Saturday, September 28, 2013

အမျိုးသမီးများ မုဒိန်းကျင့်ခံရမှုမှ ကင်းဝေးစေဖို့ မှတ်စရာများ


မုဒိမ်းမှု ကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်း သမားတွေကို အင်တာ ဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုc.်..တဲ့ အချက်အ လက်  တွေကိုလေ့ လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်… 
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင် ပုံစံပါ။ နောက် ဆံပင် ကို အရင်းပိုင်းစုစည်းပြီး ဆံပင် အရှည်ချထားတဲ့ ပုံစံ၊

ဆံထုံးထုံး ထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့် ဆွဲလို့ကောင်း တဲ့ ပုံစံတွေ ကို ရွေးချယ် တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့ သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယ တစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစား အလွယ်တကူ ချွတ်ပစ် လို့ရမယ့် မိန်းကလေး မျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက် ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ် အစားတွေကိုဖြတ်ပစ်ဖို့
ကတ်ကြေးယူဆောင်လာတတ်ကြပါတယ်။                                                                                         
(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့ မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါ တယ်။

အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့ မလွယ်ပါဘူး၊ ရုတ်တရက် မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့ အတွက် မုဒိမ်းကောင်တွေ အတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ် သွားတဲ့ နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင် လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ် သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင် သမျှတိုက်ခိုက်နေခဲ့မယ် ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန် အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။

သင် ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ ဒါကတော့ မုဒိမ်း ကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှ မလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။

အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..
(၁) လမ်း၊ ဓာတ်ဆီဆိုင်၊ ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါး အကွေ့နေရာ မျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက် ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီ လူရဲ့မျက်နှာ ကို သေ ချာကြည့် ပါ။

ထို့နောက် သူ့ကို မေးခွန်းတစ်ခု တစ်လေလောက်မေးပါ (စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်း ရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။

အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင် အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူး သွားပြီ၊ ဒုတိယ အချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ် ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။

မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည် တိုက်ခိုက်ဖို့ ကြောက်ရွံ မနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစား ချင်တော့ပါဘူး။ ထားခဲ့ လိုက်ပါတယ်။ သူတို့ ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေး တစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်း ရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့ မယ်ဆိုရင် အဲ့ဒါကို လက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။

အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာ တို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။


သွေးထွက်အောင် အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီး တယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ် ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ် အပျက်မျိုးကို မမျှော်လင့် ထားတဲ့ လူတစ်ယောက် အတွက် မလွယ်ကူ လှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပို ထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာ စမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊

အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံး အချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့ လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်း ကလည်း အားသိပ် မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပြီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့ /အမူ အယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေ ပါ။ အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေ တယ်လို့ မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံ တစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။

နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့ လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ် ကိုတောင်း မယ် ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ် ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက် ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။

အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီးသင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို
မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့ မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..

(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက် ပုန်းနေနိုင်တယ် ဆိုတဲ့စိတ်ဖြင့် ကားဘေး ပတ်ပတ်လည် နဲ့ ခရီးသည် ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထား ကြည့်ပါ။ )

(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။

( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။

အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက် ကို ခေါ်ပြီးမှပြန်လာပါ။

ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွား တာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်း ဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
 
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျော တဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။

သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူ အညီတောင်း ပါတယ်။ ကားထဲရောက် သွားရင်တော့ သင့်ကို သူ အတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ခြေနှစ်ချောင်း မကယ်ကောင်းဆိုတဲ့ စကားပုံ အတိုင်း မလိုအပ်ရင် မသနား ပါနဲ့လို့ အကြံပေး ပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင် မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင် တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။

ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။

ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

From: ရုပ်သေးရုပ်

www.mmdailystar.com    မှမျှဝေဖေါ်ပြသည

မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ





အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတစ်ပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍ ကနေ ပြန် လည် ဖော်ပြပေး လိုက်ပါ တယ်။ အခုခေတ် မှာ လူတိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်နေ ပြီဖြစ် တဲ့ အင်တာ နက် ရဲ့ ကောင်း ကျိုး တွေ ကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာ ကို တွေ့ရပါတယ်။ 
အင်တာနက် နည်း ပ ညာ တိုး တက် လာတာ နဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေ လဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါ တယ်။ ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေ ကို မပြောလိုပါဘူး။

 
ကျွန်တော့် မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ
ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share)
အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တစ်ချို့ဆို ရိုးရိုးသား သား နေတာ ကို ချောင်းရိုက် ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။
အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တစ်ချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။


ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ် မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်း လမ်းကောင်းလေးတွေ ပေး ချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။
ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်း လမ်းတွေ က အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူကိုယ်တိုင် မသိလိုက်ပဲ သူ့ဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။
ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။
အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။
cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။
vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။
 
ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။
မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။
ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။
တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။
ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။

မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုယ်တောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။
ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။
From:Myanmar News Update

