Tuesday, January 28, 2014

တန်ဘိုး နားမလည်ကြ သူများ

တန်ဘိုးနားမလည်ကြသူများ  တို့ရွာနံဘေးက ကားလမ်းမှာ ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့ ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်က ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့ သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။ သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့ ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့ အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။ ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။ ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။  တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့ နောက်နှစ်အတွက် မပြန်တော့ဘဲ နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။ ဘိုဒူဇာပြင်ဘို့ ကုမ္မဏီကစင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။ သူခိုး နွားကောင်းမသိရ ဆိုတာ ဒါမျိုးနဲ့တူပါရဲ့။  မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုယိုးဒယားကိုရောင်းတာ တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီက တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။ မနက်မိုးလင်းတိုင်းမှာထိုင်းပြည်သူတွေက ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း နှုတ်ခွန်းဆက်နေလေရဲ့။  ရွှေလီမြစ်ပေါ်က ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့် တရုပ်ပြည် ယူနန်ပြည်နယ်မှာ တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။  လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ ကျုပ်တို့ပြည်သူတွေမသိရပေမဲ့ ယူနန်ပြည်သူအပေါင်းကတော့ ညနေမိုးချုပ်လေတိုင်း ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။  ကျုပ်တို့မြန်မာပြည်မှာတော့ မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး သင်္ကန်းကျွန်းဈေး………… ပခုက္ကူဈေး…………… မုံရွာဈေး………………………မော်လမြိုင်ဈေး……………… ဈေးတွေ…………..ဈေးတွေ…….  မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့ လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ  ပူအိုက်တဲ့ရာသီမှာ မီးမလာလို့ မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန် ကာဗွန်အဆိပ်သင့်ပြီးမာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။ ဒီအချိန်မှာ မီးပျက်နေကျ မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။  တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် ထောင်သောင်းမကသော အဆုတ်ရောဂါသည်တွေဟာ တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။ ၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့ သကြားလုံးက အဆစ်ပါလာသေးတယ်။  ချောင်းဆိုးရင် ရွှေတောင်ကြီး ရင်ကြပ်တော့ ထက်လင်း သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ ၂ပါးသွားနေလိုက်ကြတာ ကွမ်းယာသည် ကုလားအတွက်တော့ ဟီးနေတဲ့တိုက်အိမ်ကြီးကို အပြီးတိုင်စေခဲ့တယ်။ ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ မှိုလိုပေါလာခဲ့တယ်။  ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်က ဆေးရုံကို ဘာကြောင့်ရယ်မသိ ကျော်ခွလို့ ယိုးဒယားသွား ဆေးကုဘို့အတွက် သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။  တရုပ်နဲ့ ထိုင်းကလာတဲ့ လျှပ်စစ်နဲ့ ပတ်သက်သမျှသော တီဗီအောက်စက် ရေခဲသေတ္တာအစရှိသောလူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း မမှန်လေသော လျှပ်စစ်မီးကြောင့် ပျက်အစဉ် ပြင်ခဏဆိုသောစကားကဲ့သို့ ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့် ပြင်ခမတတ်နိုင်ရကား အမှိုက်ပုံသို့ သာမြန်းရလေသတည်း။  လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့် အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့် ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။  နံနက်လင်းတိုင်း ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍ မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏ အကြောင်းချင်းရာအစုံလင်ကို နှံ့စပ်သိမြင်သောအရာ၌ ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍ မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ ဆည်အရာ၌ ဧတဒဂ်ရတော်မူသော နွားနှင့်ပင်လျှင် လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌ သူလည်းတပါးအပါဝင်ဖြစ်သော ဟိုဝန်ကြီးပြောစကားအရ လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့် အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးဈေးနှင့် ကြိုးသွယ်၍ရောင်းရသည်။  ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည် ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း  ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော ကြယ်ခေါင် ကာရာအိုကေခန်းမှ ပလောင်ပျိုဖြူငယ်တို့၏ ငိုညည်းသံကဲ့သို့သော်လည်းကောင်း  ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ ထောက်ခံအပ်၏။  တိမ်သလ္လာဖုံးအုပ်သော လကွယ်ည၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်း ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။ တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။ ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။  စက်မှုစွမ်းအား ခေတ်ကျော်လွှား ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့ အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာစက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား ဘူရိဒတ် ဇာတ်တော်လာ စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။  နံနက်လင်းသော် ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း  ညနေမိုးချုပ်သော် တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း မြန်မာပြည်ဘက်သို့ လှည့်ကာ နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။  ( နေရဲနီ ) 
 တို့ရွာနံဘေးက ကားလမ်းမှာ ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့ ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေ တုန်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်က ကားဆရာအလစ်မှာ နတ် တစ်လုံးကိုကောက်ယူလို့ သံတို သံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။ 
သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့ ပုံစံတူ နတ်ရှာမရလို့ ကုန်စိမ်းကားကတော့ အဲဒီနေရာမှာ ၂ ညတောင် အိပ်လိုက်ရသတဲ့။ ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။ ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။ 
 တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူး ရင်းမိုးကျလာလို့ နောက်နှစ် အတွက် မပြန်တော့ဘဲ နီးရာ လယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး သံရည်ကြိုတဲ့ ဆိုင် သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။ 
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက စင်္ကာပူကိုပစ္စည်း မှာတာ သိန်း၃၀၀ဘိုးကျသတဲ့။ သူခိုး နွားကောင်း မသိရ ဆိုတာ ဒါမျိုးနဲ့တူပါရဲ့။ 

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကိုယိုးဒယားကိုရောင်းတာ တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီက တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။ မနက်မိုးလင်းတိုင်းမှာ ထိုင်းပြည် သူတွေ က ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း နှုတ်ခွန်းဆက်နေလေရဲ့ ။ 
 ရွှေလီမြစ်ပေါ် က ရေအား လျှပ်စစ် ရဲ့ကျေးဇူးကြောင့် တရုပ်ပြည် ယူနန်ပြည်နယ်မှာ တနှစ်ကိုကျောက် မီးသွေး တန်ချိန် ၂ သောင်းတောင် သက်သာသွားလေရဲ့။ လျှပ်စစ် အရောင်းအ၀ယ် ဘယ်လိုဆိုတာ ကျုပ်တို့ ပြည်သူတွေမသိရပေမဲ့ ယူနန်ပြည်သူအပေါင်းကတော့ ညနေမိုးချုပ်လေတိုင်း ထောင်သောင်းမက ရှဲရှဲနီ ပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာ ၀င်တိုင်းကျေးဇူးတင်လေရဲ့။ 
ကျုပ်တို့မြန်မာပြည်မှာတော့ မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး မင်္ဂလာဈေးကြီး မီးလောင်တာ သိန်း……ထောင်ဘိုး သင်္ကန်းကျွန်းဈေး………… ပခုက္ကူဈေး…………… မုံရွာဈေး…………………… …မော်လမြိုင်ဈေး……………… ဈေးတွေ…………..ဈေးတွေ……. မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်း များစွာ လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့ လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ ပူအိုက်တဲ့ရာသီမှာ မီးမလာလို့ မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ အိမ်ထဲရှိရှိသမျှ လူအားလုံး ကလေး လူကြီးခွေးကြောင်ပါမကျန် ကာဗွန် အဆိပ်သင့်ပြီးမာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
 ဒီအချိန်မှာ မီးပျက်နေကျ မီးပျက်တုန်း ၀ါယာပြင် လိုက်ဦးမှဆိုပြီး လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက် ဆိုင်ဆိုင် ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။ တမြို့လုံးညံနေတဲ့ မီးစက်သံနဲ့ ထွက်လာတဲ့ ကာဗွန် ဓာတ်ငွေ့တွေကြောင့် ထောင်သောင်းမကသော အဆုတ်ရောဂါသည်တွေဟာ တရုပ်ကလာ တဲ့ ဈေးပေါပေါဆေး ကို ကွမ်းယာသည် ကုလားဒေါက်တာအပ်ပနား ရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရ တယ်။
 ၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့ သကြားလုံးက အဆစ်ပါလာသေး တယ်။ ချောင်းဆိုးရင် ရွှေတောင်ကြီးရင်ကြပ်တော့ထက်လင်း သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်း သီတာ ဒီ့ထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ ၂ပါးသွားနေလိုက်ကြ တာ ကွမ်းယာသည် ကုလားအတွက်တော့ ဟီးနေတဲ့တိုက်အိမ်ကြီးကို အပြီးတိုင်စေခဲ့တယ်။
 ဆေးထိုးအပ်ကိုင်ပြီး စတိုင် အပြည့်နဲ့ ရမ်းကုတွေ ကလည်း မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ မှိုလိုပေါ လာခဲ့ တယ်။ ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်က ဆေးရုံကို ဘာကြောင့်ရယ် မသိ ကျော်ခွ လို့ ယိုးဒယားသွား ဆေးကုဘို့ အတွက် သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။ 
တရုပ်နဲ့ ထိုင်းကလာတဲ့ လျှပ်စစ်နဲ့ ပတ်သက်သမျှသော တီဗီအောက်စက် ရေခဲသေတ္တာ အစရှိသော လူသုံး ကုန် ပစ္စည်း အပေါင်းတို့သည်လည်း မမှန်လေသော လျှပ်စစ်မီးကြောင့် ပျက်အစဉ် ပြင်ခဏဆိုသော စကား ကဲ့သို့ ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့် ပြင်ခ မတတ်နိုင်ရကား အမှိုက်ပုံသို့ သာမြန်း ရလေသတည်း။ 
လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်းလျှပ်စစ်မီးမရ လေသောကြောင့် သော် လည်းကောင်း ဘတ္ထရီ အိုး ၀ယ်သုံးလေသောကြောင့် အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့် ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။ 
 နံနက်လင်းတိုင်း ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍ မြန်မာပြည်တ၀ှမ်းရှိရှိ သ မျှ မြောင်းချောင်းမြစ် အပေါင်းတို့၏ အကြောင်းချင်းရာ အစုံလင်ကို နှံ့စပ်သိမြင်သောအရာ၌ ငါ့လောက် သိ သူ ဤမြန်ပြည်၌ ငါသည်ပင်လျှင် မရှိဟူ၍ မိမိကိုယ်ကိုမိမိဘာသာအမွန်းတင် လွန်းသော မြစ်ချောင်းမြောင်း တ ကာ အရာ၌ ပါရဂူ ဆည်အရာ၌ ဧတဒဂ်ရတော်မူသော နွားနှင့်ပင်လျှင် လျှပ်စစ် ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌ သူလည်းတပါးအပါဝင်ဖြစ်သော ဟိုဝန်ကြီးပြောစကားအရ လျှပ်စစ် ဟူ သည် ပါကင်ထုပ်၍ မရ မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့် အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးဈေးနှင့် ကြိုးသွယ်၍ရောင်းရသည်။ 
ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည် ဒေါနတောင်တန်းသို့ တိုင် ရိုက်ခတ်၍ လာသော ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံ ကဲ့သို့ သော်လည်းကောင်း ရှမ်း ကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော ကြယ်ခေါင် ကာရာအိုကေခန်းမှ ပလောင်ပျိုဖြူငယ်တို့၏ ငိုညည်းသံ ကဲ့သို့သော်လည်းကောင်း ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေ အပ်သော ကိုယ့်တိုင်းပြည်မှာ အလုပ်မ ရှိလေသောကြောင့် တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော မြန်မာ တို့ ၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ ထောက်ခံ အပ်၏။ 
 တိမ်သလ္လာ ဖုံးအုပ်သော လကွယ်ည ၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့ သို့ အမှောင် တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်း ယိုးဒယား ဘက်သို့လည်း ရှိခိုးရ၏။ တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။ ကုလားပြည်ဘက် သို့လည်း မေတ္တာ အဆစ်ပို့လွှတ်ရသေး၏။ 
စက်မှု စွမ်းအား ခေတ်ကျော်လွှား ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှု နိုင်ငံတော်ကြီးတည်ဆောက်အံ့ အစ ရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အား ကို ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော ကျွန်ုပ်တို့၏ ခေါင်းဆောင် အပေါင်းတို့သည်ကား ဘူရိဒတ် ဇာတ်တော် လာ စူဠလိပ် အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။ 
 နံနက်လင်းသော် ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း ညနေမိုးချုပ်သော် တရုပ်ပြည် ဘက် မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း မြန်မာပြည်ဘက်သို့ လှည့်ကာ နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း မင်္ဂလာနှု တ်ခွန်း ဆက်လေတော့သတည်း။ 

