Tuesday, June 25, 2019

အ န်​ တီေ အး ( ၀တ္ထုတို)



(၁)
"ဒန်​အိုး​ပေါက်​​​ ဒယ်​အိုး​ပေါက်​ ​ရေသန့်​ဘူးခွံ ဘီယာဘူး ပလပ်​စတစ်​ပစ္စည်း​တွေ ဝယ်​တယ်​"

မနက်​ ၁၁ နာရီ​လောက်​ အိမ်​​ရှေ့မှာ ဒီအသံကြားရပြီဆိုရင်​ ​သေချာပြီ အန်​တီ​အေး ပင်​ဖြစ်​သည်​။ အန်​တီ​အေးသည်​ ကျွန်​​တော်​တို့အိမ်​​ရှေ့​ရောက်​ရင်​ တစ်​​ခေါက်​နားပြီး ​မေ​မေ့အား ...

"အမ ကျွန်​မရေ​သောက်​အုံးမယ်​" ဟု​ပြောကာ ရေ​သောက်​ပြီး​ မေ​မေနဲ့ ခဏစကား​ပြောကြ သည်​။ ကျွန်​​တော်​၏ ညီအငယ်​ဆုံးကိုလည်း အန်​တီ​အေးက အရမ်းချစ်​သည်​။ မေ​မေနဲ့စကား​ပြောပြီးလို့ပြန်​ခါနီးလျှင်​ ကျွန်​​တော့်​ညီ​လေးအား ငယ်​​လေး ဘာ​ရောင်းစရာရှိ​သေးလည်းဟု​ မေးတက်​သည်​။ ညီ​လေးကလည်း ​ရောင်းစရာ​တွေရှိရင်​ သူများ​တွေကိုမ​ရောင်းဘူး။ အန်​တီ​အေးလာမှ​ ရောင်းတတ်သည်​။ 

အန်​တီ​အေးသည်​ ဒီအလုပ်​ လုပ်​​သော်​လည်း ဆင်းရဲသူတစ်​​ယောက်​မဟုတ်​ပါ။ ရင်​ဝ​လောက်​ရှိတဲ့ ဆွဲကြိုးကြီးနဲ့ လက်​​ကောက်​​တွေနဲ့ ပိုက်​ဆံရှိသည်​။ အလုပ်​ မလုပ်​ရရင်​ မ​နေတက်​​သော​ကြောင့်​ ရတဲ့ အလုပ်​​လေး ထွက်​ခြင်းဖြစ်​သည်​။ 

အန်​တီ​အေးသည်​ ဒီအလုပ်​ကို ကျွန်​​တော်​​ကျောင်းသားဘဝထဲက လုပ်​ခြင်းဖြစ်​သည်​။ အန်​တီ​အေးတွင်​ သား နှစ်​​ယောက်​ သမီးတစ်​​ယောက်​ရှိသည်​။ အားလုံးက အိမ်​​ထောင်​သည်​​တွေဖြစ်​သည်​။ အန်​တီ​အေးက သူ့သမီးနဲ့သူ​မြေး​လေးနဲ့ အတူ​နေသည်​။




(၂)
ဒီ​နေ့ ကျွန်​​တော်​ကလည်း ရုံးပိတ်​သည်​။ ညီ​လေး​လည်း ကျောင်းပိတ်​သည်​။ ညီ​လေးက ​ရောင်းစရာပစ္စည်း​တွေ ရှိသည်ထင်​တယ်။ ​​မေ​မေ့ကို ခဏ ခဏ အန်​တီ​အေး လာသွားပြီလားဟု​ အကြိမ်​​ရေမနည်း ​မေး​လေသည်​။

ညီ​လေး​မေးလျှင်​လည်း​ မေးချင်​စရာပင်​ဖြစ်​သည်​။ အခါတိုင်းဆို ၁၁ နာရီထိုးတိုင်း အန်​တီ​အေး အသံသည်​ အိမ်​​ရှေ့တွင်​လွင့် ပျံ့လာ​လေသည်​။ မေ​မေက အန်​တီ​အေး အ​ကြောင်းကို အစ အဆုံး ဆိုသ​လောက်​သိသည်​။

