Wednesday, October 16, 2013

ပွဲကြိုက်တဲ့ မောင် (ထိတ်လန့်တတ် သူများ မဖတ်ရ)

နယ်မြို့လေးတစ်မြို့က အဖြစ်အပျက်လေးပါ။ ကိုသောင်းဆိုတဲ့သူတယောက်ရှိပါတယ်။ သူက လူလည်းလူလတ်ပိုင်း ပျော်ပျော်ရွှင်ရွှင်နေတက်တယ်။ ရပ်ရွာနဲ့လည်းအဆင်ပြေတယ်။ ဒါကြောင့် သူ့ကို အသက်ငယ်ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှာ ဥက္ကဋ္ဌနေရာပေး ထား တယ် ။ ပေးထားသလိုလည်း အလုပ်မှာတော်ရှာပါတယ်။

ရွာက အလှူ ကထိန် ဇာတ်ပွဲ ပြဇာတ်တွေမှာလည်း သူမပါရင်မပြီးသလောက်ပဲ၊ ကိုယ်တိုင်က ၀ါသနာအိုး လူလွတ်ဆိုတော့ လွှတ်ကဲတာကလား၊ ဇာတ်ပွဲဟေ့ဆို သူထိပ်ဆုံးကပဲ။ 

ဒီလိုနဲ့တစ်ရက်သား ကိုသောင်း တယောက် ပြင်ဆင်ပြီး သီချင်းတကြော်ကြော် အော်ဆိုပြီး
ရပ်ကွက်ထဲ ကနေ ထွက်သွားလိုက် တာ တရက်ပေါ်မလာ နှစ်ရက်ပေါ်မလာ၊ ရပ်ရွာက လည်းစုံစမ်းလို့မရ၊ တခြားနေရာတွေကလည်းသီတင်းမကြား စာမလာနဲ့၊ ပျောက်သွားလိုက်တာ လပေါင်းများစွာကြာတော့ အားလုံးအတည်ပြုလိုက်တာက ကိုသောင်း တစ်ရပ်တစ်ရွာကို ထွက်သွားပြီလို့ပဲ အတည်ပြု လိုက်ကြ ရတော့တယ်။



ဒါနဲ့ပဲ ရပ်ကွက်အုပ်ချုပ်ရေးအတွက် ကိုသောင်းရဲ့နေရာမှာ သင့်တော်တဲ့လူကြီးသူမ တယောက် ကို အစားထိုးပြီး ဆက်လုပ်တာဝန်ထမ်းဆောင်စေတာပေါ့။ 


ကြာတော့လည်းမေ့မေ့ပျောက်ပျောက် နဲ့ နေနေကြတုန်း တစ်နှစ်နဲ့ခြောက်လ အကြာမှာ ကိုသောင်း တယောက် ရပ်ကွက် ထဲပြန်ရောက်လာပါတယ်။   မုတ်ဆိတ်ကျင် စွယ်တွေနဲ့ သွားတုန်းက အကျီ င်္ညစ်ပေတူးနေတာနဲ့ကိုသောင်းပြန်လာပါတယ်။




အားလုံးက ၀မ်းသာကြတာပေါ့။ မင်းဘယ်တွေသွားနေတာလည်း၊ မင်းသွားတာကြာလွန်းလို့ မင်းကိုတခြားရပ်ရွာမှာ အခြေကျနေပြီထင်နေကြတာ ဘာညာဆိုပြီး အားလုံးက ၀မ်းပန်း တသာနဲ့ကြိုဆိုကြရှာပါတယ်။ ပြီးတော့လည်း အုပ်ချုပ်ရေး ဥက္ကဋ္ဌ နေရာအစားထိုး တာကို လည်း ထည့်အသိပေးပြောကြရတာပေါ့လေ။

ဝမ်းမသာနိုင်တာက ကိုသောင်း ဘယ်သူ့ကိုမှလည်းစကားမပြောတော့ဘူး။ ရပ်ကွက်က လူတွေနဲ့လည်း ခပ်တန်းတန်းပဲနေတော့တယ်။ အကုန်လုံးကလည်း သူက အဲ့လိုကြီး ဆက်ဆံ တာဆိုတော့ အရင်ကလောက်တော့ အပြောအဆိုမရှိတော့ဘူးပေါ့။ အားလုံးကလည်း နားမ လည်နိုင်ကြဘူး။ ဘာမှလည်း သိပ်ရှည်ရှည်ဝေးဝေးတွေမမေးကြမိတော့ဘူး။ အဆက်အဆံ ကျဲသွားတာပေါ့။