စာမဖတ်တဲ့ လူမျိုး

Photo: စာမဖတ်တဲ့လူမျိုး  ဂျာမဏီ Frankfurt ကနေ တရုတ်ပြည်ရှန်ဟိုင်းမြို့ဆီပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကျွန်မလိုက်ပါလာခဲ့တယ်။ ပျံသန်းချိန်ကြာမြင့်တဲ့ အိပ်ချိန်ဖြစ်တာကြောင့် လေယာဉ်တွင်းက မီးတွေကို ပိတ်လိုက်ကြတယ်။ ကျွန်မလည်း ခြေဆန့်လက်ဆန့်လုပ်ရင်း သန့်စင်ခန်းသွားဖို့ နေရာကထလိုက်ပါတယ်။ ကျွန်မနေရာနဲ့ သန့်စင်ခန်းက အတန်ငယ်လှမ်းတာကြောင့် ထိုင်ခုံနေရာတော်တော်များများကို ကျွန်မဖြတ်ကျော်ရပါတယ်။ အဲဒီလိုဖြတ်ကျော်ချိန် ကျွန်မတအံ့တသြ သတိထားမိလိုက်တာက iPad တော်တော်များများကိုလည်း ကျွန်မဖြတ်ကျော်နေရတာကိုပါပဲ။ မအိပ်ဘဲ iPadကစားနေသူတွေက တရုတ်လူမျိုးတွေဖြစ်ပြီး iPadနဲ့ ဂိမ်းကစားတာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေကြတာကို တွေ့လိုက်ရပါတယ်။ စာဖတ်နေတဲ့လူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့မိပါဘူး။  ဒီမြင်ကွင်းက ကျွန်မဦးနှောက်ထဲမှာ တော်တော်ကြာကြာစွဲခဲ့ပါတယ်။ တကယ်တမ်း Frankfurtလေယာဉ်ကွင်းမှာ လေယာဉ်စောင့်စဉ်တုန်းကလည်း ကျွန်မသတိထားခဲ့မိတာ ရှိပါတယ်။ ဂျာမန်ခရီးသွားအများက ကော်ဖီတစ်ခွက်၊ သတင်းစာတစ်စောင်၊ စာအုပ်တစ်အုပ် ဒါမှမဟုတ် kindleတစ်လုံး၊ လက်တော့ပ်တစ်လုံးနဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်စာဖတ်တာ ဒါမှမဟုတ် အလုပ်လုပ်နေတာကို တွေ့ခဲ့ရပါတယ်။ တရုတ်ခရီးသွားတွေလည်း စာဖတ်တာ၊ အလုပ်လုပ်တာကို တွေ့ခဲ့ရပေမယ့် အဲဒီလိုလုပ်တဲ့လူတွေ မများပါဘူး။ များသောအားဖြင့် ဈေးဝယ်သူရယ်၊ အုပ်စုဖွဲ့ပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ ရယ်မောပြောဆိုသူရယ်၊ ဈေးနှုန်းနှိုင်းယှဉ်သူတွေရယ် ပိုများခဲ့ပါတယ်။  တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ စာပေယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အခုခေတ်တရုတ်လူမျိုးတွေက ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်ရလောက်တဲ့ သည်းခံစိတ်မျိုး မရှိတော့သလိုပါပဲ။ တစ်ခါက ပြင်သစ်မိတ်ဆွေတစ်ဦးနဲ့ Hongqiaoဘူတာမှာ ကျွန်မတို့ရထားစောင့်ခဲ့စဉ်တုန်းက တရုတ်ပြည်ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ ဒီပြင်သစ်မိတ်ဆွေက ရုတ်တရက် ကျွန်မကိုမေးပါတယ်။  “ဘာဖြစ်လို့ တရုတ်လူမျိုးတွေက ဖုန်းပြောနေတာနဲ့ ဒါမှမဟုတ် ဖုန်းကစားနေတာတွေပဲ.. စာဖတ်တဲ့လူ တစ်ယောက်မှ မတွေ့ပါလား”။  မိတ်ဆွေရဲ့အမေးကြောင့် ဘေးဘီကို ကျွန်မကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပါပဲ။ လူတွေက ဖုန်းပြောနေကြတယ် (အသံကျယ်ကျယ်လောင်လောင်နဲ့)။ ဖုန်းမပြောတဲ့သူတွေက ခေါင်းငိုက်စိုက်နဲ့ မက်ဆေ့ပို့နေတာ ဒါမှမဟုတ် အင်တာနက်တက်နေတာ ဒါမှမဟုတ် ဂိမ်းကစားနေတာတွေပဲ။ ဆူဆူညံညံနဲ့ အလုပ်များနေကြသလို တစ်ယောက်တည်းအထီးကျန်ကျန်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ အေးဆေးဆိတ်ငြိမ်မှုတစ်မျိုး သူတို့ဆီမှာ မတွေ့ရပါဘူး။  ဥရောပနိုင်ငံကရထားရဲ့အမြန်နှုန်းက တရုတ်နိုင်ငံရထားလောက် မြန်ချင်မှမြန်တော့မယ်၊ ဘူတာရုံရဲ့ခေတ်ဆန်ဆန်အနေအထားက တရုတ်နိုင်ငံလောက် ခေတ်ရှေ့ပြေးချင်မှပြေးတော့မယ်၊ ဒါပေမယ့် လူအများက ရထားအလာကို စာဖတ်ရင်းစောင့်နေကြတာချည်းပဲ။ ဖုန်းပြောခဲ့ရင်တောင် ဘေးဘီက စာဖတ်နေသူတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အသံညင်ညင်သာသာနဲ့ပဲ ပြောပါတယ်။  တရုတ်လူမျိုးတွေ စာမဖတ်တာမဟုတ်ဘူးဆိုတာကို ကျွန်မသိပါတယ်။ လူငယ်လူရွယ်တော်တော်များများက ၁ဝမိနစ်တစ်ခါ အင်တာနက်ပွတ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရယူပါတယ်။ ဒါပေမယ့် facebookတို့၊ wechatတို့ သိပ်ခေတ်စားနေတာကပဲ ကျွန်မကို စိုးရိမ်စိတ်ဖြစ်စေပါတယ်။ ဒီအရာတွေက တိုထွာတဲ့ status၊ မက်ဆေ့ကိုပဲ ဖတ်တတ်ဖို့ ပုံသွင်းလိုက်လေမလား၊ နောင်မျိုးဆက်ကို အင်တာနက်စကားတွေပဲ အသုံးပြုတတ်ဖို့ ဖန်တီးလိုက်လေမလား။  တကယ့် စာဖတ်ခြင်းဆိုတာ ပတ်ဝန်းကျင်လောကကိုသင်မေ့ပြီး စာရေးသူနဲ့အတူ တခြားကမ္ဘာထဲမှာ ပျော်ရွှင်တယ်၊ ဝမ်းနည်းတယ်၊ စိတ်တိုဒေါသထွက်တယ်၊ ငြိမ်းချမ်းတယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ စာတွေက တစ်ပိုဒ်နဲ့တစ်ပိုဒ် အစားထိုးစရာမရှိအောင် ပြည့်စုံတဲ့ ဘဝအတွေ့အကြုံတွေဖြစ်တယ်။ ကြေမွတိုတောင်းတဲ့ status၊ မက်ဆေ့တွေ၊ ချဲ့ကားထားတဲ့ဗွီဒီယိုကားတွေနဲ့ အစားထိုးလို့ရတဲ့အရာတွေ မဟုတ်ပါဘူး။  အင်တာနက်ပေါ်စာဖတ်ခြင်းက ကမ္ဘာ့အနှံ့မှာဖြစ်ပျက်နေတာတွေပါ။ တရုတ်နိုင်ငံမှာပဲ ရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် စာဖတ်ကျင့်ရှိတဲ့လူဦးရေက များပြားလှတဲ့ တရုတ်နိုင်ငံလူဦးရေထက်စာရင် ရာခိုင်နှုန်းက တော်တော်လေး နည်းနေပါတယ်။  တကယ်တမ်း ကျွန်မပြောချင်တာက ယနေ့ခေတ်တရုတ်နိုင်ငံမှာ တစ်ယောက်တည်းပေမယ့် အထီးမကျန်တဲ့၊ ကိုယ့်စိတ်ဝိညာဉ်နဲ့ကိုယ် ငြိမ်ငြိမ်ဆိတ်ဆိတ်နေလို့ရတဲ့ နေရာလပ်တစ်ခု ကင်းမဲ့နေတယ်ဆိုတာကိုပါပဲ။ ဘဝက လူကို စိတ်နွမ်းကိုယ်ပန်းစေပါတယ်။ ခဏတာ “စက်ပိတ်”တဲ့အချိန်ကို ကျွန်မတို့လိုအပ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ခန္ဓာ ကပ်ချိန်၊ စာဖတ်ချိန်၊ စာရေးချိန်၊ ငေးငိုင်ချိန်၊ တွေးတောချိန်၊ စိတ်ဝိညာဉ်ကို လွတ်မြောက်မှုပေးချိန်၊ ပြီးတော့ စိတ်ထဲ တစ်စုတစ်စည်း ပြန်ထည့်ချိန်တွေကို ကျွန်မတို့လိုအပ်ပါတယ်။  စီးပွားဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကျွန်မတို့ ပြင်းပြင်းထန်ထန် မဝေဖန်သင့်ဘူးဆိုပေမယ့် ဒီလို စိတ်ဝိညာဉ်နဲ့ကင်းကွာသွားရင် နောင်အနာဂတ်တရုတ်ပြည်က ဒီ့အတွက်ပိုဖာထေးရလိမ့်မယ်လို့ ကျွန်မစိုးရိမ်မိပါတယ်။ နှေးချင်နှေးပါစေ… စိတ်နဲ့ခန္ဓာ ခဏတာပေါ့ပါးခွင့်ပြုပါ….. _____  ဒီစာကိုရေးတဲ့သူက အိန္ဒိယအမျိုးသမီး အင်ဂျင်နီယာ Sharmistha Mophapatraဖြစ်ပါတယ်။ တရုတ်နဲ့မြန်မာဟာ အိမ်နီချင်းနိုင်ငံတွေမို့ တရုတ်ပြည်က စာမဖတ်ဘဲ iPadပွတ်၊ ဖုန်းပွတ်တဲ့ရောဂါတွေ မြန်မာဖက်ကူးစက်မလာလေအောင် ကျွန်မဘာသာပြန်မျှဝေလိုက်ပါတယ်။ (တရုတ်ပြည်မှာက facebook ကို ပိတ်ထားတာကြောင့် facebookနဲ့ပုံစံတူတဲ့ weiboကိုပဲ အသုံးပြုကြပါတယ်။ မြန်မာနဲ့ပိုနီးစပ်အောင်  weiboအစား facebook လို့ ကျွန်မက ရေးလိုက်ပါတယ်)။ Sharmistha Mophapatraရေးခဲ့တဲ့ ဒီ“လူကိုစိုးရိမ်ကြောင့်ကြစေတဲ့ စာမဖတ်တဲ့တရုတ်လူမျိုးတွေ”ဆိုတဲ့ ဆောင်းပါးက တရုတ်ပြည်မှာဆွေးနွေးစရာ hot topic ဖြစ်ခဲ့ပါတယ်။ မတူတဲ့အမြင်တွေနဲ့ ဆောင်းပါးရှင်အဝေဖန်ခံခဲ့ရပေမယ့် သူရေးခဲ့တာတွေက အမှန်အကန်ဆိုတာ တကယ့်လက်တွေ့မှာ သက်သေပြလို့နေပါတယ်။  ၂ဝ၁၃ခုနှစ် ဧပြီလမှာ တရုတ်သတင်းနဲ့ ပုံနှိပ်ထုတ်လုပ်ရေးအထူးသင်တန်းကျောင်းက ဆယ်ကြိမ်မြောက်အဖြစ် ပြည်သူတွေရဲ့စာဖတ်နှုန်းဆန်းစစ်မှုရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂ဝ၁၂ခုနှစ်မှာ အသက် ၁၈မှ ၇ဝနှစ် ပြည်သူတွေရဲ့စာဖတ်နှုန်းက ၅၅% နီးနီးရှိခဲ့တယ်လို့ဆိုပါတယ်။ လူတစ်ဦးရဲ့ အီးဘွတ်ခ်နဲ့ ပုံနှိပ်စာအုပ်ပျှမ်းမျှဖတ်နှုန်းက ၆ဒသမ၇အုပ်ရှိခဲ့ပါတယ်။  အဲဒီလိုထုတ်ပြန်ကြေညာပြီး နှစ်လအကြာမှာ ကွမ်ရှိဆရာအတတ်သင်တက္ကသိုလ် ပုံနှိပ်ထုတ်လုပ်ရေးကလည်း အင်တာနက်ပေါ်မှာ “သေသေရှင်ရှင် ဆက်ဖတ်ချင်စိတ်ကို မရှိတော့တဲ့စာအုပ်စာရင်း”ဆိုပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ စာဖတ်သူ ၃ထောင်ကျော် ဝင်ရောက်ဖြေကြားခဲ့ပြီး ရလဒ်က နာမည်ကြီး တရုတ်ဂန္တဝင်စာအုပ် ၄အုပ်က နံပါတ်၁ဝအတွင်းမှာ ပါဝင်တာကို တွေ့ခဲ့ရပါတယ်။ ဂန္တာဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ Hong lou meng (ဆောင်ခန်းနီအိပ်မက်)က ထိပ်ဆုံးရောက်နေတာကို တွေ့ခဲ့ရပါတယ်။ စာဖတ်သူတွေရဲ့ပြောချက်အရ ဒီဂန္တဝင်စာအုပ်တွေက ရှည်လွန်းတယ်၊ စာအုပ်ပါအကြောင်းအရာတွေကလည်း တကယ့်လက်တွေ့ဘဝအတွက် ဘာအထောက်အကူမှ မဖြစ်စေဘူးလို့ ဆိုပါတယ်။ တချို့ကလည်း ဂန္တာဝင်စာပေတွေကို စိတ်ဝင်မစားဘူး။ လူငယ်လူရွယ်ရဲ့ချစ်ကြိုက်ညားကွဲတွေပဲ ဖတ်မယ်။ ပြီးတော့ ဆောင်ခန်းနီအိပ်မက်ထဲမှာ ပါဝင်တဲ့သူတွေက များလွန်းတယ်။ သူတို့ဆီကနေ ဘာမှ သင်ယူထိုက်တဲ့အရာလည်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီရလဒ်တွေကို တက္ကသိုလ်တွင်းသတင်းစာ အယ်ဒီတာက “တရုတ်ပြည်ရဲ့စာဖတ်ရှိန်တွေ နောက်ပြန်ဆုတ်ခဲ့ပြီ.. စာဖတ်မြန်နှုန်းကလည်း ကျဆင်းခဲ့ပါပြီ”လို့ ဆိုခဲ့ပါတယ်။  တရုတ်သတင်းနဲ့ ပုံနှိပ်ထုတ်လုပ်ရေးဌာနက “တစ်နိုင်ငံလုံး စာဖတ်ရှိန်မြင့်တင်ရေး”ကို တစ်နိုင်ငံလုံးစာဖတ်ရေး ဥပဒေထဲထည့်ဝင်ပြဌာန်းဖို့ မနှစ်က စီမံကိန်းချခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာကပြုစုတဲ့စာရင်းအရ မနှစ်က စာအုပ်မျိုးစုံပေါင်း ၄သိန်းကျော်ကို တရုတ်ပြည်က ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ ပုံနှိပ်ထုတ်ဝေနှုန်းက ၁၄% မြင့်တက်ခဲ့ပေမယ့် အဲဒီနှစ်က စာဖတ်သူဦးရေနဲ့တွက်ချက်ကြည့်ရင် လူတစ်ဦးကို ပျှမ်းမျှတစ်အုပ်ပဲ ထပ်တိုးခဲ့ပါတယ်။  ဒီကနေ့ခေတ်မှာ လူတွေကို စာမဖတ်ဖြစ်အောင်၊ စာဖတ်နည်းအောင် ပြုလုပ်နေတဲ့ အကြောင်းအရာ အမျိုးမျိုးရှိပါတယ်။ စာမဖတ်တော့ရော ဘာဖြစ်လဲ၊ စာဖတ်တော့ရော ဘာဖြစ်လဲလို့ မေးလာခဲ့ရင် မန်ဒဲလားကပြောတယ် “ပညာရေးဆိုတာ လောကကြီးကိုပြောင်းလဲပစ်နိုင်တဲ့ အင်အားအရှိဆုံးလက်နက်ပါ”တဲ့။ အဲဒီပညာရေးမှာ စာဖတ်ခြင်းလည်းပါဝင်တယ် မဟုတ်ပါလား…  နိုင်းနိုင်းစနေ (Jan. 10. 2014) .

