Tuesday, October 6, 2015

မွေးနေ့..မွေးရက်များ နဲ့ သူရဲ့ ဂုဏ်သတ္တိ များ.

 ငွေတာရီ's photo.


 တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
Do You Believe in Numerology?



နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..ခေါင်းမာတယ်. ရိုးသား တယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်..ကြင်နာတတ်တယ်..ဒေါသလွယ်တယ်..

 ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူ တယောက်ဖြစ်ချင်တယ်.. လူတွေ အားလုံး ရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံ မှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင် ဘူး. မိမိကိုယ် ကို ယုံကြည်တတ် တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ် နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှ ပဲ လက်ထပ် ဖြစ်ကြတာ များပါတယ်..




အမြင်မတူတဲ့ သူတွေနဲ့ ပြဿ           နာတက်ရတာ ကို နှစ်သက်တယ်.. အငြိုးအတေးကြီးပြီး..လက်စားချေ တတ် ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..

မင်းသာ အမျိုးသား ဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေ မှာဖြစ်ပြီး ..လူတိုင်း က မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်.. 

ရပ်ကွက်ထဲမှ သည်.. ဟို အပေါ် ပါလီမန်တွေ ထိကို မင်းက နေရာစုံသွားနိုင်သူပါ. .ဘာဖြစ်လို့လဲ ဆိုတော့ ..ကိစ္စတော်တော်များများ ကို မင်းက တဖတ်ကန်း ခတ်အောင် သိနေတတ်တယ်လေ..

ဒါပေမယ့်..မင့်ရဲ့ ဘ၀မှာ..တချို့လူတွေ က မင်းဘ၀ နှိပ့်ကျသွားအောင်..နာမည်ပျက် သွားအောင် လုပ်တာ မျိုး..ကြုံရတတ်ပါတယ်... ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့ မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့ မိသားစု ဘ၀က အေးချမ်းလွန်းပါတယ်.. မင်းဟာ အဖော်မွန်ကောင်း ကို ပိုင်ဆိုင်ပြီ.. ချစ်စဖွယ် သား သမီးတွေ နဲ့ နေထိုင် ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှု ကို မြတ်နိုးသူ.. ဘာသာတရား ကို ကိုယ်ရှိုင်းသူ တယောက်ပါပဲ..

မင်းရဲ့ အကောင်းဆုံး အဖော်မွန် နံပါတ်တွေ ကတော့.. 4, 6, 8 ...သင့်တင်တဲ့ သူတွေကတော့.. 3, 5, 7!!!
Do You Believe in Numerology?


နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..

 ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်... မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ... မင်းဟာ ခန့်မှန်းရခက်တဲ့ သူ တစ်ဦး လည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..

တကိုယ်ကောင်း ဆန်ပြီ.. အနုပညာဘက် မှာ အား အတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို
ညက်ညောပြေပြစ်တယ်.

မင်းရဲ့ အပြုအမှုတွေ ဟာ လ လို့ပဲ.. နေအလင်းရောင် ပျောက်မှ လ ထွက်လာ သလိုမျိုး.... လူတွေ စိတ်ဓာ တ် ကျနေတဲ့အချိန်ဆို ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့် တက်လာပြီ ဆိုရင် မင်းဟာ သူတို့ ဘ၀ထဲ က ပျောက်ကွယ် သွားတက်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှု ကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှု ကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ် (ကျနော်ဆိုလို တာက မင်းရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ) တကယ့်လို့ များ. .ဘုရားတရား ကို နက်နက် ရှိုင်းရှိုင်း လုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့် သူတစ်ဦးပါ...

အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကို ပဲ ဦးတည်နေတာပါ..!တခါတရံ မင်းဟာ ရှေ့ရေး ကို ကြိုပြီး ခံစားမိတတ်သူ တစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..

မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင် လာသူ ဖြစ်နေ ပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်း စားဖို့အတွက် မင်းဘ၀ ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူ တစ်ဦးပါ...

မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့ စိတ် ကို ခံစား နားလည်ပေးနိုင်တယ်.. လူတွေ နဲ့ လိုက်လျော ညီထွေနေတက်တဲ့သူ တစ်ဦးပါ...

မင်းရဲ့အကောင်းဆုံး အဖော်မွန် ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ ဆိုရင်တော့..အဆင်ပြေဖို့ ခဲရင်း ပါတယ်..!!!
Do You Believe in Numerology?


နံပါတ် (၃)
နှလုံးသား မာကျောပြီ.. တကိုယ်ကောင်းဆန်တတ်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူ တစ်ဦးပါ..

တိုးတက်မှုကို မြတ်နိုးတဲ့သူ တစ်ဦးပါ.. မင်းဟာ မိသားစုပြဿ       နာတွေ  ကို လျှော့ကျဖို့  လိုလားပေမယ့်..
ပြဿ          နာတိုင်း   က မင်းဆီကနေပဲ မြစ်ဖျား ခံတက်တာများပါတယ်..

မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ် မျက်နှာထား ကို ပိုင်ဆိုင်သူ တစ်ဦးပါ.. ဒါကြောင့်.. ဘယ်နေရာ ကို သွားသွား.. မင်း အလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..

မင်း ဘ၀မှာ မွေးဖွားလာ ကတည်းက တခုခု ကို ရဖို့ အတွက် အမြဲတမ်း ပြင်းထန်စွာ ကြိုးစား နေရတတ် တယ်.. မကြိုးစားဘဲနဲ့ ရလာတာ ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....

အရွယ်ရောက်လာတဲ့ အခါမှာ.. မင်းဟာ ကိုယ့်ထက် ငယ်ရွယ်သူတွေ ကို ဆိုဆုံးမ တတ်တယ်.. ဘာကြောင့် လဲ ဆိုတော့.. ကြီးတဲ့သူကို ငယ်သူ က ရိုသေမှုပြသရတာ ကို မင်းဟာ နှစ်သက် လို့ပဲ.. အဲလိုလည်း မင်း ဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေး တည်ငြိမ် တဲ့သူ တယောက် မဟုတ်ပါဘူး..

မင်းနဲ့ ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့ အလုပ်တစ် ခုပါ..မင်းဟာ စိတ်ဓာတ် မာတဲ့ ပြိုင်ဘက် တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့ အပြုအမှု ကို မင်းသဘောကျ သွားပြီ ဆိုလည်း.. မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...

မင်းဟာ အမြဲ လိုလို..သူတပါး ဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ.. မင်းဘ၀မှာ ရန်သူတွေ.ပြဿ       နာတွေ အများကြီး ရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည် မခံပါဘူး.. ဘာကြောင့်လည်း ဆိုတော့.. မင်းက ပါရမီရှင် တယောက် လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်း ပါတယ်..

မင်းဟာ ပိုက်ဆံ ကို အနည်းငယ်  ပို မက်မောတဲ့ အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့.. မင်းဟာ နပန်းလုံးနေရတတ်တယ်...

မင်းဟာ အမျိုးသားတစ်ဦး ဆိုရင်တော့..အားလုံးဟာ ပြီးပြည့်စုံနေပါပြီ.. မိသားစု ကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေ ကို ကူညီတယ်.. ဘ၀ ကို ပေးကမ်းမှုတွေ..ကြင်နာတွေ နဲ့ အချိန် ကုန်လွန်စေတဲ့သူပေါ့ 

(ဒါပေမယ့် ၂၁ ရက် မွေးသူ မပါပါ). ပြီးတော့ မင်းဟာ စံပြ တယောက်ဖြစ်နေပါလိမ့်မယ်.. တကယ်လို့ ..မင်း ဟာ အမျိုးသမီး ဆိုရင်လည်း.. အကျင့် စရိုက်ကောင်းတွေ.. ယဉ်ကျေး သိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ
နဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှု ကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက် ကြီးသူ..အာရုံ စူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာ ကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေ ကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
Do You Believe in Numerology?