ဒါကိုသတိထားမိတာက ကိုသောင်း ငယ်ငယ်က စာသင်ပေးတဲ့ ဆရာမကြီးပဲ။ သူက တရက်သား အိမ်သွာလည်ရင်း ကိုသောင်းကို မေးတော့တာပဲ။ အဲ့ဒီမှာမှ အဖြစ်မှန်ကိုသိကြရတော့တာ....


ကိုသောင်းက သူ့ဆရာမကိုတော့ ရှင်းပြရှာပါတယ်။ သူ တစ်ရက်နဲ့တစ်ညလေး ပွဲသွားကြည့်ပြီး ပြန်လာတာကို သူ့နေရာမှာ တစ်ခြားသူကို ဘာလို့
ဥက္ကဋ္ဌ ခန့်လိုက်ရတာ လည်း တဲ့လေ။ သူမသွားခင်တရက်က သူ့နားထဲမှာ ဇာတ်ပွဲကသံတွေကြားလို့ သိပ်မဝေးဘူးဆိုတာ သူသိတယ်တဲ့။ 

ဒါနဲ့သူလည်း ပြင်ဆင်ပြီး အသံကြားရာဘက်ကို သွားလိုက်တာ တစ်ကယ့်ကို ဇာတ်ကနေတဲ့ သူတွေ၊ ပွဲတွေ၊ လူတွေ စည်ကားနေတာသူမြင်ရတယ်တဲ့။ အဲ့ဒါနဲ့ သူလည်း လျှောက်သွား၊ လျှောက်စား ပြီး ညလုံးပေါက် အကတွေ၊ အိုးစည် ဗုံမောင်းတွေ ပွဲခင်းထဲမှာ ပတ်ကြည့်ပြီး မနက်လင်းတော့ အိမ်ကိုပြန်လာခဲ့တာတဲ့။

အဲ့ကျမှပဲ ကိုသောင်းနဲ့ ရပ်ကွက်ကလူတွေ ဘာလွဲကြတယ်ဆိုတာသိရတော့တာပဲ။ ကိုသောင်းအသံတွေကြားပြီး ထွက်သွားတဲ့နေရာက မကျွတ်မလွတ် သူတွေရဲ့ ပျော်ပွဲရွှင် ပွဲနေရာကြီးဖြစ်နေပြီး လူ့သတ်တမ်းနဲ့တွက်တော့ တနှစ်နဲ့ခြောက်လဖြစ်နေတယ်။ ကိုသောင်းတကယ်ဇာတ်ပွဲကြည့်နေတာက တညနဲ့တရက်လေးပဲ။ 


လူတွေအားလုံးလည်းအံ့အားသင့်လို့လေ အကြောင်းစုံလည်းသိရော။ ဒါနဲ့ပဲ ကိုသောင်း ကို သာသနာ့ဘောင်ကို ခေတ္တခဏ၀င်ဖို့တိုက်တွန်းကြပြီး သူတွေ့ ခဲ့တဲ့ သူတွေကို အမျှ အတန်းပေးဝေ၊ ရပ်ကွက်မှာလည်း  လုပ်သင့်လုပ်ထိုက် တာတွေ ကို ဘုန်းကြီး ပင့်လျှောက်ပြီး ရွတ်ဖတ်ကြနဲ့လုပ်ရတော့တာပါပဲ။

ပွဲကြိုက်လွန်းတဲ့ကိုသောင်းတယောက်လည်း နောက်ဆို တယောက်တည်းပွဲသွားမကြည့်တော့ ဘူးတဲ့။ အဖော်အပေါင်းတွေနဲ့တောင် အတော်ခေါ်ရတယ်ဆိုပဲ။ သူ့ကို သူမသိတဲ့ဘုံ ဘ၀က လူတွေ ထပ်လာခေါ်မှာစိုးလို့တဲ့လေ။




( သိုက်နန်းရှင် )
သရဲအကြောင်းပြောကြမယ် (ပေတလောက ကို စိတ်ဝင်စားသူများ)

From_Myanmar Online News


No comments:

Post a Comment