"နင့် အန်​တီ​အေးက ခရီးထွက်​သွားတာဖြစ်​​ပေါ့" ဟု ညီ​လေးအား​ မေ​မေက လှမ်း​ပြောသည်​။ အန်​တီ​အေး၏ သားအကြီးဆုံး သည်​ ​ကျောက်​စိမ်း လုပ်​သည်​ဟု ကျွန်​​တော်​ နည်းနည်းသိ ထား သည်​။ တစ်​ခါတစ်​ခါ အန်​တီ​အေးက ​ကျောက်​စိမ်း​တွေကို သူ့သားကိုယ်​စား တရုတ်​ပြည်​နယ်​စပ်​ဘက်​ကို​ မှောင်​ခိုသွား​ရောင်းသည်​။ 

အန်​တီ​အေးပြန်​လာလို့​ အိမ်​​ရောက်​လာလျှင်​လည်း သူ့ရဲ့အ​တွေ့အကြုံ​တွေကို ​မေ​မေအား​ပြောပြသည်​။ မေ​မေကလည်း စိတ်​ရှည်​စွာနား​ထောင်​​ပေးသည်​။ တစ်​ခါ တစ်​​လေ အန်​တီ​အေး ​ဈေး​တောင်းထဲတွင်​ စံပယ်​ပန်း ရာသီဆို စံပယ်​ပန်း စသည့်​ဖြင့်​ ရာသီအလိုက် ​ပန်း​လေး​တွေ​​တွေ့ရ​တော့ ကျွန်​​တော်​ကလည်း စပ်​စုမိသည်​။

"အန်​တီ​အေး အဲဒီပန်း​တွေက ဘယ်​သူ့အတွက်​လည်း"

"အိမ်​က သမီး​လေးအတွက်​​လေ ငယ်​​လေး။ ​ပေါ်ဦး​ ပေါ်ဖျား​လေး။ သူက ပန်းဆိုကြိုက်​တယ်​။ အဲဒါ​ကြောင့်​ ဝယ်​သွားတာ" ဟု ကျွန်​​တော့်​ကို​ပြောပြသည်​။ အန်​တီ​အေးသည်​ သားသမီး​တွေကို အလွန်​ချစ်​သလို သမီးက​မွေးထားတဲ့​မြေးက​လေးကို ချစ်​သည်​။ သရက်​သီး​ပေါ်ချိန်​ဆို ​မေ​မေက သရက်​သီးအချဉ်​​ပေါက်​တဲ့အလုပ်​လုပ်​လုပ်​သည်​။ ထိုချိန်​​တွေ အန်​တီ​အေးလာပြီ ဆိုလျှင်

"အမ ကျွန်​မကို သရက်​သီးအစိမ်း​လေး သုံး​လေးလုံး​လောက်​"

မေ​မေကလည်း .....

"ယူ​လေ မ​အေး ယူပါ" ဆိုပြီး ကျွတ်​ကျွတ်​အိပ်​​တွေ ထုပ်​​ပေးပြီး အန်​တီ​အေး စိတ်​ကျထည့်​ခိုင်း သည်​။ ဒီတစ်​ခါမှာလည်း ကျွန်​​တော်​ကမ​နေနိုင်​ပဲ စပ်​စုမိပြန်​သည်​။

"အန်​တီ​အေး ဒီသရက်​သီး​တွေ အန်​တီစားဖို့လား"

"မဟုတ်​ဘူးငယ်​​လေး ​မြေး​လေးအတွက်​ပါ။ သမီးအငယ်​က​ မွေးထားတာ​လေ။ ​မြေး​လေးက သရက်​သီး အစိမ်းသုတ်​ဆို အ ရမ်း ကြိုက်​တာ" ဟု အန်​တီ​အေးက ​ပြောပြ​လေသည်​။

ထို့​နေ့ကအန်​တီ​အေးကိုကျွန်​​တော်​​နောက်​ဆုံး​တွေ့လိုက်​ခြင်းဖြစ်​သည်​။ ကျွန်​​တော်​တို့ရပ်​ကွက် ထဲတွင်​လည်း ​နေ့လည်​ ၁၁ နာရီထိုးတိုင်း အန်​တီ​အေးရဲ့ .....