ဂျာမဏီ Frankfurt ကနေ တရုတ်ပြည် ရှန်ဟိုင်းမြို့ဆီပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကျွန်မလိုက်ပါလာခဲ့ တယ်။ ပျံသန်းချိန်ကြာမြင့်တဲ့ အိပ်ချိန်ဖြစ်တာကြောင့် လေယာဉ်တွင်းက မီးတွေကို ပိတ်လိုက်ကြတယ်။ ကျွန်မလည်း ခြေဆန့်လက်ဆန့်လုပ်ရင်း သန့်စင်ခန်းသွားဖို့ နေရာကထလိုက်ပါတယ်။ 
 
ကျွန်မနေရာနဲ့ သန့်စင်ခန်းက အတန်ငယ်လှမ်းတာကြောင့် ထိုင်ခုံနေရာတော်တော် များများကို ကျွန်မဖြတ်ကျော် ရပါတယ်။ အဲဒီလိုဖြတ်ကျော်ချိန် ကျွန်မတအံ့တသြ သတိထားမိလိုက်တာက iPad တော်တော် များများကိုလည်း ကျွန်မဖြတ်ကျော်နေရတာကိုပါပဲ။
 
 မအိပ်ဘဲ iPad ကစားနေ သူတွေက တရုတ် လူမျိုးတွေဖြစ်ပြီး iPadနဲ့ ဂိမ်းကစားတာ ဒါမှမဟုတ် ရုပ်ရှင် ကြည့်နေကြတာကို တွေ့လိုက်ရပါတယ်။ စာဖတ်နေတဲ့လူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့မိပါဘူး။
 

ဒီမြင်ကွင်း က ကျွန်မဦးနှောက်ထဲမှာ တော်တော်ကြာကြာစွဲခဲ့ပါတယ်။ တကယ်တမ်း Frankfurtလေယာဉ် ကွင်း မှာ လေယာဉ်စောင့်စဉ် တုန်းကလည်း ကျွန်မသတိထားခဲ့မိတာ ရှိပါတယ်။ ဂျာမန်ခရီးသွားအများ က ကော်ဖီ တစ်ခွက်၊ သတင်းစာတစ်စောင်၊ စာအုပ်တစ်အုပ် ဒါမှမဟုတ် kindleတစ်လုံး၊ လက်တော့ပ်တစ် လုံး နဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ် စာဖတ်တာ ဒါမှမဟုတ် အလုပ်လုပ်နေတာကို တွေ့ခဲ့ရပါတယ်။ 
 
တရုတ်ခရီးသွားတွေလည်း စာဖတ်တာ၊ အလုပ်လုပ်တာကို တွေ့ခဲ့ရပေမယ့် အဲဒီလိုလုပ်တဲ့လူတွေ မများ ပါဘူး။ များသောအားဖြင့် ဈေးဝယ် သူရယ်၊ အုပ်စုဖွဲ့ပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ ရယ်မောပြော ဆိုသူရယ်၊ ဈေးနှုန်းနှိုင်းယှဉ် သူတွေရယ် ပိုများခဲ့ပါတယ်။

တရုတ်နိုင်ငံ က ကမ္ဘာပေါ်မှာ စာပေယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အခုခေတ်တရုတ်လူမျိုးတွေက ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်ရလောက်တဲ့ သည်းခံစိတ်မျိုး မရှိတော့သလိုပါပဲ။ တစ်ခါက ပြင်သစ်မိတ်ဆွေ တစ်ဦးနဲ့ Hongqiao ဘူတာမှာ ကျွန်မတို့ ရထားစောင့်ခဲ့စဉ် တုန်းက တရုတ်ပြည်ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ ဒီပြင်သစ်မိတ်ဆွေက ရုတ်တရက် ကျွန်မကိုမေးပါတယ်။


“ဘာဖြစ်လို့ တရုတ်လူမျိုးတွေက ဖုန်းပြောနေတာနဲ့ ဒါမှမဟုတ် ဖုန်းကစားနေတာတွေပဲ.. စာဖတ်တဲ့လူ တစ်ယောက်မှ မတွေ့ပါလား”။


မိတ်ဆွေရဲ့အမေးကြောင့် ဘေးဘီကို ကျွန်မကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပါပဲ။ လူတွေက ဖုန်းပြောနေ ကြတယ် (အသံကျယ်ကျယ်လောင်လောင်နဲ့) ။ ဖုန်းမပြောတဲ့သူတွေက ခေါင်းငိုက်စိုက်နဲ့ မက်ဆေ့ပို့နေတာ ဒါမှမဟုတ် အင်တာနက်တက်နေတာ ဒါမှမဟုတ် ဂိမ်းကစားနေတာတွေပဲ။ 
 
 ဆူဆူညံညံနဲ့ အလုပ်များနေကြသလို တစ်ယောက်တည်းအထီးကျန်ကျန်နဲ့ အလုပ်ရှုပ်နေကြပါ တယ်။ အေးဆေး ဆိတ်ငြိမ်မှု တစ်မျိုး သူတို့ဆီမှာ မတွေ့ရပါဘူး။

ဥရောပနိုင်ငံက ရထားရဲ့အမြန်နှုန်းက တရုတ်နိုင်ငံ ရထားလောက် မြန်ချင်မှမြန်တော့မယ်၊ ဘူတာရုံ ရဲ့ခေတ်ဆန်ဆန် အနေအထားက တရုတ်နိုင်ငံလောက် ခေတ်ရှေ့ပြေးချင်မှပြေးတော့မယ်၊ ဒါပေမယ့် လူအများ က ရထားအလာကို စာဖတ်ရင်းစောင့်နေကြတာ ချည်းပဲ။ ဖုန်းပြောခဲ့ရင်တောင် ဘေးဘီက စာဖတ်နေသူတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အသံညင်ညင်သာသာနဲ့ပဲ ပြောပါတယ်။


တရုတ် လူမျိုးတွေ စာမဖတ်တာ မဟုတ်ဘူးဆိုတာကို ကျွန်မသိပါတယ်။ လူငယ်လူရွယ်တော်တော်များများ က ၁ဝမိနစ် တစ်ခါ အင်တာနက်ပွတ်ပြီး လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ရယူပါတယ်။ ဒါပေမယ့် facebookတို့၊ wechatတို့ သိပ်ခေတ်စားနေတာ ကပဲ ကျွန်မကို စိုးရိမ်စိတ်ဖြစ်စေပါတယ်။ ဒီအရာတွေက တိုထွာတဲ့ status၊ မက်ဆေ့ကိုပဲ ဖတ်တတ်ဖို့ ပုံသွင်းလိုက်လေမလား၊ နောင်မျိုးဆက်ကို အင်တာနက် စကားတွေပဲ အသုံးပြုတတ်ဖို့ ဖန်တီးလိုက်လေမလား။


တကယ့် စာဖတ်ခြင်း ဆိုတာ ပတ်ဝန်းကျင်လောကကို သင်မေ့ပြီး စာရေးသူနဲ့အတူ တခြားကမ္ဘာထဲ မှာ ပျော် ရွှင် တယ်၊ ဝမ်းနည်းတယ်၊ စိတ်တိုဒေါသထွက်တယ်၊ ငြိမ်းချမ်းတယ် ဆိုတာကို ဆိုလိုတာဖြစ်ပါ တယ်။ စာတွေက တစ်ပိုဒ်နဲ့တစ်ပိုဒ် အစားထိုးစရာမရှိအောင် ပြည့်စုံတဲ့ ဘဝအတွေ့အကြုံတွေဖြစ်တယ် ။ ကြေမွ တိုတောင်းတဲ့ status၊ မက်ဆေ့တွေ၊ ချဲ့ကားထားတဲ့ဗွီဒီယိုကားတွေနဲ့ အစားထိုးလို့ရတဲ့အရာတွေ မဟုတ် ပါဘူး။


