Sunday, February 20, 2022

အခြင္႔ အလမ္းဆိုတာ / အခွင့်အလမ်းဆိုတာ




တစ္ခါက လူတစ္ေယာက္ဟာ သဲကႏၲာရအလည္ေကာင္မွာ လမ္းေပ်ာက္ေနပါသတဲ့။ သူ႔မွာပါလာတဲ့ စားေရရိကၡာဟာလည္း လြန္းခဲ့တဲ့ရက္အနည္းငယ္ကတည္းက ကုန္သြားခဲ့တယ္။ တစ္ကယ္လို့သူဟာ ေရမေသာက္ရဘူးဆိုရင္ေတာ့ ဒီေန႔မကုန္ခင္မွာဘဲ သူေသဆုံးရေတာ့မွာပဲျဖစ္တယ္။ သဲျပင္ေပၚနစ္ေနတဲ့ သူ႔ရဲ့ ေျခေထာက္ႏွစ္ဘက္ဟာလည္း အစာေရစာ ျပတ္ေတာက္ျခင္းနဲ႔အတူ ခ်ည့္နဲ႔ေနၿပီပဲျဖစ္တယ္။ 

-

အဲဒီအခိုက္မွာပဲ ဟိုးအေဝးတစ္ေနရာမွာ တဲအိမ္ငယ္ေလးတစ္လုံးကို သူေတြ႕လိုက္ရတယ္။ ေရနစ္သူဟာ ေကာက္ရိုးတစ္မၽွင္ကိုေသာ္မၽွ ေမၽွာ္လင့္ခ်က္နဲ႔ ဖမ္းကိုင္သလို သူဟာလည္း အစာနဲ႔ေရကို ရလိုရျငားဆိုတဲ့စိတ္နဲ႔ အဲဒီတဲအိမ္ငယ္ကေလးကို အားတင္းေလၽွာက္လွမ္းလာတယ္။ အဲဒီလို ေလၽွာက္လွမ္းလာစဥ္မွာပဲ ငါေသအံ့မူးမူးျဖစ္ေနလို့ ထင္ေယာင္ထင္မွား ျဖစ္ေနတာမ်ားလားဆိုတဲ့အေတြးဟာ သူ႔ရဲ့ ယိုင္နဲ႔နဲ႔ေျခလွမ္းကို ပိုၿပီး အားအင္ခ်ိနဲ႔ေစတယ္။ 

-

သူဟာ အားတင္းၿပီး တဲအိမ္ကေလးရွိရာကို တေရြ႕ေရြ႕လွမ္းလာတယ္။ သူ႔ရဲ့ေျခလွမ္းေတြဟာ ခ်ိနဲ႔ေပမယ့္ ေရခ်ိဳတစ္ေပါက္ရဲ့ တြန္းအားနဲ႔အတူ သူဟာ တဲအိမ္ကေလးနားကို တစ္ျဖည္းျဖည္း နီးကပ္လာတယ္။ အဲဒီအခ်ိန္အခါမွာမွ သူျမင္ခဲ့ရတဲ့တဲအိမ္ဟာ ထင္ေယာင္ထင္မွားမဟုတ္ဘူးဆိုတာသူသိလိုက္ရတဲ့အတြက္ အင္မတန္မွ ဝမ္းေျမာက္ဝမ္းသာျဖစ္သြားတယ္။ 

-

သူဟာ တဲအိမ္ထဲကို ဝင္သြားတဲ့အခါမွာေတာ့ အိမ္ထဲမွာ တစ္ဦးတစ္ေယာက္မၽွ ရွိမေနတာကို သူေတြ႕လိုက္ရျပန္တယ္။ သူဟာ တဲအိမ္ထဲမွာ လွည့္ပတ္ၿပီး အစာနဲ႔ေရကို ရွာေဖြတဲ့အခါ ေရတုန္ကင္တစ္ခုကို သူေတြ႕လိုက္ရတယ္။

