Friday, October 4, 2013

Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း


 ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်တီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ် ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..
အရင်ဆုံး Photoshop ရဲ့ File ကနေ New .. အဲဒီကနေ Photo စာရွက်တခုကို စယူပါမယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ပုံမှာတော့ စာရွက်ဖြူကို အရောင်တင်မှာဖြစ်တဲ့အတွက် ပုံလေးတွေကြည့်ပြီး အဆင့်ဆင့်နှိပ် သွား ပေးလိုက်ပါ..


အောက်ပုံအတိုင်း 3 နေရာက Simple ကိုကလစ်လိုက်ပါ..



အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်.. ဆေးရောင်ခြယ်ထားတဲ့ အကွက်လေးတွေ ပြောင်း သွားတာ ကိုအောက်ပုံ အတိုင်း မြင်ရပါလိမ့်မယ်.. ပြီးရင်တော့ အောက်ပုံက အနီဝိုင်း ထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် အရောင်တစ်ခုကို ကလစ်လိုက်ပါ..


ပြီးရင်တော့ အောက်ပုံအတိုင်း မောက်စ်မျှားဖြင့် ဖိဆွဲပါ..။


ဒါဆိုရင် နေထိုးနေတဲ့ ဒီဇိုင်းလေး စာရွက်တစ်ရွက်ရလာပါပြီ... အောက်ကပုံမှာတော့ စာစရေး ပါတော့ မယ်..။ ဒါကြောင့် နံပါတ်စဉ် တိုင်းနှိပ်သွားပြီး စာလုံးအရောင်ရွေး... စာရေးပါ..



စာလုံးအရောင်နဲ့ စာရေးတာကို အောက်ပုံမှာ ဆက်ကြည့်ပါ..



စာလုံးတွေကို  စိတ်ကြိုက်ပုံဖေါ်ဖို့ ဆိုရင်တော့ Type ကိုပြောင်းပေးရပါတယ်.. လုပ်နည်းကို အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..


Type ကိုနှိပ်ပြီးရင်တော့ အောက်ပုံအတိုင်း စာလုံးကို စိတ်ကြိုက်ပြောင်းလို့ ရပါပြီ..



အပေါ်ပုံအတိုင်း ပြီးရင်တော့ စာလုံးကသိပ်မလှသေးပါဘူး.. ဒါကြောင့် အောက်ပုံမှာပြထားတဲ့ အတိုင်း သွားလိုက်ပါ..


Inner Glow ရဲ့ ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း ပြောင်းလဲပေးလိုက်ပါ..။ ဒီနေရာမှာ ဒီပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး..။ မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် စတိုင်လေးတွေကို ပြောင်းလဲ ရင်လည်း ရပါတယ်..။ စိတ်ကြိုက်လုပ်ပါ.. ပြီးရင်တော့ OK နှိပ်လိုက်ပါ..












အောက်ကပုံမှာတော့ လေယာတစ်ခုပွါး လိုက်ပါ.. Ctrl+Alt+Down Arrow နဲ့ လေယာ ပွါးပါမယ်.. ရှော့ကပ် ကီးကိုနှိပ်လိုက်ရင်တော့ အောက်ပုံအတိုင်း Lwinminbo Copy လေယာ တစ်ခုထွက်လာပါပြီ..


 
အောက်ကပုံကတော့ Copy ထွက်လာတဲ့ လေယာကို ပြောင်းပြန် လှန်ချမှာ ဖြစ်ပါတယ်.. ဆက်ကြည့် လိုက်ပါ..



အပေါ်ပုံအတိုင်းပြီးရင်တော့ အောက်ကပုံမှာ လေယာကွက်ထဲက စောစောက အောက်ဆွဲလှန်လိုက်တဲ့ လေ
ယာနဲ့ သက်ဆိုင်တဲ့ Opacity မှာ အနည်းငယ်လျှော့ပေးပါ.... အောက်ရောက်နေတဲ့ စာသားရဲ့ အရောင်ကို လျှော့ပေးမှာဖြစ်ပါတယ်..


Fill မှာလည်း မိမိတို့ မျက်လုံးနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားထိ လျှော့ပေးပါ..



ပြီးရင်တော့ အောက်ပုံမှာ နောက်ထပ်စာတကြောင်း ထပ်ရိုက်ပါမယ်.. ဆက်ကြည့်လိုက်ပါ.. နံပါတ်စဉ် အတိုင်း နှိပ်သွားလိုက်ပါ..





အပေါ်ပုံအတိုင်း စိတ်ကြိုက်ရေးပြီးရင်တော့ Layer ကနေ Type ကိုကလစ်ပေးပါ.. အောက်ပုံ


ပြီးရင်တော့ Design စာလုံးကို အနားကွပ်လေး ထည့်မှာဖြစ်တဲ့အတွက် .. အောက်ပုံ အတိုင်းဆက် နှိပ် သွား လိုက်ပါ..


Stoke ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း အရောင်ရွေးပေးပါ.. ပြီးရင် Ok နှိပ်ပါ..


အောက်ပုံအတိုင်း Design စာလုံးမှာ ဘောင်ကွပ်ပြီးသားမြင်ရပါပြီ...


ဒီနေရာမှာ တစ်ခုကျန်ခဲ့ပါတယ်.. ဘာလဲဆိုတော့ အပေါ်မှာ Lwinminbo Layer နဲ့ Lwinminbo Copy Layer နှစ်ခုကို အပေါ်အောက်ညီအောင် ကြည့်ကောင်းအောင် ညှိပေးဖို့ပါ..။ ဒါကြောင့် အဲဒီအဆင့်ကို ဒီနေရာမှာ ပြန်လုပ်ပါမယ်.. Layer ဘောက်စ်ထဲက Lwinminbo Copy လေယာကို တစ်ချက် ကလစ် ပါတယ်..


လေယာကို ကလစ်ပြီးရင် အောက်ပုံအတိုင်း ဆက်နှိပ်သွားပါ..



အပေါ်ပုံအတိုင်း ညီအောင်ညှိပြီးရင်တော့ Enter တချက်ခေါက်ပေးပါ.. ဒါဆိုအောက် ကပုံ အတိုင်း မြင် ရမှာ ဖြစ်ပါတယ်..


စာလုံး ဒီဇိုင်း လုပ်တာပြီးဆုံးသွားပါပြီ.. အောက်က ပုံကတော့ ကျနော့် စိတ်ကြိုက် ပုံလေးတွေ ကို ဖြတ် ထည့်ထား တာပါ.. ဓါတ်ပုံ ဖြတ်ကပ်လုပ်တာကိုတော့ နောက်တင်တဲ့ ပိုစ့်မှာ ဆက်ကြည့်ကြပါဗျာ..

 
အောက်က အဆင့်တွေကတော့ လေယာတွေ ပေါင်းပြီး သိမ်းတာပါ..။ မသိသေးတဲ့သူများကတော့ ဓါတ်ပုံဆိုဒ် နဲ့ သိမ်းတာကို ဆက်ကြည့်ပေးပါ..။ A,B နေ၇ာတွေကနေ လေယာတွေကို ပေါင်းပါမယ်..





ဒီပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားပြီးရင်တော့ မိမိတို့ ပြုလုပ်လိုက်တဲ့ ပုံလေးဟာ Desktop မှာရောက် လာပါပြီ..အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ.. 
 
Ref::: http://lwinminbo.blogspot.com 
From_Lamin Maung

Window တွေအများကြီးကို ကွန်ပျူတာ တစ်လုံးတည်းမှာတင် သုံးနိုင်မဲ့ VMware Player ( v 6.0.0 )




ကွန်ပြူတာ တစ်လုံးတည်းနဲ့ window တွေအများကြီးသုံးလို့ရတဲ့ software လေးပါ။ Virtual machine ထဲမှာတော့ VM ware ဆိုရင် မသိတဲ့လူ မရှိဘူးလို့ထင်ပါတယ်။ Virtual machine ဆိုတဲ့အတိုင်းပဲ ဒီ software လေးကိုအသုံးပြုပြီး window တွေအများကြီးကို စမ်းသပ်လေ့လာနိုင်ပါတယ်ဗျာ။


 ဒါပေမဲ့ စက် အရမ်းလေးတာကိုတော့ သတိထားစေချင်ပါတယ်။ ဒီ software ကိုအသုံးပြုဖို့ အတွက်တော့ memory နဲ့ harddisk တော့ များများ အသုံးပြုထားမှ အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။




ဒေါင်းရန် ... ဒီမှာ ဆိုတာ ကို နှိပ်ပြီးဝင်ရောက်ဒေါင်းယူပါ



Download>>>VMware Player ( v 6.0.0 )

