
 

ဒီနေ့အရင်နေ့တွေက လို ထမင်းကို နှစ်ယောက်စာ မယူခဲ့ ဘဲ တစ်ယောက်စာ အတွက်ပဲ ယူခဲ့ကြပါ။ အရင်နေ့တွေ က ကျွန်မ တစ်ယောက်တည်း ပဲ ထမင်း ကို ယူခဲ့ပါတယ်။ ဒီနေ့တော့ အခြား (၄)ယောက် ပါ ဖြူစင် တဲ့ အ၀တ်ကို ၀တ်ပြီး ပန်းနံ့သာတွေ ကို ယူကာ လာခဲ့ကြပါ လို့။
 

အဲဒီလူ က ကောင်းပါပြီ လို့ ပြောပြီး သွားကာ ပုဏ္ဏေးမ အား မှာတဲ့ အတိုင်းပဲ ပြောပါတယ်။ ပုဏ္ဏေးမ က ``ဒီ သတင်းစကား ကို သင့်အား ဘယ်သူ က ပေးလိုက်တာလဲ လို့ မေးလို့ အဲဒီ လူက ပုဏ္ဏား က ပေးလိုက်ပါ တယ် လို့ ပြောပါတယ်။ 

ပုဏ္ဏေးမ က ငါ့သား သေပြီ လို့ သိပါတယ်။ နည်းနည်းလေး မှ စိတ် မတုန်လှုပ်ပါ။ မရဏဿ       တိ ပွားထားတဲ့ ပုဏ္ဏေးမ ဟာ ဖြူစင်တဲ့ အ၀တ် ကို ၀တ်ပြီး ပန်း နံ့သာတွေ ကို ယူကာ ကျွန်မ ကို အာဟာရ ကို ဆောင် ယူစေပြီး အခြား သူတွေနဲ့အတူ လယ်ကို သွားပါတယ်။ တစ်ယောက်မှ  ငိုကြွေး မြည်တမ်းတာ မရှိပါ။

■ ဘုရားလောင်း က သား အလောင်း လဲလျောင်းနေတဲ့ သစ်ပင် အရိပ်မှာပဲ ထိုင်ကာ ထမင်းစားပါတယ်။ စားပြီးတဲ့ အခါ အိမ်သား အားလုံး ထင်းတွေ ကို စုကာ ထင်ပုံပေါ် မှာ အလောင်း ကို တင်ပြီး ပန်း နံ့သာတွေ နဲ့ ပူဇော်ကာ မီးရှို့ ကြပါတယ်။ ဘယ်သူမှာ မျှ မျက်ရည် တစ်စက်လေးတောင် မကျပါ။ သူတို့အားလုံးဟာ မရဏဿ        တိကို ကောင်းကောင်း ပွားများထားကြပါတယ်။

■ သူတို့ ရဲ့ သီလ တန်ခိုးကြောင့် သိကြားမင်း ရဲ့ နေရာဟာ ပူတဲ့ အခြင်းအရာ ကို ပြလာပါတယ်။ သိကြားမင်း က ဘယ်သူ က ငါ့ကို ရာထူး က ရွေ့လျောစေလို သလဲ လို့ စူးစမ်းတဲ့ အခါ သူတို့ရဲ့ ဂုဏ်တန် ခိုးကြောင့် ပူတာ ကို သိရလို့ ကြည်လင်ရွှင်ပြ ကာ ငါဟာ သူတို့ထံ သွားပြီး ရဲရဲတောက် စကား ကို ပြော ကြားစေ ကာ ရဲရဲတောက်စကား ရဲ့ အဆုံးမှာ သူတို့ရဲ့အိမ် ကို ရတနာ (၇) ပါးနဲ့ ပြည့်အောင် လုပ်ပေးပြီး မှ ပြန်လာသင့်တယ် လို့ တွေးပြီး မြန်မြန် အဲဒီနေရာကို သွားကာ သုသာန်နံဘေးမှာ ရပ်တည်လျက် `` ဖခင် ဘာ လုပ်နေပါသလဲ`` လို့ မေးပါတယ်။