-

သူဟာ အင္မတန္မွ အားရဝမ္းသာနဲ႔ ရွိသမၽွအားကို စုစည္းၿပီး ေရတုန္ကင္ကို ႏွိပ္ရွာတယ္။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ပဲ ေရတုန္ကင္ဟာ ေရတစ္စက္တစ္ေပါက္ေတာင္မွ က်မလာတာကို သူေတြ႕လိုက္ရတယ္။ သူဟာ ဝမ္းနည္းအားငယ္မွုနဲ႔အတူ ၾကမ္းပင္ေပၚမွာ လဲက်သြားတယ္။ အဲဒီလိုလဲက်သြားတဲ့အခိုက္မွာေတာ့ ေရတုန္ကင္နဲ႔ မလွမ္းမကမ္းမွာ အဖုံးအလုံပိတ္ထားတဲ့ ေရပုလင္းတစ္ခုကို သူေတြ႕လိုက္ရတယ္။ သူဟာ အငမ္းမရပဲ ေရပုလင္းကိုလွမ္းယူလိုက္တဲ့အခါမွာေတာ့ ေရပုလင္းေပၚမွာ ေရးထားတဲ့စာကို သူေတြ႕လိုက္ရတယ္ ။




“ေရပုလင္းထဲမွ ေရကို တုန္ကင္ေရခ်ဴရန္ အသုံးျပဳပါရန္ ေရခ်ဴၿပီးပါက ပုလင္းကို ျပန္ၿပီးျဖည့္ရန္ မေမ့ပါႏွင့္”

-

အဲဒီမွာတင္သူစိတ္ရွုပ္သြာတယ္။ သူေရကိုေသာက္ရင္း သူ႔ရဲ့လက္က်န္သက္တမ္းကို ရသေလာက္ဆြဲဆန႔္မလား။ ေရကို တုန္ကင္ထဲထည့္ၿပီး ေရခ်ဴၾကည့္မလားဆိုတာ သူေဝခြဲရခက္လာတယ္။ တစ္ကယ္လို့သူသာ ေရကိုတုန္ကင္ထဲထည့္လိုက္ေပမယ့္ ေရတုန္ကင္အလုပ္မလုပ္ရင္ ဘယ္လိုလုပ္မလဲဆိုတာ သူပူပန္လာျပန္တယ္။ သူစြန႔္စားသင့္သလား။

-

သူဟာ အတန္ၾကာစဥ္းစားၿပီးတဲ့ေနာက္ေတာ့ ေရပုလင္းကိုဖြင့္ၿပီး ေရတုန္ကင္ထဲထည့္လိုက္တယ္ အဲဒီေနာက္မွာေတာ့ တတ္သမၽွ မွတ္သမၽွ ဆုေတာင္းစာအမ်ိဳးမ်ိဳးကို ရြတ္ဖတ္ၿပီး မ်က္လုံးစံမွိတ္ကာ ေရတုန္ကင္ကို တစ္ခ်က္ခ်င္းစီႏွိပ္လိုက္တယ္။ 

-

သူေလးငါးခ်က္ ႏွိပ္အၿပီးမွာေတာ့ ေရတုန္ကင္ရဲ့ အ၀ကေန ေရေတြဒလေဟာစီးထြက္လာတယ္။ သူဟာ ေရကို အ၀ေသာက္၊ သူ႔ေျခေထာက္ေပၚ မတ္မတ္ရပ္၊ ေရဗူးကို ေရျဖည့္တဲ့အျပင္၊ ေရတုံကင္အတြက္ ပုလင္းထဲကိုပါ သူေရျဖည့္ေပးလိုက္တယ္။ အဲဒီေနာက္မွာေတာ့ သူ႔အိတ္ကပ္ထဲက ေဘာပင္ကို ထုတ္ၿပီး ေရပုလင္းအညႊန္းစာမွာ ထပ္ျဖည့္ေရးေပးလိုက္တယ္

“ေရတုန္ကင္မပ်က္ပါ၊ ရဲရဲသာေရခ်ဴလိုက္ပါ”