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အချက် ၁၂ ချက်



 
၁)  တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။
အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင်၊
စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။
 
၂)  ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျရှိပါစေ။
ဦးတည်ချက် တစ်ခုခု ထားပြီး နေ့ ရက်တွေကို ရှင်သန်ပါ ။ ရည်ရွယ်ချက် မရှိဘဲ မျောနေတာမျိုးမလုပ်ပါနဲ့ ။
တိကျတဲ့ ဦးတည်ချက် တစ်ခုရသွားပြီဆိုရင် အဲ့ဒါကိုပဲ တစ်စိုက်မတ်မတ် ဖန်တီးပါ။
 
၃)  ကိုယ့်ကိုယ် သိမ်ငယ်စိတ်မမွေးပါနဲ့။
သူများနဲ့ မနှိုင်းပါနဲ့  ။ သူကသူ ကိုယ်ကကိုယ်ဖြစ်ပါတယ်။ ကိုယ့်မှာလည်း ကိုယ့်အားသာချက် ဆိုတာရှိပါတယ်။ မိမိပြိုင်ဘက် တစ်ယောက်ယောက် က ငွေရှာတဲ့နေရာမှာ တော်ရင်တော်နေလိမ့်မယ် ။ အဲ့ဒီအစား ကိုယ်က ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ ဘက် တော်တဲ့သူ တစ်ယောက်  ဖြစ်နိုင်သေးတာပဲ ။ မမျှမတ နဲ့  ရှင်သန်ရတဲ့ ဘ၀ဟာ အောင်မြင်တဲ့ အချိန်မှာ ချိုမြိန်မှု ကို ပေးစွမ်းနိုင်ပါတယ်။

၎)  ကိုယ့်အတွင်း စိတ်ကို ယုံကြည်မှု ရှိပါ။
လူတိုင်းဟာ စိတ်ကို ဆောင်ပြီး လှုပ်ရှား သွားရနေရတာပဲ ဖြစ်ပါတယ်။ မိမိ အတွင်းစိတ်က စကား သံတွေ ကို နားထောင်ပါ။
စိတ်ကို လွတ်လပ်စွာတွေးတောခွင့် ပေးလိုက်ပါ။ စိတ်ကူးနဲ့ ကောင်းမွန်တဲ့ အရာတွေ ဖန်တီးပါ ။ ကိုယ့်ကိုယ် ကို ယုံပါ။
 
၅)  ကိုယ့်ကိုယ်ကို မကောင်းတာတွေ မပြောပါနဲ့ ။
သေချာပါတယ်။ ငါက ဘယ်လိုဆိုးနေတာ ။ ဘယ်လို မကောင်းတာ ။ ဘယ်လို ညံ့တာလို့ သူများကို ပြောမိလိုက်တာနဲ့  သင်ကိုယ်တိုင်တစ်ဝက် ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ပါစေနဲ့  ။ ကိုယ့်ရဲ့  ကောင်းတဲ့ အချက်တွေ အမူအကျင့်လေးတွေကို ပြောဆိုပြီး စိတ်ဓာတ်ကို မြင့်တင်ပါ။
 
(၆) အိပ်မက်တွေကို အလျော့မပေးလိုက်ပါနဲ့ ။
လူတိုင်း လူတိုင်း အိပ်မက် ကိုယ်စီရှိကြပါတယ်။ အိပ်မက်တွေလည်း မက်ကြပါတယ်။ မိမိရဲ့ လှပတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နေတုန်းမှာ ဖြစ်နိုင်ပါ့မလား ဆိုပြီး အလျော့ပေးတာတွေ ရှိတတ်ပါတယ်။ အလျော့မပေးပါနဲ့ ။ အိပ်မက်အဖြစ် ရှိလာကတည်းက မိမိစိတ်ကို အကောင်အထည်ဖော်စေဖို့ စွမ်းအားတွေ ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိပ်မက်တွေကို မက်ပါ ။ အကောင်အထည်ဖော်ပါ ။ လက်တွေ့ ကျကျ ဖန်တီး ပါ။
 
(၇) No ဆိုပြီး ငြင်းဖို့ မကြောက်ပါနဲ့ ။
အားနာတာတွေ ။ ဘာတွေကြောင့် မဖြစ်နိုင်တာကို လက်ခံဖို့ ဖြစ်လာတယ်ဆိုရင် No ဆိုပြီး ငြင်းဖို့ မမေ့ပါနဲ့ ။ မိမိ ကိုယ်ကိုယ် မိမိအသိဆုံးဖြစ်ပါတယ်။ ဘယ်အချိန်မှာ ငြင်းရမလဲ ဆိုတာ ကိုယ်လုပ်နိုင် မလုပ်နိုင်ဆိုတဲ့ အပေါ်မူတည်ပြီး NO တစ်ခွန်းကို အားမနားစတမ်း သုံးလိုက်ပါ။
 
(၈) Yes ဆိုပြီး ပြောဖို့  မ၀ံ့မရဲ မဖြစ်ပါနဲ့ ။
မိမိအရည်အချင်း အပေါ်ယုံကြည့်မှုနဲ့  ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတွေကို Yes ဆိုပြီး လက်ခံပေးပါ ။ ဖြစ်နိုင်ပါ့မလား ။ လုပ်နိုင်ပါ့မလား ဆိုပြီး မ၀ံ့မရဲ ဖြစ်နေတာတွေ ရပ်လိုက်ပါတော့ ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်ရှိလာတဲ့ အခွင့်အရေးအတွက် YES တစ်ခွန်းထဲ ပြောပြီး ကြိုဆိုလိုက်ပါ။
 
(၉) ကိုယ့်ကိုယ်ကို သနားပါ။
မိမိ ကိုယ်နဲ့ မလိုက်အောင် ၊ ၀န်နဲ့ မမျှအောင် ဦးနှောက် နဲ့ ခန္ဓာကိုယ်ကို ခိုင်းစေနေတာတွေ ရှိရင် တစ်ချက်လောက် ကိုယ့်ကိုယ် သတိထားကြည့်ပါ။ စိတ်ချမ်းသာမှု ကိုယ်ကျန်းမာမှု ဆိုတာ ၀ယ်လို့ မရနိုင်ပါဘူး။
 
(၁၀) ထိန်းချုပ်မှုတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။
လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ၊ ထိန်းချုပ်မှုတွေ အရမ်းများလာပြီဆိုရင် ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ တစ်နေနေ ရာမှာ အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်။ အပန်းဖြေပါ ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် စိတ်ဖိစီး မှုလျော့ ကျစေတဲ့ နည်းတွေ မိမိကိုယ်တိုင် သိပါလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် တင်းကြပ်နေတဲ့ စိတ်တွေ ကို လွတ်လပ် ခွင့်ပေးထားလိုက်ပါ။
 
(၁၁ ) စိတ်ညစ်စရာတွေ နဲ့ ဝေးဝေးနေပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့  အရမ်းစဉ်းစားရလို့  ၊ ဦးနှောက်ကို အလုပ်တွေ မတရားခိုင်းလို့  ဆံပင်တွေတောင် ဖြူလာပြီဆိုတာ သင်သတိထားမိရဲ့ လား ။ ဒီကြားထဲ ဘာမဟုတ်တဲ့ စိတ်ညစ်စရာတွေက  ကပ်ပါလာသေး ။ နည်းလမ်းနှစ်ခုပဲ ရှိပါတယ်။ သိမ်းထားပြီး စိတ်ညစ်ခံမှာလား..ထုတ်လိုက်ပြီး ပေါ့ပေါ့ ပါးပါးနေမလား ။ အဖြေက သင့်မှာပဲ ရှိပါတယ်။
 
(၁၂) ချစ်တတ်ပါ။
သမီးရည်းစား အချစ်တွေမှ ချစ်တက်တာလို့ မခေါ်ဆိုပါဘူး။ တိရိစ္ဆာန် အကောင်ပလောင်လေးတွေ မွေးပြီး ချစ်တတ်တာမျိုး ။ ကလေး ပူတူတူလေးတွေကို ချစ်တတ်တာမျိုး ။ အရာရာကို ချစ်တဲ့ မျက်စိနဲ့ ကြည့်တတ်ရင် သင်နေတဲ့ လောကကြီးက သာယာမှု ပေးတယ် ဆိုတာ တွေ့ ပါလိမ့်မယ်။
 