■ လူတစ်ယောက် ကို မီးရှိုးနေပါတယ်။ လူတစ်ယောက် ကို မီးရှိုးနေတာ ဟုတ်ပုံ မရပါ။ သားကောင်
တစ်ကော င်ကို သတ်ပြီး ဖုတ်ကင်နေကြတယ် ထင်ပါတယ်။
 

သားကောင် မရှိပါ။ လူ ကိုပဲ မီးရှိုးနေကြပါတယ်။
 

ဒီလို ဆိုရင် ဒီလူဟာ သင်တို့ရဲ့ ရန်သူ ဖြစ်ပါလိမ့်မယ်။
အဲဒီအခါ ဘုရားလောင်းက သူကို ဒီလို ပြောပါတယ်။
 

ဒါဟာ ကျွန်တော် ရဲ့ သားပါ၊ ရန်သူ မဟုတ်ပါဘူး။
 

ဒီလို ဆိုရင် ဒီ သားဟာ သင်တို့ မချစ်တဲ့ သားလား။
 

အလွန်ချစ်ရတဲ့သား ဖြစ်ပါတယ်။
 

ဒီလိုဆိုရင် ဘာကြောင့် မငိုသလဲ။

■ ``မြွေဟာ အရေဟောင်း ကို စွန့်ပြီး သွား သလို သား ဟာလည်း ဘ၀ဟောင်း ကို စွန့်ပြီး သွားပါပြီ။ မီးရှို့ ခံနေရတဲ့ သား အလောင်းကောင် ဟာ သူ့ရဲ့ ချမ်းသာ ဆင်းရဲ ကို မသိ သလို ဆွေမျိုးတွေ ငိုကြွေးတာ ကို လည်း မသိပါ။ ဒါကြောင့် ၀မ်းမနည်းပါ။ သားက သူ့ကံ အတိုင်း သွားပါပြီ``။
 

သိကြားမင်း က ဘုရားလောင်း ရဲ့ စကားကို နားထောင်ပြီး ပုဏ္ဏေးမ ကို မေးပါတယ်။

■ မိခင်၊ သေသွားသူဟာ သင် နဲ့ ဘာတော် ပါသလဲ။
ဆယ်လ လုံးလုံး ၀မ်း နဲ့ လွယ်ပြီး နို့ချို  တိုက်ကျွေးကာ လက်ခြေတွေ ကို ကောင်းကောင်း တည်စေပြီး ကြီးပွားအောင် လုပ်ပေးခဲ့ရတဲ့ သားပါ။
 

မိခင်၊ ဖခင် ကယောက်ျားသား မို့ မငိုတာ ထားပါတော့။ မိခင် ရဲ့ နှလုံးသား ကတော့ နူးညံ့ပါတယ်။ မိခင်က ဘာကြောင့် မငိုပါသလဲ။

■ ``သား က မခေါ်ဘဲ နဲ့ လာတယ်။ မနှင် ဘဲနဲ့ ပြန်သွား ပါတယ်။ သူ့ သဘောနဲ့ လာပြီး သူ့သဘော နဲ့ ပြန်သွားတဲ့ ကိစ္စမှာ ဘာ ၀မ်းနည်းငိုကြွေး စရာ ရှိမှာလဲ``။ သိကြားမင်း က ပုဏ္ဏေးမ ရဲ့ စကားကို နားထောင်ပြီး သေသွား သူရဲ့ နှမ ကို မေးပါတယ်။
 