-

ကၽြန္ေတာ္တို့ရဲ့ဘ၀ဟာ သဲကႏၲာရထဲက လမ္းေပ်ာက္သူလို အရာရာအဆင္မေျပျခင္းေတြ၊ ဆင္းရဲဒုကၡေတြ၊ လိုအင္ဆႏၵေတြ၊ ႐ုန္းကန္ျခင္းေတြနဲ႔ ျပည့္ႏွက္ေနတတ္ပါသတဲ့။ အဲဒီအခါ ေမၽွာ္လင့္ခ်က္နဲ႔တူတဲ့ တဲအိမ္ငယ္ေလးေတြကို ေတြ႕တတ္သလို၊ အခြင့္အလမ္းတဲ့တူတဲ့ ေရခ်ဴပုလင္းကိုလည္း ေတြ႕တတ္တယ္လို့ဆိုတယ္။ အဲဒီအခါမွာ ကၽြန္ေတာ္တို့ေတြဟာ အဲဒီအခြင့္အလမ္းေပၚမွာ ပုံစံႏွစ္မ်ိဳးနဲ႔ တုန႔္ျပန္ေလ့ရွိၾကတယ္။ (၁) အခြင့္အလမ္းကို တစ္နပ္စားအျဖစ္ အသုံးခ်ကုန္ဆုံးေစမလား (၂) အခြင့္အလမ္းကို ဘ၀တစ္ေလၽွာက္လုံးအတြက္ ဖူလုံ‌ေစတဲ့ ဘ၀ေရတုန္ကင္ကို ေရခ်ဴမလားဆိုတာပါပဲ။

-

အခြင့္အလမ္းတစ္ခုကို အသုံးခ်ၿပီး ဘ၀တစ္သက္တာ ဖူလုံေစဖို့အတြက္ ခရီးသည္ဟာ မ်က္လုံးစုံမွိတ္ၿပီး ေရခ်ဴသလို ကၽြန္ေတာ္တို့ေတြဟာလည္း အဲဒီအခြင့္အလမ္းကိုအသုံးခ်ၿပီး ပိုေကာင္းတဲ့အဘ၀ကို ရည္ရြယ္တဲ့အခါ risk ေတြ (မ်က္ေစ့စုံပိတ္ စြန႔္စား) ရတာေတြရွိမယ္။ အဲဒီအခါ do or die လုပ္တတ္တဲ့လူ၊ ရင္းရဲတဲ့ သတၱိရွိတဲ့သူသာ ထီးျဖဴေဆာင္းစျမဲလို့ဆိုတယ္။ ရွင္ရင္ေရႊထီး၊ ေသရင္ေျမႀကီးဆိုမလားပဲ။

-

အဲလ္ဘတ္ အိုင္းစတိုင္းကေတာ့

In the middle of difficulity lies opportunity. ဆိုလို့တယ္။ အခက္အခဲေတြၾကားထဲမွာ အခြင့္အလမ္းတစ္ခု ရပ္တည္ေနစျမဲပဲေပါ့ေလ။

-

လူေတြရဲ့ ေရြးခ်ယ္မွုေပၚမွာပဲ မူတည္ၿပီးသာ ရလဒ္အေျဖက ေျပာင္းသြားၾကတာပါပဲ

-

မူရင္း_ ဆရာေဖျမင့္





တစ်ခါက လူတစ်ယောက်ဟာ သဲကန္တာရအလည်ကောင်မှာ လမ်းပျောက်နေပါသတဲ့။ သူ့မှာပါလာတဲ့ စားရေရိက္ခာဟာလည်း လွန်းခဲ့တဲ့ရက်အနည်းငယ်ကတည်းက ကုန်သွားခဲ့တယ်။ တစ်ကယ်လို့သူဟာ ရေမသောက်ရဘူးဆိုရင်တော့ ဒီနေ့မကုန်ခင်မှာဘဲ သူသေဆုံးရတော့မှာပဲဖြစ်တယ်။ သဲပြင်ပေါ်နစ်နေတဲ့ သူ့ရဲ့ ခြေထောက်နှစ်ဘက်ဟာလည်း အစာရေစာ ပြတ်တောက်ခြင်းနဲ့အတူ ချည့်နဲ့နေပြီပဲဖြစ်တယ်။ 