www.mmdailystar.com မှမျှဝေဖေါ်ပြသည်                                             






ကား ချောဆီ အကြောင်း သိကောင်းစရာ



ကား ချောဆီ အကြောင်း သိကောင်းစရာ ------------------------------- အောင်ခမ်း (ရိုးရာလေး)  စက်ဆီ၊ချောဆီ ဆိုတာမျိုးကလည်း ကားမှာ အရေးကြီးပါတယ်။ သူမပါရင် ကားမောင်းလို့ မရပါဘူး။ မောင်းလို့ ရလည်း နာရီပိုင်းတောင် မကြာပါဘူး။ ကားပျက်ကိုပျက်ပါတယ်။ ဘာကြောင့်ပါလဲ။  ချောဆီ နှင့်ရည်ရွယ်ချက်  - အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန် - စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန် - သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန် - စက်ပစ္စည်းများ လည်ပတ်ရန်ထောက်ပံ့ခြင်း  အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန်  အဓိက ရည်ရွယ်ချက်ကတော့ အအေးခံဖို့ပါပဲ။ ပူလောင်နေတဲ့ ကားအင်ဂျင်နဲ့ အခြားအစိတ်အပိုင်းများကို အအေးခံဖို့ ကျတော့ ချောဆီကို အသုံးပြုပေးရပါတယ်။ ချောဆီက ပူတော့ မနေပါဘူး။ သာမန် ဆီများထက် အဆင့်ပေါင်းများစွာ သန့်စင်ထားတဲ့ ယင်းဆီဟာ အပူတွေကို သယ်ဆောင်ပေးပါတယ်။ အရှင်းဆုံး ဥပမာ ပေးရမယ်ဆိုရင် ပူနေတဲ့ ဖန်ရေနွေးခွက်ကို ရေအေးထဲ ချလိုက်တဲ့အခါ အပြင်ပိုင်းဟာ ပြန်အေးသွားပါတယ်။ ဒီလိုပါပဲ ပူလောင်နေတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို အအေးခံဖို့ အတွက် ချောဆီက အပြင်ကနေ အေးသွားစေပါတယ်။ အအေးခံခြင်း မှာ ရေနဲ့အအေးခံတာလည်း ရှိပေမယ့် ယခုက ချောဆီ အကြောင်းဆိုတော့ ချောဆီနဲ့ အအေးခံတာကိုပဲ ရှင်းလင်းပါ့မယ်။   စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန် --------------------------------------------  စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန် အပေါ်တစ်ချက်က ရှင်းပြီးပြီ။ ဒုတိယတစ်ချက်ကို သိပ်မရှင်းဘူးထင်ပါတယ်။ ကျနော်တို့ လက်စွတ်ကို ချွတ်မရ ဖြစ်တဲ့အခါ ဆီလေးနဲ့ လိမ်းပြီးချွတ်ရင် ကျွတ်သလိုပါပဲ။ အဲ့ဒီမှာ လက်ကလည်း မနာမကျင်၊ မပွန်းမပဲ့၊ လက်စွတ်ကလည်း မပျက်မစီး မပွန်းမပဲ့နဲ့ ကျွတ်သွားပါတယ်။ ဒီတော့ နှစ်ခုစလုံး မပျက်ဆီးပါဘူး။ ဒီလိုပါပဲ အင်ဂျင်နဲ့ လှုပ်ရှားနေတဲ့ ကားအစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု ထိဆက်ပြီး အလုပ်လုပ်နေပါတယ်။ ဒီလိုထိခိုက်ပါများ၊ ပွတ်တိုက်ပါများတဲ့ အပိုင်းတွေကို နှစ်ခုနှစ်ဖက်စလုံး မထိခိုက်စေအောင် ချောဆီက ကြားခံ ကာကွယ်ပေးထားပါတယ်။   သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန် --------------------------------------------------------------  တတိယ တစ်ချက်ကတော့ အားလုံးသိလောက်ပါမယ်။ ဘယ် သံ အစိတ်အပိုင်းမဆို ဆီသုတ်လိမ်းအား ကောင်းရင် တောရုံ နဲ့ ချေးမတက်ပါဘူး။ မတိုက်စားပါဘူး။ မပျက်ဆီးပါဘူး။ အကြောင်းအရင်းက ဒီလိုပါ။ သံချေး တက်တယ်ဆို တာ လေမှာပါ တဲ့ အောက်ဆီဂျင်နဲ့ သံမှာပါဝင်တဲ့ Iron (Fe) သံဓာတ်တို့ ပေါင်းစပ်မိ သွားပြီး သံအောက်ဆိုဒ် (အိုင်းရွန်းအောက်ဆိုဒ်) ကို ဖြစ်ပေါ်စေ ပါတယ်။ ဆိုးကျိုးကတော့ နဂိုကတည်းက သန်မာနေတဲ့ သံဟာ အောက်ဆီဂျင်နဲ့ ရောစပ်သွားမှုကြောင့် ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ တင်မကပဲ အခြား ဓာတ်ငွေ့ များနဲ့လည်း ဓာတ်ပြုပြီး Corrosion အကြီးစား၊ Rusting အကြီး စားတွေ ဖြစ်ပေါ်စေတယ်။ ယင်းပြဿနာကို ချောဆီမှာပါဝင်တဲ့ ဓာတ်များက ဖြေရှင်းပေးပါတယ်။ ချောဆီမှာ အဲကာလိုင်းတို့လို ဓာတ်ပါပြီး အက်ဆစ်တွေ၊ သံအောက်ဆိုဒ်တွေကို ချေဖြတ်ပေး ပါတယ်။   စက်ပစ္စည်းများ လည်ပတ်ရန် ထောက်ပံ့ခြင်း -------------------------------------------------  ကားမှန်တွေမှာပါ။ ပါဝါဝင်ဒိုးစနစ် အလုပ်လုပ်နိုင်ဖို့အတွက် ချောဆီ တစ်မျိုး(အမဲဆီ) တစ်မျိုးကို အသုံးပြုပါတယ်။ အပေါ်တက်အောက် ဆင်းဖြစ်အောင် လျှပ်စစ်ခလုပ်က အလုပ်လုပ်တယ် ဆိုပေမယ့် စက်ပိုင်းဆိုင်ရာ အလုပ်လုပ်မှုကိုကျ ယင်းချောဆီ က ထောက်ပံ့ပေး ပါတယ်။ ဥပမာ မြင့်အောင် တင်ပေးလိုက်တာမျိုး၊ ကျအောင် ချပေးလိုက်တာမျိုးက အထဲမှာ Grease က ကောင်းကောင်း အလုပ်လုပ်လို့ ဖြစ်ပါတယ်။ ဟိုက်ဒရောလစ်နဲ့မတူသေးပါဘူး။ ဘရိတ်မှာကျ ဟိုင်းဒရောလစ်ကို သုံးပါတယ်။ ရေမြှုပ်သော် လည်းကောင်၊ လေအိုးသော်လည်းကောင်း အသုံးပြုတာမျိုးက သက်သက် ရှိပါသေးတယ်။ ယခုက ချောဆီရဲ့  အသုံးပြုမှုကိုသာ ခွဲခြားဖော်ပြတာပါ။  အခြားနေရာများတွင် အသုံးပြုခြင်း -------------------------------------  အခြားနေရာ ဆိုတာ ဒီလိုပါ။ စက်ပစ္စည်းတွေ အဖြုတ်အတပ် ပြုလုပ် တဲ့အခါ ချောဆီကို အသုံးပြု ရပါတယ်။ ဒီမှာတော့ ကိုယ်ဖြုတ်တပ်တဲ့ စက်ပစ္စည်းအပေါ် မူတည်ပြီး ချောဆီ အမျိုးမျိုးကို အသုံးပြု ပါတယ်။ ဈေးအပေါဆုံး အမဲဆီက စလို့ ဈေးအကြီးဆုံး ဆီအမျိုးစုံ ထိအောင်ကို အသုံးပြု ပါတယ်။ ကားဝပ်ရှော့တွေမှာ ဆို ချောဆီအမျိုးမျိုးကို အမြော်ကအများစုဆောင်းသိမ်း ဆည်းထား ရပြီး ကားပြင်ဆင်ခြင်းမှာ အသုံးပြုရပါတယ်။ ရှင်းရှင်း ပြောရ ရင် ရေချိုးပေးတဲ့ သဘောပါပဲ။ ကားမှာပါတဲ့ အစိတ်အပိုင်းတွေကို သန့်ရှင်းဖို့ကျ ရေနဲ့ သွားလောင်းလို့ မရပါဘူး။ ပိုတောင် ပျက်ဆီးသွားစေပါတယ်။ ချောဆီရေနဲ့ လောင်းပေးရပြီး သေချာ သုတ်လိမ်း ပေးခြင်းဖြင့် စိတ်ပစ္စည်းများရဲ့  သက်တမ်းကို ရှည်ကြာစေ ပါတယ်။  အသုံးပြုသည့် နေရာ ဥပမာ  ကားမှာပါတဲ့ ဝက်အူရစ်တွေ၊ ဂွေတွေ၊ အကွင်းအဆက်တွေ၊ ဂီယာတွေကို တပ်ဆင်တာ ဒီတိုင်း ပလိန်းကြီး တပ်ရ၊ ဖြုတ်ရတာ မဟုတ်ပါဘူး။ တပ်ပဲတပ်တပ်၊ ဖြုတ်ပဲ ဖြုတ်ဖြုတ် ချော ဆီလောင်း ထားပေးရပါတယ်။ ကားတစ်စီးရဲ့  အစိတ်အပိုင်းတွေကို ခွဲထုတ်ကြည့်တဲ့အခါမှာ ဆီတွေနဲ့ ပေနေတာကို အလွယ်တကူ မြင်တွေ့ သိရှိနိုင်ပါတယ်။  အင်ဂျင် ပစ်စတင်နဲ့ အင်ဂျင်ဆလင်ဒါ ကြားက ဆက်စပ်မှုကလည်း ဒီတိုင်းပလိန်းကြီးမဟုတ်ပါဘူ။ အပေါ်တက် အောက်ဆင်း အလုပ် လုပ်နေရတဲ့ အင်ဂျင် ပစ်စတင် ဘေးပတ်လည်မှာ ချောဆီများ သွားလာနေပြီး အအေးခံရန် သော်လည်းကောင်း၊ မပျက်ဆီးရန်သော် လည်းကောင်း၊ အလွယ်တကူ မထစ်မငေါ့ပဲ သွားလာလည်ပတ်နိုင် ရန်လည်ကောင်း အသုံးပြုရပါတယ်။ ဒါကြောင့် ကားကြီးတွေမှာ ဆို ချောဆီတိုင်ကီဆိုပြီး သီးသန့်တောင် ရှိလာပါတယ်။ ယင်းတိုင်ကီကနေ ချောဆီက တစ်ကားလုံးက အင်ဂျင်အစိတ်အပိုင်း များဆီ ပို့လွတ်ပေးရေသလိုပဲ ဖြစ်ပါတယ်။  ချောဆီအမျိုးမျိုး  ကားအင်ဂျင်မှာ သုံးတော့ ကားအင်ဂျင်ဆီ၊ ကားမှာသုံးတော့ ကားဆီ၊ ပါဝါဝင်းဒိုးမှာ သုံးတော့ ပါဝါဝင်းဒိုးဆီ၊ ဘရိတ်မှာ သုံးတော့ ဘရိတ်ဆီ၊ ကား အူလည်တိုင်မှာ သုံးတော့ အူလည်တိုင်ဆီ၊ ဘို့နဲ့ နတ်ချောင်းတွေ မှာ အသုံးပြုသော ဘို့နဲ့ နတ်ဆီ အမျိုးအစားအမျိုးမျိုးကွဲပါတယ်။ နတ်ဆိုလို့ မိုးပေါ်က နတ်ကိုဆိုလိုတာ မဟုတ်ပါဘူး။ Nut လို့ခေါ်တဲ့ အစွတ်အတပ်လုပ်ရတဲ့ အချောင်းအတံပစ္စည်းလေး ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးမှာတင် အသုံးပြုတဲ့ ချောဆီက ၁၀ မျိုးမက ကွဲသွားရပါတယ်။ ကွဲရတဲ့အကြောင်းအရင်းက ယင်းအစိတ်အပိုင်း အားလုံးမှာ အသုံးပြုတဲ့ သံအမျိုးအစားများ ကွဲပြားနေ ရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတောင် ကားပဲ ရှိပါသေးတယ်။ ဆိုင်ကယ်မှာသုံးတဲ့ချောဆီ၊ လေယာဉ်မှာ သုံးတဲ့ ချောဆီ၊ သင်္ဘောမှာ သုံးတဲ့ချောဆီ အစရှိသဖြင့်တို့လည်း ထပ်မဲ ကွဲပြားနေပြန်ပါသေး တယ်။ ထုတ်လုပ်တာကတော့ ရေနံကနေ အဆင့်ဆင့်ကြိုချက်တာပါပဲ။ အဆင့်ဆင့် ကြိုချက်ပြီး ထပ်မံ ပေါင်းထပ်ပေးရတဲ့ ဓာတုဓာတ်ပေါင်းမျးလည်း ရှိပါသေးတယ်။ ဓာတု ဓာတ်ပေါင်းများ ထပ်မံပေါင်းစပ်လို့ နောက်ဆုံးမှာ အဆင့်အမျိုးမျိုးခွဲတဲ့ ချောဆီများ ရရှိပါတော့တယ်။   ကားတစ်စီးမှာ ချောဆီသာ ပါမလာခဲ့ရင် -------------------------------------------  ကားလို့တောင် မခေါ်ချင်တော့ပါဘူး။ ကားရယ်လို့ ဖြစ်မလာခင် စက်အစိတ် အပိုင်း တစ်ခုချင်းဆီ စတင်ပေါ်ပေါက် ကတည်းက ချော ဆီဆိုတာ အသုံးပြုရတာပါ။ ဥပမာ ဂီယာဘီးတွေ စတင်ပေါ်ကတည်း က ချောဆီကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ ကားအင်ဂျင်နဲ့ ကားအစိတ်အပိုင်းများ စတင်မွေးဖွားလာကတည်းက ချောဆီ က ဘေးကနေ ကန့်လန့်ပါလာပါတယ်။ ကားတစ်စီးမှာ ချောဆီ ၊စက်ဆီတွေသာ ကောင်းကောင်း ထောက်ပံ့ မပေးနိုင် နောက်ဆုံး သွားရမယ့် ခရီးက ပျက်ဆီးခြင်းပါပဲ။  အနှစ်ချုပ်  ဒါကြောင့် ကားတစ်စီးဝယ်တော့မယ်ဆိုရင် အဟောင်းပဲ ဖြစ်ဖြစ်၊ အသစ်ပဲ ဖြစ်ဖြစ် ချောဆီ၊စက်ဆီ ကိစ္စကို ဂရုစိုက်ပေးသင့်ပါတယ်။ သူ့ကိုမှ သေချာဂရုမစိုက်ရင် ကားတစ်စီး အသက်တိုရပြီးမြန်မြန်ပျက် ရပါတယ်။ ပျက်လို့ ဝပ်ရှော့ပို့ပြီးပြင်၊ သနပ်ခါးပြန်လူးပေးတော့ ကောင်းတယ်လို့ အပေါ်ယံက ထင်ရ၊မြင်ရပေမယ့် တကယ်ကျ အဲဒီလိုမဟုတ်ပါဘူး။ အချိန်ကြာလာ တာနဲ့အမျှ ပိုပြီး ပျက်ဆီးရပါတယ်။ ဒီလောက်ဆိုရင် ကားတစ်စီးရဲ့  ချောဆီအကြောင်း အကြမ်းဖျင်း လေ့လာမိပြီလို့ မျော်လင့်ပါတယ်။  http://www.yoyarlay.com/book/article/38144-all-bout-car-oil  .

စက်ဆီ၊ချောဆီ ဆိုတာမျိုးကလည်း ကားမှာ အရေးကြီးပါတယ်။ သူမပါရင် ကားမောင်းလို့ မရပါဘူး။ မောင်းလို့ ရလည်း နာရီပိုင်းတောင် မကြာပါဘူး။ ကားပျက်ကိုပျက်ပါတယ်။ ဘာကြောင့်ပါလဲ။


ချောဆီ နှင့်ရည်ရွယ်ချက်

- အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန်
- စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန်
- သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန်
- စက်ပစ္စည်းများ လည်ပတ်ရန်ထောက်ပံ့ခြင်း


အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန်

အဓိက ရည်ရွယ်ချက်ကတော့ အအေးခံဖို့ပါပဲ။ ပူလောင်နေတဲ့ ကားအင်ဂျင်နဲ့ အခြားအစိတ်အပိုင်းများကို အအေးခံဖို့ ကျတော့ ချောဆီကို အသုံးပြုပေးရပါတယ်။ ချောဆီက ပူတော့ မနေပါဘူး။ သာမန် ဆီများထက် အဆင့်ပေါင်းများစွာ သန့်စင်ထားတဲ့ ယင်းဆီဟာ အပူတွေကို သယ်ဆောင်ပေးပါတယ်။ အရှင်းဆုံး ဥပမာ ပေးရမယ်ဆိုရင် ပူနေတဲ့ ဖန်ရေနွေးခွက်ကို ရေအေးထဲ ချလိုက်တဲ့အခါ အပြင်ပိုင်းဟာ ပြန်အေးသွားပါတယ်။ ဒီလိုပါပဲ ပူလောင်နေတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို အအေးခံဖို့ အတွက် ချောဆီက အပြင်ကနေ အေးသွားစေပါတယ်။ အအေးခံခြင်း မှာ ရေနဲ့အအေးခံတာလည်း ရှိပေမယ့် ယခုက ချောဆီ အကြောင်းဆိုတော့ ချောဆီနဲ့ အအေးခံတာကိုပဲ ရှင်းလင်းပါ့မယ်။


စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန်


စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန် အပေါ်တစ်ချက်က ရှင်းပြီးပြီ။ ဒုတိယတစ်ချက်ကို သိပ်မရှင်းဘူးထင်ပါတယ်။ ကျနော်တို့ လက်စွတ်ကို ချွတ်မရ ဖြစ်တဲ့အခါ ဆီလေးနဲ့ လိမ်းပြီးချွတ်ရင် ကျွတ်သလိုပါပဲ။ အဲ့ဒီမှာ လက်ကလည်း မနာမကျင်၊ မပွန်းမပဲ့၊ လက်စွတ်ကလည်း မပျက်မစီး မပွန်းမပဲ့နဲ့ ကျွတ်သွားပါတယ်။ ဒီတော့ နှစ်ခုစလုံး မပျက်ဆီးပါဘူး။ ဒီလိုပါပဲ အင်ဂျင်နဲ့ လှုပ်ရှားနေတဲ့ ကားအစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု ထိဆက်ပြီး အလုပ်လုပ်နေပါတယ်။ ဒီလိုထိခိုက်ပါများ၊ ပွတ်တိုက်ပါများတဲ့ အပိုင်းတွေကို နှစ်ခုနှစ်ဖက်စလုံး မထိခိုက်စေအောင် ချောဆီက ကြားခံ ကာကွယ်ပေးထားပါတယ်။


သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန်

တတိယ တစ်ချက်ကတော့ အားလုံးသိလောက်ပါမယ်။ ဘယ် သံ အစိတ်အပိုင်းမဆို ဆီသုတ်လိမ်းအား ကောင်းရင် တောရုံ နဲ့ ချေးမတက်ပါဘူး။ မတိုက်စားပါဘူး။ မပျက်ဆီးပါဘူး။ အကြောင်းအရင်းက ဒီလိုပါ။ သံချေး တက်တယ်ဆို တာ လေမှာပါ တဲ့ အောက်ဆီဂျင်နဲ့ သံမှာပါဝင်တဲ့ Iron (Fe) သံဓာတ်တို့ ပေါင်းစပ်မိ သွားပြီး သံအောက်ဆိုဒ် (အိုင်းရွန်းအောက်ဆိုဒ်) ကို ဖြစ်ပေါ်စေ ပါတယ်။ ဆိုးကျိုးကတော့ နဂိုကတည်းက သန်မာနေတဲ့ သံဟာ အောက်ဆီဂျင်နဲ့ ရောစပ်သွားမှုကြောင့် ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ တင်မကပဲ အခြား ဓာတ်ငွေ့ များနဲ့လည်း ဓာတ်ပြုပြီး Corrosion အကြီးစား၊ Rusting အကြီး စားတွေ ဖြစ်ပေါ်စေတယ်။ ယင်းပြဿနာကို ချောဆီမှာပါဝင်တဲ့ ဓာတ်များက ဖြေရှင်းပေးပါတယ်။ ချောဆီမှာ အဲကာလိုင်းတို့လို ဓာတ်ပါပြီး အက်ဆစ်တွေ၊ သံအောက်ဆိုဒ်တွေကို ချေဖြတ်ပေး ပါတယ်။


စက်ပစ္စည်းများ လည်ပတ်ရန် ထောက်ပံ့ခြင်း

ကားမှန်တွေမှာပါ။ ပါဝါဝင်ဒိုးစနစ် အလုပ်လုပ်နိုင်ဖို့အတွက် ချောဆီ တစ်မျိုး(အမဲဆီ) တစ်မျိုးကို အသုံးပြုပါတယ်။ အပေါ်တက်အောက် ဆင်းဖြစ်အောင် လျှပ်စစ်ခလုပ်က အလုပ်လုပ်တယ် ဆိုပေမယ့် စက်ပိုင်းဆိုင်ရာ အလုပ်လုပ်မှုကိုကျ ယင်းချောဆီ က ထောက်ပံ့ပေး ပါတယ်။ ဥပမာ မြင့်အောင် တင်ပေးလိုက်တာမျိုး၊ ကျအောင် ချပေးလိုက်တာမျိုးက အထဲမှာ Grease က ကောင်းကောင်း အလုပ်လုပ်လို့ ဖြစ်ပါတယ်။ ဟိုက်ဒရောလစ်နဲ့မတူသေးပါဘူး
။ ဘရိတ်မှာကျ ဟိုင်းဒရောလစ်ကို သုံးပါတယ်။ ရေမြှုပ်သော် လည်းကောင်၊ လေအိုးသော်လည်းကောင်း အသုံးပြုတာမျိုးက သက်သက် ရှိပါသေးတယ်။ ယခုက ချောဆီရဲ့  အသုံးပြုမှုကိုသာ ခွဲခြားဖော်ပြတာပါ။

အခြားနေရာများတွင် အသုံးပြုခြင်း

အခြားနေရာ ဆိုတာ ဒီလိုပါ။ စက်ပစ္စည်းတွေ အဖြုတ်အတပ် ပြုလုပ် တဲ့အခါ ချောဆီကို အသုံးပြု ရပါတယ်။ ဒီမှာတော့ ကိုယ်ဖြုတ်တပ်တဲ့ စက်ပစ္စည်းအပေါ် မူတည်ပြီး ချောဆီ အမျိုးမျိုးကို အသုံးပြု ပါတယ်။ ဈေးအပေါဆုံး အမဲဆီက စလို့ ဈေးအကြီးဆုံး ဆီအမျိုးစုံ ထိအောင်ကို အသုံးပြု ပါတယ်။ ကားဝပ်ရှော့တွေမှာ ဆို ချောဆီအမျိုးမျိုးကို အမြော်ကအများစုဆောင်းသိမ်း ဆည်းထား ရပြီး ကားပြင်ဆင်ခြင်းမှာ အသုံးပြုရပါတယ်။ ရှင်းရှင်း ပြောရ ရင် ရေချိုးပေးတဲ့ သဘောပါပဲ။ ကားမှာပါတဲ့ အစိတ်အပိုင်းတွေကို သန့်ရှင်းဖို့ကျ ရေနဲ့ သွားလောင်းလို့ မရပါဘူး။ ပိုတောင် ပျက်ဆီးသွားစေပါတယ်။ ချောဆီရေနဲ့ လောင်းပေးရပြီး သေချာ သုတ်လိမ်း ပေးခြင်းဖြင့် စိတ်ပစ္စည်းများရဲ့  သက်တမ်းကို ရှည်ကြာစေ ပါတယ်။

အသုံးပြုသည့် နေရာ ဥပမာ

ကားမှာပါတဲ့ ဝက်အူရစ်တွေ၊ ဂွေတွေ၊ အကွင်းအဆက်တွေ၊ ဂီယာတွေကို တပ်ဆင်တာ ဒီတိုင်း ပလိန်းကြီး တပ်ရ၊ ဖြုတ်ရတာ မဟုတ်ပါဘူး။ တပ်ပဲတပ်တပ်၊ ဖြုတ်ပဲ ဖြုတ်ဖြုတ် ချော ဆီလောင်း ထားပေးရပါတယ်။ ကားတစ်စီးရဲ့  အစိတ်အပိုင်းတွေကို ခွဲထုတ်ကြည့်တဲ့အခါမှာ ဆီတွေနဲ့ ပေနေတာကို အလွယ်တကူ မြင်တွေ့ သိရှိနိုင်ပါတယ်။

အင်ဂျင် ပစ်စတင်နဲ့ အင်ဂျင်ဆလင်ဒါ ကြားက ဆက်စပ်မှုကလည်း ဒီတိုင်းပလိန်းကြီးမဟုတ်ပါဘ
ူ။ အပေါ်တက် အောက်ဆင်း အလုပ် လုပ်နေရတဲ့ အင်ဂျင် ပစ်စတင် ဘေးပတ်လည်မှာ ချောဆီများ သွားလာနေပြီး အအေးခံရန် သော်လည်းကောင်း၊ မပျက်ဆီးရန်သော် လည်းကောင်း၊ အလွယ်တကူ မထစ်မငေါ့ပဲ သွားလာလည်ပတ်နိုင် ရန်လည်ကောင်း အသုံးပြုရပါတယ်။ ဒါကြောင့် ကားကြီးတွေမှာ ဆို ချောဆီတိုင်ကီဆိုပြီး သီးသန့်တောင် ရှိလာပါတယ်။ ယင်းတိုင်ကီကနေ ချောဆီက တစ်ကားလုံးက အင်ဂျင်အစိတ်အပိုင်း များဆီ ပို့လွတ်ပေးရေသလိုပဲ ဖြစ်ပါတယ်။

ချောဆီအမျိုးမျိုး

ကားအင်ဂျင်မှာ သုံးတော့ ကားအင်ဂျင်ဆီ၊ ကားမှာသုံးတော့ ကားဆီ၊ ပါဝါဝင်းဒိုးမှာ သုံးတော့ ပါဝါဝင်းဒိုးဆီ၊ ဘရိတ်မှာ သုံးတော့ ဘရိတ်ဆီ၊ ကား အူလည်တိုင်မှာ သုံးတော့ အူလည်တိုင်ဆီ၊ ဘို့နဲ့ နတ်ချောင်းတွေ မှာ အသုံးပြုသော ဘို့နဲ့ နတ်ဆီ အမျိုးအစားအမျိုးမျိုးကွဲပါ
တယ်။ နတ်ဆိုလို့ မိုးပေါ်က နတ်ကိုဆိုလိုတာ မဟုတ်ပါဘူး။ Nut လို့ခေါ်တဲ့ အစွတ်အတပ်လုပ်ရတဲ့ အချောင်းအတံပစ္စည်းလေး ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးမှာတင် အသုံးပြုတဲ့ ချောဆီက ၁၀ မျိုးမက ကွဲသွားရပါတယ်။ ကွဲရတဲ့အကြောင်းအရင်းက ယင်းအစိတ်အပိုင်း အားလုံးမှာ အသုံးပြုတဲ့ သံအမျိုးအစားများ ကွဲပြားနေ ရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတောင် ကားပဲ ရှိပါသေးတယ်။ ဆိုင်ကယ်မှာသုံးတဲ့ချောဆီ၊ လေယာဉ်မှာ သုံးတဲ့ ချောဆီ၊ သင်္ဘောမှာ သုံးတဲ့ချောဆီ အစရှိသဖြင့်တို့လည်း ထပ်မဲ ကွဲပြားနေပြန်ပါသေး တယ်။ ထုတ်လုပ်တာကတော့ ရေနံကနေ အဆင့်ဆင့်ကြိုချက်တာပါပဲ။ အဆင့်ဆင့် ကြိုချက်ပြီး ထပ်မံ ပေါင်းထပ်ပေးရတဲ့ ဓာတုဓာတ်ပေါင်းမျးလည်း ရှိပါသေးတယ်။ ဓာတု ဓာတ်ပေါင်းများ ထပ်မံပေါင်းစပ်လို့ နောက်ဆုံးမှာ အဆင့်အမျိုးမျိုးခွဲတဲ့ ချောဆီများ ရရှိပါတော့တယ်။


ကားတစ်စီးမှာ ချောဆီသာ ပါမလာခဲ့ရင်

ကားလို့တောင် မခေါ်ချင်တော့ပါဘူး။ ကားရယ်လို့ ဖြစ်မလာခင် စက်အစိတ် အပိုင်း တစ်ခုချင်းဆီ စတင်ပေါ်ပေါက် ကတည်းက ချော ဆီဆိုတာ အသုံးပြုရတာပါ။ ဥပမာ ဂီယာဘီးတွေ စတင်ပေါ်ကတည်း က ချောဆီကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ ကားအင်ဂျင်နဲ့ ကားအစိတ်အပိုင်းများ စတင်မွေးဖွားလာကတည်းက ချောဆီ က ဘေးကနေ ကန့်လန့်ပါလာပါတယ်။ ကားတစ်စီးမှာ ချောဆီ ၊စက်ဆီတွေသာ ကောင်းကောင်း ထောက်ပံ့ မပေးနိုင် နောက်ဆုံး သွားရမယ့် ခရီးက ပျက်ဆီးခြင်းပါပဲ။

