မြန်မာပြည်ရဲ့ ခေတ်သစ် ရော့ခ် ဂီတလောက မှာ အရှိန်အ ဟုန်ပြင်း စွာနဲ့ ဂီတလောက ကို ချီတက်နေကြ တဲ့ SIR ရော့ခ် အဖွဲ့ကိုတော့ လူငယ်တိုင်း သိကြမှာဖြစ်ပါတယ်။
Big Bag, Wanted, idiots, Resaon စတဲ့နာမည်ရ လူငယ် ရော့ခ်band တွေ စုပေါင်းဖွဲ့ စည်း ထားကြတဲ့ SIR အုပ်စု ဟာ လူငယ်ရော့ခ်ပရိသတ် အ များအပြားရဲ့ အားပေးမှုကို လည်းရရှိ ထားပြီး စုစည်းညီ ညွတ်စွာရှေ့ဆက်နေကြတဲ့ အ ဖွဲ့လည်းဖြစ်ပါတယ်။
band တစ်ခုချင်းစီရဲ့အားကို စုပေါင်းပြီး SIR ဆိုတဲ့ နာမည်နဲ့ တည်ေ ဆာက် လိုက်တဲ့ ရော့ခ် အ ဖွဲ့များက တစ်ယောက်ချင်း ပရိ သတ်အပြင် အဖွဲ့လိုက်ပေါင်း စုမှုရဲ့ပရိသတ်အားတွေပါ ရရှိ လာခဲ့ကြ ပါတယ်။
“SIR မှာအားလုံး လူ ၂၁ ယောက်ရှိတယ်။ အဲဒီတော့ တစ်ခုခု ဆိုရင် အားလုံးဝိုင်းပြီး စဉ်းစား တိုင်ပင်လို့ရတယ်။အာ
တစ်
ဝိုင်ဝန်းစုစည်းမှုအား ကြောင့် သူ့ပရိသတ် ကိုယ့် ပရိ သတ်ရယ်လို့ ခွဲခြားခွဲခြား မရှိတော့ ဘဲ လေး ဖွဲ့ဟာ တစ်ဖွဲ့ တည်းလို ဖြစ်သွားခဲ့တဲ့SIR မှာတော့ လူငယ်တွေ လည်း ဖြစ် တာ ကြောင့် တစ်ခါ တလေ မှာ ကတောက် ကဆလေးတွေ လည်းရှိတတ်ကြပါတယ်။
အဲဒီ့ အခါမှာလည်း စိတ်ထဲ မျိုသိပ် မထားကြဘဲ မျက်နှာချင်းဆိုင်ပဲ ရှင်းလင်းလိုက်ကြ တဲ့ အတွက် ပျော် စရာကောင်းပြီး ပွင့်လင်း တဲ့ အဖွဲ့တစ်ဖွဲ့ လည်းဖြစ်နေပါတယ
”ကျွန်တော့် band မှာပဲ ဖြစ်ဖြစ်၊ SIR အနေနဲ့ ပဲဖြစ်ဖြစ် တစ်ယောက် နဲ့ တစ်ယောက် က တောက် ကဆတ်ဖြစ်ရင် မျက်နှာ ချင်းဆိုင် ရှင်း တာ အကောင်း ဆုံးလို့ထင် တယ်။ စိတ် ထဲမှာ မျိုသိပ်ထားတာများရင် အဖုအ ထစ်ပိုများတဲ့အတွက်တစ်ခုခု ဆို တဲ့ရှင်းကြတာ များတယ်။ အဲဒီ့ အတွက် အခုလို စည်းလုံးမှု နဲ့ ရှေ့ဆက်ကြတာပါ” လို့လည်း ရေမွန် ကပြောပါတယ်။
“သီချင်းတစ်ပုဒ်ကို တစ် band လုံး ၅ယောက်ဖန်တီးတာ နဲ့ SIR မှာ လူ ၂၁ယောက်ခေါင်း တွေ နဲ့ဝိုင်းစဉ်းစားတော့တစ်
ရှိုးမှာဆို လည်း SIR ပွဲကတခြား ပွဲတွေနဲ့ မတူအောင်ကို ပိုပြီး အားရ စိတ် ကျေနပ်မှု အပြည့် နဲ့ဖျော်ဖြေ နိုင်တယ်” လို့လည်းReason Band မှအောင်လ ကလည်း SIR ရဲ့ စုစည်းမှုကောင်း ကျိုး ကို ပြောပါတယ်။
SIR အဖွဲ့ဝင်အဖွဲ့ တစ် ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့မှ ဖော်ကာ ကလည်းအဖွဲ့အ စည်းအစုအဖွဲ့ နဲ့နေရ တာကို ကြိုက်တဲ့အ ကြောင်းကို “စလုပ် က တည်းကလည်း Wanted အနေနဲ့အဖွဲ့လိုက် လုပ် ခဲ့တယ်။ တစ်ယောက် တည်းထက်အဖွဲ့နဲ့ လုပ်တော့တစ်ယောက် အားနည်းချက် တစ် ယောက် ကူပြီးလုပ်ကြတယ်။ပြီးတော့ SIR အနေ နဲ့ လုပ်ကြတော့ လည်း တစ် band ချင်းစီ ကတော့ အမြဲတမ်း အောင်မြင် မနေနိုင်ဘူး။
အနိမ့် အမြင့်လေးတွေ ရှိ တော့ အခုလို band တွေ စုလိုက်တော့တစ် ယောက် နည်း နည်း ယိုင်တဲ့အ ချိန်ကျ ရင်တစ်ယောက်ပြန် ဆွဲခေါ်၊ တစ်ယောက် နဲ့တစ် ယောက်ကျွန်းကိုင်းမှီ ၊ကိုင်
ဂီတအလုပ်တင် မဟုတ်ဘဲဘဝမှာလည်း သူငယ် ချင်းတွေ စုစုစည်း စည်းနေရ တာကို ကြိုက်တယ်။ ခုလိုSIR အနေနဲ့ လုပ်ဖြစ်တာကိုလည်း ပျော်ပါတယ်” လို့လည်း ပြော ပါတယ်။
၂ဝ၁ဝဝန်းကျင်မှာ အခြေ တည်လာခဲ့တဲ့ SIR အဖွဲ့က စုပေါင်းစီးရီး တစ် ခွေထွက်ရှိ ထားပြီး ၂ဝ၁၂ သင်္ကြန်မှာလည်းSIR နာမည်နဲ့ မဏ္ဍပ်ဆောက် ခဲ့ပြီး လတ်တလော မှာ Fight for it ဆိုတဲ့ ဆီးဂိမ်း လှုံ့ဆော်ရေးသီချင်းကိုလည်း စုစည်း စပ်ဆိုထားပါသေးတယ်။
i-entertain record label နဲ့ လက်တွဲအ လုပ်လုပ် ကိုင်လျက် ရှိတဲ့ SIR အဖွဲ့ ကတော့ ခေတ် သစ်ရော့ခ်လောကရဲ့ စုစည်း မှုပြယုဂ်တစ်ခုလို ပဲ ဖြစ်နေပါ တော့တယ်။
ရဲရဲ
Popular Journal
Myanmar Online News မှမျှဝေဖေါ်ပြသည်....
No comments:
Post a Comment