မိမိကိုယ်ကိုယ် ဂရုမစိုက်ရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး
 
Credit: Lynntazaung
 
From-Myanmar Latest News

ပခုံးနှင့်မမျှအောင် လေးသော်လည်း ဘဝသည်ပစ်ချ၍မရ


”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့် အတူ ထိုနေရာ၌ လူတစ်စု ခြေသံခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်းသွားနေကြသည်။ နက်ပြာရောင်တီရှပ် လက်ရှည်နှ င့် ဘောင်း ဘီရှည် များကို ညီတူဝတ်ဆင် ထားသည့် ထိုသူများတွင် ခန္ဓာကိုယ်တောင့်တင်းသူ မရှိသလောက် ရှားသည်။ သို့သော် ၎င်းတို့သည် ကိုယ်ခန္ဓာနှင့် မမျှသည့် အထုပ် အပိုးကြီး များကို ထမ်းပိုးရင်း အပြေးအလွှားသွားလာနေသည်။

နေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ မော်တင်ဆိပ်ကမ်း၊ တူညီဝတ်စုံဝတ် ဆင်ထားသော အလုပ်သမားများသည် ဆိပ်ကမ်း သို့လာရောက်ကပ်သော သင်္ဘော၊ စက်လှေများပေါ် သို့ ကုန်ပစ္စည်းအမျိုးမျိုးကို အတင်းအချပြုလုပ် နေခြင်းဖြစ်ပြီး ထိုသူများထဲ၌ အသက် ၂ဝ ခန့် လူငယ်များနှင့် အသက် ၅ဝ ကျော်လူကြီးပိုင်းများ ကိုလည်း တွေ့မြင်ရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊ ထောက်ကြန့်အစရှိသည့်မြို့နယ်များ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ ခန့်မှန်းခြေအားဖြင့် ဂေါ်ဖီထုပ် ၃ဝ ခန့် ထည့် သွင်းထားသည့် ဆာလာအိတ်များကို ထမ်းပိုး၍ ဧရာဝတီတိုင်းသို့သွားရောက်သည့်သင်္ဘော ပေါ်သို့ တင်ဆောင်ပြီး မြိတ်၊ ကော့သောင်းသို့ သွားမည့် စက်လှေ များပေါ်သို့လည်း သံပီပါများကို တွန်းတင်နေကြသည်။


လေးပင်သောကုန်ပစ္စည်းများကို ထမ်းပိုးနေရ သော်လည်း ၎င်းတို့၏ မျက်နှာများကမူ အပြုံးမပျက်၊ အုပ်စုလိုက် စနောက်၍ပင် ကုန်ကားပေါ်ရှိ ပစ္စည်းများ သတ်မှတ်ရာ သင်္ဘော၊ စက်လှေပေါ်သို့ အမြန်ဆုံးရောက်ရှိရေးကို ခပ်သုတ်သုတ်လုပ်ဆောင် နေကြသည်။ မော်တင်ဆိပ်ကမ်း၌ ကွန်ကရစ်လမ်းမှ ရေ ပြင်ကျယ်ဆီသို့ တံတားလေး ငါးစင်းအပြိုင်ထိုးထား သည်။ သွပ်မိုးဖြင့် တံတားများရှိသကဲ့သို့ အမိုးမ ပါရှိသည့်တံတားများလည်းရှိရာ ရာသီဥတုဒဏ်ကို ၎င်းတို့အပြည့်အဝခံစားရမည်မှာ မလွဲ။

မိုးရာသီဖြစ်သဖြင့် နေသာနေရာမှ ရုတ်တ ရက် မိုးကရွာချလိုက်ရာ မြစ်ကိုဖြတ်စဉ်တိုက်သော လေနှင့်အတူ မိုးစက်မိုးပေါက်များက တံတား၏ နေရာအနှံ့စိုရွှဲသွားသည်။ အပြေးအလွှားသွားလာ နေသော ထိုလုပ်သားများကျဲသွားပြီး ငှက်လေးများ နားနေသလိုပင်တံတား၏အမိုးနှင့်နီးကပ်နေသည့် အမြင့်ဆုံးတန်း(ထုပ်တန်း)ပေါ်၌ အစီအရီ ထိုင်၍ မိုးခိုနေကြပြီ။ သူ့ အရပ်နှင့် သူ့ဇာတ်က အကိုက်။ မိုးရေစက်များကိုသုတ်ရင်း ထုပ်တန်းပေါ်မှ ဆင်းလာသူက”နေပူမိုးရွာဒီ လိုပဲ။ တော်ရုံနေမေ ကာင်း ဖြစ် တာ၊ ကိုက်ခဲတာလောက်ကတော့ ဆေးတစ်လုံး သောက်ပြီးအလုပ်လာဆင်းရတာပဲ” ဟုပြောသည်။

၎င်းသည်အသက် ၃ဝ ကျော်မှ စတင်၍ ယင်းအလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၅၂ နှစ်သို့ရောက်ရှိပြီဖြစ်ကာ အသက် ၆ဝ ပြည့်ပါ ကလုပ်ငန်းခွင် မှနုတ်ထွက် ရမည် ဖြစ်သည်။ သို့ သော် ၎င်းတို့အနေဖြင့် အခြားအစိုးရ ဝန်ထမ်းများ ကဲ့သို့ ပင်စင်အကျိုးခံစားခွင့်မရှိ။ နေ့စဉ်ရရှိသည့် လုပ်အားခမှ လူမှုဖူလုံရေး ကြေး ၂ ရာခိုင်နှုန်း၊ ကရုဏာကြေး ၆ ရာခိုင်နှုန်း ဖယ်ထားခံရပြီး နာမကျန်းဖြစ်ပါက လူမှုဖူလုံရေး ထည့်သွင်းငွေဖြင့် လူမှုဖူလုံရေးဆေးခန်းများ၌ ကုသ မှုခံယူနိုင်ခြင်းနှင့် အလုပ်ထွက်ပါက ကရု ဏာကြေး ထည့်သွင်းထားငွေကို ပြန်လည်ထုတ်နိုင်ခြင်းစသည့် ငါးကြင်းဆီနှင့်ငါးကြင်းကြော်သည့် အကျိုးအမြတ် ရလဒ်သာ ၎င်းတို့အတွက်ရှိသည်ဟု လုပ်သားများ က ပြောသည်။

”ကရုဏာကြေး ခံစားခွင့်ကလည်းဗျာ လုပ် သက် ၅ နှစ်မှရတာပါ။ လုပ်သက်နည်းတဲ့သူဆိုမပေး ဘူး။ ၅ နှစ်ဆို တစ်သိန်းကျော်လောက်ပဲရတာ။ ဒါက ထွက်တော့ တစ်ခါ ပဲပေးတယ်”ဟု လုပ်သက် ၅နှစ်ပြည့်လုနီး ကုန်တင်ကုန်ချအလုပ်သမားတစ်ဦး က ၎င်းတို့ခံစားချက်ကိုပြောရင်းထိုအချက်မှာ မဖြစ်သင့်ကြောင်း ရင်ဖွင့်သည်။ သို့သော် အလုပ်အကိုင်ရှားပါးမှုနှင့် ပညာ အရည်အချင်းနည်းပါးမှုတို့ကြောင့် ရရာအလုပ် လုပ်ကိုင်နေရသည့်အပေါ် ၎င်းတို့အနေဖြင့် စော ဒကတက်ရဲသည့် အခြေအနေမရှိ။ ၎င်းတို့ မှာ အစိုးရဌာနတစ်ခုဖြစ်သည့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက် မှ အလုပ်သမားများဖြစ်သဖြင့် အခြားအစိုးရ ဝန် ထမ်းများ ကဲ့သို့ ပင်စင်ခံစားခွင့်နှင့် အစိုးရမှ မြေ ကွက်ချထားပေးလာရန်မှာ သူတို့၏ အတောင့်တ ဆုံးအိပ်မက်ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်တင်ကုန်ချအ လုပ်သမားဥပဒေကို ယခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအေ ဝးတွင်အတည်ပြုလိုက်သည်။ အတည်ပြုလိုက်သော ဥပဒေတွင် ထိုလုပ်သားများ ၏ အိပ်မက် အသက်ဝင်မှု မရှိခဲ့။ သို့သော်ဥပဒေကြမ်းရေးဆွဲမှုတွင် တိုင်းကော် မတီဖွဲ့ စည်းရာ၌ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်မှုမရှိခဲ့ဘဲ ဥပဒေအတည်ပြုချိန်၌ ဥပဒေကြမ်း စိစစ်ရေးကော်မတီ၏ ထောက်ပြမှုဖြင့် ရွေးကောက် ခံအလုပ်သမား ကိုယ် စားလှယ် ၃ ဦးအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖြစ်လာခဲ့သည်။