အနှစ်ချုပ်

ဒါကြောင့် ကားတစ်စီးဝယ်တော့မယ်ဆိုရင် အဟောင်းပဲ ဖြစ်ဖြစ်၊ အသစ်ပဲ ဖြစ်ဖြစ် ချောဆီ၊စက်ဆီ ကိစ္စကို ဂရုစိုက်ပေးသင့်ပါတယ်။ သူ့ကိုမှ သေချာဂရုမစိုက်ရင် ကားတစ်စီး အသက်တိုရပြီးမြန်မြန်ပျက် ရပါတယ်။ ပျက်လို့ ဝပ်ရှော့ပို့ပြီးပြင်၊ သနပ်ခါးပြန်လူးပေးတော့ ကောင်းတယ်လို့ အပေါ်ယံက ထင်ရ၊မြင်ရပေမယ့် တကယ်ကျ အဲဒီလိုမဟုတ်ပါဘူး။ အချိန်ကြာလာ တာနဲ့အမျှ ပိုပြီး ပျက်ဆီးရပါတယ်။ ဒီလောက်ဆိုရင် ကားတစ်စီးရဲ့  ချောဆီအကြောင်း အကြမ်းဖျင်း လေ့လာမိပြီလို့ မျော်လင့်ပါတယ်။

http://www.yoyarlay.com/book/article/38144-all-bout-car-oil

အောင်ခမ်း (ရိုးရာလေး)........From...Facebook

Friday, September 27, 2013

တလည်းသီးဖျော်ရည် တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်



တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်  အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ် တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။  Good Health ( ZKO )   More Health Care>> http://www.searchmyanmar.com/click/Health

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင် သူတွေက အကြံပြုထားပါတယ် ။
တလည်း သီးဖျော်ရည် ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြ
ီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
 
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )
From...Search Myanmar
 

အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ဒုက္ခသည်စခန်းတွင် အမျိုးသမီး တစ်ဦး ပဟေဠိဆန်စွာ သေဆုံး



အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ဒုက္ခသည်စခန်းတွင် အမျိုးသမီး တဦး ပဟေဠိဆန်စွာ သေဆုံး  ပဟေဠိ ဆန်စွာ သေဆုံးနေတဲ့ ဒုက္ခသည် ကရင်အမျိုးသမီး (ဓာတ်ပုံ – Zerodahdoh Htoo / Facebook)ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး ၂ ရက်ကြာ ပျောက်ဆုံးနေရာ က ဒီနေ့မနက်ပိုင်းမှာ ဒုက္ခသည်စခန်း အပြင်ဘက် ကားလမ်းဘေးက တောအုပ်ကြားကနေ သူ့ အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။  မရွှေလှအေး လို့ခေါ်တဲ့ အဲဒီ ကရင် အမျိုးသမီးဟာ တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဒုက္ခသည်စခန်းတခုလုံး ၀ိုင်းဝန်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီနေ့မနက် ၇ နာရီ လောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။  “တနင်္လာနေ့က စခန်းတွင်း ရိက္ခာဝေတဲ့ နေ့လေ။ ရိက္ခာ လက်ခံလာယူဖို့ သူ့နာမည်ခေါ်တဲ့အခါ သူ မရှိတော့ဘူး။ ဈေးဆိုင် သွားမယ်ဆိုပြီး ထွက်သွားတာတဲ့။ ညအထိ ပြန်မရောက်တာကြောင့် မိသားစုက လိုက်ရှာခဲ့တယ်။ မတွေ့တော့ ကျမတို့ဆီ အမှုလာတိုင်တယ်။ နောက်နေ့ မနက်အထိ မတွေ့တော့၂၄ ရက်နေ့မှာ သူ့ဓာတ်ပုံတွေကို စခန်းထဲမှာ လိုက်ကပ်ပြီး ထပ်ရှာ တယ်။ ဒီနေ့မနက်မှ စခန်းအပြင်ဘက် စိုးလု ရွာနား သွားတဲ့လမ်းဘေးမှာ ပြန်တွေ့တာ”လို့ ကရင် အမျိုးသမီး အစည်းအရုံး မှ ဒေါ်အေးက ဧရာဝတီကို ပြောပါတယ်။  အပေါ်ဝတ်အကျီ၊ ဘောင်းဘီနဲ့ အတွင်းခံတွေ မရှိတော့ဘဲ ဗလာစီယာ တထည်နဲ့ သူ့ အလောင်းပုံတွေကို ဖေ့စ်ဘုတ် စာမျက်နှာ တခုက တွေ့ရပါတယ်။  ဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ စောအောနက်တော့ “သူ့ လည်ပင်းက ကျိုးနေတယ်။ ရင်ဘတ်မှာလည်း တခုခုနဲ့ ထုထားသလိုပဲ။ ဒါပေမယ့် မုဒိမ်းမှု ဟုတ်မဟုတ် ဆိုတာတော့ သေချာမပြောနိုင်ဘူး။ ထိုင်း တာဝန်ရှိသူတွေ စစ်ဆေးနေ တုန်းပါ”လို့ ပြောဆိုပါတယ်။  မနက် ၉ နာရီလောက်မှာပဲ ထိုင်းနိုင်ငံ မယ်လစခန်းနားက မယ်တန်မြို့နယ်က ထိုင်း မှုခင်းရဲ နဲ့ ထိုင်းဆရာဝန်တွေ လာရောက် စစ်ဆေးခဲ့ပြီး မုဒိမ်းမှု ဟုတ်မဟုတ်ဆိုတာ သေချာသိချင်ရင် ဘန်ကောက် ဆေးရုံကိုပို့ပြီး စစ်ဆေးရမယ်လို့ ဆိုတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငွေကြေးမတတ်နိုင်တာကြောင့် တခါတည်း သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။  “သူတို့က ဗုဒ္ဒဘာသာဝင်တွေဆိုတော့ သူ့အလောင်းကို အိမ်ကို ပြန်မသယ်တော့ဘဲ သချိုင်းကုန်းကို သယ်သွားတယ်။ နောက်ပြီး ဘန်ကောက်သွားပြဖို့လည်း ပိုက်ဆံမရှိတော့ ဒီနေ့ နေ့လယ် ၂ နာရီမှာ သဂြိုဟ် လိုက်ကြတယ်။ ကျမတို့ကတော့ ဓာတ်ပုံမှတ်တမ်း သေချာယူထားပါတယ်”လို့ ဒေါ်အေးက ပြောတယ်။  မရွှေလှအေးဟာ လှိုင်းဘွဲ့မြို့ ဘီးလင်းရွာကဖြစ်ပြီး ဒုက္ခသည်စခန်းက ကုလသမဂ အသိအမှတ်ပြုလက်မှတ်နဲ့ စခန်းထဲမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ကလေး၂ ယောက်မိခင် မုဆိုးမ တဦးဖြစ်ပြီး မောင်နှမ၊ အဒေါ်တွေနဲ့ အတူ မယ်လ စခန်း ရပ်ကွက် ၂ (Zone B2) မှာ နေထိုင်တာ ဖြစ်ပါတယ်။  အိမ်နီးနားချင်း တဦး ဖြစ်တဲ့ အမိုးကြီးက “သူက တအားအေးပြီး စကားလည်း သိပ်မပြောတဲ့လူ။ ဘယ်လိုဖြစ်သွားတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိဘူး။ ၂၃ ရက်နေ့လယ်က စပြီး သူပျောက်သွားတာ”လို့ ပြောပြတယ်။  အခုသေဆုံးသူမှာ တက် တတ်တဲ့ ရောဂါရှိပြီး စိတ်သိပ်ပုံမှန် မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့ရဲ့ နားကပ်နဲ့ ငွေသားတွေ ဒီအတိုင်းရှိနေပြီး အလောင်းကလည်း ပုပ်လာနေတာကြောင့် မုဒိမ်းကျင့်ခံရတာ ဟုတ်မဟုတ်ကို ဘယ်သူမှ အသေအချာ မပြောနိုင်ဘဲ ပဟေဠိလို ဖြစ်နေပါတယ်။  ဒုက္ခသည်စခန်းတွင်းမှာ မုဒိမ်းကျင့်မှုတွေ တနှစ်ကို ၂ မှု ၃ မှု ဖြစ်ပွားမှုရှိပေမယ့် အခုလိုမျိုး စခန်း အပြင်ဘက်မှာ သေဆုံး နေတဲ့ အမှုမျိုးကတော့ ဖြစ်ခဲတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။  မယ်လ ဒုက္ခသည် စခန်းမှာ လူဦးရေ ၅ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။  ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခြောက်သောင်း လောက် ရှိကြောင်း ကူညီ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပေးရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရတယ်။  အဲဒီ စခန်းတွေကတော့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စတဲ့ စခန်း ၇ ခုနဲ့ ကရင် နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ပါတယ်။  ဒုက္ခသည်စခန်းအတွင်း အချင်းချင်း မုဒိန်းကျင့်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့တဲ့ ငါးနှစ်ကလည်း အသက်မပြည့်သူ တစ်ဦးကို ကရင်အမျိုးသားတစ်ဦးမှ မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။   From : .. irrawaddy   http://myawadynews.blogspot.com/2013/09/blog-post_8156.html

ပဟေဠိ ဆန်စွာ သေဆုံးနေတဲ့ ဒုက္ခသည် ကရင်အမျိုးသမီး (ဓာတ်ပုံ –
Zerodahdoh Htoo / Facebook)ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး ၂ ရက်ကြာ ပျောက်ဆုံးနေရာ က ဒီနေ့မနက်ပိုင်းမှာ ဒုက္ခသည်စခန်း အပြင်ဘက် ကားလမ်းဘေးက တောအုပ်ကြားကနေ သူ့ အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။


မရွှေလှအေး လို့ခေါ်တဲ့ အဲဒီ ကရင် အမျိုးသမီးဟာ တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဒုက္ခသည်စခန်းတခုလုံး ၀ိုင်းဝန်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီနေ့မနက် ၇ နာရီ လောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“တနင်္လာနေ့က စခန်းတွင်း ရိက္ခာဝေတဲ့ နေ့လေ။ ရိက္ခာ လက်ခံလာယူဖို့ သူ့နာမည်ခေါ်တဲ့အခါ သူ မရှိတော့ဘူး။ ဈေးဆိုင် သွားမယ်ဆိုပြီး ထွက်သွားတာတဲ့။ ညအထိ ပြန်မရောက်တာကြောင့် မိသားစုက လိုက်ရှာခဲ့တယ်။ မတွေ့တော့ ကျမတို့ဆီ အမှုလာတိုင်တယ်။ နောက်နေ့ မနက်အထိ မတွေ့တော့၂၄ ရက်နေ့မှာ သူ့ဓာတ်ပုံတွေကို စခန်းထဲမှာ လိုက်ကပ်ပြီး ထပ်ရှာ တယ်။ ဒီနေ့မနက်မှ စခန်းအပြင်ဘက် စိုးလု ရွာနား သွားတဲ့လမ်းဘေးမှာ ပြန်တွေ့တာ”လို့ ကရင် အမျိုးသမီး အစည်းအရုံး မှ ဒေါ်အေးက ဧရာဝတီကို ပြောပါတယ်။