အင်တာနက်ပေါ်စာဖတ်ခြင်းက ကမ္ဘာ့အနှံ့ မှာဖြစ်ပျက်နေတာတွေပါ။ တရုတ်နိုင်ငံမှာပဲ ရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် စာဖတ်ကျင့်ရှိတဲ့လူဦးရေက များပြားလှတဲ့ တရုတ်နိုင်ငံလူဦးရေထက်စာရင် ရာခိုင်နှုန်း က တော်တော်လေး နည်းနေပါတယ်။


တကယ်တမ်း ကျွန်မပြောချင်တာက ယနေ့ခေတ် တရုတ်နိုင်ငံမှာ တစ်ယောက်တည်းပေမယ့် အထီး မကျန် တဲ့၊ ကိုယ့်စိတ် ဝိညာဉ်နဲ့ကိုယ် ငြိမ်ငြိမ် ဆိတ်ဆိတ်နေလို့ရတဲ့ နေရာလပ်တစ်ခု ကင်းမဲ့နေတယ်ဆိုတာကိုပါပဲ။ ဘဝက လူကို စိတ်နွမ်းကိုယ်ပန်းစေပါတယ်။
 
 ခဏတာ “စက်ပိတ်”တဲ့အချိန်ကို ကျွန်မတို့ လိုအပ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ခန္ဓာ ကပ်ချိန်၊ စာဖတ်ချိန်၊ စာရေးချိန်၊ ငေးငိုင်ချိန်၊ တွေးတောချိန်၊ စိတ်ဝိညာဉ်ကို လွတ်မြောက်မှုပေးချိန်၊ ပြီးတော့ စိတ်ထဲ တစ်စု တစ်စည်း ပြန်ထည့်ချိန်တွေကို ကျွန်မတို့လိုအပ်ပါတယ်။

စီးပွား ဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကျွန်မတို့ ပြင်းပြင်းထန်ထန် မဝေဖန်သင့်ဘူးဆိုပေမယ့် ဒီလို စိတ်ဝိညာဉ် နဲ့ကင်းကွာသွားရင် နောင် အနာဂတ်တရုတ်ပြည်က ဒီ့အတွက် ပိုဖာထေးရလိမ့်မယ်လို့ ကျွန်မစိုးရိမ်မိ ပါတယ် ။ နှေးချင်နှေးပါစေ… စိတ်နဲ့ခန္ဓာ ခဏတာပေါ့ပါးခွင့်ပြုပါ…..


ဒီစာကိုရေးတဲ့ သူက အိန္ဒိယအမျိုးသမီး အင်ဂျင်နီယာ Sharmistha Mophapatra  ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဟာ အိမ်နီချင်းနိုင်ငံတွေမို့ တရုတ်ပြည်က စာမဖတ်ဘဲ iPad ပွတ်၊ ဖုန်းပွတ် တဲ့ရောဂါတွေ မြန်မာဖက် ကူးစက် မလာလေအောင် ကျွန်မ ဘာသာပြန်မျှဝေလိုက်ပါတယ်။ 
 
(တရုတ်ပြည်မှာက facebook ကို ပိတ်ထားတာကြောင့် facebookနဲ့ ပုံစံတူတဲ့ weibo ကိုပဲ အသုံးပြုကြ ပါတယ်။ မြန်မာနဲ့ပိုနီးစပ်အောင် weiboအစား  facebook လို့ ကျွန်မက ရေးလိုက်ပါတယ်)။ Sharmistha Mophapatraရေးခဲ့တဲ့  ဒီ“လူကိုစိုးရိမ်ကြောင့်ကြစေတဲ့ စာမဖတ်တဲ့တရုတ်လူမျိုးတွေ”ဆိုတဲ့ ဆောင်းပါးက တရုတ်ပြည်မှာဆွေးနွေးစရာ hot topic ဖြစ်ခဲ့ပါတယ်။ 
 
မတူတဲ့အမြင်တွေနဲ့ ဆောင်းပါးရှင် အဝေဖန်ခံခဲ့ရပေမယ့် သူရေးခဲ့တာတွေက အမှန်အကန်ဆိုတာ တကယ့် လက်တွေ့မှာ သက်သေပြလို့နေပါတယ်။

၂ဝ၁၃ခုနှစ် ဧပြီလမှာ တရုတ်သတင်းနဲ့ ပုံနှိပ်ထုတ်လုပ်ရေးအထူးသင်တန်းကျောင်းက ဆယ်ကြိမ်မြောက် အဖြစ် ပြည်သူတွေရဲ့စာဖတ်နှုန်းဆန်းစစ်မှုရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂ဝ၁၂ခုနှစ်မှာ အသက် ၁၈မှ ၇ဝနှစ် ပြည်သူတွေရဲ့စာဖတ်နှုန်းက ၅၅% နီးနီးရှိခဲ့တယ်လို့ဆိုပါတယ်။ လူတစ်ဦးရဲ့ အီးဘွတ်ခ်နဲ့ ပုံနှိပ် စာအုပ်ပျှမ်းမျှ ဖတ်နှုန်းက ၆ဒသမ၇အုပ်ရှိခဲ့ပါတယ်။


အဲဒီလို ထုတ်ပြန်ကြေညာပြီး နှစ်လအကြာမှာ ကွမ်ရှိ ဆရာအတတ်သင်တက္ကသိုလ် ပုံနှိပ်ထုတ်လုပ်ရေး ကလည်း အင်တာနက်ပေါ်မှာ “သေသေရှင်ရှင် ဆက်ဖတ်ချင်စိတ် ကို မရှိတော့တဲ့ စာအုပ်စာရင်း”ဆိုပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ 
 
စာဖတ်သူ ၃ထောင်ကျော် ဝင်ရောက်ဖြေကြားခဲ့ပြီး ရလဒ်က နာမည်ကြီး တရုတ်ဂန္တဝင်စာအုပ် ၄အုပ်က နံပါတ်၁ဝ အတွင်းမှာ ပါဝင်တာကို တွေ့ခဲ့ရပါတယ်။ ဂန္တာဝင် စာအုပ်တစ်အုပ်ဖြစ်တဲ့ Hong lou meng (ဆောင်ခန်းနီအိပ်မက်)က ထိပ်ဆုံးရောက်နေတာကို တွေ့ခဲ့ရပါတယ်။ 
 
စာဖတ်သူတွေရဲ့ပြောချက်အရ ဒီဂန္တဝင်စာအုပ်တွေက ရှည်လွန်းတယ်၊ စာအုပ်ပါအကြောင်းအရာတွေ ကလည်း တကယ့်လက်တွေ့ဘဝအတွက် ဘာအထောက်အကူမှ မဖြစ်စေဘူးလို့ ဆိုပါတယ်။ တချို့ကလည်း ဂန္တာဝင်စာပေတွေကို စိတ်ဝင်မစားဘူး။ လူငယ်လူရွယ်ရဲ့ချစ်ကြိုက်ညားကွဲတွေပဲ ဖတ်မယ်။ 
 
ပြီးတော့ ဆောင်ခန်းနီ အိပ်မက်ထဲမှာ ပါဝင်တဲ့သူတွေက များလွန်းတယ်။ သူတို့ဆီကနေ ဘာမှ သင်ယူထိုက် တဲ့အရာလည်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီရလဒ်တွေကို တက္ကသိုလ်တွင်းသတင်းစာ အယ်ဒီတာက “တရုတ်ပြည်ရဲ့စာဖတ်ရှိန်တွေ နောက်ပြန်ဆုတ်ခဲ့ပြီ.. စာဖတ်မြန်နှုန်းကလည်း ကျဆင်းခဲ့ပါပြီ”လို့ ဆိုခဲ့ပါ တယ်။

တရုတ် သတင်းနဲ့ ပုံနှိပ်ထုတ်လုပ်ရေးဌာနက “တစ်နိုင်ငံလုံး စာဖတ်ရှိန်မြင့်တင်ရေး”ကို တစ်နိုင်ငံလုံး စာဖတ်ရေး ဥပဒေထဲ ထည့်ဝင်ပြဌာန်းဖို့ မနှစ်က စီမံကိန်းချခဲ့တယ်လို့ သိရပါတယ်။ 
 
သက်ဆိုင်ရာကပြုစုတဲ့စာရင်းအရ မနှစ်က စာအုပ်မျိုးစုံပေါင်း ၄သိန်းကျော်ကို တရုတ်ပြည်က ပုံနှိပ် ထုတ်ဝေ ခဲ့ တယ်လို့ သိရပါတယ်။ ပုံနှိပ်ထုတ်ဝေနှုန်းက ၁၄% မြင့်တက်ခဲ့ပေမယ့် အဲဒီနှစ်က စာဖတ်သူဦးရေ နဲ့တွက် ချက်ကြည့်ရင် လူတစ်ဦးကို ပျှမ်းမျှတစ်အုပ်ပဲ ထပ်တိုးခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာ လူတွေကို စာမဖတ်ဖြစ်အောင်၊ စာဖတ်နည်းအောင် ပြုလုပ်နေတဲ့ အကြောင်းအရာ အမျိုး မျိုး ရှိပါတယ်။ စာမဖတ်တော့ရော ဘာဖြစ်လဲ၊ စာဖတ်တော့ရော ဘာဖြစ်လဲလို့ မေးလာခဲ့ရင် မန်ဒဲလား ကပြောတယ် “ပညာရေးဆိုတာ လောကကြီးကိုပြောင်းလဲ ပစ်နိုင်တဲ့ အင်အားအရှိဆုံး လက်နက်ပါ”တဲ့။ အဲဒီပညာရေးမှာ စာဖတ်ခြင်းလည်းပါဝင်တယ် မဟုတ်ပါလား…


နိုင်းနိုင်းစနေ (Jan. 10. 2014)




လိပ် ပြာ ခွဲ တမ်း { ကဗျာ }

လိပ် ပြာ ခွဲ တမ်း . မျက်တောင်တွေကိုတွန်းထွက်လာတာ မိုးရေစက်တွေမှမဟုတ်ဘဲ လိပ်ပြာခွဲချိန်ခွင်ဆီက လှုပ်ခတ်နေမှုဟာ မျက်ရည်ကိုတနင့်နင့်စိုစေခဲ့တယ်  ဘယ်သူကိုမှမပေးနိုင်ဘူး ဘယ်သူကမှလဲသူ့လောက် သူ့ရင်သွေးကိုနွေးစေမှာမဟုတ်ဘူး လူ့လောကလာခါစလူသားပေါက်စ ဝေးပြပြအရပ်ဆီက သူမြင်နေရတယ်  စူးရှနေတဲ့ဆာလာသံနဲ့ ကလေးငယ်ရဲ့အော်ငြီးမှုဟာ သူ့အတွက် အမျှအတမ်းပေးဝေမှုမှမဟုတ်ဘဲ သူထားပစ်ခဲ့ရတယ် သူ့ရင်သွေးရဲ့ရှေ့ရေးလမ်းတွေ သူဆွံ့အခဲ့ရတယ် သူ့ရင်သွေးအတွက်ဆုံးမစာတွေ  ဒီစာကိုဇာတ်နာအောင်မရေးခဲ့ဘူး  နောက်ဆုံး.... ချိန်ခွင်ရဲ့တစ်ဖက်မှာက သူ့နာမည်ပါတဲ့ ခဲတစ်လုံး အခြားတစ်ဖက်မှာ ပေးခဲ့လိုသူနာမည်ပါခဲတစ်လုံး အားမသန်လို့လျှော့လိုက်တဲ့မာန်မှာ သူ့နာမည်ပါခဲတစ်လုံးဖက်က မျက်ရည်ပူတွေစီးကျနေသယောင်....  (ရွာတစ်ရွာရောက်ရင်း နာရေးအိမ်တစ်အိမ်မှ ပြောပြချက်အရ ကိုယ်တွေ့မြင်ကွင်းတစ်ခုအားရေးဖွဲ့ထားပါသည်)           လေသွေးညို .

