Wednesday, February 1, 2017

နှုတ်ခမ်း ကို လျှာနဲ့ လျက်တာ မလုပ်ပါနဲ့



နှုတ်ခမ်း ကို လျှာနဲ့ လျက်တာ သက်သာ သလို ဖြစ်ပေမယ့် နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။
ဆောင်းရာသီမှာ ခြောက်သွေ့မှု ကင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့နှုတ်ခမ်း က ခန္ဓာကိုယ် ရဲ့ တစ်ခြားနေရာတွေ ထက် အစိုဓာတ် ကို ထိန်းသိမ်းမှု အားနည်းတာကြောင့် ခြောက်သွေ့လွယ်ပါတယ်။

ဆောင်းရာသီမှာတော့ နှုတ်ခမ်းကွဲတာ ခြောက်သွေ့ပြီး နှုတ်ခမ်း ဖတ်တွေ လန်တာတွေ ပိုဖြစ်တတ်ပါတယ်။နှုတ်ခမ်း နဲ့ပတ်သက်ပြီး ရှောင်ကြည်ရမဲ့ အချက်လေးတွေနဲ့ သဘာဝ ကုထုံးလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

ရှောင်ကြဉ်ရမည့် အပြုအမူများ.......

– နှုတ်ခမ်းကို လျှာနဲ့ လျက်တာ မလုပ်ပါနဲ့။ နှုတ်ခမ်း ကို လျှာနဲ့ လျက်တာ သက်သာသလို ဖြစ်ပေမယ့် နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။

– နှုတ်ခမ်း ကို သွားတိုက်တံနဲ့ မပွတ်ပါနဲ့။ ပိုပြီး ဆိုးရွား လာတတ်ပါတယ်။

– နေရောင် နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်နေပါ။

– နေပူ သိပ်မခံပါနဲ့။

– နှုတ်ခမ်းနီကို အလွန်အမင်း သုံးစွဲခြင်းဟာလည်း နှုတ်ခမ်းကို ခြောက်သွေ့ပြီး မည်းစေပါတယ်။

– နှုတ်ခမ်း ကွဲတဲ့အခါ အရေပြား ကွာနေတာ ကို မနေတတ်လို့ ဆိုပြီး ခွာတာတွေ မလုပ်ပါနဲ့။

– နှုတ်ခမ်း ကို လျှာနဲ့ လျက်တာ အပြင်နှုတ်ခမ်းကိုလည်း မကိုက်ပါနဲ့။ တံတွေးကနေ ခြောက်သွေ့မှု ဖြစ်လွယ်လို့ပါ။

သဘာဝနည်းများဖြင့် ကုသခြင်း.............
– သခွားသီးစိတ် နဲ့ နှုတ်ခမ်း ကို ပွတ်ပေးပါ။

– နှင်းဆီနီ ပွင့်ချပ် အနည်းငယ် ကို နို့အစိမ်းထဲ နာရီ အနည်းငယ် ကြာအောင် စိမ်ပြီး အရည် ပျစ်ပျစ် ဖြစ်လာအောင် မွှေပါ။ ပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။

– သံလွင်ဆီ အနည်းငယ်ကို လက်မှာ ဆွတ်ပြီး နှုတ်ခမ်းကို ပွတ်သပ်ပေးပါ။

– ပျားရည် နဲ့ နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။

– အုန်းဆီနဲ့လည်း လိမ်းပြီး ကုသနိုင်ပါတယ်။

– ရေဓာတ်ခြောက်ခမ်းမှု မဖြစ်ရလေအောင် ရေလုံလောက်အောင် သောက်သုံးပေးပါ။ တစ်နေ့ကို ခြောက်ခွက် ကနေ ၁၀ ခွက်အတွင်း သောက်သုံး ပေး သင့် ပါတယ်။

ရှောင်ကြဉ်ရမည့် အစားအသောက်များ......

အစပ်၊ အပူတွေကို ရှောင်ပါ။ ကော်ဖီသောက်တာ လျှော့ပေးပါ။ ကော်ဖီဟာ ရေဓာတ် ခြောက်ခမ်းစေပါ တယ်။ အအေး နဲ့ အချိုရည် တွေကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပေးပါ။

Credit: ဖိုးသူတော်

လ ၇ိပ် ချို

No comments:

Post a Comment