အပေါ်ဝတ်အကျီ၊ ဘောင်းဘီနဲ့ အတွင်းခံတွေ မရှိတော့ဘဲ ဗလာစီယာ တထည်နဲ့ သူ့ အလောင်းပုံတွေကို ဖေ့စ်ဘုတ် စာမျက်နှာ တခုက တွေ့ရပါတယ်။

ဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ စောအောနက်တော့ “သူ့ လည်ပင်းက ကျိုးနေတယ်။ ရင်ဘတ်မှာလည်း တခုခုနဲ့ ထုထားသလိုပဲ။ ဒါပေမယ့် မုဒိမ်းမှု ဟုတ်မဟုတ် ဆိုတာတော့ သေချာမပြောနိုင်ဘူး။ ထိုင်း တာဝန်ရှိသူတွေ စစ်ဆေးနေ တုန်းပါ”လို့ ပြောဆိုပါတယ်။

မနက် ၉ နာရီလောက်မှာပဲ ထိုင်းနိုင်ငံ မယ်လစခန်းနားက မယ်တန်မြို့နယ်က ထိုင်း မှုခင်းရဲ နဲ့ ထိုင်းဆရာဝန်တွေ လာရောက် စစ်ဆေးခဲ့ပြီး မုဒိမ်းမှု ဟုတ်မဟုတ်ဆိုတာ သေချာသိချင်ရင် ဘန်ကောက် ဆေးရုံကိုပို့ပြီး စစ်ဆေးရမယ်လို့ ဆိုတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငွေကြေးမတတ်နိုင်တာကြောင့် တခါတည်း သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။

“သူတို့က ဗုဒ္ဒဘာသာဝင်တွေဆိုတော့ သူ့အလောင်းကို အိမ်ကို ပြန်မသယ်တော့ဘဲ သချိုင်းကုန်းကို သယ်သွားတယ်။ နောက်ပြီး ဘန်ကောက်သွားပြဖို့လည်း ပိုက်ဆံမရှိတော့ ဒီနေ့ နေ့လယ် ၂ နာရီမှာ သဂြိုဟ် လိုက်ကြတယ်။ ကျမတို့ကတော့ ဓာတ်ပုံမှတ်တမ်း သေချာယူထားပါတယ်”လို့ ဒေါ်အေးက ပြောတယ်။

မရွှေလှအေးဟာ လှိုင်းဘွဲ့မြို့ ဘီးလင်းရွာကဖြစ်ပြီး ဒုက္ခသည်စခန်းက ကုလသမဂ အသိအမှတ်ပြုလက်မှတ်နဲ့ စခန်းထဲမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ကလေး၂ ယောက်မိခင် မုဆိုးမ တဦးဖြစ်ပြီး မောင်နှမ၊ အဒေါ်တွေနဲ့ အတူ မယ်လ စခန်း ရပ်ကွက် ၂ (Zone B2) မှာ နေထိုင်တာ ဖြစ်ပါတယ်။

အိမ်နီးနားချင်း တဦး ဖြစ်တဲ့ အမိုးကြီးက “သူက တအားအေးပြီး စကားလည်း သိပ်မပြောတဲ့လူ။ ဘယ်လိုဖြစ်သွားတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိဘူး။ ၂၃ ရက်နေ့လယ်က စပြီး သူပျောက်သွားတာ”လို့ ပြောပြတယ်။

အခုသေဆုံးသူမှာ တက် တတ်တဲ့ ရောဂါရှိပြီး စိတ်သိပ်ပုံမှန် မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့ရဲ့ နားကပ်နဲ့ ငွေသားတွေ ဒီအတိုင်းရှိနေပြီး အလောင်းကလည်း ပုပ်လာနေတာကြောင့် မုဒိမ်းကျင့်ခံရတာ ဟုတ်မဟုတ်ကို ဘယ်သူမှ အသေအချာ မပြောနိုင်ဘဲ ပဟေဠိလို ဖြစ်နေပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ မုဒိမ်းကျင့်မှုတွေ တနှစ်ကို ၂ မှု ၃ မှု ဖြစ်ပွားမှုရှိပေမယ့် အခုလိုမျိုး စခန်း အပြင်ဘက်မှာ သေဆုံး နေတဲ့ အမှုမျိုးကတော့ ဖြစ်ခဲတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

မယ်လ ဒုက္ခသည် စခန်းမှာ လူဦးရေ ၅ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခြောက်သောင်း လောက် ရှိကြောင်း ကူညီ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပေးရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရတယ်။

အဲဒီ စခန်းတွေကတော့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စတဲ့ စခန်း ၇ ခုနဲ့ ကရင် နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းအတွင်း အချင်းချင်း မုဒိန်းကျင့်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့တဲ့ ငါးနှစ်ကလည်း အသက်မပြည့်သူ တစ်ဦးကို ကရင်အမျိုးသားတစ်ဦးမှ မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။


Myawady News's photo.
From : .. irrawaddy

http://myawadynews.blogspot.com/2013/09/blog-post_8156.html

"လွန်လွန်းတာကိုး"



ရဲအရာရှိတစ်ယောက်...မိသားစုနဲ့အတူ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေခရီးထွက်မယ်လို့ စီစဉ်ပြီးကာမှ ရုံးကအရေးပေါ်ကိစ္စတခုပေါ်လာလို့ ခေါ်ခိုင်းပါလေရောဒါနဲ့ မိန်းမနဲ့ ကလေးတွေကို အရင်သွားခိုင်းလိုက်ရတယ်သူက တစ်ပတ်လောက်နေမှ နောက်ကလိုက်သွားရတာကမ်းခြေက ဟိုတယ်ရောက်ရောဆိုပါတော့...မိန်းမနဲ့ မတွေ့ရတာလည်း တစ်ပတ်လောက်ကြာပြီဆိုတော့ တွေ့တွေ့ခြင်း ချစ်တင်းနှောဖို့ ကြိုးစားတယ်မိန်းမက လက်မခံဘူး... 
 
ကလေးတွေ ရှိနေတာကိုးဒါနဲ့ ကမ်းခြေဖက်ထွက်လာပြီး လူရှင်းတဲ့နေရာမှာ ချစ်တင်းနှောကြတယ်အဲ... ကံဆိုးချင်တော့ ကမ်းခြေစောင့်ရဲက ဖမ်းပါလေရောဗျာ
"ခင်ဗျားတို့ကို ဖမ်းတယ်၊ ဒဏ်ရိုက်မယ်"
"ဘာလို့လည်း"
"အများပြည်သူ နားနေရာနေရာမှာ မဖွယ်မရာလုပ်လို့"
ဒီတော့ ရဲအရာရှိက သူ့ရဲ့ ရဲတံဆိပ်ကို ထုတ်ပြပြီး တောင်းပန်တယ်... ..
"မလုပ်ပါနဲ့ဗျာ၊ ကျနော်လည်း ရဲအရာရှိတစ်ယောက်ပါ"
ကမ်းခြေစောင့်ရဲက သူ့တံဆိပ်ကို ယူကြည့်ပြီး ပြန်ပြောတယ်... ...
"အေးလေ၊ ရဲအခြင်းခြင်းဖြစ်တာရယ်၊ တစ်ကြိမ်တစ်ခါ ကျူးလွန်တာရယ်ကြောင့် ခင်ဗျားကိုတော့ လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ဒီမိန်းမကိုတော့ဖမ်းကိုဖမ်းရမယ်
"
"ဘာဖြစ်လို့လဲဗျ"
"ဘယ့်နှယ့်ဗျာ... ဒီတပတ်ထဲတင်
သူ့ကိုဖမ်းမိတာ သုံးခါရှိပြီလေ"
"ဂျာ..."

ဟာသဗိမာန်-ဆရာသန်
သန်၎ကို-ဘာသာပြန်သည်

https://www.facebook.com/thanlayko

Wednesday, September 25, 2013

ဇာဂနာပြောတဲ့ မြန်မာ့ရုပ်ရှင် အစည်းအရုံးအကြောင်း




ဇာဂနာပြောတဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးအကြောင်း ============================ ၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိအုံးမှာပါ။သိမ်ဖြူလမ်းက ပြန်ကြားရေးအဆောက်အဦကြီးမှာ လောကသားအားလုံးနဲ့ ဝန်ကြိးနဲ့မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမ တိုင်ခင် ရုပ်ရှင်လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။အိမ်ကြက်ချင်းအိုးမဲသုတ်ပေးတာ။ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင်၊ကျော်သူ)တို့ ကိုအစည်းအရုံးအား၁၂နှစ်လုံးလုံးအပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီးသဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။အဘ ၀န်ကြီးကပဲ ခုချက်ချင်းရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင်ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။ မှတ်မိပါတယ်။ဒီပွဲအပြီး ဦးအောင်လွင်၊ဦးကျော်ဟိန်း၊ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ပါတယ်။ပြောချင်တာက ရုပ်ရှင်လောကသားတွေ ရဲ့  ၀န်ကြီးအပေါ်မှီခိုချင်စိတ်၊ကိုယ့်အချင်းချင်းပြန်နင်းချင်စိတ်တွေ သိတ်များခဲ့တယ်။ဒါကလဲ စစ်အစိုးရရဲ့ဗျူဟာပေါ့။ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေလက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။မှတ်မိသေးတယ်။အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေးတက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင်တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထားဖို့ပြောရတယ်။ပြောချင်တာကEthicပဲ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်းအလုပ်မဟုတ်ဖူး။ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံးအမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။အမှုဆောင်အဟောင်းတွေကသောင်းကျန်းကြပြန်တယ်။ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲလုပ်လို့အဖွဲ့ အသစ်တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင်လုပ်နေကြတာလဲ။အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ဒါကို မစသ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီးထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ရူးလိုက်ကြတာ။ ဗိုလ်ချုပ်စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။  ( ဦး ) ဇာဂနာ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
 
 ၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊ အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်း ကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့ တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိ အုံးမှာပါ။သိမ်ဖြူလမ်း က ပြန်ကြားရေး အဆောက်အဦး ကြီးမှာ လောကသားအားလုံးနဲ့ ဝန်ကြိးနဲ့ မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမ
တိုင်ခင် ရုပ်ရှင် လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။
 
အိမ်ကြက်ချင်း အိုးမဲသုတ်ပေးတာ။ ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင် ၊ကျော်သူ) တို့ ကိုအစည်း အရုံးအား၁၂နှစ်လုံးလုံး အပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီး သဘောတွေကျခဲ့ကြ တာ မေ့သွားကြပြီ လား။အဘ ၀န်ကြီးကပဲ ခုချက်ချင်း ရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင် ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။
 
မှတ်မိပါတယ်။ ဒီပွဲအပြီး ဦးအောင်လွင်၊ ဦးကျော်ဟိန်း၊ ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ ပါတယ်။ပြောချင်တာက ရုပ်ရှင်လောက သားတွေ ရဲ့  ၀န်ကြီးအပေါ် မှီခိုချင်စိတ်၊ ကိုယ့်အချင်းချင်းပြန်နင်း ချင်စိတ်တွေ သိတ်များခဲ့တယ်။ ဒါကလဲ စစ်အစိုးရရဲ့ ဗျူဟာပေါ့။ ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေ လက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။ မှတ်မိသေးတယ်။ အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေး တက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင် တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။ 
အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထား ဖို့ပြောရတယ်။ပြောချင်တာကEthicပဲ ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်း အလုပ်မဟုတ်ဖူး။ ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံး အမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။ 
အမှုဆောင်အဟောင်းတွေ ကသောင်းကျန်းကြပြန်တယ်။ ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲ လုပ်လို့အဖွဲ့ အသစ် တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။
ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင် လုပ်နေကြတာလဲ။ အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ ဒါကို မစဉ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။ အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီး ထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ ရူးလိုက်ကြတာ။
ဗိုလ်ချုပ် စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။