-

အဲဒီအခိုက်မှာပဲ ဟိုးအဝေးတစ်နေရာမှာ တဲအိမ်ငယ်လေးတစ်လုံးကို သူတွေ့လိုက်ရတယ်။ ရေနစ်သူဟာ ကောက်ရိုးတစ်မျှင်ကိုသော်မျှ မျှော်လင့်ချက်နဲ့ ဖမ်းကိုင်သလို သူဟာလည်း အစာနဲ့ရေကို ရလိုရငြားဆိုတဲ့စိတ်နဲ့ အဲဒီတဲအိမ်ငယ်ကလေးကို အားတင်းလျှောက်လှမ်းလာတယ်။ အဲဒီလို လျှောက်လှမ်းလာစဉ်မှာပဲ ငါသေအံ့မူးမူးဖြစ်နေလို့ ထင်ယောင်ထင်မှား ဖြစ်နေတာများလားဆိုတဲ့အတွေးဟာ သူ့ရဲ့ ယိုင်နဲ့နဲ့ခြေလှမ်းကို ပိုပြီး အားအင်ချိနဲ့စေတယ်။ 

-

သူဟာ အားတင်းပြီး တဲအိမ်ကလေးရှိရာကို တရွေ့ရွေ့လှမ်းလာတယ်။ သူ့ရဲ့ခြေလှမ်းတွေဟာ ချိနဲ့ပေမယ့် ရေချိုတစ်ပေါက်ရဲ့ တွန်းအားနဲ့အတူ သူဟာ တဲအိမ်ကလေးနားကို တစ်ဖြည်းဖြည်း နီးကပ်လာတယ်။ အဲဒီအချိန်အခါမှာမှ သူမြင်ခဲ့ရတဲ့တဲအိမ်ဟာ ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာသူသိလိုက်ရတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။ 

-

သူဟာ တဲအိမ်ထဲကို ဝင်သွားတဲ့အခါမှာတော့ အိမ်ထဲမှာ တစ်ဦးတစ်ယောက်မျှ ရှိမနေတာကို သူတွေ့လိုက်ရပြန်တယ်။ သူဟာ တဲအိမ်ထဲမှာ လှည့်ပတ်ပြီး အစာနဲ့ရေကို ရှာဖွေတဲ့အခါ ရေတုန်ကင်တစ်ခုကို သူတွေ့လိုက်ရတယ်။

-

သူဟာ အင်မတန်မှ အားရဝမ်းသာနဲ့ ရှိသမျှအားကို စုစည်းပြီး ရေတုန်ကင်ကို နှိပ်ရှာတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ရေတုန်ကင်ဟာ ရေတစ်စက်တစ်ပေါက်တောင်မှ ကျမလာတာကို သူတွေ့လိုက်ရတယ်။ သူဟာ ဝမ်းနည်းအားငယ်မှုနဲ့အတူ ကြမ်းပင်ပေါ်မှာ လဲကျသွားတယ်။ အဲဒီလိုလဲကျသွားတဲ့အခိုက်မှာတော့ ရေတုန်ကင်နဲ့ မလှမ်းမကမ်းမှာ အဖုံးအလုံပိတ်ထားတဲ့ ရေပုလင်းတစ်ခုကို သူတွေ့လိုက်ရတယ်။ သူဟာ အငမ်းမရပဲ ရေပုလင်းကိုလှမ်းယူလိုက်တဲ့အခါမှာတော့ ရေပုလင်းပေါ်မှာ ရေးထားတဲ့စာကို သူတွေ့လိုက်ရတယ်

-

“ရေပုလင်းထဲမှ ရေကို တုန်ကင်ရေချူရန် အသုံးပြုပါရန် ရေချူပြီးပါက ပုလင်းကို ပြန်ပြီးဖြည့်ရန် မမေ့ပါနှင့်”

-

အဲဒီမှာတင်သူစိတ်ရှုပ်သွာတယ်။ သူရေကိုသောက်ရင်း သူ့ရဲ့လက်ကျန်သက်တမ်းကို ရသလောက်ဆွဲဆန့်မလား။ ရေကို တုန်ကင်ထဲထည့်ပြီး ရေချူကြည့်မလားဆိုတာ သူဝေခွဲရခက်လာတယ်။ တစ်ကယ်လို့သူသာ ရေကိုတုန်ကင်ထဲထည့်လိုက်ပေမယ့် ရေတုန်ကင်အလုပ်မလုပ်ရင် ဘယ်လိုလုပ်မလဲဆိုတာ သူပူပန်လာပြန်တယ်။ သူစွန့်စားသင့်သလား။