နံပါတ် (၄)
မင်းလည်း ပဲ ခေါင်း အလွန်မာတဲ့သူ တဦး ပါပဲ.. အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီး တဲ့ ကိစ္စတွေ မှာတော့ ကံ မကောင်းတက်ပါဘူး..

 အေးဆေးနေတတ်တယ်..ကူညီတက်သူဖြစ်ပေမဲ့  ..စကားပြောတာ က ပွင့်လင်းလွန်း ပါတယ်..အမျိုးသား ဆိုရင်တော့ အဲဒီ အတွက်နဲ့ပဲ.. တခြားလူတွေ ကို စိတ် အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကို ထားပြီး အဝေး ကို ပြေးသွားတတ် ကြပါတယ်..

မင်းဟာ တခါတရံ မှာတော့.. တခြား လူတွေနဲ့ သူတို့ရဲ့ ပြဿသနာတွေ ကို ကောင်းကောင်းကြီး နား လည်နေပြန်ေ၇ာ့.....အချိန်တိုင်း လိုလို မင်းဟာ အမျိုးသမီး မိတ်ဆွေတွေ နဲ့ အချိန်ဖြုန်းနေတတ် ပြီး..
အမျိုးသမီး ငယ်တွေ နဲ့ ပျော်ရွှင်ရတာ ကို နှစ်သက်သူ တစ်ဦးပါ..

မင်း သူငယ်ချင်းတွေ ဟာ မင်းရဲ့ အချိန်တွေ..ငွေတွေ ကို သုံးဖြုန်းပြီ.. အဝေး ကို ပြေးသွားတတ်  ကြပါတယ်..
အဲဒီ အခါကြရင်တော့..မင်းဟာ ခိုးကိုး ရာမဲ့နေပြီ ဆိုတာ..အသေအချာ ပါပဲ..အဲဒီ အတွက်.. လုံးဝသတိပြုပါ .. 

မင်းရဲ့ စီတ်ထားကောင်း ကတော့.. မိသားစုနဲ့ သူငယ်ချင်းတွေကို ကူညီတတ်တာ ပါပဲ.. မင်းဟာ ငယ်ရွှယ်စဉ် မှာပဲ.. အချစ်ကို တွေ့ရှိတတ် ပါတယ်..

မင်း ဘ၀မှာ တခါတရံ အဆင်မပြေမှုတွေ နဲ့ ပြည့်နက်နေတတ် တယ်.. ဥပမာ.. မင်းဟာ ဘွဲ့ တစ်ခုခု ရထားပေ မယ့်..အလုပ် လက်မဲ့ဖြစ်နေတာမျိုးပေါ့.   . ဒါမှမဟုတ်.. အောက်ခြေ အလုပ်ကို လုပ်နေရတာ မျိုးပေါ့..

ဒါပေမယ့်..မင်းရဲ့ မိသားစု ကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်.. အဓိက သတိ ထားရမယ့် လူတွေ ကတော့.. မင်းရဲ့ ကြင်နာတတ်တဲ့ စိတ်ထား ကို အခွင့်ကောင်းယူမယ့် သူတွေကိုပါပဲ..

ဒါကြောင့်..မင့်နဲ့ ပတ်ဝန်းကျင် ဆက်ဆံရေး ကို အထူး သတိပြုပါ.. အမျိုးသမီး ဆိုရင်တော့.. မင်းဟာ ပညာရပ် ပိုင်း နဲ့ အနုပညာ ပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်..

မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်း ဆန်ပြီး .. အစီအစဉ် တကျလုပ်ကိုင် တတ်သူ တယောက်ဖြစ်တယ်...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်တွေ ကတော့.. 1, 8.သင့်တော်တဲ့ သူတွေ ကတော့...5, 6, 7!!!
Do You Believe in Numerology?


နံပါတ် (၅)
မင်းဟာ မင်း၇ဲ့ ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူ တစ်ဦးပါ.. မင့်ရဲ့ နှုတ်ထွက် စကားလေးနဲ့ တင်..မင်း အလို ရှိရာ ကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေး အမြင် စူးရှသူ တစ်ဦးလည်း ဖြစ်တယ်..