( ဦး ) ဇာဂနာ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
From...Facebook

လောင်းကစားဒိုင်ဖမ်းမိတဲ့ စင်္ကာပူကို နိုင်ငံတကာရဲတပ်ဖွဲ့ ချီးကျူး


(၂၀၁၀ ဇူလိုင်လ စင်္ကာပူမှာ ဖမ်းမိတဲ့ လောင်းကစားလုပ်ငန်းသုံး ပစ္စည်းပစ္စယနဲ့ငွေကြေးများ။ ကမ္ဘာ့ဖလားကာလအတွင်း အာရှဒေသ တရားမ၀င် ဘောလုံးပွဲလောင်းမှု တိုက်ဖျက်ရေးကာလအတွင်း ဖမ်းဆီးရာက သိမ်းလိုက်တာတွေပါ။ ဓာတ်ပုံ - Reuters)

ဒေါ်လာသန်းပေါင်းများစွာလည်ပတ်စီးဆင်းနေမယ်လို့ ယူဆရတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစား လုပ်ငန်းကို နောက်ကွယ်က ကြိုးကိုင်နေသူ အဖမ်းခံရပါပြီ တဲ့။

အဖမ်းခံရသူဟာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပါလိမ့်မယ်။ ဖမ်းလိုက်တဲ့ စင်္ကာပူထောက်လှမ်းရေး အဖွဲ့တွေကို လည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပို က ဒီကနေ့ ချီးကျူးလိုက်ပါတယ်။

အဖမ်းခံခဲ့ရတာကတော့ စုစုပေါင်း ၁၄ ဦး ဖြစ်တယ်။ အမျိုးသား ၁၂၊ အမျိုးသမီး ၂။ မနေ့က စင်္ကာပူပြည်ထဲရေး ဌာနအဆိုအရ ... ဖမ်းထားသူများထဲက ၉ ယောက်ကို အာမခံနဲ့ လွှတ်လိုက်ပြီ၊ ၅ ယောက် ကိုတော့ ဆက်ပြီး မေးမြန်းစစ်ဆေးနေဆဲ ပါပဲ တဲ့။

ဥပဒေ အရ ဆိုရင် သူတို့ ၅ ယောက်ကို ၁၆ ရက်ကြာ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုတယ်။

ဖေဖော်ဝါရီလ ထုတ်ပြန်ချက် တစ်စောင်အရ ဆိုရင် စင်္ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းကြီးက ကိုင်ထားတာ ဥရောပတိုက် တခုတည်းမှာတင် ဘောလုံးပွဲပေါင်း အနည်းဆုံး ၃၈၀ ရှိနေတယ် ဆိုပဲ။ ယူရို ၈ သန်းလောက်တော့ အနည်းဆုံး ရသွားခဲ့ပါတယ် တဲ့။
ကမ္ဘာလွှမ်းပတ် ဆက်နွယ်နေတဲ့လောင်းကစားကွန်ရက် ဆိုတော့ ရတဲ့ အမြတ်အစွန်းက အတော်လေး များတယ်လို့ ဆိုနိုင်ပါတယ်၊ အင်း... သူတို့ကို အလိုရှိတဲ့ နိုင်ငံတကာရဲအဖွဲ့လည်း များပါတယ်။

ကမ္ဘာ့ဖလား၊ ဥရောပဖလား စတဲ့ ပွဲစဉ်များနဲ့ ပတ်သက်ပြီး အာရှ အာဖရိက လက်တင် အမေရိကဒေသ လောင်းကစား မှုလုပ်ငန်း ထိစပ်နေတာ ပွဲစဉ်ပေါင်း သုံးရာ လောက် ရှိနိုင်မယ်လို့ သံသယ ရှိနေကြ တာပါ။

သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါ နိုင်ငံတို့မှာလည်း လောင်းကစား လုပ်ငန်းရှင်တွေရော ပါဝင် ပတ်သက် တဲ့ အားကစားသမား တချို့ကိုပါ ထိန်းသိမ်းလိုက်ပါပြီ တဲ့။

အပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာက သတင်းတပုဒ် Interpol Laud Singapore’s Capture of Football Match-Fixing Mastermind http://www.irrawaddy.org/archives/44577 မှာ ဖတ်နိုင်ပါပြီ။
ဧရာဝတီblog
From...Facebook

iOS 7 ဖုန်းများအတွက် သတိထားဖို့ရန်


iOS 7 ဖုန်းများအတွက် သတိထားဖို့ရန်  iOS 7 တင်ထားသော ဖုန်းအဟောင်းအား လာရောင်းသည်ဖြစ်စေ မိမိဝယ်လိုသည်ဖြစ်စေ  သင်ဝယ်ယူမည်ဆိုပါက ထိုဖုန်းအဟောင်းတွင် Apple အကောင့် ဝင်ထားလျှက်ရှိနေလားဆိုတာ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြပါ  Apple အကောင့်ရှိနေပါက ထိုဖုန်းအားဖော်မက်ချလို့မရပါ ထိုအကောင့်၏ Password အားတောင်းပါလိမ့်မည် ။ iTunes ဖြင့် iOS ဖန်ဝဲပြန်တင်မည်ဆိုပါကလဲ မရပါ ထိုရှိနေသော အကောင့်ရဲ့ Password အား တောင်းပါလိမ့်မည် ။  ထို့ကြောင့် iOS 7 တင်ထားသောဖုန်းအဟောင်းအား ဝယ်တော့မည်ဆိုပါက ဖုန်းစက်တင်ထဲမှာရှိနေသော ထိုApple မကောင့်အား လော့အောက်လုပ်၍ ဖျက်ပြီးမှသာ ဝယ်ယူကြပါရန် ။  iPhone ကောက်ရသူ ခိုးသူများ ရောင်းချမရအောင် Apple မှ iOS7 တွင် ထိန်းချုပ်ပေးလာခဲ့ခြင်းပါ။  လက်ရှိတွင် Apple အကောင့်ရှိနေသော iOS 7 အား အကောင့် Password မသိပဲ အသစ်တဖန်ရရှိဖို့ရန် Restore လုပ်ဖို့ရန် ဖောက်ထွင်းနိုင်ခြင်း မရှိသေးပါ ဝယ်မိပါက အလှကြည့်ဖို့ရန်သာ ရှိပါတယ် ။  Post By : Djjoe Man (MMF)


iOS 7 တင်ထားသော ဖုန်းအဟောင်းအား လာရောင်းသည်ဖြစ်စေ မိမိဝယ်လိုသည်ဖြစ်စေ

သင်ဝယ်ယူမည်ဆိုပါက ထိုဖုန်းအဟောင်းတွင် Apple အကောင့် ဝင်ထားလျှက် ရှိနေလားဆိုတာ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြပါ

Apple အကောင့်ရှိနေပါက ထိုဖုန်းအားဖော်မက်ချလို့မရပါ ထိုအကောင့်၏ Password အားတောင်းပါလိမ့်မည် ။
iTunes ဖြင့် iOS ဖန်ဝဲပြန်တင်မည်ဆိုပါကလဲ မရပါ ထိုရှိနေသော အကောင့်ရဲ့ Password အား တောင်းပါလိမ့်မည် ။

ထို့ကြောင့် iOS 7 တင်ထားသော ဖုန်းအဟောင်းအား ဝယ်တော့မည်ဆိုပါက ဖုန်းဆက်တင်ထဲမှာရှိနေသော ထိုApple အကောင့်အား လော့အောက်လုပ်၍ ဖျက်ပြီးမှသာ ဝယ်ယူကြပါရန် ။

iPhone ကောက်ရသူ ခိုးသူများ ရောင်းချမရအောင် Apple မှ iOS7 တွင် ထိန်းချုပ်ပေးလာခဲ့ခြင်းပါ။

လက်ရှိတွင် Apple အကောင့်ရှိနေသော iOS 7 အား အကောင့် Password မသိပဲ အသစ်တဖန်ရရှိဖို့ရန် Restore လုပ်ဖို့ရန် ဖောက်ထွင်းနိုင်ခြင်း မရှိသေးပါ ဝယ်မိပါက အလှကြည့်ဖို့ရန်သာ ရှိပါတယ် ။

Post By : Djjoe Man (MMF)
 
မောင်(စွယ်စုံကျမ်း)     From...Facebook

နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲ သို့မဟုတ် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ


ရန်ကုန်မြို့တွင် ဘတ်စ်ကားစီး အခြေခံ လူတန်းစားမှစ၍ ကိုယ်ပိုင်ကားစီး ချမ်းသာကြွယ်ဝသော လူတန်းစားအဆုံး လူတန်းစား အမျိုးမျိုး ယခုအများဆုံး ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲ တစ်ရပ်မှာ ကားလမ်းများ အဆမတန် ပိတ်ဆို့နေပြီး နေရာတစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သွားလာနိုင်ခြင်း မရှိဘဲ ခက်ခဲနေရခြင်းပင် ဖြစ်သည်။

ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွား လာရခြင်း၏ အကြောင်းရင်းများ ထဲတွင် ယာဉ်အစီးရေ များပြားလာခြင်းသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ သို့ရာတွင် ရန်ကုန်မြို့၏ ကားအစီးရေ ပမာဏသည် လူတစ်ထောင်လျှင် ခုနစ်စီးနှုန်းသာရှိပြီး အရှေ့တောင် အာရှတွင် ကားစီးရေ သိပ်သည်းမှု အနည်းဆုံး ဖြစ်ပါသည်။
  မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပင် ကားစီးရေ သိပ်သည်းမှုသည် လူတစ်ထောင်လျှင် ၁၆၅ စီးနှုန်း ရှိနေပြီ ဖြစ်ပါသည်။ ထိုသို့ ကားသိပ်သည်းဆခြင်း နှိုင်းယှဉ်ပါက အဆ ၂၀ ခန့် ကွာဟနေသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပမာဏမှာမူ ထိုင်းနိုင်ငံထက် မြန်မာနိုင်ငံတွင် ပို၍ပင် ဆိုးရွားနေ သယောင် ဖြစ်နေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံများ နည်းပါးခြင်းက အဓိက အကြောင်းရင်း ဖြစ်သည်။
 တင်သွင်းလိုက်သည့် ကားအစီးရေ ပမာဏနှင့် အဆင်ပြေအောင် လမ်းအခြေခံ အဆောက်အအုံ များကို တိုးချဲ့ပြင်ဆင်ခြင်း မပြုဘဲ အလျင်စလို ကားအစီးပေါင်းများစွာ တင်သွင်းခွင့် ပြုလိုက်သည့် အတွက် ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကို ပြည်သူများ ပိုမိုခံစားလာရသည်။ အထူးသဖြင့် မြို့စွန်နေရာများတွင် နေထိုင်သော အခြေခံ လူတန်းစားများ အနေဖြင့် ပိုမိုခံစားကြရပြီး လက်လုပ်လက်စား တစ်ဦးအနေဖြင့် အလုပ်သွား အလုပ်ပြန်အတွက် သက်သက်ပင် တစ်နေ့လျှင် လေးနာရီခန့်အထိ အသုံးပြုနေရသည်။

