Thursday, October 13, 2016

GMO အသီးအနှံတွေထက် သဘာဝ ကို အားပေးစေချင်ပါတယ်




အားလို့ ဗိုလ်ချုပ်ဈေး သွားရင်း  Parkson ကုန်တိုက်ရှေ့က သစ်သီးတန်းမှာ  တွေ့ရတဲ့ သရက်သီးကြီးတွေ ပထမဦးဆုံး အကြိမ် မြင်ဘူးတာပါဘဲ ။  အရွယ်ကြီးတဲ့ မချစ်စု သရက်သီး ထက် သုံးဆလောက် ကြီးပြီး အပြစ် အနာအဆာကင်း အရောင်အဆင်းလှပြီး ဆွဲဆောင်မှူ ရှိတော့ ဈေးမေးကြည့် လိုက်တာ OMG တရတဲ့ အထိ ဖြစ်သွားတယ် တစ်လုံး 5000 ks ဆိုဘဲ။

GMOs ဆိုတာ Genetically Modified Organisms (Plants n Animals ) ပါ  နည်းပညာမြင့်မား လာခြင်း နဲ့ လူတွေရဲ့ စားနပ်ရိက္ခာ လိုအပ်မှူ အရ ထွက်ပေါ်လာခြင်းပါဘဲ ။


GMOs တွေကို WHO ကနေ အဓိပ္ပါယ် ဖွင့်ထားတာ ကတော့ ....................
DNA has been altered in a way that does not occur naturally by mating and / or natural recombination  မျိုးရိုး ဗီဇအရ သဘာဝအတိုင်း မဟုတ်ဘဲပေါင်းစပ်ထားခြင်း လို့ဆိုပါတယ်။


2016 GMOs စာရင်းမှာတော့ ကောက်ပဲသီးနှံသာ များပြီး FDA ခွင့်ပြုချက်ပါ ယှဉ်တွဲဖေါ်ပြတာတွေ့ရပါ တယ် ။ သရက်သီး လုံးဝပါဝင်ခြင်းမရှိပါဘူး ။


GMOs အပင်တွေကို 1983 ခုနှစ်က စတင်ခဲ့တာလို့ US GMOs web မှာဖေါ်ပြထားပါတယ်။
မနှစ် က Singapore NUS က Biotech Dep က Emeritus Prof ကြီး ဖတ်သွားတဲ့ Salmon ကို GMO အကြောင်း Seminor တက်ခဲ့တာလည်း သတိရပါတယ်။ 


Discovery Channel ကြည့်ရသလို Polar region မှာ Research ပြုထားတာ အံ့သြဘနမ်း ကြည့်ဘူးပါတယ် ။ သူကိုယ်တိုင် ဈေးနှူံး အရ  အရသာ အရ ကွာခြားကြောင်း ဝန်ခံသွားပြီး  Side effect အကြောင်းဆွေးနွေးတော့ FDA ခွငိ့ပြုချက် နဲ့ပညာရှင် ပီသစွာ ပါးပါးလေး ပုတ်သွားတာ အမှတ်ရပါတယ်။


အခု သရက်သီးကတော့ ထိုင်း က လား တရုပ် ကလား မသိပါ အရသာလည်း စားကြည့်ဘူးခြင်းမရှိတော့ မပြောနိင်ပေမဲ့ ထူးခြားတာ အမှန်ပါ ။




အဲဒီလိုတွေမြင်တိုင်း ကျမကြိုက်
တဲ့  စာရေးဆရာ   ဆရာ ကိုတာရဲ့  #ခရီးပန်းတိုင်ရယ်လို့မရှိ စာအုပ်ထဲက.....................

*Ecological level ဂေဟဗေဒ အဆင့်
*Permaculture ပါမာ စိုက်ပျိုးနည်း
*Biodynamic Agriculture ဇီဝဒိုင်းနမစ် စိုက်ပျိုးရေး
*Forest Farming သစ်တောနှင့် လယ်ယာ အတူစိုက်ပျိုးခြင်း
* Natural Farming သဘာဝ စိုက်ပျိုးနည်း
*Gaia Theory ဆိုသော Feed back System သံသရာလည်သော စနစ်
Bioregion ဇီဝနယ်ပယ်
Biopiracy ဇီဝမူပိုင်ခွင့်

စကားရပ်များ အတွေးပွားရင်း
*နည်းပညာ ပြောင်းလဲ တိုးတက်ခြင်း နဲ့ သိပ္ပံပညာ ရလဒ် ကြောင့် လူနေမှု ဘဝ အသွင်ပြောင်းလဲလာခြင်၊

*လူများ၏ ကျန်းမာရေး နှင့် ဘေးထွက်ဆိုးကျိုးများ၊

*နှစ်ဆယ့်တစ်ရာစု အကျယ်လောင်ဆုံး အသံထွက်နေတဲ့ရာသီဥတုပြောင်းလဲခြင်း ကြောင့်ဖြစ်လာသော သဘာဝဘေးအန္တရယ် နဲ့ နောက်ဆက်တွဲဆိုးကျိုးများ ၊


* သဘာဝ ဂေဟဗေဒ စနစ် ပျက်ယွင်းမှု နဲ့ Biodiversity ဇီဝမျိုးစုံ မျိုးကွဲတို့ ရဲ့ အညွန်းကိန်းများ အစရှိသဖြင့် စဉ်းစားစရာတွေပေါ့လေ။



Credit to Thidar Soe


No comments:

Post a Comment