ဒါပေမယ့်.. မင်းဟာ စနစ် ရှိလို့ တော့ မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာ ကို လုပ်တတ် သူပါ. တကယ် လို့ စီးပွားရေး လုပ်ငန်းတခု ကို တည်ထောင်မယ် ဆိုရင်လည်း..အောင်မြင်မယ့် သူပါ..

 ပြီးတော့ ဟာသဥာဏ် ရွှင်တဲ့သူ လည်းဖြစ်နေပြန်ရော့.. မိသားစုနဲ့ သူငယ်ချင်းတွေ အတွက်တော့.. မင်းဟာ တစ်ကယ့် ကယ်တင်ရှင်ကြီး တစ်ဦးပါပဲ..

တကယ်လည်း.. မင်းဟာ လက်တွေ့ ကျကျ ကူညီတတ်သူ တစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေ တတ် ပေမယ့်.. ဘ၀ ကို တည်ဆောက်မယ် ဆိုတဲ့ အခါမှာတော့.. ကိုယ်ကျိုး တွက် ကြည့်ပြီး မှ ရွှေးချယ် တတ်သူပါ...

မင်းဟာ လက်ထက်ပြီး တာတောင်မှ ကျော်ကြားနေဦးမယ့် သူပါ..အဲဒီ အတွက်.. သတိထားရမယ့် အချက် ကတော့ မင့်ရဲ့ ခြေရှုပ် ချင်တဲ့ စိတ်ထားလေး ပါပဲ.. အသိ တရား နဲ့ ထိန်းချုပ် ရင်တော့..အရာအားလုံး အဆင်ပြေနေပါ လိမ့်မယ်...

မင်းဟာ လူတိုင်း နဲ့ ပုလဲနံ သင့်ပါတယ်..ဘာကြောင့်လည်း ဆိုတော့.. နံပါတ် ၅ ဟာ အလယ် ဂဏာန်း ဖြစ်နေ လို့ပဲ..

 ပြောင်းလဲမှု နဲ့ လွတ်လပ်မှု ကို မြတ်နိုးသူ.. ဆွဲဆောင်မှု အပြည့် ရှိတဲ့ မျက်နှာ ပိုင်ရှင်ပေါ့... အတွေ့ အကြုံ ကနေ မင်းဘ၀ ကို တည်ဆောက်ရတဲ့ သူဖြစ်ပြီး..အဲဒီ အတွေ့အကြုံတွေ ကပဲ.. မင်းရဲ့ အကောင်းဆုံး ဆရာ သမားတွေဖြစ်နေလေရဲ့...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့.... 1, 2, 9..... သင့်တော်တဲ့ သူကတော့. 6, 8!!!
Do You Believe in Numerology?


နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့ အတွက်ပဲ မွေးဖွား လာတာ ပါလား.. မင်းဟာ တခြားလူရဲ့ ခံစားချက်ကို ဂရုမစိုက် တတ် သူ တစ်ဦးပေါ့..ဆိုလို တာက မင်း ဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့ သူပါ..

မင်းဟာ ပညာရေး ..အလုပ်..စီမံခန့်ခွဲမှု မှာ ပဲဖြစ်ဖြစ်.. အောင်မြင်သူ တစ်ဦးပါ.. မင်းဟာ ကြင်နာတတ် ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲ မှာ ကောင်းတယ်လို့ ထင်တဲ့ လူတွေ အပေါ်မှာသာ).....

ရုပ်ရည် အရမ်းချောမောနေတက်ပြီး .. ဘ၀ ဟာလည်း. ကံကောင်းခြင်းတွေ စုနေတတ်ပါတယ်..
ကံကြမ္မာကောင်းတွေ ဟာ မင်းနဲ့ အတူ လာတယ်လို့ ပြောလို့ ရနိုင်ပါတယ်..