မျက်တောင်တွေကို တွန်းထွက်လာတာ
မိုးရေစက်တွေမှ မဟုတ်ဘဲ
လိပ်ပြာခွဲ ချိန်ခွင်ဆီက

လှုပ်ခတ်နေမှုဟာ
မျက်ရည်ကို တနင့်နင့်စိုစေခဲ့တယ်.............

ဘယ်သူကိုမှ မပေးနိုင်ဘူး

ဘယ်သူကမှလဲ သူ့လောက်
သူ့ရင်သွေး ကိုနွေးစေမှာမဟုတ်ဘူး
လူ့လောကလာခါစ လူသားပေါက်စ
ဝေးပြပြ အရပ်ဆီက
သူမြင်နေရတယ်.......................
 

စူးရှနေတဲ့ ဆာလာသံနဲ့

ကလေးငယ်ရဲ့အော်ငြီးမှုဟာ
သူ့အတွက်
အမျှအတမ်းပေးဝေမှုမှ မဟုတ်ဘဲ
သူထားပစ်ခဲ့ရတယ်
သူ့ရင်သွေးရဲ့ရှေ့ရေးလမ်းတွေ
သူဆွံ့အ ခဲ့ရတယ်
သူ့ရင်သွေးအတွက် ဆုံးမစာတွေ..............

ဒီစာကို ဇာတ်နာအောင်မရေးခဲ့ဘူး..................


နောက်ဆုံး....

ချိန်ခွင်ရဲ့ တစ်ဖက်မှာက
သူ့နာမည်ပါတဲ့ ခဲတစ်လုံး
အခြားတစ်ဖက်မှာ
ပေးခဲ့လိုသူနာမည်ပါ ခဲတစ်လုံး
အားမသန်လို့လျှော့လိုက်တဲ့မာန်မှာ
သူ့နာမည်ပါခဲတစ်လုံးဖက်က
မျက်ရည်ပူတွေစီးကျနေသယောင်....

(ရွာတစ်ရွာရောက်ရင်း နာရေးအိမ်တစ်အိမ်မှ ပြောပြချက်အရ ကိုယ်တွေ့မြင်ကွင်းတစ်ခုအားရေးဖွဲ့ထားပါသည်)


လေသွေးညို




Monday, January 27, 2014

ကလေးရယ် ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ်

ကလေးရယ်---ကလေးရယ် ကလေးရယ်---ကလေးရယ် ကလေးရယ်---ကလေးရယ်   အရမ်းကြောက်နေလား ကလေးရယ် ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ် ဘ၀ ဆိုတာကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှမဟုတ်တာပဲ အရမ်းကြောက်နေလား ကလေးရယ်  တချိန်မှာ မင်းတို့အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား ငါမတွေးရဲဘူးကလေးရယ် မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင်လွှမ်းတဲ့ညနက်ထဲ မင်းချမ်းနေရှာမလားကလေးရယ်-- ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်  လူချမ်းသာတွေ ဟော်တယ်တက်ပြီးဇိမ်ယစ်နေချိန် မင်း ကြောက်နေရတယ်ကလေးရယ် လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန် မင်း လမ်းေးပျာက်နေရတယ်ကလေးရယ် “ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ် မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ်  လူပဲကွယ် -- လူပဲ မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့ မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့ မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့ မင်းလည်း --- မင်းလည်း ------ ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ်  ကလေးရယ် --ကလေးရယ် မင်းမေမေကရော ဘယ်မှာလဲကွယ် မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ် ဆာလောင်မွတ်သိပ်ခြင်းနဲ့မင်းရယ် ဟင်းမကောင်းလို့ မေမေ့ကိုညူဆူတတ်တဲ့ ကလေးတွေရယ် ငါယှဉ်ကြည့်မိတယ် မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ်  အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေတဲ့လား အကြောက်တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ ကလေးရေ ---ကလေးရေ -- မင်းမငိုပါနဲ့ကွယ် မင်းမငိုပါနဲ့ကွယ် မင်းမငိုပါနဲ့ကွယ် ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ်  “ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ”  သက်တန့်ချို
 
 ကလေးရယ်...... အရမ်းကြောက်နေလား ကလေးရယ်... ငါ့ရင်ထဲလည်း မျက်ရည်ပေါင်း.များစွာ စီးကျနေတယ် ....
 
ဘ၀ ဆိုတာ ကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှ မဟုတ်တာပဲ အရမ်းကြောက်နေလား ကလေးရယ် တချိန်မှာ မင်းတို့ အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား 
 
ငါမတွေးရဲဘူးကလေးရယ်...မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင် လွှမ်းတဲ့ညနက်ထဲ မင်းချမ်းနေရှာမလား ကလေးရယ်-- ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်... 
 
လူချမ်းသာတွေ ဟော်တယ်တက်ပြီး ဇိမ်ယစ်နေချိန် မင်း ကြောက်နေရတယ် ကလေးရယ် လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန် မင်း လမ်းပျောက်နေရတယ်ကလေးရယ် “ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ် ။
 
မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ် လူပဲကွယ် -- လူပဲ မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့ မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့ မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့ မင်းလည်း --- မင်းလည်း ------ 
 
ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ် ကလေးရယ် --ကလေးရယ် မင်းမေမေကရော ဘယ်မှာ လဲကွယ် မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ် ဆာလောင်မွတ်သိပ်ခြင်းနဲ့ မင်းရယ် ...ဟင်းမကောင်း လို့ မေမေ့ကိုညူဆူ တတ်တဲ့ ကလေးတွေရယ် ငါယှဉ်ကြည့်မိတယ်......
 
 
မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ် အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေ တဲ့လား အကြောက် တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ ကလေးရေ ---ကလေးရေ -- မင်းမငိုပါနဲ့ကွယ် မင်းမငို ပါနဲ့ကွယ် မင်းမငိုပါနဲ့ကွယ် ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ် “ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ” 
 
From... သက်တန့်ချို
 
 

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်


ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်  ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။  ယင်းအချက်လေးချက်မှာ-  ၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်  ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။  ၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်  ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။  ၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်  ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။  ၄။ဓာတ်ဘူးနဲ့ မတည့်  ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။
 
 
ပဲနို့သည် ကလေးရော လူကြီးပါကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့်ပဲနို့  သောက် ရာ တွင် ကျန်းမာရေး အတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။

ယင်းအချက်လေးချက်မှာ-


၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်

ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လူ့ ခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။


၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ် သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်

ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။

၎။ဓာတ်ဘူးနဲ့ မတည့်

ပဲနို့တွင် ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့ တွင် ရောဂါ ပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။
 
From... မြ၀တီ
 

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ် စစ်ဆေး

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး  ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။   -အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့  (၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့  (၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့  (၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့   -အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။  Why ??? -ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။  -သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်      From : Mg Lwan Wai   -ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့  ဒီသတင်းကိုကြားရတာ ဂုဏ်ယူ ၀မ်းသားမိမယ် လို့ မျှော်လင့်ပါတယ် ဗျာ...  ဗုဒ္ဓဘာသာကမ္ဘာကျော်သွားအောင် ဆင့်ကဲ Share ပေးလိုက်ကြစမ်းပါဗျာ !!!!!
ဗုဒ္ဓမြတ်စွာဘုရား ၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623) ဆိုတော့၊ 

ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ 

မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ 

ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့ စွယ်တော် (သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ 


အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာ ရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေး လိုပါတယ်လို့ အကြိမ်ကြိမ်တောင်း ဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့ .....

 (၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့ ။ 

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့ ။

 (၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန် လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord (အမြင့်မြတ်ဆုံး အရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ ။ 

-အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ် မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်း ရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။.... Why ??? 

-ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာ ကမ္ဘာကျော်သွားမှာကို မဖြစ်စေချင်လို.ပါတဲ့။ 

 အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။ 

-သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် 

 From : Mg Lwan Wai -

ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့  ဒီသတင်းကိုကြားရတာ ဂုဏ်ယူ ၀မ်းသားမိမယ် လို့ မျှော်လင့်ပါတယ် ဗျာ... 

ဗုဒ္ဓဘာသာ ကမ္ဘာကျော်သွားအောင် ဆင့်ကဲ Share ပေးလိုက်ကြစမ်းပါဗျာ !!!!!

ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး

ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး   ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။   ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့ အရည်အပြား ယားနာ ပျောက်ဆေး တို့မှာ ထည့်သွင်း အသုံးပြုကြ ပါတယ်။ ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့် ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ဆီးချိုရောဂါရှိသူများလည်း ပုံမှန် စားသုံးသင့်တဲ့ အစားအစာ အဖြစ် ပါဝင် ပါတယ်။ ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ပုံမှန်စားသုံးသင့်ကြောင်း ဆိုပါတယ်။  ကမ္ဘာမှာ အပူဆုံး၊ အစပ်ဆုံး ငရုတ်သီးအဖြစ် လက်ရှိ စံချိန်တင်ထားတာ ကတော့ ဖိလပိုင် နိုင်ငံမှ Siling labuyo လို့အမည်ရတဲ့ ငရုတ်သီး ဖြစ်ပါ တယ်။ မြန်မာပြည်မှာဆိုရင် ကုလားအော်သီး လို့ခေါ်တဲ့ ငရုတ်သီးနဲ့ မျိုးစိတ် နီးစပ်ကြောင်း သိရ ပါတယ်။ . Ref: wiki အောင်ခမ်း ( ရိုးရာလေး )   http://www.yoyarlay.com/health/therapy/39804-benefit-of-chilli  .

ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ အထောက် အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။


ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့ အရည်ပြား ယားနာ ပျောက်ဆေး တို့မှာ ထည့်သွင်း အသုံးပြုကြ ပါတယ်။ ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေ တာကြောင့် ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ 
 
ဆီးချိုရောဂါရှိသူများလည်း ပုံမှန် စားသုံးသင့်တဲ့ အစားအစာ အဖြစ် ပါဝင် ပါတယ်။ ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ပုံမှန်စားသုံးသင့်ကြောင်း ဆိုပါတယ်။

ကမ္ဘာမှာ အပူဆုံး၊ အစပ်ဆုံး ငရုတ်သီးအဖြစ် လက်ရှိ စံချိန်တင်ထားတာ ကတော့ ဖိလစ်ပိုင် နိုင်ငံမှ Siling labuyo လို့ အမည်ရတဲ့ ငရုတ်သီး ဖြစ်ပါ တယ်။ မြန်မာပြည်မှာ ဆိုရင် ကုလားအော်သီး လို့ခေါ်တဲ့ ငရုတ်သီးနဲ့ မျိုးစိတ် နီးစပ်ကြောင်း သိရ ပါတယ်။


Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/health/therapy/39804-benefit-of-chilli



အကောင်းဆုံးနည်း .