"ဒန်​အိုး​ပေါက်​​​ ဒယ်​အိုး​ပေါက်​ ​ရေသန့်​ဘူးခွံ ဘီယာဘူး ပလပ်​စတစ်​ပစ္စည်း​တွေ ဝယ်​တယ်​" ဆိုတဲ့အသံ​လေး မကြားသည်​မှာ လအ​တော်​ကြာခဲ့ပြီသည်​။

(၃)
ဒီ​နေ့ တနင်္ဂ​နွေ​နေ့ ကျွန်​​တော်​ရုံးပိတ်​သည်​။ အပြင်​သွားစရာရှိသဖြင့်​​ ရေမိုးချိုးပြီးအဝတ်​စားလည်း ၍ အပြင်​ထွက်​မည် အလုပ်​တွင်​မထင်​မှတ်​ပဲ အန်​တီ​အေးတစ်​​ယောက်​ အိမ်​​ရောက်​လာသည်​။ ​ခေါင်း​ပေါ်တွင်​လည်း ပစ္စည်းထည့့်ဖို့​တောင်းမ​တွေ့။ နောက်​ အန်​တီ​အေး လမ်း​လျှောက်​လာ ပုံ က ပုံမှန်​အတိုင်း အမဟုတ်​ပဲ ခန္ဓာကိုယ်​တစ်​ခြမ်း ဆွဲကာ လမ်း​လျှောက်​သည်​။ အိမ်​​ရှေ့ ရောက်​​တော့ ထုံးစံအတိုင်း​ မေ​မေက "လာ မ​အေးထိုင်​" လို့ဆိုပြီး ခရီးဦးပြုလိုက်​သည်​။ ပြီး​တော့​ မေ​မေကစကားစ​ပြော သည်။

"မ​အေး ​ဈေး​ရောင်းလည်းမထွက်​ဘူး ချမ်းသာသွားပြီနဲ့တူတယ်​။ မ​အေး​ဖောက်​သည်​​လေးက​တောင်​ ​ရောင်းစရာပစ္စည်း​တွေ ရှိလို့ဆို မ​အေးကို​မျှော်​​နေတာ" လို့​ မေ​မေစကား​ပြောပြီး အဆုံး တွင်​ အန်​တီ​အေး၏ ပါးပြင်​​ပေါ်တွင်​ မျက်​ရည်​စ​တွေ စီးကျ လာသည်​။ အဲ​နောက်​​တော့ တစ်ရှုံ့ရှုံ့ ငို​လေသည်​။ မေ​မေကလည်း​ မေးသည်​။

"မ​အေး ဘာဖြစ်​လို့လဲ ​ပြော​လေ။ ကျွန်​​မတို့ ကူညီနိုင်​တာဆို ကူညီ​မယ်​ ဘာအခက်​ခဲရှိ​လဲ​ပြော မ​အေး"

"ဒီလိုပါ အမ ​ဈေး​ရောင်းမထွက်​တာက သွေး​တွေ တစ်အားတက်​ပြီး ​လေဖြတ် ​မလိုဖြစ်​သွား တာ။ အင်္ဂလိပ်​​ဆေး​ရော မြန်​မာ တိုင်း​ရင်း​ဆေးနဲ့ပါ ကုလိုက်​ရတယ်​။ ကျွန်​မ စုထားတဲ့ပိုက်​ဆံ​လေးနဲ့ လက်​ဝတ်​ရတနာအားလုံး အကုန်​ ကုန်​တာပဲအမ "

"အခုမှ လမ်း​လျှောက်​ နိုင်​တာ​လေ။ ပြီး​တော့အခု ကျွန်​မ အရင်​အလုပ်​ မလုပ်​​တော့ဘူး။ အိမ်​တစ်ကာမှာ လှည့်​​တောင်း​နေတဲ့ သူ​တောင်းစားမကြီး မ​အေးဖြစ်​​နေပြီ အမ"

ကျွန်​​တော်​နှင့်​ ​မေ​မေမှာ အလွန်​အံ့သြသွားသည်​။ ကျွန်​​တော်​တို့ ရပ်​ကွက် တစ်​ရပ်​ကွက်လုံးက အန်​တီ​အေးကို ချစ်​ကြသည်​။ ပြီး​တော့ အန်​တီ​အေး အ​ကြောင်းကို အစဆုံးလိုလို သိကြသည်​။ သူ့သားသမီး​တွေကလည်း ​ကျောက်​စိမ်း ပွဲစား​တွေ​လေ။ ဒါနဲ့ ကျွန်​​တော်​ကလည်းဝင်​ပြီး​​ အန်​တီ​အေးကို စကားလှမ်း​ပြောလိုက်​သည်​။