 သေသွားသူ က ညီမလေး နဲ့ ဘာတော်သလဲ။
ကျွန်မရဲ့ အစ်ကိုပါ။
 

 နှမတွေ ဆိုတာ အစ်ကိုတွေ အပေါ်မှာ ချစ်ကြတာပဲ။ သင်က ဘာကြောင့် မငိုပါသလဲ။ ကျွန်မ ငိုရင် ကျွန်မ ပိန် သွားမယ်။ အစ်ကို မှာရော ကျွန်မ မှာပါ အကျိုး မရှိပါ။ ဆွေမျိုး မိတ်ဆွေတွေ မှာ စိတ် မကောင်း စရာ ဖြစ်ပါ လိမ့်မယ်။
 

သိကြားမင်း က နှမ ရဲ့ စကားကို နားထောင်ပြီး သေသွားသူ ရဲ့ ဇနီး ကို မေးပါတယ်။
 

ခင်များ နဲ့ကော သေသွားသူ က ဘာတော်ပါသလဲ။
ကျွန်မ ရဲ့ ခင်ပွန်းပါ။
 

ဇနီးတွေ ဆိုတာ လင် သေသွားရင် မုဆိုးမ ဖြစ်ကာ ခိုကိုးရာမဲ့ ဖြစ်ကြပါတယ်။ ခင်များ က ဘာကြောင့် မငိုပါ သလဲ။

■ သင့် မသင့်၊ ရနိုင် မရနိုင် ကို မသိတဲ့ ကလေးမိုက် ဟာ အမိ ရင်ခွင်မှာ ထိုင်နေရင်း လပြည့် အခါ ကောင်းကင် မှာ သာနေတဲ့ လပြည့်ဝန်း ကို မြင်လို့ `` အမေ ဖိုးရွှေလမင်း ကို ကျွန်တော်အား ပေးပါ၊ ဖိုးရွှေလမင်း ကို ကျွန်တော်အား ပေးပါ၊ လို့ ပြောကာ အခါခါ ငိုကြွေးသလို သေသွားသူ ကို တမ်းတပြီး ငိုကြွေးနေရင် ကျွန်မ ဟာ အဲဒီကလေးထက် ပိုပြီး မိုက်ရာ ကျပါလိမ့်မယ်။
 

သိကြားမင်း က ဇနီးသည် ရဲ့စကား ကို နားထောင်ပြီး ကျွန်မ ကို မေးပါတယ်။
 

ကလေးမ၊ သင်ကကော သေသွားသူ နဲ့ ဘာတော်ပါသလဲ။
ကျွန်မ ရဲ့ အရှင် သခင်ပါ။
 

သင့်ကို သူက နှိပ်စက် ရိုက်ပုတ် လို့ အဲဒီဝဋ် က လွတ်ပြီ ဆိုပြီး ၀မ်းသာလို့ မငိုတာလား။
အို ဒီလို မပြောပါနဲ့၊ အဲဒီလို အပြုအမူတွေဟာ ကျွန်မ ရဲ့ အရှင်နဲ့ မသင့်လျော်ပါဘူး။ ခန္တီ၊ မေတ္တာ၊ ကရုဏာ နဲ့ ပြည့်စုံ တဲ့ အရှင် ဖြစ်ပါတယ်။ ရင်ဝယ်သား ပမာ သနားကြင်နာပါတယ်။
 

ဒီလိုဆိုရင် ဘာကြောင့် မငိုပါသလဲ။

■ ကွဲသွား တဲ့ အိုး ကို တစ်ဖန် ဆက်စပ်လို့ မရနိုင်ပါ။ အဲဒီ လိုပါပဲ သေသွားတဲ့ သူကို တမ်းတပြီး ငိုနေ လို့ သေသွား သူက ပြန်ရှင်လာမှာ မှ မဟုတ်တာ။
 

 အောက်ပါ စကားကို ဖခင်ကြီး ပြောသလို အခြားသူ (၄)ယောက်လည်း ပြောပါတယ်။
 

မီးရှို့ ခံနေရတဲ့ သား အလောင်းဟာ သူ့ရဲ့ ချမ်းသာ ဆင်းရဲ ကို မသိသလို ဆွေမျိုးတွေ ငိုကြွေးတာကို လည်း မသိပါ။ ဒါကြောင့် ၀မ်းမနည်း၊ မငိုကြွေးပါ၊ သေသွားသူက သူ့ကံအတိုင်း သွားပါပြီ။
 

