Sunday, October 2, 2016

အကြိုက် မတူဘူး ...





အမျိုးသမီး တစ်ဦးဟာ သူလေးကြိမ်မြောက် လက်ထပ်တော့မယ့် အကြောင်းကို သူငယ်ချင်းဖြစ်သူ
ကို ပြောပြ လိုက်ပါတယ်။


"အိုး.. အရမ်းကောင်းတာပဲ။ ဒါနဲ့ မင်းရဲ့ ပထမဆုံးယောက်ျားက ဘယ်လိုဖြစ်သွားတာလဲလို့မေးရင်
မင်း စိတ်မဆိုးပါဘူးနော်"လို့ သူငယ်ချင်းဖြစ်သူက ပြောလိုက်ပါတယ်။


"သူက အဆိပ်ရှိတဲ့ မှိုစားမိပြီး သေသွားရှာတာ"လို့ လက်ထပ်မယ့် အမျိုးသမီးက ပြန်ပြောလိုက်ပါ
တယ်။

"၀မ်းနည်းစရာပဲ။ ဒါနဲ့ ဒုတိယယောက်ျား ကရော"လို့ သူငယ်ချင်းက ထပ် စပ်စုလိုက်ပါတယ်။
"သူလား..။ သူလည်း အဆိပ်ရှိတဲ့ မှိုပဲ စားမိပြီး ဆုံးသွားတာ"လို့ အဖြေ ရလိုက်ရတာမို့ ....


"အိုး.. ဆိုးလိုက်တာ။ မင်းရဲ့ တတိယ အမျိုးသား အကြောင်း မေးရမှာတောင် ငါကြောက်လာပြီ"လို့ 
သူငယ်ချင်းက ဆိုလိုက်ပြန်ပါတယ်။


"သူကတော့ လည်ပင်းကျိုးပြီး သေသွားတာ"လို့ အမျိုးသမီးက ပြောလိုက်တာမို့  သူငယ်ချင်းဖြစ်သူ အံ့အား သင့်နေချိန် မှာ "သူက မှို မကြိုက်ဘူးလေ"လို့ အမျိုးသမီးက  ဆက်ပြောလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : Myanmar.mmtimes





No comments:

Post a Comment