ယခင်ကတည်းက ပိတ်ဆို့နေသော ကားလမ်းမများသည် ယခုလို မိုးရာသီတွင်တော့ ကားလမ်းမ ရေလျှံမှုများ ဖြစ်ပေါ်နေပြီး ယာဉ်ကြောပိတ်ဆို့မှုကြောင့် သွားရေးလာရေး ဆိုးရွားစွာ ခက်ခဲနေကြရသည်။ နှစ်စဉ် ကားလမ်းရေလျှံမှုကို ဖြေရှင်းနိုင်ရန် ကွန်ကရစ်လမ်းမများ တိုးချဲ့လာခဲ့သော် လည်း ယခုနှစ်တွင်လည်း ကားလမ်းမ ရေလျှံမှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ အချိန်ဆိုသည်မှာ အဖိုးထိုက်တန်သော အရာအဖြစ် သတ်မှတ်ထားသည်ဆိုလျှင် ရန်ကုန်မြို့နေ ပြည်သူလူထုမှာ နေ့စဉ်နေ့တိုင်း တန်ဖိုးရှိလှသည့် အချိန်များကို အဆုံးရှုံးခံ နေကြရသူများ ဖြစ်ပါသည်။ ထို့ပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်အရာများတွင်လည်း အချိန်ဆုံးရှုံးမှု၏ နောက်ဆက်တွဲအဖြစ် ဆုံးရှုံးကြရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို သာမန်မည်ကာမတ္တ ပြဿနာလေး တစ်ခုဟု ထင်မြင်ယူဆ၍ မရနိုင်ပါ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်သည်။ အိမ်ခြေပေါင်းများစွာ ပြာကျသွားနိုင်သည်။ အပြစ်ရှိသော ရာဇ၀တ်သားပေါင်းများစွာ လွတ်မြောက်ထွက်ပြေး သွားနိုင်သည်။ လူတစ်ဦးချင်း တစ်ယောက်ချင်း ဆုံးရှုံးမှုများမှ နိုင်ငံတော်အဆင့် အဆုံးအရှုံးများ အထိ ဖြစ်ပွားသွားနိုင်သည်။ 
ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရေး တာဝန်ရှိသူများ အနေဖြင့် လက်ပူတိုက် ဖြေရှင်းနည်းမျိုးများသည် ရေရှည်အလုပ်မဖြစ်နိုင်ပါ။ ထို့ကြောင့် တိုးတက်များပြားလာသော ကားအစီးရေနှင့် ကိုက်ညီအောင် လမ်းအခြေခံ အဆောက်အအုံများကို တိုးချဲ့ပြင်ဆင်ခြင်း မပြုရသေးမီတွင် ၀န်နှင့်အား မမျှမှု ပိုမိုဆိုးရွားလာခြင်း မရှိစေရန် ကားတင်သွင်းမှုများကို ကန့်သတ်ထိန်းသိမ်းထားခြင်း၊ ရေလျှံမှု၏ အဓိက အကြောင်းရင်းကို ဖြေရှင်းရန်အတွက် ရေနုတ်မြောင်းများ တိုးချဲ့ခြင်း၊ ရေစီးရေလာကောင်းအောင် ပြုပြင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားကောင်းလာစေရန် စီမံကိန်းချ ပြုလုပ်ခြင်း အစရှိသည် တို့သည်သာ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို တကယ်တမ်း ဖြေရှင်းနိုင်မည့် နည်းလမ်းများဖြစ်ကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။
 စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ #အယ်ဒီတာ့အာဘော်

မလေးရှားမှ အိုဗာစတေးသမားများ ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်ရန်ပြန်လည်စတင်


မလေးရှားမှအိုဗာစတေးသမားများ ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်ရန်ပြန်လည်စတင် ***********************************************  ယနေ့ မလေးရှားရောက် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် မလေးရှား လဝကမှ ယခင် 6P အတိုင်း  မိမိနိုင်ငံသို့ပြန်ရန် Special Pass ပြန်လည်ထုတ်ပေးမှုကို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ပြုလုပ်ပေးပြီဖြစ်ကြောင်းသိရသည် ။  ပြီးခဲ့သည့် လများကမူ ၆ လ အောက် ဒဏ်ငွေ ၁၀၀၀ ၊ တစ်နှစ်အောက် ဒဏ်ငွေ ၂၀၀၀ နှင့် တစ်နှစ်အထက် အိုဗာစတေးဖြစ်နေသူများအဖို့ ဒဏ်ငွေ ၃၁၀၀ ဖြင့် တိုးမြှင့်သတ်မှတ်ထားခဲ့သော်လည်း ပြီးခဲ့သည့် အပတ်မှ စတင်ကာ မည်သည့် နိုင်ငံသားမဆို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည် ။  သို့ကြောင့် မြန်မာပြည်သို့ ပြန်လိုသော အိုဗာစတေး သမားများသည် အောက်ပါ အချက်လက်များကို ဆောင်ရွက်ပြီး မြန်မာပြည်သို့ ပြန်နိုင်ပြီဖြစ်သည် ။  ၁. မိမိတို့လက်တွင် Passport စာအုပ်သက်တမ်းရှိပြီး ပါမစ်မရသော သူများ ပြန်လိုပါက လေယာဉ်လက်မှတ် ပြရန် တစ်စောင် ( Show Ticket ) ၊ ပတ်စပို့တို့ဖြင့် ပူထရာဂျာရာရှိ လဝကတွင် Special Pass သွားလျှောက်နိုင်သည် ။  ၂. မိမိတို့ လက်ထဲတွင် ပတ်စပို့မရှိပါက မြန်မာနိုင်ငံမှ တရားဝင်ထုတ်ပေးထားသော မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာတို့ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးတွင် CI ( Certificate of identity ) သွားရောက်လျှောက်ထားရမည်ဖြစ်သည် ။  CI ရရှိပြီးပါက အမှတ်စဉ် ၁ အတိုင်း လေယာဉ်လက်မှတ် ပြရန် တစ်စောင် ( Show Ticket ) ၊ CI မူရင်း တို့အား ယူဆောင်ကာ ပူထရာဂျာရာ လဝက တွင် Speical Pass လျှောက်ထားရမည်ဖြစ်သည် ။  အထက်ပါ အတိုင်း လျှောက်ထားရာတွင် အထူးသတိပြုရန်မှာ လေယာဉ်လက်မှတ် အစစ်ကြိုဝယ်ပြီးမသွားသင့်ပါ ။ ပူထရာဂျာရာ လဝက တွင် Special Pass လျှောက်ထားပါက လဝကမှ သတ်မှတ်သော ရက်အတွင်းသာ ပြန်ရသည်ဖြစ်သောကြောင့် ထိုရက်သိရမှသာ လေယာဉ်လက်မှတ် အစစ်ဝယ်ယူကာ သတ်မှတ်ရက်အတိုင်း ပြန်ရမည်ဖြစ်သည် ။ မလေးရှားလဝက မှ ထုတ်ပေးသော Special Pass သည် သက်တမ်း ၅ ရက်သာ ရှိသည် ။ ထို သတ်မှတ်ထားသော ၅ ရက်အတွင်းတွင်သာ ပြန်ရမည်ဖြစ်သည် ။   သို့ကြောင့် မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေသော တရားမဝင် နေထိုင်သူများအဖို့ ယနေ့မှစပြီး မလေးရှားနိုင်ငံ ပူထရာဂျာရာ လဝကတွင် ဒဏ်ငွေ ၄၀၀ ဆောင်ကာ မြန်မာပြည်သို့ပြန်နိုင်မည်ဖြစ်သ်ည ။  လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ မလေးရင်းဂစ် ၃၀၀ ဝန်းကျင်ခန့် ကုန်ကျသောကြောင့် မိမိတွင် မလေးရှားရင်းဂစ် ၇၀၀ မှ ၈၀၀ ကြားဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်မည်ဖြစ်ကြောင်းသိရသည် ။   ပါမစ်လျှောက်လိုသူများ အဖို့ မိမိတို့ အလုပ်ရှင် များ နှင့်တိုင်ပင်ကာ ငွေကြေးစုဆောင်းထားရန်လိုသည် ။ ယခု ပြန်လည် ပါမစ်ပေးမည့် အစီအစဉ် သည် မလေးရှား အစိုးရ နှင့် မြန်မာ အစိုးရကြား ညှိနှိုင်းဆောင်ရွက်ပေးမှုဖြစ်သည် ။ မြန်မာသံရုံးတွင် တစ်နေရာတည်း အပြီး ပါမစ်ထုတ်ပေးသွားမည်ဟု Thestar သတင်းဌာနမှ ပြီးခဲ့သည့် အပတ်က ကြော်ငြာထားခဲ့ပြီးဖြစ်သည် ။  ဆက်လက် ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိရန် သတင်းများ ရှိပါက ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ စာမျက်နှာမှ ဆက်လက်တင်ဆက်ပေးမည် ။  မလေးရှားရောက် မြန်မာများ Facebook Fun Page www.facebook.com/mmrinmy


ယနေ့ မလေးရှားရောက် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် မလေးရှား လဝကမှ ယခင် 6P အတိုင်း မိမိနိုင်ငံသို့ပြန်ရန် Special Pass ပြန်လည်ထုတ်ပေးမှုကို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ပြုလုပ်ပေးပြီဖြစ်ကြောင်းသိရသည် ။

ပြီးခဲ့သည့် လများကမူ ၆ လ အောက် ဒဏ်ငွေ ၁၀၀၀ ၊ တစ်နှစ်အောက် ဒဏ်ငွေ ၂၀၀၀ နှင့် တစ်နှစ်အထက် အိုဗာစတေးဖြစ်နေသူများအဖို့ ဒဏ်ငွေ ၃၁၀၀ ဖြင့် တိုးမြှင့်သတ်မှတ်ထားခဲ့သော်လည်း
ပြီးခဲ့သည့် အပတ်မှ စတင်ကာ မည်သည့် နိုင်ငံသားမဆို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ ပြန်လိုသော အိုဗာစတေး သမားများသည် အောက်ပါ အချက်လက်များကို ဆောင်ရွက်ပြီး မြန်မာပြည်သို့ ပြန်နိုင်ပြီဖြစ်သည် ။

၁. မိမိတို့လက်တွင် Passport စာအုပ်သက်တမ်းရှိပြီး ပါမစ်မရသော သူများ ပြန်လိုပါက လေယာဉ်လက်မှတ် ပြရန် တစ်စောင် ( Show Ticket ) ၊ ပတ်စပို့တို့ဖြင့် ပူထရာဂျာရာရှိ လဝကတွင် Special Pass သွားလျှောက်နိုင်သည် ။

၂. မိမိတို့ လက်ထဲတွင် ပတ်စပို့မရှိပါက မြန်မာနိုင်ငံမှ တရားဝင် ထုတ်ပေးထားသော မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာတို့ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးတွင် CI ( Certificate of identity ) သွားရောက်လျှောက်ထား ရမည်ဖြစ်သည်
။ CI ရရှိပြီးပါက အမှတ်စဉ် ၁ အတိုင်း လေယာဉ်လက်မှတ် ပြရန် တစ်စောင် ( Show Ticket ) ၊ CI မူရင်း တို့အား ယူဆောင်ကာ ပူထရာဂျာရာ လဝက တွင် Speical Pass လျှောက်ထားရမည်ဖြစ်သည် ။