သိကြားမင်း က သူတို့အားလုံး ရဲ့ စကားကို ကြားရတော့ ကြည်ညိုပြီး ``သင်တို့ဟာ မမေ့မလျော့ မရဏဿ  တိ ကို ပွားများကြပါ။ ဒီနေ့က စပြီး လက်နဲ့ အလုပ် မလုပ်ကြပါနဲ့တော့ ။ ကျွန်တော် ဟာ သိကြားမင်းပါ။ 

သင်တို့ ရဲ့ အိမ်မှာ ရတနာ (၇) ပါးတွေ နဲ့ ပြည့်အောင် လုပ်ကာ နတ်ပြည် ပြန်သွား ပါတော့တယ်။
သစ္စာလေးပါး ကို ဘုရားရှင် ဟောကြားပြီး ဇာတ်ပေါင်း ပါတယ်။ သားသောကရောက်တဲ့ သူကြွယ် ဟာ သောတာပန် ဖြစ်သွားပါတယ်။
 

ကျွန်မ က ခုဇ္ဇုတ္တရာ၊ သမီး က ဥပ္ပလ၀ဏ်၊ သား က ရာဟုလာ၊ အမေ က ခေမာ၊ ဖခင် ပုဏ္ဏားက ငါဘုရား ဖြစ်ခဲ့တယ်။ (ဇာတက၊ ဋ္ဌ၊ ပဉ္စက၊ ဥရဂဇာတက၊၁၅၀။)

■ ``အို၊ နာ၊ သေ၊ ကွဲ, ကံနှင့် တွဲ, အမြဲ ဆင်ခြင်လေ``တဲ့။
 

အမျိုးသား၊ အမျိုးသမီး၊ ရဟန်း၊ ရှင်၊ လူ မည်သူ မဆို မပြတ် မပြတ် ဆင်ခြင်ရမယ့် တရား (၅) ပါးကို ဘုရားရှင် ဟောတော်မူပါတယ်။ မရဏဿ        တိဆိုတာ သေရမှာ ကို ဆင်ခြင် အမှတ်ရနေမှုပါပဲ။ 

အစမ်းသေ သေကြည့်နေမှု လို့ ဆိုရမှာ ပါပဲ။ ဘုရားလောင်း ပုဏ္ဏား မိသားစုဝင်တွေဟာ မသေခင် ကဘဲ အစမ်းသေ သေကြည့်နေပါတယ်။ တစ်ဦး နဲ့ တစ်ဦး မခွဲမခွာ ဘဲ နေကြစဉ် ကပဲ ခွဲခွာခွဲခွာ ကြည့်နေပါ တယ်။ 

အစမ်းသေ သေမကြည့် ထားသူတွေ မှာ သေခြင်းတရား ဟာ အဆန်း ပမာ ဖြစ်နေပါတယ်။ စိမ်းသလို လဲ ဖြစ်နေ ပါတယ်။ အစမ်းသေ သေကြည့်ထားကြသူ (သေရမှာ ကို ကြိုတင်တွေးထား သူ) တွေ မှာတော့ သေတာ ဟာ အထူး အဆန်း ဖြစ်မနေတော့ပါ။ 

အမြဲတွေးနေတော့ ရင်းနှီးနေပါတော့တယ်။ ကြောက်စရာ၊ လန့်စရာ အနေ နဲ့ မမြင်တော့ပါ။ သေရ မှာ ကို လေးလေး နက်နက် သိထားတော့ မသေခင် ကုသိုလ်ကောင်းမှုတွေ ကို စုဆောင်းကြရမယ် လို့ သတိပြု မိကာ ကြိုးစားပြီး စုဆောင်းကြပါတော့တယ်။ 