-

သူဟာ အတန်ကြာစဉ်းစားပြီးတဲ့နောက်တော့ ရေပုလင်းကိုဖွင့်ပြီး ရေတုန်ကင်ထဲထည့်လိုက်တယ် အဲဒီနောက်မှာတော့ တတ်သမျှ မှတ်သမျှ ဆုတောင်းစာအမျိုးမျိုးကို ရွတ်ဖတ်ပြီး မျက်လုံးစံမှိတ်ကာ ရေတုန်ကင်ကို တစ်ချက်ချင်းစီနှိပ်လိုက်တယ်။ 

-

သူလေးငါးချက် နှိပ်အပြီးမှာတော့ ရေတုန်ကင်ရဲ့ အဝကနေ ရေတွေဒလဟောစီးထွက်လာတယ်။ သူဟာ ရေကို အဝသောက်၊ သူ့ခြေထောက်ပေါ် မတ်မတ်ရပ်၊ ရေဗူးကို ရေဖြည့်တဲ့အပြင်၊ ရေတုံကင်အတွက် ပုလင်းထဲကိုပါ သူရေဖြည့်ပေးလိုက်တယ်။ အဲဒီနောက်မှာတော့ သူ့အိတ်ကပ်ထဲက ဘောပင်ကို ထုတ်ပြီး ရေပုလင်းအညွှန်းစာမှာ ထပ်ဖြည့်ရေးပေးလိုက်တယ်

“ရေတုန်ကင်မပျက်ပါ၊ ရဲရဲသာရေချူလိုက်ပါ”

-

ကျွန်တော်တို့ရဲ့ဘဝဟာ သဲကန္တာရထဲက လမ်းပျောက်သူလို အရာရာအဆင်မပြေခြင်းတွေ၊ ဆင်းရဲဒုက္ခတွေ၊ လိုအင်ဆန္ဒတွေ၊ ရုန်းကန်ခြင်းတွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့။ အဲဒီအခါ မျှော်လင့်ချက်နဲ့တူတဲ့ တဲအိမ်ငယ်လေးတွေကို တွေ့တတ်သလို၊ အခွင့်အလမ်းတဲ့တူတဲ့ ရေချူပုလင်းကိုလည်း တွေ့တတ်တယ်လို့ဆိုတယ်။ အဲဒီအခါမှာ ကျွန်တော်တို့တွေဟာ အဲဒီအခွင့်အလမ်းပေါ်မှာ ပုံစံနှစ်မျိုးနဲ့ တုန့်ပြန်လေ့ရှိကြတယ်။ (၁) အခွင့်အလမ်းကို တစ်နပ်စားအဖြစ် အသုံးချကုန်ဆုံးစေမလား (၂) အခွင့်အလမ်းကို ဘဝတစ်လျှောက်လုံးအတွက် ဖူလုံ‌စေတဲ့ ဘဝရေတုန်ကင်ကို ရေချူမလားဆိုတာပါပဲ။

-

အခွင့်အလမ်းတစ်ခုကို အသုံးချပြီး ဘဝတစ်သက်တာ ဖူလုံစေဖို့အတွက် ခရီးသည်ဟာ မျက်လုံးစုံမှိတ်ပြီး ရေချူသလို ကျွန်တော်တို့တွေဟာလည်း အဲဒီအခွင့်အလမ်းကိုအသုံးချပြီး ပိုကောင်းတဲ့အဘဝကို ရည်ရွယ်တဲ့အခါ risk တွေ (မျက်စေ့စုံပိတ် စွန့်စား) ရတာတွေရှိမယ်။ အဲဒီအခါ do or die လုပ်တတ်တဲ့လူ၊ ရင်းရဲတဲ့ သတ္တိရှိတဲ့သူသာ ထီးဖြူဆောင်းစမြဲလို့ဆိုတယ်။ ရှင်ရင်ရွှေထီး၊ သေရင်မြေကြီးဆိုမလားပဲ။

-

အဲလ်ဘတ် အိုင်းစတိုင်းကတော့

In the middle of difficulity lies opportunity. ဆိုလို့တယ်။ အခက်အခဲတွေကြားထဲမှာ အခွင့်အလမ်းတစ်ခု ရပ်တည်နေစမြဲပဲပေါ့လေ။

-

လူတွေရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပြီးသာ ရလဒ်အဖြေက ပြောင်းသွားကြတာပါပဲ

-

မူရင်း_ ဆရာဖေမြင့်



No comments:

Post a Comment