မင်းရဲ့ စိတ်ထား နဲ့ ခန္ဓာဟာ အချစ် ကိစ္စတွေ မှာ လှိုက်လှိုက် လှဲလှဲ ရှိလှပါတယ်.. တခြားနံပါတ်တွေ ရဲ့ ချစ်ခြင်းမေတ္တာ ကို ခံရတတ်ပါတယ်...ဒါပေမယ့်.. မင်းဟာ အမျိုးသား ဆိုရင်တော့.. လက်ထပ်တဲ့ အချိန်အထိ မိန်းကလေးငယ် များနဲ့ ရင်းရင်း နှီးနှီးနေရတာကို နှစ်သက်တဲ့သူ တဦးပါ..

အမျိုးသမီးသာ ဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှ မဟုတ် လက်ထပ် တာ ကို စောစောစီးစီး ရင်ဆိုင် ရတတ်ပါတယ်..

ကြင်နာတတ်သူတွေ ပဲ မင့် ဘ၀ထဲကို ၀င်လာပါ လိမ့်မယ်.. ယေဘုယျ အားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ ဆည်းလည်းလေး ပါပဲ... စာနာတတ်သူ...နှစ်သိမ့်မှုပေးနိုင်သူ .မျှတသူ..

အိမ်ထောင်မှုနိုင်နင်းသူ. .ဆုံးဖြတ်ချက်ကောင်းမွန်သူ တစ်ဦး ပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့ အကြင်နာတွေ နဲ့..ဒီ ကမ္ဘာလောကကြီး ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနိုင်သူ တယောက်ပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်တွေ ကတော့.. 1, 6, and  9. သင့်လျော်တဲ့ သူတွေကတော့.. 4, 5!!!
Do You Believe in Numerology?


နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှု ရှိသူ.. ယထာဘူတ ၀ါဒီ တယောက်ပါ.. မိမိကိုယ် ကို ယုံကြည်တတ် တယ်. .ပျော်ပျော် ရွှင်ရွှင်နေတတ် ပြီး ..ပညာရေး မှာ ထူးချွန်သူ တစ်ဦးပါ..

ဂီတ.အနုပညာ..သီချင်း ဆို..သရုပ်ဆောင် နယ်ပယ်တွေမှာ လည်း.. ထူးချွန်နိုင်သူပါ.. မင်းရဲ့ပြဿ         နာ ကတော့..မင့်ရဲ့ဒေါသ စိတ် ပါပဲ..

အမျိုးသမီး ဆိုရင်တော့. အထက်က အချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်.. မင်းဟာ..မင့် မိဘ အတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလို တာက မိသားစု ကို အရမ်း တန်ဖိုး ထား တတ် တာပါ)

အရွယ် ရလာတာနဲ့ အမျှ မင်းရဲ့ အဆင့်အတန်း ကလည်း တဖြည်းဖြည်း မြင့်တက်နေ မှာပါ.. အမျိုးသား တစ်ဦး သား ဆိုရင်တော့ အမျိုးသမီးထု ကြားမှာ ရေပန်းစားမယ့် သူပါ..ဘက်စုံ ထူးချွန်သူ တစ်ဦး လည်းဖြစ်နေ ပါတယ်..

နံပါတ် (၇) သမား အများစု ဟာ သူတို့ရဲ့ အိမ်ထောင်သည် ဘ၀မှာ အဆင်မပြေကြတာ များပါတယ်.. အနည်း စုလောက်ပဲ ပျော်ရွှင် ချမ်းမြေ့တဲ့ ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... 

မင်းရဲ့ ဘ၀မှာ အရာအားလုံး ရှိနေပေ မယ့်.. အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတတ် ပြန်ရော .. ဒါကလည်း..ဘုရားသခင် က မင်းကို အရာအားလုံး မျှတအောင် ပေးထားတဲ့ သဘောလို့ ထင်ပါ တယ် .. 