ဒါကြောင့်ပဲ ဘုရားလောင်း ပုဏ္ဏား ဟာ ကျန်တဲ့ မိသားစုဝင်တွေ ကို ဒါနပြုဖို့၊ သီလစောင့်ဖို့၊ ဥပုသ်ဆောက် တည်ဖို့ ဆုံးမသြ၀ါဒပေးတာ ဖြစ်ပါတယ်။

■ အသက်ကြီး မှ သေရမယ် လို့ ထင်ရပေမယ့် အဲဒီ အထင် ဟာ မမှန်ပါ။ ငယ်ရွယ်စဉ် မှာလည်း များစွာ ပဲ သေနေကြပါတယ်။ အရွယ် မရွေး သေနေကြပါတယ်။ ငယ်ရွယ်သူတွေ ဟာလည်း အချိန် မရွေး သေ သွား နိုင်တယ်လို့ သဘောပေါက်ကာ သေခြင်း တရားကို မဆင်ခြင်ချင်ရင်လည်း ဆင်ခြင်ကြရပါမယ်။ 

ဆင်ခြင် ချင်ရင်လည်း ဆင်ခြင်ကြ ရပါမယ်။ မဆင်ခြင် လည်း သေနိုင်တာပါပဲ။ ဆင်ခြင် လည်း သေနိုင် တာ ပါ ပဲ။ ငယ်ရွယ်စဉ် က ဆင်ခြင် မိတော့ ငယ်ရွယ်စဉ် ကပင် ကုသိုလ်တွေ ကို စုဆောင်းမိပါမယ်။ 

ကုသိုလ် စုဆောင်းချိန် ပိုရတော့ ကုသိုလ် ပို စုဆောင်းသွား မိပါမယ်။ သံသရာ ခရီးမှာ ကုသိုလ် ရိက္ခာ ထုပ် ကြီးကြီး ကို ထုပ်သွားနိုင်ပါမယ်။ ဘ၀ သံသရာခရီး မှာ ကုသိုလ် ရိက္ခာ များလေ ချမ်းသာ ရလေပါပဲ။ 

စာရှုသူ ရဲ့ မိသားစု ဟာ ဘုရားလောင်း ပုဏ္ဏား မိသားစု လို မရဏဿ         တိ ပွားများနိုင်ရင် ဘယ်လောက် ကောင်း လိုက်လေမလဲ။


■ လင်္ကာ
၁။ သေရမယ့်အရေး, ကြိုတင်တွေး, သေရေး မဆန်းပါ။
၂။ သေရမယ့်အရေး, ကြိုမတွေး သေရေး ဆန်းနေမှာ။
၃။ ကြိုမတွေးရင်, သေခါတွင်, အသင် ကြောက်နေမှာ။
၎။ ကြိုတွေးထားက, သေကာလ, သင်က မကြောက်ပါ။
၅။ မသေခင်မှာ, အခါခါ, သေရွာ သွားကြည့်ရာ။
၆။ သေရွာခရီးသွား, သင်လူသား, သွားသွားကြည့်ရမှာ။
၇။ သေရမယ့်အရေး, နေ့တိုင်း တွေး, ငိုကြွေး ကင်းရပါ။
၈။ ရှင်တာ မမြဲ, သေတာ မြဲ, အမြဲ ရှုရမှာ။
၉။ ဒီမိသားစု, သေမည်ဟု, အရှုမြဲကြပါ။
၁၀။ ထိုကြောင့် ထိုခါ, သူတို့မှာ, သောကာ ကင်းဝေးပါ။
၁၁။ သောက ကင်းလို, သေခြင်းကို, တင်ကြို တွေးကြရာ။

***တရားအသိဉာဏ်များတိုးပွါးနိုင်ကြပါစေ***
 

နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ
http://greenkstar.blogspot.com/ မှ ကူးယူဖော်ပြပါသည်။


No comments:

Post a Comment