Monday, December 5, 2016

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဖုန်းအားသွင်းပေးမယ့် ကုတ်အင်္ကျီ




သွားရင်း လာရင်း ဖုန်းအား ကုန်သွားတဲ့အခါ သင် ဝတ်လာတဲ့ ကုတ်အင်္ကျီ က ဖုန်းအားဖြည့်ပေးမယ်ဆိုတာက တစ်ကယ်မိုက်တဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ 

 ဒီစိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်သူက ဂျပန်နိုင်ငံမှ ပညာရှင် တစ်ဦးဖြစ်သူ ဂျူညာ ဝါတာနာဘီဖြစ်ပါတယ်။  

FW16 လို့ခေါ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး ဖုန်းအားဖြည့် ကုတ်ကို မတ်လ က စတင် ပြသခဲ့တာဖြစ်ပြီး  ဈေး က ဒေါ်လာ ၂၄၈၀ ဖြစ်ပါတယ်။ 




အားပြန်ပြည့်ဖို့ နေရောင်ခြည်ထဲမှာ ကုတ် အင်္ကျီကို ဘယ်လောက်ကြာကြာ ထားပေးရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အချိန်တော်တော်ကြာမြင့်စွာ ထားရမှာတော့ သေချာပါတယ်။
 ဒီဇိုင်းပိုင်း ကလည်း သိပ် အကောင်းကြီး မဟုတ်တာကြောင့် နောက်ပိုင်းမှာ ဝါတာနာဘီ ရဲ့ အဆိုပါကုတ်အင်္ကျီ ကို အခြေခံပြီး ဒီ့ထက်ကောင်းတဲ့ ဒီဇိုင်းတွေနဲ့ ထွက်ပေါ်လာဖွယ် ရှိပါတယ်။

Photos & Source: Mezo
http://www.duwun.com.mm/news/odd/-id5849002.html



No comments:

Post a Comment