အတည်ပြုလိုက်သော ကုန်တင် ကုန်ချဥပဒေ ၌ အခန်း ၁၃ ခန်းနှင့် ပုဒ်မ ၃၈ ခုပါဝင်သည်။ အခန်း ၄၊ ပုဒ်မ ၇ ၊ အပိုဒ်ခွဲ (င) တွင် လုပ်သားများ အား ဒေသန္တ ရကုန်ေ ဈးနှုန်းနှင့်အညီ လိုက်လျော ညီထွေရှိမည့် လုပ်ခနှုန်းထားများပေးဆောင်ရန် အချက်ပါဝင်သည်။ သို့သော်ယင်းကို ဒေသဆိုင်ရာ အာဏာပိုင်များ ၏ခွင့်ပြုချက်ဖြင့် သာညှိနှို င်းဆောင် ရွက်၍ အတည်ပြုရမည်ဟု ဥပဒေ၌ ထပ်ပိုး၍သတ် မှတ်ထားသည်။ ခေတ်ကာလနှင့်အညီ ပြောင်းလဲ လာသော ငွေကြေးစနစ်အပေါ် လုံလောက် သည့် လုပ် အားခမဖြစ်မနေ ပေးဆောင်ရန်ဟု ဥပဒေ၌ အတိအလင်း ထည့်သွင်းထားမှု မရှိပေ။ မော်တင်ဆိပ်ကမ်း၌ပင် ဧရာဝတီတိုင်းဒေသကြီးမြစ်ဝကျွန်းပေါ်သို့သွားသော သင်္ဘော များနှင့် မြိတ်၊ ကော့သောင်းသို့သွားသော ကမ်းရိုးတန်းသွား စက်လှေများပေါ်သို့ ကုန်တင်ကုန်ချပြုလုပ်၍ရသော ကုန်ပစ္စည်းများအတွက် ရရှိသော တန်ဆာခမှာ မတူညီ။

မြစ်ဝကျွန်းပေါ်ပို့မည့် အရက်ဖာအကြီးအတွက် တန်ဆာခ ၁၇ဝ ကျပ်ရရှိသော်လည်း ကမ်းရိုးတန်း သို့သွားမည့် စက်လှေများပေါ်သို့ တင်ဆောင်ခမှာ ငွေကျပ် ၇ဝခန့် သာရ ရှိသဖြင့် ဈေးနှုန်း ညီတူ သတ်မှတ်ပေးရေးကို ကမ်းရိုးတန်းသွား စက်လှေ များ၌ ကုန်တင်ကုန်ချပြုလုပ်နေသည့် လုပ်သားများ ကအရေးဆိုထားသည်ဟု ကြားသိရ သည်။ သို့သော် ညီတူခံစားခွင့်ကိုယနေ့အထိမရရှိသေးပေ။

ယင်းဖြစ်ရပ်ကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်က အစိုးရအနေဖြင့် လုပ်သားများအတွက် တန်းတူဝန်ဆောင်ခ သတ် မှတ်ပေးနိုင်ရေး ရှိမရှိကို (ပြီးခဲ့သည့် စက်တင်ဘာ၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး)တွင် မေးမြန်းခဲ့ရာ ၂ဝ၁၂ ခုနှစ် တွင် သတ်မှတ်ထားသောနှုန်းထားထက် ၂ဝ ရာ ခိုင်နှုန်းထပ်မံ တိုးမြှင့်ထားပြီး နှစ်စဉ်တစ်နှစ်လျှင် တစ်ကြိမ် တန်ဆာခများတိုးမြှင့် သတ်မှတ်သွားရန် စိုက်ပျိုးရေးနှ င့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ကတိပြုခဲ့သည်။ သို့သော်ဝန်ကြီး၏အဆိုအရ မြစ်ဝကျွန်းပေါ် နှင့် ကမ်းရိုးတန်းသွားရေယာဉ်များပေါ်သို့ တင် ဆောင်ရသော ကုန်ပစ္စည်း များအတွက် ဝန်ဆောင်ခ ညီတူသတ်မှတ်နိုင်ရေးမှာ အကောင်အထည်ပေါ် လာနိုင်သည့် အခြေအနေမရှိသေးပေ။

ကမ်းရိုးတန်းသွား စက်လှေများမှာ ကုန်တန် ချိန်အများအပြားကို ကုန်သည်အနည်းငယ်မှ တင် ဆောင်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းသွား သင်္ဘောများ ၌ ကုန်တန်ချိန် အနည်း ငယ်သာပါဝင်သော်လည်း ကုန်သည်ဦးရေအများအပြားမှ တင်ဆောင်ခြင်းဖြစ် သဖြင့် တန်ဆာခဈေးနှုန်းကို ညီတူထားရှိရေး ညှိ နှိုင်း၍မရနိုင်ဟု ဝန်ကြီးက ဆို သည် ။ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သား ၃၄ဝဝ ကျော်ရှိသည့် ကုန်တင်ကုန်ချအလုပ်သမား များသည် လခစားဝန်ထမ်းများမဟုတ်၊ နေ့စားလုပ် သားများဖြစ်ပြီး ကုန်တင် ကားများအကျနည်း သည့်ရက်များ၌ လက်ဗလာဖြင့်သာ အိမ်ပြန်ကြရ သူများဖြစ်သည်။”ကျွန်တော်တို့က လမ်းမတော်မြို့နယ် ကုန် တင်ကုန်ချဌာနခွဲ ၂လေ၊ လုပ်သားက ၂ဝဝလောက် ရှိတယ်။ ၁၆ယောက်ကို တစ်ဂိုဏ်းဖွဲ့ထားတော့ ၁ဝဂိုဏ်းလောက်ရှိတယ်”ဟု ဦးထွန်းလင်း (အမည် လွှဲ)က ပြောသည်။

မော်တင်ဆိပ်ကမ်းသို့ လာရောက်လုပ်ကိုင် သော ကုန်တင်ကုန်ချ အလုပ်သမားများမှာ မြို့ စွန်များမှ လာရောက်မှုများပြီး နံနက် ၈ နာရီအ ရောက်ကော်မတီရုံးသို့ လာရ သည်။ ရုံးသို့ ရောက် ရှိပါက အလုပ်ခန့်အပ်စဉ်က ဝန်ထမ်းများအားပေး ထားသည့် နံပါတ်ပြားများကိုထပ်၍ မဲစနစ်ဖြင့် အုပ်စု(ဂိုဏ်း) ခွဲရေးစတင်သည်။ ကံကောင်းပါက နံ ပါတ်စဉ်စောသည့် အသုတ်ထဲသို့ပါပြီး ကံခေ သည့်နေ့များတွင် နောက်ဆုံး နံပါတ်များရရှိသည် ဟု ဦးထွန်းလင်းက ဆိုသည်။

နောက်ဆုံးနံပါတ်ကျရောက်ပြီး ကုန်ကားအ ကျနည်းပါက ကုန်ထမ်းရန် အခြေအနေမပေးတော့ ဘဲ ရှေ့ဂိုဏ်းများဖြင့်လုပ် ငန်းပြတ်သွား သဖြင့် ရေ သောက် ၍ ပြန်ရ သည့်နေ့ရက်များကလည်း ၎င်း၏လုပ်သက်နှစ် ၂ဝ အတွင်း ရက်ပေါင်းမနည်းတော့ဟု ပြောပြသည်။

”အသွားအပြန် ကားခကုန်ရုံပေါ့။ ဒီအလုပ် ကြမ်းကို အာဟာရမရှိရင် မလုပ်နိုင်ဘူးဆိုတော့ အပေါင်းအသင်းတွေဆီက ၅ဝဝ လောက်ချေးငှား ပြီး ထမင်းစားရတဲ့ အခါ လည်းရှိတယ်။ ပညာမ တတ်တဲ့အခါကျတော့ ဒီအလုပ်ကိုပဲ ရေရှည်လုပ် လာတာ။ သားသမီးလေးယောက်ရှိတယ်။ သူတို့ ကျောင်းစရိတ်ကို အဓိကရှာရတော့ ဝမ်းရေး ကို တော့ ရှက်ရှက်နဲ့ပြောရရင် ချဉ်ပေါင်ဟင်းတစ် လှည့် ကန်စွန်းရွက်ကြော်တစ်လှည့်နဲ့ ဖြေရှင်းလာ တာ”ဟုဦးထွန်းလင်းက ရင်ဖွင့်သည်။ ၎င်းစတင်လုပ် ကိုင်ခဲ့ သည့် ၁၉၉ဝကျော်ခုနှစ် များကို ပြန်ကြည့်လျှင် ယခုထက်တော့ အတန်အ သင့်ပြေလည်ခဲ့သည်ဟု ဆိုသည်။ တစ်နေ့ ၂၅ဝဝ၊ ၃ဝဝဝဖြင့် မိသားစုစား ဝတ်နေရေး ဖြေရှင်း၍ ရ သည်။ လုပ်ငန်းသဘောအရ တန်ဆာခခွဲဝေရာတွင် ဘောတိုင်မှူး (လုပ်သားများအား ကြီးကြပ်ကွပ်ကဲ ပေးသူ) သို့ ပေးဆောင်ရ သည့်ဝေစုမှာလည်း ယခု ထက်နည်း သည်ဟု ၎င်းက ပြောပြသည်။