အကောင်းဆုံးနည်း ... Monday, January 27, 2014  လူတိုင်းလူတိုင်း တစ်ခါတစ်လေ  ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ  ဘယ်လိုပဲ ပေါင်းသင်းနေထိုင် ပြုပြင်ပေမယ့် ပြုပြင်လို့ မရသူများ၊  လိုက်လျောလို့ မရသူများ၊   အဆင်ပြေအောင် ဆက်ဆံလို့ မရသူများ ရှိတတ်ပါတယ်။ အဲဒီသူတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်း ဖြစ်ကြရပြီး  နေ့စဉ်နှင့်အမျှ သူတို့ကို အကြောင်းပြုကာ  အကုသိုလ်များသာ ဖြစ်နေကြတာကို ကြုံဖူးကြမှာ ဖြစ်ပါတယ်။  ပုထုဇဉ်တွေရဲ့ သဘာဝအရ အဆင်မပြေ  ဖြစ်ကြပြီဆိုရင် တဘက်သူ ဘာပဲလုပ်လုပ်၊  ဘာပဲပြောပြော အကောင်းမြင်တတ်တဲ့  သဘောမရှိဘဲ မကောင်းဘက်ကပဲ တွေးနေမိတတ်ပါတယ်။  မကောင်းအမြင်နဲ့ မကောင်းတွေးထင်နေရင်  မကောင်းတဲ့ အကုသိုလ်ပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက်  မချစ်မနှစ်သက်သူ၊   အဆင်မပြေသူများနဲ့ ရှောင်လွဲမရ  အတူတကွ နေထိုင်ရသူများ အနေနဲ့  နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့ပဲ များနေကြမှာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ တဘက်သူကို ကိုယ့်အလိုကျ၊  ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ ကြိုးစားမနေဘဲ  ကိုယ်ကိုယ်တိုင် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်ပဲ ကြိုးစားသင့်ပါတယ်။  အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊  ဆုံးမပြုပြင်လို့ မရသူများကို အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းကတော့  ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။  သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ  ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ် လိုက်ပြီး  ခံစားမနေဘဲ လျစ်လျူရှုကာ   သဗ္ဗေသတ္တာ ကမ္မဿကာလို့ နှလုံးသွင်း နေလိုက်ခြင်းကသာ ကုသိုလ်မရပေမယ့်  အကုသိုလ်မဖြစ်တဲ့ အမှန်ကန်ဆုံး၊  အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။  - [မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)] Dhamma Danã Source ► Young Buddhist's Association
 
လူတိုင်းလူတိုင်း တစ်ခါတစ်လေ
ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ
ဘယ်လိုပဲ ပေါင်းသင်းနေထိုင်
ပြုပြင်ပေမယ့် ပြုပြင်လို့ မရသူများ၊
လိုက်လျောလို့ မရသူများ၊
အဆင်ပြေအောင် ဆက်ဆံလို့ မရသူများ ရှိတတ်ပါတယ်။
 
အဲဒီသူတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်း ဖြစ်ကြရပြီး
နေ့စဉ်နှင့်အမျှ သူတို့ကို အကြောင်းပြုကာ
အကုသိုလ်များသာ ဖြစ်နေကြတာကို
ကြုံဖူးကြမှာ ဖြစ်ပါတယ်။


ပုထုဇဉ်တွေရဲ့ သဘာဝအရ အဆင်မပြေ
ဖြစ်ကြပြီဆိုရင် တဘက်သူ ဘာပဲလုပ်လုပ်၊
ဘာပဲပြောပြော အကောင်းမြင်တတ်တဲ့
သဘောမရှိဘဲ မကောင်းဘက်ကပဲ တွေးနေမိတတ်ပါတယ်။
မကောင်းအမြင်နဲ့ မကောင်းတွေးထင်နေရင်
မကောင်းတဲ့ အကုသိုလ်ပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက်
မချစ်မနှစ်သက်သူ၊

အဆင်မပြေသူများနဲ့ ရှောင်လွဲမရ
အတူတကွ နေထိုင်ရသူများ အနေနဲ့
နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့ပဲ များနေကြမှာ ဖြစ်ပါတယ်။
အဲဒီလို အခါမျိုးမှာ တဘက်သူကို ကိုယ့်အလိုကျ၊
ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ ကြိုးစားမနေဘဲ
ကိုယ်ကိုယ်တိုင် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်ပဲ
ကြိုးစားသင့်ပါတယ်။

အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊
ဆုံးမပြုပြင်လို့ မရသူများကို အကုသိုလ်မဖြစ်အောင်
ကြိုးစားရာမှာ အကောင်းဆုံးနည်းကတော့
ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။
သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ
ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ် လိုက်ပြီး
ခံစားမနေဘဲ လျစ်လျူရှုကာ

သဗ္ဗေသတ္တာ ကမ္မဿကာလို့ နှလုံးသွင်း
နေလိုက်ခြင်းကသာ ကုသိုလ်မရပေမယ့်
အကုသိုလ်မဖြစ်တဲ့ အမှန်ကန်ဆုံး၊
အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။

- [မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]
Dhamma Danã Source ►
Young Buddhist's Association
From... Myanmar Online News
 

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှု နည်းစေ

 မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ  မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။  အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။  မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ 
 
မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။


အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြ သည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။


မာလကာသီး ပုံမှန် စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှုနည်းပြီး သွေးနှင့်ပတ်သက်သော    ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။
 
 From...မြ၀တီ

 
 

~ဘ၀နေနည်း~

~ဘ၀နေနည်း~  ဘ၀မှာနေတဲ့အခါမှာ စိတ်ဓါတ်ရေးရာမှာကောင်းတာကို အတုယူရမယ်။ လူဆိုတာစီးပွားရေးမျက်စိလည်းရှိရမယ်။ ဓမ္မာရေးရာအသိလည်းရှိရမယ်။ လူ့အသိုင်းအ၀ိုင်းမှာနေတဲ့အခါမှာ စီးပွားရေးမျက်စိမရှိလို့လည်းမဖြစ်ဘူး နော်။ တရားသဖြင့်သာစီးပွားရှာရမယ်နော်၊ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှမလုပ်မိအောင် တရားနဲ့ထိန်း သွားနိုင်ရမယ်။ ထိုပုဂ္ဂိုလ်ရလာတဲ့အကျိုးစီးပွားကိုလည်း ဓမ္မိယလဒ္ဓ တရားသဖြင့်ရတဲ့ အကျိုးစီးပွားလို့ဒီလိုဆိုထားတယ်နော်။  အဲဒီတရားသဖြင့်ရလာတဲ့ အကျိုးစီးပွားနဲ့ခုနက ဓမ္မအသိဥာဏ်နဲ့ ၂-ခု ပေါင်းပြီးတော့ မိမိကိုယ်တိုင်လည်း ချမ်းသာအောင်နေတယ်။ မိမိပါတ်ဝန်း ကျင်ကိုလည်း ချမ်းသာအောင်ထားတယ်။ မိဘကိုလည်းကျွေးမွေးစောင့် ရှောက်တယ်။ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်။ မိမိကိုးကွယ် တဲ့ဘာသာတရားကိုလည်း ထောက်ပံ့တယ်ဆိုတဲ့အလုပ်တွေလုပ်တာဟာ ဘ၀မှာကောင်းတာတွေကိုလုပ်တဲ့လုပ်နည်းဖြစ်တယ်။  နေ့စဉ်ဘ၀တစ်ခုမှအခြေခံအားဖြင့် အကျိုးရှိအောင်နေဖို့ဆိုတာ အကုသိုလ် နည်းအောင်နေဖို့အတွက်ပဲဖြစ်တယ်။ လူရယ်လို့ဖြစ်လာရင်စီးပွားရှာရမှာပဲ။ စီးပွားရှာတဲ့အခါမှာလည်း တရားမျှတစွာနဲ့ ကုသိုလ်စိတ်မွေးပြီးရှာဖွေကြရမှာ စိတ်ဖြူစင်အောင်ထားပြီး ဆောင်ရွက်ကြရမယ်၊ ငါလုပ်တဲ့အလုပ်တွေဟာ အများအတွက်ဖြစ်ပါစေ၊ အများအတွက်ငါလုပ်သမျှတွေဟာ အကျိုးဖြစ်ပါစေ၊ဒီလိုစိတ်ထားမျိုးထားပြီးတော့ လုပ်ကိုင်ပေးရမယ်။ ဒါဟာဘ၀မှာအကျိုးရှိအောင်နေနည်း တစ်ခုပေါ့။  လောကမှာ နေနည်းနှစ်မျိုးကိုပြန်ကြည့်ရင် ပညာရှိတို့ရဲ့နေနည်းနဲ့ ပညာမဲ့ တို့ရဲ့နေနည်း ဒီလိုကွဲပြားသွားတယ်နော်။  ပညာမဲ့တို့ရဲ့နေနည်းကတော့ဒီဘ၀မှာကောင်းစားရရင်ပြီးရောဆိုပြီးတော့ အကျိုးအကြောင်း အဆိုးအကောင်းကိုမသိဘူး၊ စားဖို့သောက်ဖို့ကလွဲပြီး ဘာမှမစဉ်းစားတော့ဘူး၊ ဒီဘ၀ကောင်းဖို့အတွက်ပဲ တွေးမိတယ်လေ။ အသက်မွေးတဲ့အထဲမှာ ပညာနဲ့အသက်မွေးတာအကောင်းဆုံးပဲ။  ပညာနဲ့နေတာကျတော့ စဉ်းစားပြီးတော့လုပ်ကိုင်ဆောင်ရွက်တာ၊ ဘယ်လိုများ နေ့တွေညတွေ ကုန်သွားသလဲဆိုပြီးတော့ စဉ်းစားမိတာနော်။ ကိုယ့်ကိုယ်ကိုစစ်ဆေးပြီးတော့ပညာနဲ့အသက်ရှင်တာနော်၊ ကောင်းတဲ့နည်းနဲ့ နေ့တွေရက်တွေကိုကုန်အောင်အသုံးချပြီးတော့ အသက်မွေးသွားတာ။  (ဒေါက်တာနန္ဒမာလာဘိဝံသ) (ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်တရားတော်)  နှင်းဆီဖူးလေးများ  Aye Chan Mon# Credit To :မြန်မာ့ရောင်စဉ်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ဘ၀မှာနေတဲ့အခါမှာ စိတ်ဓါတ်ရေးရာ မှာကောင်းတာကို အတုယူရမယ်။
  လူဆိုတာစီးပွားရေး မျက်စိ လည်းရှိရမယ်။ ဓမ္မာရေးရာ အသိလည်းရှိရမယ်။
 
လူ့အသိုင်း အ၀ိုင်းမှာနေတဲ့ အခါမှာ စီးပွားရေးမျက်စိ မရှိလို့လည်းမဖြစ်ဘူး နော်။ တရားသဖြင့်သာစီးပွားရှာ ရမယ်နော်၊ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှမလုပ်မိအောင် တရား နဲ့ ထိန်းသွားနိုင်ရမယ် ။ 
 
ထိုပုဂ္ဂိုလ်ရလာတဲ့အကျိုးစီးပွားကိုလည်း ဓမ္မိယလဒ္ဓ တရားသဖြင့်ရတဲ့ အကျိုးစီးပွား လို့ ဒီလိုဆိုထား တယ်နော်။


အဲဒီ တရားသဖြင့်ရလာတဲ့ အကျိုးစီးပွားနဲ့ ခုနက ဓမ္မအသိဥာဏ်နဲ့ ၂-ခု ပေါင်းပြီးတော့ မိမိကိုယ်တိုင်လည်း ချမ်းသာအောင်နေတယ်။မိမိပါတ်ဝန်းကျင်ကိုလည်းချမ်းသာအောင်ထားတယ်။မိဘကိုလည်းကျွေးမွေးစောင့်
ရှောက်တယ်။ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်။ 
 
မိမိကိုးကွယ်တဲ့ ဘာသာတရား ကို လည်း ထောက် ပံ့ တယ်ဆိုတဲ့ အလုပ်တွေလုပ် တာဟာဘ၀ မှာကောင်း တာတွေကိုလုပ်တဲ့လုပ်နည်းဖြစ်တယ်။

နေ့စဉ်ဘ၀တစ်ခုမှအခြေခံအားဖြင့် အကျိုးရှိအောင်နေဖို့ဆိုတာ အကုသိုလ်နည်းအောင်နေဖို့ အတွက်ပဲဖြစ် တယ်။ လူရယ်လို့ဖြစ်လာရင်စီးပွားရှာရမှာပဲ။
 
 စီးပွားရှာတဲ့ အခါမှာလည်း တရားမျှ တစွာနဲ့ ကုသိုလ် စိတ်မွေးပြီးရှာဖွေကြရမှာ စိတ်ဖြူ စင်အောင် ထားပြီး ဆောင်ရွက်ကြရမယ်၊ ငါလုပ်တဲ့ အလုပ်တွေဟာ အများ အတွက်ဖြစ် ပါစေ၊ အများအတွက် ငါလုပ်သမျှတွေဟာ အကျိုးဖြစ်ပါစေ၊ဒီလိုစိတ်ထားမျိုးထားပြီးတော့ လုပ်ကိုင်ပေးရမယ်။ ဒါဟာဘ၀ မှာအကျိုးရှိအောင်နေနည်း တစ်ခုပေါ့။

လောကမှာ နေနည်းနှစ်မျိုးကိုပြန်ကြည့်ရင် ပညာရှိတို့ရဲ့နေနည်းနဲ့ ပညာမဲ့ တို့ရဲ့နေနည်း ဒီလို ကွဲပြားသွား တယ်နော်။