မင်းလို ထူးချွန်တဲ့ သူ ၁၀၀လောက် ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မင်း တစ်ယောက်လောက် ပဲ အိမ်ထောင်ရေး မသာယာတာ မျိုးတွေ့ရတတ် ပါတယ်.. ဒါကြောင့်.. ကြင်ဖော် ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့် သူကို စောစော စီးစီး ရှာထားသင့်ပါတယ်...

အဲလိုမှ မလုပ်ချင်ဘူး ဆိုရင်တော့..မင်းဟာ ဘ၀ ကို အထီး ကျန်စွာ ဖြတ်သန်း သွားရမှာ အသေအချာ ပါပဲ. .ဒါကြောင့်..ဒီကိစ္စ နဲ့ ပတ်သက်ပြီး သေချာ ဂရုစိုက် အလေးထားသင့် ပါတယ်..

မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေး သိမ့်မွေ့သော ပျော်ပျော်နေတတ် တဲ့ လူ တယောက် ပါ ..မင်းဟာ ဒီကမ္ဘာလောကကြီး ကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူ တစ်ဦးပါ..

မင်းရဲ့ အကောင်းဆုံး အဖော်မွန်တွေ ကတော့.. 2. သင့်တော်တဲ့ အဖော်မွန်ကတော့.. 1,4 !!!
Do You Believe in Numerology?


နံပါတ် (၈)
မင်းရဲ့ ဘ၀ ဟာ ကြမ်းတမ်းလွန်း ပါတယ်. ဘာကြောင့် ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ် ပါဘူး..


သူတပါး ကို အပြစ်ပြောရာ မှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင် လှပါတယ်.. မင်းရဲ့ ငယ်စဉ် ဘ၀ဟာ ဆင်းရဲ နုံချာနိုင်ပါတယ်.. အခြေအနေ က မပေးဘူး ဆိုရင်တော့.. မင့်ရဲ့ မိဘတွေကိုတောင် စောစီးစွာ လက်လွှတ် ရနိုင်ပါတယ်.. ဒီလိုမျိုး အဖြစ်အပျက်တွေက မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ့်အရာတွေပါ..

ဒီပြဿ          နာတွေ ကပဲ မင်းရဲ့ ပညာရေး ကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်း နဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရားမျှတမှု အတွက် တိုက်ပွဲဝင်ရဲတဲ့ သူ တစ်ဦးပါ..ဒါပေမယ့် အဲဒီ တိုက်ပွဲ မှာပဲ ကျဆုံးနိုင်သူ လည်း ဖြစ်နေပြန်ေ၇ာ့.

ပုံမှန်အားဖြင့်..မိတ်ဆွေတွေ နဲ့ ဆက်ဆံရာ မှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတတ် ပြီး.. ဘ၀ ကိုလည်း..အထီးကျန်စွာ ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူ ကို ကူညီဖို့ အသင့်ရှိနေသူ တစ်ဦးပါ..

မင်း အိမ်ထောင်ကျတဲ့ အခါမှာတော့ (အဲဒါ ကလည်း.. အများအားဖြင့် အလယ် အလတ် အရွယ် မှာပဲ ဖြစ် ပွားတတ် ပါတယ်)

မင့်ရဲ့ ကံကြမ္မာဆိုး အနည်းငယ် ဟာ လွင့်ပျောက် သွားသလို ခံစားရပါ လိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှု ကို ရရှိပါလိမ့်မယ်..

မင်းဟာ မမျှော်လင့်တဲ့ အန္တရာယ်တွေ ကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ .အဆိပ် ရှိ သတ္တ၀ါများ..မတော်တဆ ထိခိုက်မှုများ နဲံ ကြုံတွေနိုင်ပါတယ်)

သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့ သူ..လုံ့လ ၀ီရိယ ရှိသူ.ရဲရင့်သူ.. ခွန်းအား ဗလ နဲ့ပြည့်စုံသူ. တစ်ယောက်ပါ..

အဲဒါတွေ ကပဲ မင်းကို အောင်မြင်မှု ဆီကို ခေါ်ဆောင်သွားမှာပါ..