”အလုပ်သမားမှူးဖြစ်သွားရင်တော့ လုပ် သားတစ်ဦး (၅ဝဝဝ)ဆိုရင် အလုပ်သမားမှူးက ၃ဝဝဝဝ လောက်ရတယ်။ ဒါပေမဲ့ အလုပ်သမားမှူး တွေက ခေါ်ဖို့မရှိပါဘူး။ ၁၉၉၂ ခုနှစ်တုန်းကတော့ ခေါ်တယ်။ ဒါပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေပဲရခဲ့တာပါ။ သာမန်လူကတော့ ဘယ်လောက် ပဲ အစွမ်းထက်နေနေ မှူးဖြစ်မလာပါဘူး”ဟု လုပ် သက်ကြာမြင့်သော်လည်းဒုံရင်းဘဝမှ တက်မလာ သည့်၎င်း၏အဖြစ်ကို ပြောပြသည်။ ကုန်တင်ကုန်ချ လုပ်ငန်းအတွက် အသက် အရွယ်မရွေးလုပ်ငန်း လုပ်ကို င်ခွင့် ရှိပြီး အသက် ၂ဝကျော်မှ ၆ဝခန့် အထိလုပ်သားများ လုပ်ကိုင်မှုရှိ ကြောင်း၊ လုပ်သားခေါ်ယူမှုမှာ ရှားပါးပြီး နှစ်အ တန်ကြာမှသာ တစ်ကြိမ် ခေါ် ယူလေ့ရှိသည် ဟု လုပ် သားများထံမှ သိရသည်။

”လွန်ခဲ့တဲ့ တစ်လ၊နှစ်လလောက်ကပဲ လူ ၅ဝ လောက်ခေါ်တယ်။ မခေါ်တာ ၄၊ ၅ နှစ်ရှိပြီ။ ထွက်တဲ့လူတွေများသွားလို့ခေါ်တာ။ များသော အားဖြင့် ဒီအလုပ် မှာ နှစ်ရှည် လုပ်တဲ့ သူတွေ များပါတယ်” ဟု လုပ်သက် ၅ နှစ်ရှိ ကုန်တင် ကုန် ချ အလုပ်သမား ဦးစိန်သောင်း (အမည်လွှဲ) က ပြော သည်။ ၎င်းသည် အဆိုပါလုပ်ငန်းတွင် လုပ်သက်နု လုပ်သား တစ်ဦးပင် ဖြစ်သည်။ သူ၏ကနဦးအသက် မွေးလုပ်ငန်းမှာ နာရီပြင်ခြင်းဖြစ်ပြီး အိမ်ခန်းငှား ကာ ဆိုင်ဖွင့်ခဲ့သည်ဟု ဆိုသည်။ အိမ်ခန်းငှား ခများ ဈေး တက်လာ သဖြင့် အလီလီပြောင်းရွှေ့ခဲ့ရပြီး ¤င်း၏ ဆိုင်ပါ ပျောက်ချင်းမလှပျောက်ကာ အ ထမ်းသမားဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

”အခုတော့ လေးလလောက်ရှိပြီ။ အိမ်ငှားခ ပူစရာမလိုတော့ဘူး”ဟု ပြောသော သူ၏မျက်နှာ တွင် စိတ်အမောပြေသွားသည့်ဟန်ကို တွေ့လိုက်ရ သည်။အိမ်ငှားခမပူ ပင် ရတော့သည်မှာ ၎င်းတို့၏ အလုပ်မှရရှိသည့်အခွင့်အရေးမဟုတ်။ သန်လျင် မြို့နယ်ရှိ သဘာဝ တရားရိပ်သာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ဦးဥတ္တမ က နေ ထိုင်စရာအ ခက်အခဲရှိသူများ ၎င်းကျောင်း၌ ၁၅ ရက်တရား လာထိုင်ပါက ၁၅ ပေပတ်လည် မြေကွက်တစ်ကွက် ပေးသည်ဟု ကြားသိရသည့်အပေါ် ၎င်းက ကြိုး စားအား ထုတ်ခဲ့ခြင်းဖြစ် ဖြစ်သည်။

”အဲဒီတုန်းက (သတင်းကြားတုန်းက) လှိုင် သာယာမှာငှားနေတာ။ လှိုင်သာယာကနေ မနက် ၅ နာရီလောက် သန်လျင်ကိုသွား ဟိုရောက်ရင် တစ်နာရီခွဲလောက် တရား ထိုင်၊ ပြီးရင် လမ်းမတော် အလုပ်လာဆင်း၊ ၁၅ ရက်နေတော့ ဦးဇင်းက တကယ်မြေကွက်ပေးတယ်။ ရောင်းစား/ပေါင်စား လို့တော့မရဘူး။ စည်းကမ်းသတ် မှတ်ထား တယ်။ ရ ရချင်းမဆောက်နိုင်သေးဘူး။ ဝါးခင်းဓနိမိုး ကိုတောင် တစ်သိန်းခွဲနှစ်သိန်းလောက်ကုန်ခဲ့တာ”ဟု ၎င်း၏ အဖြစ်ကို ပြောသည်။ ၎င်းနေထိုင်ရာ သန်လျင်မြို့နယ် ၁၈ ကုန်း အနီး သဘာဝတရားရိပ်သာ စေတနာရွာတွင် ၎င်းနှင့်ဘဝတူ အိမ်ထောင်စုတစ်ထောင်ခန့်ရှိနေပြီဖြစ်ကာ ဆရာတော်၏ စေတနာဖြင့် ၎င်းတို့ ဘဝတွင်အပူ အပင် များတစ်ဝက်ခန့် ငြိမ်းအေးသွား ပြီဟု ၎င်းကပြောသည်။

”ဆရာတော်ကတော့ မသေမချင်း နေလို့ရ တယ်ပြောထားတယ်။ မိသားစုဝင် တစ်ယောက် တရားထိုင်ရုံနဲ့ တစ်မိသားစုလုံးနေလို့ရတယ်”လို့ ၎င်းက ဆက်လက်ပြော သည်။ လောကီနှင့်ဝေးရာ ခရီးဆက်နေကြသည့် ပုဂ္ဂိုလ်များပင် ပုထုဇဉ်လူသားတို့၏ နေထိုင်ရေးအ ခက်အခဲကို ကာကွယ်စောင့်ရှောက် မှု ပေးနေ ရ ခြင်း သည် ပြည် သူဗ ဟိုပြုစနစ်ဖြင့် ရှေ့ဆက်မည်ဟု ကြွေးကြော်နေသော အစိုးရ၏ အားနည်းချက်နှင့် မျက်ကွယ်ပြုမှုကို မီးမောင်းထိုးပြနေသကဲ့သို့ရှိရာ လူထုအနာ ဂတ်ဘာလဲ … ဘယ် လဲဟု မေးရန်မှ တစ်ပါး …။


ဝေမာထွန်း


 From – Popular Myanmar News Journal

Thursday, October 3, 2013

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်

             Online Photo's

ဟေ့ကောင် ငါစော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူ လို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးအေး ဆေးဆေး ဟိုတယ်ဘဲ သွားတည်းတော့မယ် ။*


၁.ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂.မိမိချစ်သူ အပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူ အပေါ် သစ္စာရှိမှု ၊
၎. မိမိအပေါ် ဦးဆောင် တတ်မှု ၊
၅.နှမချင်းစာနာစိတ် ရှိခြင်း ၊
၆.ဘာသာ တူညီခြင်း၊
၇.ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း ၊

ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။ ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာ မိန်းကလေးတွေရယ်။ မဟုတ် တဲ့ဆိုဒ်မှာ ညီမလေး တို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။

 လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနပ်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန် စကားတွေလား ဆိုတာကို ဝေဖန် ခွဲခြားနိုင် ခြင်း မပြုနိုင် ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။ အွန်းလိုင်း ချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ် ချက်တွေ မှန်ကန်ဖို့ ရွေးချယ်တတ်ဖို့တော့ လိုတယ် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း ခေတ်စားလာသလိုဘဲ ။ စကား စပ်မိတုန်းလေး ပြောချင်သေးတယ် ။ 

မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ် ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ် ဆိုတာကို ပြောပြချင်တယ် ။ ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။ ဒီထက်ပိုပြီး သူစာမျက်နှာမှာ ကိုယ်ပုံတွေ တင်တယ် ။ သူအနေနဲ့ ကိုယ်ကစကားတွေ ၀င်ပြောတာမျိုးကြတော့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါတယ် ။ တဖက်လူကလည်း ခုစကားပြောနေတာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိပါတယ် 
ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။ 

အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်လို့ရတယ်ဆိုတာကို မေ့မထားစေချင်ဘူး ။ ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password တောင်းတယ် ။ နောက် အသစ်ထပ် ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို လိုအပ်တဲ့ အခါလေးဘဲ ဖွင့်ကြည့်တာမျိုးဆို သူလည်း စိတ်မညစ်ရဘူး ၊ ကိုယ်သိချင်တာလေးတွေလည်း သိနေရမယ် ။ ယောကျာင်္းလေး အများစုဟာ သိပ်စိတ်ရှုတ် မခံတတ်ကြဘူးဆိုတဲ့ အချက်ကို မေ့မထားကြပါနဲ့ ။ ကဲ အွန်လိုင်းချစ်သူ ကိစ္စကို ဆက်ရအောင် ။ 

ဟုတ်ပြီ အွန်လိုင်းမှာ ချစ်သူဖြစ်တယ် ။ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လိုအပ်သလောက် စကားပြောကြည့်မယ် ။ ဒီထက်လေးနက်လို့ရပြီဆို အပြင်မှာတွေ့ကြည့်ရမယ် ။ ( တွေ့ကြည့်ရမယ်ဆိုတာ တည်းခိုခန်းတွေမှာ တွေ့ကြည့်ဖို့ မဟုတ်ဘူးနော် ) ။ မိဘတွေနဲ့ တွေ့ပေးကြည့်မယ် ။ အားလုံးသေချာ အိုကေပြီ ဆိုရင်တောင် ဆေးစစ်ရအုံးမယ်နော် ။ အားလုံး အဆင်သွားပြီဆို လက်ထပ်ကြတာပြီပေါ့ ။ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲရှင် ။
 
မပြောချင်ပေမယ့် ပြောရအုံးမယ်ရှင် ။ ကျွန်မတို့နဲ့ ခင်တဲ့ လူတစ်ယောက်ပေါ့ ။ သူ့မှာမိန်းမရှိတယ်။ မိန်းမလေးက သူ့ထက်လည်း တော်တော်လေးကို ငယ်တယ် ။ ချစ်ဖို့လည်းကောင်းတယ် ။ သူအကျင့်က ဟုတ်တာကော မဟုတ်တာပါ စကားအကြီးကြီတွေ ပြောတတ်တယ် ။ နောက် အရမ်းကို ချက်တင် ထိုင်တယ် ။ အလုပ်က ပြန်လာပြီ ဆိုတာနဲ့ ရေတောင်မချိုးနိုင်ဘဲ ကွန်ပြူတာ တန်းဖွင့်တော့တာပါပဲ ။ ချက်တင်ထဲမှာ နောက်ထပ်ကောင်မလေးတွေနဲ့ ရည်းစားဖြစ်နေတယ်လေ။ ဒါဘာထူးဆန်းလို့ ထင်နိုင်ပါတယ် ။ ဟုတ် ဒါမထူးဆန်းပါဘူး ။ ထူးဆန်းတာက တစ်ဖက်မိန်းကလေးတွေက သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာကို သိသိနဲ့ ပြန်ကြိုက်သတဲ့လေ။ 

သူ့မိန်းမကိုကျတော့ ထားစရာ နေရာမရှိအောင် တိုတတ်ပါတယ် ။ နောက်ထပ်ရည်း စားတွေထားတာ ၊ ကောင်မလေးတွေ က သူ့မှာ မိန်းမရှိနေမှန်း သိသိနဲ့ ပြန်ကြိုက်တယ် ဆိုတာတွေကို ဂုဏ်ယူစွာနဲ့ ကြွားနေတာ။ကြားရတဲ့ ကျွန်မ အသက်ရှူဖို့ ခဏ မေ့သွားတယ် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် မြန်မာ မိန်းကလေး ဆိုတာနဲ့ ကျွန်မနဲ့ ဆိုင်သလို ခံစားမိတယ် ။ မခံချင်တဲ့ စိတ်တွေက နှိုးကြွလာတယ် ။ သူ့ကို တစ်ခုခု ပြန်ပြောချင်တယ် ။ ပြောချင်တဲ့ စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောတွေ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလား ထင်ရပါတယ် ။ အတွေးခေါ်တွေ တဖြေးဖြေး ဆင်းရဲ လာတဲ့ မြန်မာ မိန်းကလေးတွေ အတွက်ပါ ။ ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့ လူစားတွေကတော့ သူကို အထင်ကြီးချင် ကြီးနေကြမှာပေါ။ ခေတ်ကာလ မြန်မာ မိန်းကလေးတွေရဲ့ အတွေးမှာ အယူဆ မှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့ အခါခါတွေးမိတယ် ။ 

ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ ဆင်းရဲတာ၊ ချမ်းသာတာ ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တစ်တွေ လူဖြစ်ပြီး လူပီသ အောင် နေတတ်ဖို့ အရေးကြီးပါတယ် ။ ကြောက်ရမယ့် အရာကို ကြောက်ကိုကြောက်တတ်ရမယ် ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမယ် ။ ထိန်းသိမ်းရမယ့် လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမယ် ။ ဒါမှ လူပီသသူလို့ သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ = ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း ၊ မေဓ၀ိနီ = အမြော်အမြင် ဆင်ခြင်ဥာဏ် ပညာအလိမ္မာနှင့် ပြည့်စုံခြင်း ဆိုတဲ့ မိန်းမကောင်းကျင့်ဝတ်တရားလေးတွေကို မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ ။

မလေးရှားရောက် မြန်မာတွေရဲ့ လူနေမှု ပုံစံလေးကို ပြောချင်ပါသေးတယ် ။ ခိုင်လေး ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ပြောပြတဲ့ အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ် ။ သူမ မလေးရှားမှာ ခု လက်ရှိနေ ပါတယ် ။ အမျိုးသားနဲ့ တူတူနေပါတယ် ။ တူတူနေတယ်ဆို မလေးရှားရောက် မြန်မာစတိုင်လို မယူ ရသေးဘဲ တူတူနေနေတာမျိုး မဟုတ်ပါ ။ တရားဝင်လက်ထပ်ပြီး လိုက်နေခြင်းမျိုးပါ ။ သူမ အမျိုးသား ရှိလို့သာ လိုက်နေရပေမယ့် မလေးရှားမှာ နေနေတာကို ခိုင်လေးမိဘတွေက လုံးဝ သဘောမကျပါဘူး ။ ခိုင်လေးတို့ အိမ်မှာ လုပ်စရာ အလုပ်တွေ အပြည့်ပါပဲ ။ 


အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ကို အဝေးမှာ ကြာကြာ တစ်ယောက်ထဲ ထားဖို့ မသင့်ဘူးလို့ မှတ်ယူတာမို့ သူနဲ့ တူတူလိုက်နေရခြင်းပါ ။ မလေးရှားရောက်တဲ့အခါ သူမအလုပ်လုပ် မယ်လို့ ပြောပါတယ် ။ အမျိုးသားက ပေးမလုပ်ပါဘူး။ သူများဆီမှာ တစ်ခါမှ အလုပ်အလုပ်ဘူးဘဲ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ။ လုပ်တတ်မှာလည်း မဟုတ်ဘူးဆိုပြီး အိမ်မှာဘဲနေခိုင်းပါတယ် ။ ဒီတော့ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စလေးတွေလုပ် ပြီးတာနဲ့ စာတွေဖတ် သတင်းတွေဖတ် ၊ စာရေး ဒါသူမ အလုပ်ပါပဲ ။ သူမက အကျင့်တစ်ခုရှိတယ် ။ သိချင်တဲ့ အရာတစ်ခုကို သေချာလေ့လာ တတ်တာပါပဲ ။ မလေးရှားကို ရောက်ပြီး မလေးရှားရောက်တဲ့ မြန်မာတွေ အကြောင်းကို လေ့လာဖြစ်တယ် ။ အသေးစိတ် ကို လေ့လာမိ ပါတယ် ။ တခြားနိုင်ငံတွေ ကို ရောက်ဖူးပေမယ့် ခုလောက် ကြာကြာ မနေဘူးတာမို့ မလေးရှားရောက် မြန်မာတွေ အကြောင်းလောက်တော့ မသိခဲ့ပါဘူး ။ မလေးရှား ကို ရောက်နေ တဲ့ မြန်မာ ယောကျာင်္းလေးတွေ အကြောင်း ကို အရင်ပြောချင်တယ် ။ 