ပညာမဲ့တို့ရဲ့နေနည်း ကတော့ဒီဘ၀မှာကောင်းစားရရင်ပြီးရော ဆိုပြီးတော့ အကျိုးအကြောင်း အဆိုး အကောင်းကိုမသိဘူး၊ စားဖို့သောက်ဖို့ကလွဲပြီး ဘာမှမစဉ်းစားတော့ဘူး၊ ဒီဘ၀ကောင်းဖို့ အတွက် ပဲ တွေးမိတယ်လေ။ အသက်မွေးတဲ့အထဲမှာ ပညာနဲ့အသက်မွေးတာ အကောင်းဆုံးပဲ။

ပညာနဲ့နေတာကျတော့ စဉ်းစားပြီးတော့လုပ်ကိုင်ဆောင်ရွက်တာ၊ ဘယ်လိုများ နေ့တွေညတွေ ကုန်သွား သလဲဆိုပြီးတော့ စဉ်းစားမိတာနော်။ ကိုယ့်ကိုယ်ကို စစ်ဆေးပြီးတော့ ပညာနဲ့အသက် ရှင်တာနော် ၊ ကောင်းတဲ့နည်းနဲ့ နေ့တွေရက်တွေကိုကုန်အောင်အသုံးချပြီးတော့ အသက်မွေးသွားတာ။

(ဒေါက်တာနန္ဒမာလာဘိဝံသ)
(ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်တရားတော်)

နှင်းဆီဖူးလေးများ

Aye Chan Mon# Credit To :မြန်မာ့ရောင်စဉ်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် ။



ဆရာမင်းခိုက်စိုးစံ စာအုပ်တွေ ဖတ်ချင် စုချင်သူများအတွက်


 ဆရာမင်းခိုက်စိုးစံ စာအုပ်တွေ ဖတ်ချင် စုချင်သူများအတွက် အုပ်-20 ဒေါင်းနိုင်ပါပီ   ငှားရ ၀ယ်ရ မလွယ်သောသူများ ဒေါင်းလုပ်ယူဖတ်နိုင်ဖို့ အုပ်-20 တင်လိုက်ပါတယ်  စုဆောင်းထားချင်သူများ အောက်ကလင့်မှာ Download ယူပါ ။အုပ်-20 ပါ  http://www.zwmnna.com/2014/01/20.html
ဆရာမင်းခိုက်စိုးစံ စာအုပ်တွေ ဖတ်ချင် စုချင်သူများအတွက် အုပ်-20 ဒေါင်းနိုင်ပါပြီ ။


ငှားရ ၀ယ်ရ မလွယ်သောသူများ ဒေါင်းလုပ်ယူဖတ်နိုင်ဖို့ အုပ်-20 တင်လိုက်ပါတယ်


စုဆောင်းထားချင်သူများ အောက်ကလင့်မှာ Download ယူပါ ။ အုပ်-20 ပါ ။

http://www.zwmnna.com/2014/01/20.ht
 
From...မောင်(စွယ်စုံကျမ်း)

 
 
 

Sunday, January 26, 2014

အရှေ့တောင်အာရှ ရဲ့ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ် တကျော့ပြန်ခေတ်ဆန်း လာတော့ မည်လော

အရှေ့တောင်အာရှ ရဲ့ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် တကျော့ပြန်ခေတ်ဆန်းလာတော့မည်လော  နှစ်ပေါင်း ၂၀ ကျော်ကြာ သော့ခတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်၏ တံခါးများ ဖွင့်လိုက်သည်ကို အားလုံးက ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ သို့သော်တစ်လကျော် အကြာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထို့အတွက် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လိုက်ပြီ ဖြစ်သော်လည်း ၁၉၈၈ အစောပိုင်း ကာလများကဲ့သို့ တစ်ကျော့ပြန် ခေတ်ဆန်း လာနိုင်ဦးမလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။  ၂၀၁၄ နှစ်သစ် ငါးရက်တာ ဖြတ်သန်း ပြီးသည့်အချိန်။ ရန်ကုန်တက္ကသိုလ်၏ အထင်ကရ အဓိကလမ်းမကြီးတွင် သစ်ရွက်ခြောက်တို့ ဟိုတစ်စ ဒီတစ်စ။ ကျောပိုးအိတ် လွယ်ထားသည့် ကျောင်းသားများမှာလည်း တစ်ဦးစနှစ်ဦးစ။ သေချာသည်က စည်စည်ကားကား မရှိသေး။  ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ် ပထမဘွဲ့ဒီဂရီရယူရန် တက်ရောက်နိုင်သည့် အတန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်မှ ပြန်လည် စတင်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က ဖွင့်လှစ်လိုက်ခြင်း ဖြစ်ရာ ပထမနှစ်အတွက် ကျောင်းသားဦးရေမှာ ၁၀၉ ဦးဖြစ်သည်။ အထူးပြု ဘာသာရပ်ပေါင်း ၂၀ အတွက် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၅၀ ဖြင့် စုစုပေါင်း တက်ရောက်ခွင့် ကျောင်းသားဦးရေမှာ ၁၀၀၀ ဖြစ်သည်။  နှစ်ပေါင်း ၂၀ကျော်ကြာ စွန့်ပစ်ခံခဲ့ ရသော ရန်ကုန်တက္ကသိုလ်သည် ပြင်ဆင်မှု ပြုလုပ်နေရဆဲ ဖြစ်သည့်အပြင် လက်ရှိတွင် ကျောင်းသားများမှာလည်း ပထမဆုံး အကြိမ် ဖြစ်နေသေးသည့်အတွက် တက္ကသိုလ် နှင့် ကျောင်းသားဦးရေ မမျှသေး ကြောင်း ရူပဗေဒဌာန ဌာနမှူး ပါမောက္ခဒေါက်တာ ခင်မာကြည်က ပြောကြားသည်။ ယခု ပညာသင်နှစ်မှစကာ တက္ကသိုလ်တွင် ကျောင်းသားများ အဆောင် နေထိုင်ရန်လည်း ပြန်လည် စီစဉ်ပေးလာပြီ ဖြစ်သည်။  ဒလမြို့နယ်မှ ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသားအဖြစ် တက်ရောက်နေသူ တစ်ဦးက “အဝေးကနေ လာတက်သူအဖို့ အဆင်ပြေပါတယ်။ ရန်ကုန်မြို့လို ကားကျပ်ပြီး တစ်နေရာနဲ့ တစ်နေရာသွားဖို့ အချိန်ပေးနေရတဲ့ အချိန်မှာ ကျောင်းအိပ် ကျောင်းစားလုပ်ရတာ စာကို ပိုအာရုံစူးစိုက် လို့ရတယ်” ဟု ဆိုသည်။  ဝေဖန်သူတို့ အချို့၏ အဆိုအရမူ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီး ကတ္တရာလမ်း အနည်းငယ် မြင့်လာခြင်းနှင့် လက်ရှိကျောင်းသားများနေသည့် အဆောင်ကို ထုံးသုတ်ခဲ့ပြီး ကျန်အဆောင်များသည် ပြင်ဆင်ခြင်းမရှိဘဲ ယိုယွင်းပျက်စီးနေဆဲ ဖြစ်သည်ဟု ဆိုကြသည်။ ကျောင်းသားတစ်ဦးကမူ “လက်တွေ့ ပစ္စည်းတွေက ဟိုအရင်က ပစ္စည်းတွေ၊ အဆင်မပြေဘူး” ဟု ဆိုသည်။  ရန်ကုန်တက္ကသိုလ်အတွင်း အဆောင်နေ ကျောင်းသားများသည် ည ၁၀ နာရီ နောက်ဆုံး ထား၍ ဝင်ရောက်ရမည် ဖြစ်ပြီး ကျောင်းသူများမှာ ညနေ ၆ နာရီ နောက်ဆုံးထား ဝင်ရောက်ရမည် ဖြစ်သည်။ အဆောင်နေ ကျောင်းသူကျောင်းသားများသည် နိုင်ငံရေး လုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများထံ အကြောင်းကြားရမည် ဟူ၍ ကန့်သတ်ထားသည်။  မြန်မာ့နိုင်ငံရေးတွင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် သခင်ဘသောင်း၊ ဗိုလ်လက်ျာ၊ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ကိုဗဟိန်း၊ မစ္စတာရာရှစ်၊ ဦးသိန်းဖေမြင့်စသည့် နိုင်ငံရေးခေါင်းဆောင် တို့အပြင် ဒေါက်တာလှမြင့်၊ ဒေါက်တာ ထင်အောင်၊ ဒေါက်တာသန်းထွန်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဒဂုန်တာရာ အစရှိသော ပညာရှင် အမြောက်အမြားကို ရန်ကုန်တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သည်။  ရန်ကုန်တက္ကသိုလ် ပြန်လည် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်တက္ကသိုလ်ဟာ ပညာရေးမှသာ မဟုတ်ဘူး။ နိုင်ငံရေးမှာလည်း အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ မွေးထုတ် ပေးခဲ့တယ်။ တက္ကသိုလ်ဟာ စံချိန်စံနှုန်း မီရင် အဲဒီအတိုင်း ဖြစ်နေရမယ်” ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လွှတ်တော်တွင် ပြောဆိုဖူးသည်။  ရန်ကုန်တက္ကသိုလ်သည် ၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီးသည့်နောက်ပိုင်း ပိတ်ပင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် တက္ကသိုလ်များ ဖွင့်လှစ်ခဲ့သည့် အပြင် ရန်ကုန်မြို့တော်တွင်လည်း တက္ကသိုလ်များကို မြို့ပြင်ထုတ်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာ့ ၏ပညာရေးစနစ်သည် နိုင်ငံတကာတွင်သာမက နိုင်ငံတွင်း တွင်လည်း နိမ့်ကျခဲ့သည်ကို ငြင်းမရပေ။  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီကမူ မြန်မာ့ပညာရေး မြှင့်တင်ရန် သင်ထောက်ကူပစ္စည်းများ လိုအပ်သည့် အပြင် လူ့အဖွဲ့အစည်းကို ခေါင်းဆောင်နိုင်သော ကျောင်းသားများ ထွက်ပေါ်လာရေးအတွက် သင်ကြားရေးစနစ်ကို ပြောင်းလဲရန် လိုအပ်နေသည်ဟု ပြောကြားသည်။ “လွတ်လပ်စွာ တွေးခေါ် ဆွေးနွေးနိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို ပြန်လည် အသက်သွင်းပေးရမယ်” ဟု ၎င်းက ဆိုသည်။  ၁၉၂၀ ပြည့်နှစ်ကတည်းက စပြီး ပင်မတက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သော ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်သည် ၁၉၉၆ ခုနှစ်တွင် ဘွဲ့ကြိုသင်တန်း (Undergraduate) များ ရပ်ဆိုင်းခဲ့ရပြီး ဘွဲ့လွန်နှင့် ပြင်ပ ဒီပလိုမာ သင်တန်းများသာ ဖွင့်လှစ်နိုင်သောကြောင့် တက္ကသိုလ် အင်္ဂါရပ်များ၊ ဂုဏ်ပုဒ်များ ကွယ်ပျောက်ခဲ့ရသည်။  သို့သော်လည်း ၂၀၁၂ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတအိုဘားမား ရန်ကုန် တက္ကသိုလ်တွင် သမိုင်းဝင် မိန့်ခွန်းပြောပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ဂျွန်ဟော့ပ်ကင်း၊ ဂျာမနီနိုင်ငံမှ ကိုလုံး၊ တောင်ကိုရီးယားက ချောင်အန်း (Chung Ang)၊ ဟန်ယန်း စသော တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ပြီး နိုင်ငံတကာဆက်ဆံရေး (IR) ၊ မနုဿဗေဒ ပညာရပ်များတွင် ကျမ်းပြုအဆင့် ဘွဲ့လွန်ကျောင်းသားများကို သင်ကြားရန် စီစဉ်နေကြောင်း ရူပဗေဒဌာနမှူး ပါမောက္ခ ဒေါက်တာ ခင်မာကြည်က ဆိုသည်။  ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းကူညီမှုများ ပေးရန် ထိုင်း၊ ကိုရီးယား၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ တက္ကသိုလ်တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ သည်။  “ဘယ်ကျောင်းတွေနဲ့ပဲ ချိတ်ချိတ် သင်ကြားရေးစနစ် မပြောင်းလဲရင်တော့ အဆင့်မြင့်တဲ့ တက္ကသိုလ်လို့ သတ်မှတ်လို့ မရနိုင်ဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက ဆိုသည်။  မည်သို့ပင် ဆိုစေကာမှု ၁၉၄၀- ၁၉၅၀ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်အဆင့် သတ်မှတ် ခံရပြီး ၁၉၅၀-၁၉၆၂ခုနှစ်များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့် တက္ကသိုလ်အဖြစ် စာရင်းပေါက်ခဲ့သော ရန်ကုန်တက္ကသိုလ် ပြန်လည် အဆင့်မြှင့်တင်ရေးကို မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေသူများ ရှိနေသည်ကို ငြင်းချက်ထုတ် မရသည်က အမှန်ပင် ဖြစ်သည်။  ယင်းသို့ စောင့်ကြည့် ဝေဖန်မှုများကြားမှ ရန်ကုန်တက္ကသိုလ်တစ်ကျော့ပြန် ခေတ်ဆန်း လာနိုင်ဦးမလားဆိုသည်ကိုမူ မည်မျှကြာမည် ခန့်မှန်းရန် ခက်သည့် ကာလတစ်ခုအဖြစ် စောင့်ကြည့်ရမည် ဖြစ်သည်။ By The Voice
 နှစ်ပေါင်း ၂၀ ကျော်ကြာ သော့ခတ် ထားခဲ့သော ရန်ကုန်တက္ကသိုလ်၏ တံခါးများ ဖွင့်လိုက်သည်ကို အားလုံး က ဝမ်းသာ ကြိုဆို ခဲ့ကြသည်။ သို့သော်တစ်လကျော် အကြာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ 
ထို့အတွက် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လိုက်ပြီ ဖြစ်သော်လည်း ၁၉၈၈ အစောပိုင်း ကာလများ ကဲ့သို့ တစ်ကျော့ပြန် ခေတ်ဆန်း လာနိုင်ဦးမလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