မင်းဟာ မိသားစု ရဲ့ အဓီက အစိတ် အပိုင်း တစ်ခုပါ.. အားကိုးရဆုံး သူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာ တစ်ဦး လည်းဖြစ်နေပြန်ရော့...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့.. 1, 4, and 8. သင့်တော်တဲ့ အဖော်မွန် ကတော့ 5!!!
Do You Believe in Numerology?


နံပါတ် (၉)
မင်း ကတော့ ဒီ ကမ္ဘာလောကကြီး မှာ သဟဇာတ မဖြစ်ဆုံး လူသား တစ်ဦးပေါ့.. မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်း ကို ကြံ့ခိုင်လွန်းသူ တစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူ တစ်ဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ် ကို အရမ်းကြိုးစား လုပ်ကိုင်ရမှာဖြစ်ပြီး.. အောင်မြင်မှုကို လည်း ခက်ခဲစွာ ရယူရမယ့် သူ တစ်ဦးပါ.. သာမန် အားဖြင့်တော့ ငယ်ရွယ်စဉ် မှာ မင်းဟာ မိသားစုပြသနာတွေ နဲ့ လုံးပန်းနေရတတ် ပါ တယ်.

.ပြီးတော့ ဘ၀ ဟာလည်း. ရုန်းရင်း ဆန်ခတ်မှုတွေ နဲ့ ပြည့်နှက်နေ ပါတယ်.. ဒါပေမယ့် မင်း အလိုရှိတာကို ရရှိတဲ့ အချိန်က စပြီးတော့ မင်းရဲ့ ဘ၀ လုံးဝပြောင်းလဲသွား ပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစား ခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို နှစ်သက်ပြီး.. ပြိုင်ဘက်တွေ ကို အလဲ ထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ် မှာတော့ မင်းဟာ အရမ်း ကို ပေတေ မဲ့ ကလေးတယောက်ပါ.. မိဘ က မကြာခဏ ရိုက်နက် ဆုံးမရသူ.. ရန် ခဏ ခဏ ဖြစ်တတ်သူ တစ်ဦးပေါ့..

မင့်ဘ၀ ဟာ ဒဏ်ရာ အနာတ၇တွေ နဲ့ ပြည့်နက်နေ သလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့ အခါ မှာတော့.. မင်းဟာ အေးဆေး တည်ငြိမ်လာပြီး.. ယောကျာ်း ပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာ ကတော့ မင်း အတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေး အလုပ် ..ဘဏ် အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲ ဆိုတော့ လူတွေ က မင့်ကို ယုံကြည့်ကြ လို့ပါပဲ..

မင့်ရဲ့ မိသားစု ဘ၀ ကတော့ အရမ်းကို ကောင်းမွန်လှ ပါတယ်. ဒါပေမယ့် မင့် ကလေးတွေ အတွက်တော့ စိုးရိမ်ရပါ လိမ့်မယ်..

မင်းဟာ လူလူချင်း စာနာတတ်သူ ..စိတ်ရှည်သူ.. ပညာဥာဏ်ကြီးမားသူ ..နားလည်းခွင့်လွတ်ပေးနိုင်သူ တစ်ဦး ပါ...

မင်းဟာ ရည်မှန်းချက်တွေ ကို ရယူဖို့.. အဂတိ တရား မထားပဲ လူတွေ အပေါ် အလုပ်အကျွေးပြု ဖို့ မွေးဖွား လာသူ တစ်ဦးပါ...

မင်းဟာ အံ့ဖွယ် စိတ်ကူး စိတ်သန်းတွေ မှာ လူတိုင်း အတွက် စံပြ တယောက်ပါ..

မင့်ရဲ့ အကောင်းဆုံး အဖော်မွန် ကတော့.. 3, 5, 6, and   9. သင့်တော်တဲ့ အဖော်မွန် ကတော့ 2     !!!


 မြန်မာ့ ရိုးရာဗေဒင် ပညာရပ်
copy from - Min Zaw Swe

 ငွေတာရီ

No comments:

Post a Comment