အိမ်ထောင်ရှိသူတွေ ဖြစ်လင့်ကစား မလေးရှားရောက်တာနဲ့ *အင်ဒိုနီးရှား*မတွေနဲ့ တူတူနေကြတယ် ။ မြန်မာချင်းကြိုက်ကြတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူအိပ်ကြတော့တာပဲ။ ကွဲသွားကြလည်း ဘာမှ ထူးထွေ မခံစားကြရ သလိုဘဲရှင် ။ အတွဲ တစ်တွဲဆို တစ်မြို့ထဲ သားတွေပါ ။ နှစ်ယောက်စလုံး အိမ်ထောင်တွေပါပဲ ။ မလေးရှားကို ရောက်တော့ ဖောက်ပြန်ကြတယ် ။ တူတူနေနေကြတယ် ။ မြန်မာပြည်က မိသားစုတွေကတော့ ဒါတွေကို ပြန်သိမှာ မဟုတ်ပါဘူး ။ သိပ်ကို စိတ်ပျက် စရာကောင်းလှ တဲ့ အဖြစ်တွေပေါ့ ။ လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြတာလဲ။ ဒီမေးခွန်းကို ကျွန်မ ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိတယ်။အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့ ခံစားမှုလေးတစ်ခုပါ ။ 

ဒီခံစားမှုလေးကို လူတွေက မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကတော့ လုံးဝကို မဖြစ်သင့်ပါဘူး ။ အိမ်ထောင်ရေး တိုင်းမှာအတွင်းကျိတ်ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီ လို ပြသနာတွေ ဖြစ် ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံးနဲ့အဖြစ်သင့်ဆုံးပါပဲ။ဒါပေမယ့် ပြသနာတက်ချိန်မှာ ဘယ်သူ က အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါ လိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင် ဆုံးတော့ သွေးအေးအေး ထားစေချင်တယ် ။ ဒီနေရာမှာ ဖြစ်တတ်တာလေးတွေကို တင်ပြ ချင်ပါတယ် ။
 

ရိုးသွားတတ်တယ်
အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါတယ်။လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ ငပိရည် တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ ၀င်လာတတ်ကြတယ် ။ အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်း ကို ကြော်တာလေးကတမျိုး၊ ချက်တာလေးကတစ်ဖုံ။ သုတ်ပေးတာလေးက တသွယ် စားချင်စဖွယ်ဖြစ်အောင်တော့ ပြောင်းလဲမှုလေးတွေ ရှိပေးသင့်ပါတယ် ။ တခါတရံ စားချင်လာတတ်တဲ့ ငပိရည်ဆိုတာ စားမိရင် မျက်နှာမှာ အဖုတွေ ထွက်လာတတ်သလို ၊ ဘ၀မှာလဲ အမည်းစက် အဖုတွေ ထွက်လာတယ် ဆိုတာကိုနားဝင်အောင် နူးညံ့တဲ့ နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်တယ်။

သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင် ချစ်ခင်စုံမက် လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်း တရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသေးတယ် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါတယ်။ 


လက်ရှိ အိမ်ထောင်ရေး မပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင် ရေးမပြေလည်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြန်တာတော့ သိက္ခာမရှိနိုင်ပါဘူး ။ တရားဝင် ကွာရှင်းပြတ်ဆဲခြင်း မရှိဘဲ ဒီလိုကျူးလွန် မိလိုက်တာဟာ မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန် တရားတွေပါ အလကားဖြစ်ကုန်တာပါပဲ ။ ကိုယ် ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။ အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ ။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မယ်။ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲလိုက်ပါ ။ ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင် ခွင့် ပေးပါလိမ့်မယ် ။ ဖောက်ပြန် တယ်လို့ နာမည်တပ် ခံရတာကိုက လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ် သွားစေ ပါတယ် ။ 

 မလေးရှား မှာ ပြောနေ တတ်ကြလွန်း လို့ပါ ။ မြန်မာပြည်က မိန်းမက ဘယ်လိုမကောင်းတာ ၊ မြန်မာပြည် က ယောကျာင်္းက ဘယ်လို ဆိုးတာ စုံနေတာပါပဲ ။ ဟုတ်ပြီ မကောင်းဘူး ၊ ဘယ်လိုမှ ညှိနှိုင်း မရဘူးဆိုရင် ကွာရှင်း  လိုက်ပါ ။ ဒီလို မဟုတ်ဘဲ မကောင်းတာတွေ ဆိုးတာတွေကို အကြောင်းပြပြီး လက်ရှိ အိမ်ထောင်အပေါ် ဖောက်ပြန်နေခြင်းကတော့ ရုပ်ဆိုးလွန်းပါတယ် ။ ဆင်ခြင်နိုင်ကြပါဝေလို့ ဆုတောင်းမိပါတယ် ။
 

မိန်းကလေးတွေ အနေနဲ့လည်း ပိုက်ဆံလာရှာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေနဲ့ဘဲ ရှာစေချင်ပါတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူလိုက်အိပ်နေရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းကြီး ကို ကျွန်မတို့ မြန်မာ မိန်းကလေးတွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားဆိုတာနဲ့ တွန်းလှန် တိုက်ထုတ်ပြစ်ကြရအောင် ။ ခုဆို ယောကျာင်္းတော်တော် များများပြောနေကြတဲ့ စကားရှိပါတယ် ။ မြန်မာ မတွေလည်း အင်ဒိုမတွေနဲ့ ဘာမှ မထူးတော့ဘူးတဲ့ ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ မြန်မာပြည်ပြန် သွားတဲ့ လူုတိုင်းလိုလိုက နိုင်ငံခြားကောင်းကြောင်းတွေ ကိုသာ စီကာ ပတ်ကာပြောတတ် ကြပေမယ့် ဆိုးကျိုးတွေကို ချန်လှပ်ထားကြတာလဲ လူသားမပီသ မှုတစ်ခုပါပဲ ။ 

အသက်ကြီးသူက ငယ်သူကို ထိန်းဖို့မပြောပါနဲ့ ကြီးသူတွေကိုယ်တိုင်ကိုက ထိန်းမနိုင် သိမ်းမနိုင်အောင် ဖြစ်နေကြတာ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ ။ ကဲ ကျွန်မတို့ ဘယ်လို ထိန်းကြမလဲ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီက မိမိတို့ကိုယ်ကို တန်ဖိုးတတ်ခြင်းတွေနဲ့ ထိန်းမယ် ။ မိဘတွေ အနေနဲ့လည်း မိမိတို့ သမီးရတနာလေးတွေကို ငွေမျက်နှာတစ်ခုထဲကို မကြည့်ဘဲ နိုင်ငံခြား ကိုလွတ် ငွေရှာ ခိုင်းခြင်းတွေကို သေချာဆင်ခြင်တွေးတောမယ် ။ တကယ်လိုအပ်တယ် လွတ်ရမယ် ဆိုရင်တောင် မိမိတို့ သားသမီးကို သေချာ လေ့လာပါ ။ မိမိရင်သွေးငယ်ဟာ ကိုယ်ကိုကိုယ် အမှန်တကယ် ထိန်းသိမ်းနိုင်ပြီလားဆိုတာကို လေ့လာပြီးမှသာ လွတ်သင့်ပါတယ် ။

 အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ်ကို ဂုဏ်သိက္ခာရှိအောင် နေတတ်ခြင်းဘဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းဟာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါပဲ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ယဉ်ကျေးတဲ့ ခေတ်တစ်ခေတ်ဖြစ်အောင် ကျွန်မတို့တွေ လက်တွဲညီညီ တည်ဆောက်ကြပါစို့ ။ သူ့ဖက် ကိုယ့်ဖက်မျှတစွာ စဉ်းစားတတ်ပြီး ကိုယ်ချင်းစာတရားကို လက်ကိုင်ထားတတ်သော ၊ နှမချင်း စာနာစိတ်မွေးမြူ တတ်သော အမျိုးကောင်းသားတွေ ပေါ်ပေါက်ပါစေ ။ ဘုရားဂုဏ် ၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တို့ကို အထူး မှတ်ရှူတတ်ကာ မေတ္တာ ပွားများနိုင်သော အမျိုးကောင်း သမီးများစွာ ပေါ်ပေါက် လာကြပါစေ ။

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာ မိန်းကလေးတွေရယ်လို့ လှုပ်နှိုး ရင်း ဆောင်းပါးလေး ကို အဆုံး သတ်လိုက် ရပါတော့တယ် ။