အထက်ပါ အတိုင်း လျှောက်ထားရာတွင် အထူးသတိပြုရန်မှာ လေယာဉ်လက်မှတ် အစစ်ကြိုဝယ်ပြီး မသွားသင့်ပါ ။ ပူထရာဂျာရာ လဝက တွင် Special Pass လျှောက်ထားပါက လဝကမှ သတ်မှတ်သော ရက်အတွင်းသာ ပြန်ရသည်ဖြစ်သောကြောင့် ထိုရက်သိရမှသာ လေယာဉ်လက်မှတ် အစစ်ဝယ်ယူကာ သတ်မှတ်ရက်အတိုင်း ပြန်ရမည်ဖြစ်သည် ။ မလေးရှားလဝက မှ ထုတ်ပေးသော Special Pass သည် သက်တမ်း ၅ ရက်သာ ရှိသည် ။ ထို သတ်မှတ်ထားသော ၅ ရက်အတွင်းတွင်သာ ပြန်ရမည်ဖြစ်သည် ။


သို့ကြောင့် မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေသော တရားမဝင် နေထိုင်သူများအဖို့ ယနေ့မှစပြီး မလေးရှားနိုင်ငံ ပူထရာဂျာရာ လဝကတွင် ဒဏ်ငွေ ၄၀၀ ဆောင်ကာ မြန်မာပြည်သို့ပြန်နိုင်မည်ဖြစ်
သည် ။

လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ မလေးရင်းဂစ် ၃၀၀ ဝန်းကျင်ခန့် ကုန်ကျသောကြောင့် မိမိတွင် မလေးရှားရင်းဂစ် ၇၀၀ မှ ၈၀၀ ကြားဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်မည်ဖြစ်ကြောင်းသိရသည် ။


ပါမစ်လျှောက်လိုသူများ အဖို့ မိမိတို့ အလုပ်ရှင် များ နှင့်တိုင်ပင်ကာ ငွေကြေးစုဆောင်းထားရန် လိုသည် ။ ယခု ပြန်လည် ပါမစ်ပေးမည့် အစီအစဉ် သည် မလေးရှား အစိုးရ နှင့် မြန်မာ အစိုးရကြား ညှိနှိုင်းဆောင်ရွက်ပေးမှုဖြစ်သည်
။ မြန်မာသံရုံးတွင် တစ်နေရာတည်း အပြီး ပါမစ်ထုတ်ပေးသွားမည်ဟု The Star သတင်းဌာနမှ ပြီးခဲ့သည့် အပတ်က ကြော်ငြာထားခဲ့ပြီးဖြစ်သည် ။

ဆက်လက် ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိရန် သတင်းများ ရှိပါက ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ စာမျက်နှာမှ ဆက်လက် တင်ဆက်ပေးမည် ။


မလေးရှားရောက် မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ၅ ဘီလျံ တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် နှစ် ၄၀ ချေးငွေအဖြစ် ပေးအပ်


ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ၅ ဘီလျံအား တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ သက်တမ်း ကာလအတွက် ချေးပေးလိုက်သောကြောင့် တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် နှိုင်းယှဉ်ပါက သိသိသာသာ သက်သာမှု ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေ ၅ ဘီလျံအား စတင်ပေးအပ်လိုက်ကြောင်း စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် ဂျပန်အထက် လွှတ်တော်အမတ် Ms.Eriko Yamatain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းများအရ သိရသည်။

အလားတူပင် EXIM bank of china ကလည်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ချေးခဲ့သည်ဟု ပြီးခဲ့သည့် သြဂုတ်လအတွင်း သတင်းထွက်ပေါ်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ထုတ်ချေးလိုက်သော်လည်း အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း ယူထားသည့်အတွက် လွှတ်တော်ထဲတွင် သဘောကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများထဲတွင် မြန်မာနိုင်ငံအား ချေးငွေထောက်ပံ့မှု အများဆုံးပေးသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၉၄၀ ကျော် ကူညီရန် သဘောတူထားပြီး ယင်းပမာဏထဲတွင် ODA(Official Development Assistance) အနေနှင့် ချေးပေးသည့်ငွေများလည်း ပါဝင်ကြောင်း ဂျပန်သံရုံးမှ ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။ EXIM bank of china ၏ ချေးငွေသဘောတူညီချက်ကို ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စတင်ချေးယူသည့်နှစ်မှ ဆိုင်းငံ့ကာလ နှစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ်၊ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲမှု စရိတ်အဖြစ် ချေးယူသည့် ငွေပမာဏ၏ ၁ ရာခိုင်နှုန်းအား ထပ်မံပေးဆောင်ရမည် ဖြစ်သည့်အတွက် လွှတ်တော်ထဲတွင် သဘောထား ကွဲလွဲကြကြောင်း သိရသည်။

ယခုနှစ် ဂျပန်အစိုးရ အနေဖြင့် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဘီလျံ ပေးအပ်လိုက်သည့်အတွက် တရုတ်နိုင်ငံမှ ချေးယူသော အတိုးနှုန်းထက် သိသိသာသာ လျော့နည်းနေကြောင်း သိရသည်။

ဂျပန်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဂျပန်အထက်လွှတ်တော် ODA ဆိုင်ရာ လေ့လာရေးအဖွဲ့အဖြစ် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ဂျပန်အထက် လွှတ်တော်က အထူးအာရုံစိုက် အလေးထား ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
 
Eleven Media Group
From...Facebook

မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်လူမျိုး သုံးဦးသာ ကျန်ရှိ

 
 မြန် မာနိုင်ငံအတွင်း ကချင်မျိုးနွယ် ဝင် ထရုန်မျိုးနွယ်စုများမှာ ယခု လက်ရှိတွင် မောင်နှမသုံးဦးသာ ရှိတော့သဖြင့် မျိုးဆက်ပျောက် ကွယ်တော့မည်ဖြစ်ကြောင်း သိ ရသည်။ ထူးဖောင်ဒေးရှင်း၏ အစီအ စဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိနေသည့် ထရုန်မျိုးနွယ်စုဝင် ဦးဒါဝိတ်အား မေးမြန်းမှုကို တစ်ဆင့်ဖြေဆိုမှုအ ရ ဦးဒါဝိတ်သည် ကချင် ပြည်နယ် မြောက်ဖျားရှိ ဂမ်လမ်ရာဇီရေခဲ တောင်ခြေရှိ ခနောင်းရွာတွင်နေ ထိုင်ကာ ယခုအခါ အသက် ၅၅ နှစ် အရွယ် မျှရှိပြီး အသက် ၆၆နှစ် အရွယ်အစ်မတစ်ဦးနှင့် အ သက် ၅ဝအရွယ် ညီမတစ်ဦးတို့ ရှိကြောင်း၊ အစ်မဖြစ်သူသည် ရဝမ် လူမျိုးတစ်ဦးနှင့် အိမ်ထောင် ပြုထားကြောင်း၊ ဦးဒါဝိတ် တို့အ ပါအဝင် ထရုန် မျိုးနွယ်အစစ်မှာ သုံးဦးသာ ရှိတော့ေ ကြာင်း ယင်းက ပြောသည်။

ထရုန် မျိုးနွယ်စုဖြစ်သည့် ဦးဂန်ယောင်က ''ရန်ကုန်ကို အ ခုလို ရောက်လာတာ ပျော်တယ်'' ဟု ရန်ကုန်တိုင်းမ် သတင်းစာ၏မေး မြန်းမှုကို ဖြေဆိုသည်။ ထရုန် လူမျိုးများသည် အဓိက အားဖြင့် တောင်ယာလုပ် ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ရံဖန်ရံခါ အမဲလိုက်ခြင်းနှင့် ဆေး မြစ် တူးခြင်းကို ပြုလုပ်ကြောင်း ထူးဖောင်ဒေးရှင်း၏ အစီအစဉ် ကို ဦးဒါဝိတ်နှင့်အတူ လိုက်ပါလာ သည့် ဦးနမားဂျွန်ဆင် ၏ပြောပြ ချက်အရ သိသည်။

မြေပြန့်ဒေသရှိ လူများနှင့် အဆက်အသွယ်များ မရှိဘဲ ထရုန် မျိုးနွယ်အစစ်မှာ သုံးဦးသာရှိပြီး ရဝမ် လူမျိုးနှင့်ရောနှောသည့် မျိုး နွယ်စုများ ရှိကြောင်းနှင့် ရဝမ်ဘာ သာစကားကိုသာ ပြောဆိုကြောင်း ယင်းနှင့် အတူ ရန်ကုန်သို့လိုက် ပါလာသည့် ဦးနမားဂျွန်ဆင်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ ပြောသည်။

ထူးဖောင်းဒေးရှင်းမှနာယ က ဦးတေဇက ''ကျွန်တော် သူ တို့နှစ်ဦးကို စင်ကာပူကိုခေါ်သွား ဖို့ စီစဉ်ထားပါတယ်။ ဒီလိုခေါ် ရတယ်ဆိုတာ ကလဲ သူတို့ဒေသ ကိုပြန်ရောက်ရင် သူတို့နယ်အ တွက် ပြန်ပြီးတော့ ကောင်းကျိုး တွေကို ပြုလုပ်နိုင်ဖို့ပါ''ဟု ဦးဒါ ဝိတ်နှင့် ဦးနမားဂျွန်ဆင် တို့အား ညွှန်းဆိုပြောသည်။

မြန်မာနိုင်ငံ၏ ပျောက်ကွယ် လုနီးပါးဖြစ်နေသည့် ထရုန်လူမျိုး များသည် ကချင်နွယ်ဖွားထရုန် လူမျိုးနွယ်စုဖြစ်ပြီး ၁၈ရာစုခန့် က သာမန်လူများကဲ့သို့ အရပ် အမောင်းရှိကြကြောင်း၊ ၎င်းတို့ သည် တရုတ်နိုင်ငံ တိဗက်ကုန်း မြင့်မှ ဆင်း သက်လာကာ မြန်မာ နိုင်ငံ မြောက်ဖျားပိုင်းတွင် လာ ရောက် အခြေချနေထိုင်ကြောင်း၊ ထရုန် လူမျိုးများ နေထိုင်ရာအ ရပ်ဒေသသည် ဆားရှားပါးသော ကြောင့် အိုင်အိုဒင်း ဓာတ်ချို့တဲ့ ခြင်းနှင့် ယဉ်ကျေးမှု အစဉ်အလာ အရ သွေးရင်း များနှင့် သာ အိမ် ထောင်သား မွေးခြင်း အမှုအားပြု လုပ်ကြသည့်အတွက် ဆေးပညာ ရှုထောင့်အရ မျိုးရိုး ဗီဇပြောင်း လဲလာခြင်းကြောင့် အရပ်အမောင်း များပုလာခြင်းဖြစ်ကြောင်း ဂမ် လမ်ရာဇီ တောင်တက်အဖွဲ့မှ ကိုသူရထွန်းက ထရုန်လူ မျိုး၏ ပြောကြား ချက်နှင့် ဆေးဘက်ဆိုင် ရာကျွမ်းကျင် ဆရာဝန်တစ်ဦး၏ စစ်ဆေးတွေ့ရှိချက် များကို ကိုးကား ၍ ရန်ကုန်တိုင်းမ်နေ့စဉ် သတင်း စာသို့ ပြောသည်။


ရန်ကုန် ၊စက်တင်ဘာ ၂၄။ ။
အောင်သူ ၊ နိုင်နိုင်ဇော်
Yangon Media Group မှမျှဝေဖေါ်ပြသည်