၂၀၁၄ နှစ်သစ် ငါးရက် တာ ဖြတ်သန်း ပြီးသည့်အချိန်။ ရန်ကုန်တက္ကသိုလ်၏ အထင်ကရ အဓိက လမ်းမကြီး တွင် သစ်ရွက်ခြောက် တို့ ဟိုတစ်စ ဒီတစ်စ။ ကျောပိုးအိတ် လွယ်ထားသည့် ကျောင်းသားများမှာလည်း တစ်ဦးစနှစ်ဦးစ။ သေချာသည်က စည်စည်ကားကား မရှိသေး။ 

ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ် ပထမဘွဲ့ ဒီဂရီရယူရန် တက်ရောက်နိုင် သည့် အတန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တွင်မှ ပြန်လည် စတင် ၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က ဖွင့်လှစ် လိုက်ခြင်း ဖြစ် ရာ ပထမနှစ်အတွက် ကျောင်းသားဦးရေမှာ ၁၀၉ ဦးဖြစ်သည်။ အထူးပြု ဘာသာ ရပ်ပေါင်း ၂၀ အတွက် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၅၀ ဖြင့် စုစုပေါင်း တက်ရောက် ခွင့် ကျောင်းသားဦးရေမှာ ၁၀၀၀ ဖြစ်သည်။ 
 နှစ်ပေါင်း ၂၀ကျော်ကြာ စွန့်ပစ်ခံခဲ့ ရသောရန်ကုန်တက္ကသိုလ်သည် ပြင်ဆင်မှု ပြုလုပ်နေရဆဲ ဖြစ်သည့် အပြင် လက်ရှိတွင် ကျောင်းသားများမှာလည်းပထမဆုံးအကြိမ် ဖြစ်နေသေးသည့်အတွက်တက္ကသိုလ် နှင့်   ကျောင်း သားဦးရေ မမျှသေး ကြောင်း ရူပဗေဒဌာန ဌာနမှူး ပါမောက္ခဒေါက်တာ ခင်မာကြည် က ပြောကြား သည်။
 ယခု ပညာသင်နှစ်မှ စကာ တက္ကသိုလ်တွင် ကျောင်းသားများ အဆောင် နေထိုင်ရန်လည်း ပြန်လည် စီစဉ်ပေး လာပြီ ဖြစ်သည်။ ဒလမြို့နယ်မှ ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသားအဖြစ် တက်ရောက်နေ သူ တစ်ဦးက “အဝေးကနေ လာတက်သူ အဖို့ အဆင်ပြေပါတယ်။ ရန်ကုန်မြို့လို ကားကျပ်ပြီး တစ်နေရာနဲ့ တစ်နေရာသွားဖို့ အချိန်ပေးနေရတဲ့ အချိန်မှာ ကျောင်းအိပ် ကျောင်းစားလုပ်ရတာ စာကို ပိုအာရုံစူးစိုက် လို့ရတယ်” ဟု ဆိုသည်။
 ဝေဖန်သူတို့ အချို့၏ အဆိုအရမူ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီး ကတ္တရာလမ်း အနည်း ငယ် မြင့် လာခြင်းနှင့် လက်ရှိကျောင်းသားများနေသည့် အဆောင်ကို ထုံးသုတ်ခဲ့ပြီး ကျန်အဆောင်များ သည် ပြင် ဆင်ခြင်း မရှိဘဲ ယိုယွင်းပျက်စီးနေဆဲ ဖြစ်သည်ဟု ဆိုကြသည်။ ကျောင်းသား တစ်ဦးကမူ “လက်တွေ့ ပစ္စည်းတွေက ဟိုအရင်က ပစ္စည်းတွေ၊ အဆင်မပြေဘူး” ဟု ဆိုသည်။ 
ရန်ကုန်တက္ကသိုလ် အတွင်း အဆောင်နေ ကျောင်းသားများသည် ည ၁၀ နာရီ နောက်ဆုံး ထား၍ ဝင်ရောက် ရမည် ဖြစ်ပြီး ကျောင်းသူများမှာ ညနေ ၆ နာရီ နောက်ဆုံးထား ဝင်ရောက်ရမည် ဖြစ်သည်။ အဆောင်နေ ကျောင်းသူကျောင်းသားများသည် နိုင်ငံရေး လုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန် ခံ များထံ အကြောင်းကြားရမည် ဟူ၍ ကန့်သတ်ထားသည်။ 
 မြန်မာ့နိုင်ငံရေးတွင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် သခင် ဘသောင်း၊ ဗိုလ်လက်ျာ၊ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ကိုဗဟိန်း၊ မစ္စတာရာရှစ်၊ ဦးသိန်းဖေမြင့် စသည့် နိုင်ငံရေးခေါင်းဆောင် တို့အပြင် ဒေါက်တာလှမြင့်၊ ဒေါက်တာ ထင်အောင်၊ ဒေါက်တာသန်းထွန်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဒဂုန်တာရာ အစရှိသော ပညာရှင် အမြောက်အမြားကို ရန်ကုန်တက္ကသိုလ် မှ မွေးထုတ်ပေးခဲ့သည်။ 
ရန်ကုန်တက္ကသိုလ် ပြန်လည် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်တက္ကသိုလ်ဟာ ပညာရေးမှ သာ မဟုတ်ဘူး။ နိုင်ငံရေးမှာလည်း အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ မွေးထုတ် ပေးခဲ့တယ်။ တက္ကသိုလ်ဟာ စံချိန် စံနှုန်း မီရင် အဲဒီအတိုင်း ဖြစ်နေရမယ်” ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လွှတ်တော်တွင် ပြောဆိုဖူးသည်။ 
ရန်ကုန်တက္ကသိုလ်သည် ၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီးသည့်နောက်ပိုင်း ပိတ်ပင်ခဲ့ပြီး တိုင်းဒေသ ကြီးနှင့် ပြည် နယ် အသီးသီးတွင် တက္ကသိုလ်များ ဖွင့်လှစ်ခဲ့သည့် အပြင် ရန်ကုန်မြို့တော်တွင်လည်း တက္ကသိုလ်များကို မြို့ပြင်ထုတ်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာ့ ၏ပညာရေးစနစ်သည် နိုင်ငံတကာတွင်သာ မက နိုင်ငံတွင်း တွင်လည်း နိမ့်ကျခဲ့သည်ကို ငြင်းမရပေ။
 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီကမူ မြန်မာ့ပညာရေး မြှင့်တင်ရန် သင်ထောက် ကူပစ္စည်းများ လိုအပ်သည့် အပြင် လူ့အဖွဲ့အစည်းကို ခေါင်းဆောင်နိုင်သော ကျောင်းသားများ ထွက်ပေါ်လာရေးအတွက် သင်ကြားရေးစနစ်ကို ပြောင်းလဲရန် လိုအပ်နေသည်ဟု ပြောကြားသည်။ 
“လွတ်လပ်စွာ တွေးခေါ် ဆွေးနွေးနိုင်ခွင့် ရှိတဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို ပြန်လည် အသက်သွင်းပေး ရမယ်” ဟု ၎င်းက ဆိုသည်။ ၁၉၂၀ ပြည့်နှစ်ကတည်းက စပြီး ပင်မ တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သော ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်သည် ၁၉၉၆ ခုနှစ်တွင် ဘွဲ့ကြိုသင်တန်း (Undergraduate) များ ရပ်ဆိုင်း ခဲ့ရပြီး ဘွဲ့လွန်နှင့် ပြင်ပ ဒီပလိုမာ သင်တန်းများသာ ဖွင့်လှစ်နိုင်သောကြောင့် တက္ကသိုလ် အင်္ဂါရပ်များ၊ ဂုဏ်ပုဒ်များ ကွယ်ပျောက်ခဲ့ရသည်။ 
သို့သော်လည်း ၂၀၁၂ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတအိုဘားမား ရန်ကုန် တက္ကသိုလ်တွင် သမိုင်း ဝင် မိန့်ခွန်းပြောပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ဂျွန်ဟော့ပ်ကင်း၊ ဂျာမနီနိုင်ငံမှ ကိုလုံး ၊ တောင် ကို ရီးယား က ချောင်အန်း (Chung Ang)၊ ဟန်ယန်း စသော တက္ကသိုလ်ကြီးများနှင့် ချိတ် ဆက် ပြီး နိုင်ငံတကာဆက်ဆံရေး (IR) ၊ မနုဿဗေဒ ပညာရပ်များတွင် ကျမ်းပြုအဆင့် ဘွဲ့လွန်ကျောင်းသားများ ကို သင်ကြားရန် စီစဉ်နေကြောင်း ရူပဗေဒဌာနမှူး ပါမောက္ခ ဒေါက်တာ ခင်မာကြည်က ဆိုသည်။
 ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းကူညီမှုများ ပေးရန် ထိုင်း၊ ကိုရီးယား၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ တက္ကသိုလ်တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ သည်။ “ဘယ်ကျောင်းတွေနဲ့ပဲ ချိတ်ချိတ် သင်ကြားရေး စနစ် မပြောင်းလဲရင်တော့ အဆင့်မြင့်တဲ့ တက္ကသိုလ်လို့ သတ်မှတ်လို့ မရနိုင်ဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက ဆိုသည်။ 
 မည်သို့ပင် ဆိုစေကာမှု ၁၉၄၀- ၁၉၅၀ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ် အဆင့် သတ်မှတ် ခံရပြီး ၁၉၅၀-၁၉၆၂ခုနှစ်များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့် တက္ကသိုလ်အဖြစ် စာရင်းပေါက်ခဲ့သော ရန်ကုန်တက္ကသိုလ် ပြန်လည် အဆင့်မြှင့်တင်ရေးကို မြန်မာသာမက ကမ္ဘာကပါ စောင့် ကြည့်နေသူများ ရှိနေသည်ကို ငြင်းချက်ထုတ် မရသည်က အမှန်ပင် ဖြစ်သည်။ 
ယင်းသို့ စောင့်ကြည့် ဝေဖန်မှုများကြားမှ ရန်ကုန်တက္ကသိုလ်တစ်ကျော့ပြန် ခေတ်ဆန်း လာနိုင်ဦးမလား ဆိုသည်ကိုမူ မည်မျှကြာမည် ခန့်မှန်းရန် ခက်သည့် ကာလတစ်ခုအဖြစ် စောင့်ကြည့်ရမည် ဖြစ်သည်။ By The Voice