မိန်းကလေးများ၊ ယောက်ကျားလေးများကို ပုတ်ခတ်ပြောဆိုဝေဖန်ရ န်အတွက် အစဖော်ပေးခြင်းမဟုတ်ပါ။ ကြမ်းတမ်းစွာပြောဆိုဝေဖန်မည့်အစ
ား နှစ်သိမ့်ပညာပေး အားပေးစေချင်ပါတယ်


From: ပျို့မှာတမ်း

www.mmdailystar.com မှမျှဝေဖေါ်ပြသည်

Wednesday, October 2, 2013

သံတွဲမြို့နယ်၌ ဆူပူမှု အတွက် သက်ဆိုင်ရာမှ ကိုင်တွယ်ပြီ


ရခိုင်ပြည်နယ် သံတွဲမြို့၌ စက်တင်ဘာ ၂၈ ရက်က ဈေးဆိုင်တစ်ဆိုင် ရှေ့၌ သုံးဘီး ဆိုင်ကယ်တစ်စီး ရပ်ထား သည်ကို ရင့်သီးစွာ ဆဲဆိုရာမှ အစပြု၍ ပြသနာဖြစ်ပွားကာစက်တင်ဘာ ၂၉ ရက် ညပိုင်း က နေအိမ်များ ဖျက်ဆီးမှု ၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များက သေနတ် ပစ်ဖောက် လူစုခွဲ ခဲ့ရ ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက် ညနေ ၈ နာရီခန့်တွင် သံတွဲမြို့ ဒွါရဝတီ မြို့သစ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင် မီးရှို့ဖျက် ဆီးမှု ဖြစ်ပွား ခဲ့ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ ည ၁ဝ နာရီခန့်တွင် သံတွဲမြို့ ကျော်တောင် (၅)ရပ်ကွက် ပိတောက်ရွှေဝါ လမ်းရှိ နေအိမ် တစ်လုံး အား မီးရှို့ခံရပြီး ည ၁၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ အလားတူ သံတွဲမြို့ နယ် ကျောက်ကြီး   ကျေးရွာ ၊ မန်းကျည်းချောင် ကျေးရွာ တို့တွင် မီးရှို့မှု အချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့၌ ခိုက် ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း တွင်လည်း သံတွဲမြို့ နယ်အတွင်း နေရာအချို့တွင် မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ဈေးဆိုင်ခန်း များလည်း ပိတ်ထားကြ ကြောင်း ၊ တာဝန်ရှိ သူများက ဒေသ တည်ငြိမ်   အေး ချမ်းရေး နှင့် ပြသနာများဆက်လက် ကြီးထွားမှု မရှိစေရေး အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း  ၊ ဒေသခံ ပြည်သူများ အနေဖြင့် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဒေသ ဆိုင်ရာ အာဏာပိုင် များ ၊ လုံခြုံရေးအဖွဲ့များ နှင့် တာဝန်ရှိ သူများက ထိန်းသိမ်း ဆောင် ရွက် လျက် ရှိရာ ပဋိပက္ခ များတွင် ပါဝင်မှု မရှိရေး ၊ ဆူပူမှု ဖန်တီးသူ များအား ကူညီဖော်ထုတ် သတင်းပေး ပို့ရေး ဆောင်ရွက် ကြပါရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။

From: Myawady daily

www.mmdailystar.com  မှမျှဝေဖေါ်ပြသည်

Tuesday, October 1, 2013

ကျပ် ၄၀၀ မြို့ပတ် အဲကွန်း ရထား အောက်တိုဘာ ပထမပတ်တွင် စတင်ပြေးဆွဲမည်

ဂျပန်နိုင်ငံလုပ် အဲကွန်း RBE ရထားတွဲ ဆိုင်းဖြင့် မြို့ပတ်ရထား အောက် တိုဘာ ၅ရက် သို့မဟုတ် ၆ရက် တွင် စတင်ကာ ငွေကျပ်၄၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ''ဒီ RBE ရထားတွဲတွေနဲ့ မြို့တစ်ပတ်ကို ဒီဇယ် ၇၅ ဂါလန် ကုန်ပြီး မြို့တစ်ပတ်ရထား တစ် ခေါက်ပြေးရင်ကို ကျပ်တစ်သိန်း ရှုံးပါတယ်။ ဒီအတွက်ကာမိအောင် စီးနင်းခ ကျပ် ၄၀၀ ယူတာပါ''ဟု စက်တင်ဘာ ၂၉ ရက်ရန်ကုန်ဘူ တာကြီး စခန်းသာဧည့်ဂေဟာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးက ဆက်လက်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထိုခရီးစဉ် ပြေး ဆွဲရာတွင် ကျပ် ၃၅၀၀ ကျသင့် ပြီး ယင်းခရီးစဉ်၏ သုံးပုံတစ်ပုံ ခန့်ရှိသော ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ငွေကျပ် ၄၀၀ သာ ကောက်ခံ ထားကြောင်း၊ ရထား တွင် ပါဝင်သော ဝန်ဆောင်မှု အားလုံးကို စီးနင်းသူများအတွက် အပြည့်အဝ ပေးထားကြောင်း ပြောသည်။ အဆိုပါအဲကွန်းရထားတွဲ ဆိုင်းကို တွဲငါးတွဲဖြင့်ပြေးဆွဲမည် ဖြစ်ပြီး ရှေ့နောက်ရထားစက် ခေါင်း ပါဝင် ကြောင်း၊ ထိုင်ခုံအရေ အတွက် ၃၃၂ခုံနှင့် တွဲတစ်တွဲလျှင် အဲကွန်းလေးလုံး ပါဝင်ကြောင်း၊ အဆင့်မြင့် သန့်စင်ခန်းများကို အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။

ပြေးဆွဲ မည့် ခရီးစဉ်များမှာ နံနက် ၆နာရီတွင် အင်းစိန်ဘူ တာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၇ နာရီ ၁၅မိနစ်တွင် ရောက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ခေါက် ရေ ရှစ်ခေါက် မြို့ပတ်ပြေးဆွဲသွား မည်ဖြစ် ကြောင်း သိရသည်။

လမ်းခရီးတွင် ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားလေး၊ ကံဘဲ့၊ မလွှကုန်း၊ ပုဇွန်တောင်၊ ရန်ကုန်ဘူတာကြီး စသည့်ဘူ တာ ၁၃ခုဖြင့် မြို့ပတ်သွားမည် ဖြစ်ပြီး အချိန် တစ်နာရီ ၁၅မိနစ် သာ ကြာမြင့်သည့်အတွက် ပုံမှန် ရထားများထက် မိနစ်၃ဝအချိန် ကုန်သက်သာကြောင်း၊ မည်သည့် ဘူတာမဆိုစီးနင်းပါက ကလေး လူကြီးအပါအဝင် ငွေကျပ်၄၀၀ ကျသင့်မည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည်များ အတွက် ကန်ဒေါ် လာ နှစ်ဒေါ်လာကျသင့်မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့မီးရထား တိုင်းအ မှတ်(၇)မှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးကျော်ကျော် မျိုးက''အဲကွန်းပါ RBE ရထား တွဲတွေနဲ့ မြို့ပတ်လမ်းမှာ ပြေး မယ်ဆိုရင် ရထားငါးတွဲဆိုင်း တစ် ဆိုင်းဖြစ်မှာပါ။ လူဦးရေ၃၀၀ ကျော်လောက် စီးနင်း နိုင် မယ်၊။ လက်ရှိက တစ်နေ့ကို ရထားတွဲ ဆိုင်း၂၁ ဆိုင်းနဲ့ ခေါက်ရေ ၂၀၀ လောက် ပြေးဆွဲနေတော့ ၂၂ ဆိုင်းနဲ့ ခေါက်ရေက၂၀၈ခေါက် ဖြစ်လာမယ်''ဟုပြောသည်။

မြို့ပတ်ရထား စီးနင်းသူ ဦးဇော်နီဝင်းက ''လူတိုင်းမြို့ပတ် ရထားကိုစီးဖို့ဆိုရင် မြို့နယ်တိုင်း မှာ ဘူတာစဉ်ရှိပြီးတော့ မြို့နယ် ဘတ်စ်ကားဂိတ်တွေနဲ့ ချိတ်ဆက် ပေးဖို့လိုတယ်။ ဒီလို အချိန်မှန် မှန် ပြေးဆွဲပြီး အလွယ်တကူစီး နင်းနိုင်တဲ့ နေရာရှိ မယ်ဆိုရင် ပြည် သူတွေ စီးလာကြလိမ့်မယ်''ဟု ပြောသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉
သော်ဇင်ထက်
News link=>http://goo.gl/ZYehbq