"အန်​တီ​အေးကလည်း ဘာလို့​တောင်းစားရမှာလည်းဗျ။ အန်​တီ​အေး ကျန်းမာတုန်း အချိန်​က သားသမီး​တွေကို အန်​တီ​အေးပဲ လုပ်​​ကျွေးလာတာ​လေ။ သူတို့အိမ်​မှာ သွား​နေ​ပေါ့။ သားသမီး​တော့ ကိုယ့်​မိဘကို ပစ်​မထားပါဘူး အန်​တီ​အေးကလည်း။ အန်​တီ​ အေး လာရင်​ သူတို့​​တွေ သိပ်​​ပျော်​​နေမှာပါ"

"ငယ်​​လေးရယ်​ အမ သားသမီး​တွေမှာ မင်းလို စိတ်​​လေး နည်းနည်း​လောက်​ရှိ​ကောင်းမယ်​"
မေ​မေက ဝင်​​မေးလိုက်​သည်​။

"ဘာလို့လည်း မ​အေး"

"ဒီလိုပါ ကျွန်​မ​နေမ​ကောင်းဖြစ်​ပြီး အိမ်​ရာထဲက မထနိုင်​တဲ့အချိန်​ကျ​တော့ ကျွန်​မမှာ စားစရာမရှိ​တော့ဘူး​လေ။ ​ငွေလည်း​တော်​​တော်​ကုန်​​နေပြီ။ါနဲ့ ဘားအံ့က သားကြီးဆီ ငွေနည်းနည်း​လောက်​ ပို့​ပေးဖို့ ဖုန်းဆက်​ပြီးလှမ်း​ပြောတယ်​။ 

ဒါ​ပေမယ့်​ သားကြီးက ဖုန်းမကိုင်​ဘူး အမရယ်​။ ဒါနဲ့သားငယ်​ဆီ ပြောင်းပြီးဆက်​တယ်။ သူ လည်း ဖုန်းမကိုင်​ဘူး။ နှစ်​​ယောက်လုံးဆီကို ဆယ်​ခါ ဆယ့်​ငါးခါ​လောက်​ခေါ်တယ်​။ တစ်​​ယောက်​ မှ ဖုန်း မကိုင်​ကြဘူး။ 

ဒါနဲ့ကျွန်​မလည်း အိမ်​မှာ အတူ​နေတဲ့ သမီးငယ်​​လေးကို ကျွန်​မကို ထမင်းနည်းနည်း​လောက်​​ကျွေးဖို့​ပြော​တော့။ သူကပြန်​​ပြောတယ်​ မ​ကျွေးနိုင်​ပါဘူး​တော်​။ အခုတစ်​​လော​ တော့ လုပ်​စာ ဘယ်​နှစ်ပြား ရှိလို့လဲ။ အိမ်​မှာ ထမင်းလည်း မချက်​ဘူး။ ချက်​လည်း​ တော်​နှိုက်​စားမှာစိုးလို့မချက်​တာလို့ ကျွန်​မကို​ပြောတယ် ​အမရယ်​"

"သူသား ကျွန်​မ​မြေး​လေးကို ကျွန်​မနဲ့ စကားမ​ပြောခိုင်းဘူး​လေ။ တစ်​​နေ့ ကျွန်​မလည်းမျက်​နှာ​ကောင်း​လေးများ ရမလားဆိုပြီး ထမင်းအိုးထဲ ဆန်​ထည့်​ပြီး ချက်​​ပေးဖို့အလုပ်​ ထမင်းအိုးကိုင်​တဲ့လက်​က ကိုင်​လို့ ကိုင်​မှန်းမသိဘူး​လေ။ အဲဒီ​တော့လွတ်​ကျ တယ်​​လေ"

"ကျွန်​မကို​ပြောလိုက်​တာများ ရစရာ မရှိအမရယ်​။ ဒါနဲ့ ကျွန်​မလည်း သမီးကိုပြန်​​ပြောတာ​ပေါ့။ ငါထမင်းစားချင်​လို့ပါ​အေ။ အဲဒါ​ကြောင့့် မျက်​နှာ​ကောင်း​လေးများရမလားဆိုပြီး လုပ်​လိုက်​တာ"

