လက် အဆစ် ချိုးတာက အဆစ်ရောင်နာ ဖြစ်နိုင်သလားလို့ မေးခွန်း များစွာ ရှိခဲ့ဖူးပါတယ်။ အဆစ်ရောင်ခြင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခြားဆိုး ကျိုး တစ်ချို့တော့ ရှိပါတယ်။
လက် အဆစ် ချိုးလိုက်လို့ အသံမြည်တယ် ဆိုတာ အဲဒီ အရိုး အဆစ်တွေကြားက တစ်ရှုးတွေ ပျက်ဆီးသွားလို့ပဲ ဖြစ်ပါတယ်။ လက်ဆစ် တစ်ခါချိုးတိုင်းမှာ အဲဒီ အဆစ်တွေကြားက ခြင်ဆီတွေ အပေါ်လည်း သက်ရောက် မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ် တစ်ရှုးတွေကို သေစေပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုး ကတော့ အဲဒီ အဆစ်တွေ အားနည်းတာ ဖြစ်ပါတယ်။ လက် ချိုးတယ် ရယ်လို့ မ ဟုတ် ပဲ ချိုးတဲ့ အဆစ်တွေ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်း များလာရင် အားနည်း လာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလမ်း များတယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။
Credit : Health Update Journal


No comments:
Post a Comment