Wednesday, July 3, 2019

4WD မှာပါတဲ့ L ၊ H နဲ့ C တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်



4 WD မှာ ပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကို ကိုယ်စားပြုတာလဲ ၊
2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာ ဆိုရင်……
2 H ဆိုတာ နောက်ဘီးနှစ်ဘီးယက် စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။
4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ 
ရာသီဥတု ဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။
4 HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။
ပြောရရင် ရှေ့နောက် ဘီးတွေရဲ့လိမ့်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။
အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီ Mode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေ မှာသုံးတာပါ။


4 LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲ ကားရပ်ပြီးမှ Gear mode ကို ချိန်းပေးရမှာပါ။ တောတွေ တောင်ကုန်းငယ်တွေ တက်တဲ့အခါသုံးပါတယ်။
နောက် ပုံမှန်ဂီယာမှာ .........
P ဆိုတာ ပါကင် ရပ်ထားတာပါ။
R ဆိုတာ နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ ။
M+/- ဆိုတာ အော်တိုမှ ကိုယ်တိုင် အတင်အချလုပ် ဂီယာပါ။

====
ကား-Car အကြောင်းစုံ
Credit; Original Writer
crd ...  photo

No comments:

Post a Comment