"မ​ကျွေးနိုင်​ပါဘူး။ တော်​ရှာထားတာ ဘယ်​နှစ်​ပြားရှိလည်း" လို့လည်း သမီးက​ပြောတယ်​အမရယ်​။ ဒါနဲ့ အိမ်​​ဘေးက ကြား​တော့ ကျွန်​မအတွက်​ အဲ​ဒီ​နေ့စားဖို့ ဆိုပြီး ထမင်း​လေးလာ​ပေးတယ်​။ ကျွန်​မလည်း အဲဒီထမင်း​လေးကို ညမနက်​ခွဲစားတယ်​အမ။ 

အခုလည်း သူတို့​​ပြောတာမခံချင်​လို့​ တောင်​စားမယ်​ဆိုပြီးထွက်​လာတာ။ ငါ့ကိုအိမ်​မှာ​တော့​ နေခွင့်​​ပေးပါလို့​တောင်း ပန်​ပြီး​ နေ​နေရတယ်​။ အခုလည်း အမတို့ရပ်​ကွက်ရဲ့ဟိုဘက်​ရပ်​ကွက် က အမတစ်​​ယောက်​က ဆန်​တစ်​ပြည်​နဲ့ ပိုက်​ဆံ​ပေးလိုက်​တယ်​။ မသယ်​နိုင်​လို့ မသယ်​လာ​သေးဘူး။ အပြန်​ကြလည်း ဆိုက္ကားငှား​ပေးလိုက်​မယ်​တဲ့။ အခု အမတို့ ရပ်​ကွက်ဘက်ကူး​လာတာ။ သူတို့ကို ကျွန်​မ စိတ်​မဆိုးပါဘူးအမ။

မေ​မေကလည်း အမရယ်​ ဖြစ်​မှဖြစ်​​လေ။ အချိန်​မ​ရွေး ကျွန်​မတို့အိမ်​ကို ဝင်​ထွက်​လို့ရတယ်​။ ထမင်းလည်း စားလို့ရတယ်​အမ ဆိုပြီ​ပြော​တော့ အန်​တီ​အေးတစ်​​ယောက်​ ပါးပြင်​​ပေါ်တွင်​ မျက်​ရည်​​တွေစီးကြလာသည်​။

အဲဒီ​နောက်​​တော့ ရပ်​ကွက်​ ထဲကလူ​တွေကလည်း အန်​တီအေး အတွက်​ ထမင်းဖိုး​လေး​ပေး လိုက်​သည်​။ ပြီး​တော့ အန်​တီ​အေး​က နှုတ်​ဆက်​ပြီး  ဒရွတ်​ဆွဲ​နေ​သော​ခြေလှမ်းများဖြင့်​ ​ဖြေး​ဖြေးခြင်း​လျှောက်​သွား​လေသည်​။

အန်​တီ​အေးလို အ​မေမျိုး အပြင်​မှာ တစ်ကယ်​ရှိပါလားဆိုပြီး​ တွေးမိသည်​။ မိဘတို့၏ ​မေတ္တာ တရားသည်​ ဘယ်​​သောအခါမှ ခမ်းခြောက်​ မသွား​ပေ။ အ​ပေးသာ ရှိပြီး အယူ မရှိသူတို့မှာ မိဘ ပင်​ဖြစ်​​လေ။ အန်​တီ​အေး တစ်​​ယောက်​လည်း ဒီဘဝမှ အမြန်​လွတ်​ပြီး သားသမီး​တွေလည်း အမြင်မှန်​ ရဖို့သာ အိပ်​ရာဝင်​တိုင်း ဆု​တောင်း​ပေး​နေမိသည်​။

(မှတ်​ချက်​။    ။ ဤဝတ္ထုတို​လေးမှာ စာ​ရေးသူ ကိုယ်​တိုင်​ကြုံ​တွေ့ခဲ့ရပြီး နားဖြင့်​ စပ်​စပ်​ကြားခဲ့ရ​သော ဖြစ်​ရပ်​မှန်​ ဝတ္ထုတို​လေး ဖြစ်​​ကြောင်း ဝန်​ခံပါသည်​။)

ချစ်​ခြင်းအားဖြင့်
ချမ်းမြ






No comments:

Post a Comment