Thursday, June 27, 2013

စင်ကာပူ { ၀ါ } မြို့ပြေ၇ာဂါ { ကဗျာ }




အသပြာ တစ်ခုရဲ့ အရသာကို 
စားသုံးရင်း 
ကျန်တဲ့ အရသာတွေက 
 လုံးပါး ပါးကုန်တယ်...မေမေ..

တစ်ခါ တစ်လေကျတော့
ပျော်ရွှင်မှု ဆိုတဲ့စကားလုံး
နွေးထွေးမှု ဆိုတဲ့စကားလုံး
အေးချမ်းမှု ဆိုတဲ့စကားလုံး
တစ်နိုင်ငံလုံး လှည့်ပတ်ပြီးတော့
ကျနော် ရှာကြည့်မိတယ်..

ဒါပေမဲ့
ရှာမတွေ့ဘူး.~~~

အခုခေတ်မှာ
မြို့ပြဆိုတဲ့ စကားလုံးက
ဝံပုလွေရေခြုံထားတဲ့
သိုးတစ်ကောင်ရဲ့ မျက်နှာဖုံးနဲ့ တူတယ် ၊



ဘာဖြစ်လို့လဲ ဆိုတော့
သူတို့ဆီမှာ
သစ္စာတရား ဆိုတာ
အရေခြုံထားရုံ
သက်သက် မလို့.............

တစ်ခါ တစ်လေကျတော့လည်း
ကျနော် စဉ်းစားကြည့်မိပါတယ်
စမ်းရေ မရှိ
ပင်လယ်ရေပြင်နဲ့ပဲ ထိစပ်နေတာကြောင့်များ
ဒီနိုင်ငံက လူတွေရဲ့စိတ်ဓာတ်

 အေးချမ်းမှု မရှိတာလား...လို့ .....


အခုတော့လည်း..မေမေရယ်
ကျနော် ကိုယ်တိုင်
ပင်လယ်ရေနဲ့အသားကျ
စိတ်ဓာတ်တွေ မငံမိအောင်
မ..နဲ..ကြိုး..စားနေ..ရတယ် ... 



အသပြာ တစ်ခုကြောင့်
 ပျောက်ဆုံးနေရတဲ့ အရာတွေအများကြီးပါ..။
တစ်ချို့တွေ အသပြာနောက်လိုက်ရင်း
မိသားစုတွေ ပျောက်ဆုံးနေတယ်..၊
 

သစ္စာတရားတွေ ပျောက်ဆုံးတယ် ၊
ချစ်ခြင်းတွေ ပျောက်ဆုံးတယ်
အေးချမ်းမှုတွေ ပျောက်ဆုံးတယ်.
အိမ်ထောင်ရေးတွေ ပျောက်ဆုံးတယ်..
လူမသိ သူမသိ ဒီ့ပြင်ပျောက်ဆုံးနေတာတွေ အများကြီး..
 

တစ်ကယ်တော့ ကျနော်တို့တွေက
အမဲလိုက်နေတဲ့ မုဆိုးတွေနဲ့ တူတယ်
သားကောင်ကို လိုက်ရင်းနဲ့ပဲ တောထဲမှာ အချိန်ကုန်ပြီး
အိမ်ပြန်လမ်း ပျောက်နေတဲ့ အသပြာ မုဆိုးတွေပါပဲ..




ခင်မင်လျက် 
 ကောင်မလေးရဲ့ကောင်ကလေး

by: Kgmalay Yat KgkaLayy




No comments:

Post a Comment