အရောင်တင်ဆေး အသုံးပြုထားသော နနွင်းမှုန့်၊ ငရုတ်သီးမှုန့်များကို တွေ့ရစဉ် (ဓာတ်ပုံ-မို့မို့)
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန် ထားသော စာရင်းအရ မြန်မာနိုင်ငံ သည် ကင်ဆာရော ဂါ အဖြစ် အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဓာတုဆေးဝါး မလွတ်ကင်းသော စားသောက် ကုန်များကြောင့် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း မှ သိရသည်။
လက်ရှိမြန်မာနိုင်ငံ တွင် ဓာတု ဆိုးဆေးများ၊ အရောင်တင်ဆေး များဖြင့် ဟင်းသီးဟင်းရွက် များနှင့် စားသောက်ကုန် များကို ၀ယ်ယူသူများအောင် ပြုလုပ်နေကြပြီး ထိုစားသောက်ကုန် များကို ကြာရှည် စားသုံးပါက အစာအိမ် အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ် အများစု တိုက်ကျွေးလျက် ရှိသော နို့မှုန့်များသည် တရုတ်နိုင်ငံ မှ အ၀င် များပြီး အန္တရာယ်များသော အကြော ဆွဲနိုင်သည့် မယ်လမင်း ဓာတ်များ ပါဝင်နေကြောင်း ၊ ကော်ဖီမ စ်နှင့် Creamer များတွင် လည်း ကဖိန်း၊ အုန်းသီးခွံ အမှုန့်များ ထည့်သွင်း ထားသောကြောင့် ကျောက်ကပ် ပျက်စီးခြင်း၊ ရင်သား ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အမျိုးသမီး များ ကိုယ်ဝန် မဆောင်နိုင်သည် အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
"ယခုနောက်ပိုင်း တချို့ပြည်တွင်းထုတ်ကုန်တွေမှာ Expire Date ကို ပြန်ပြင်ပြီးတော့ ဆိုင်တွေ မှာ တင်တာတွေ ရှိ လာတယ်။ စားသုံးသူတွေက Date ကိုကြည့်ပြီး ၀ယ်စားတာ များတဲ့ အတွက်ကြောင့် အထဲ မှာ မှိုတက်နေတာကို မသိနိုင်ပါဘူး။
အဲတော့ ဖြစ်စေချင် တာက Date လွန်နေတဲ့ ဟာ ၀ယ်မိပြီ ဆိုရင် ဆိုင်ကို ချက်ချင်း ပြန်ပြော ပါ။ ပြန်ပြော မှ ဆိုင် ကနောက် ဆိုရင် သေချာ စစ်ပြီး ကုန်ပစ္စည်း ကို ဆိုင်ပေါ်တင်ရင် စားသုံးတဲ့ သူလည်း အန္တရာယ် မရှိနိုင်တော့ဘူး။
Date ပြောင်းတဲ့ ကုမ္ပဏီကလည်း နောက်ဆိုမလုပ်ရဲ တော့ဘူးပေါ့။ အဓိက နယ်စပ်က ၀င်လာတဲ့ ကုန် ပစ္စည်း အများစုကို မသိဘဲ စားမိတဲ့သူတွေ၊ ဆိုင်ပေါ်တင်မိတဲ့ သူတွေကြောင့် ကင်ဆာရောဂါ ရှိသူဦးရေ တိုးပွားလာရတာပါ" ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း အတွင်းရေးမှူး၊ ဒေါက်တာရီလွင်ကျော်ဇော ၏ ပြောကြားချက် အရ သိရသည်။
ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ကျနိုင်စေရန် ဓာတုပ စ္စည်း ပါဝင်သည့် စားသောက်ကုန်များ အပြင် ကင်ဆာဓာတ် ကို ဖြစ်ပွားစေနိုင်သော လူသုံးကုန် ပစ္စည်းများဖြစ် သည့် ပလတ်စတစ် အိတ်၊ တစ်ခါသုံးဖော့ဘူးများ၊ ခြင်ဆေးခွေ၊ ဖိုက်ဘာ ပစ္စည်းများကို အသုံးပြုခြင်း မှ ရှောင်ကြဉ် ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းမှ တိုက်တွန်း အကြံပြုထားကြောင်း သိရသည်။
Eleven Media Group
Myanmar Online News မှမျှဝေဖေါ်ပြသည်
အရောင်တင်ဆေး အသုံးပြုထားသော နနွင်းမှုန့်၊ ငရုတ်သီးမှုန့်များကို တွေ့ရစဉ် (ဓာတ်ပုံ-မို့မို့)
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန် ထားသော စာရင်းအရ မြန်မာနိုင်ငံ သည် ကင်ဆာရော ဂါ အဖြစ် အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဓာတုဆေးဝါး မလွတ်ကင်းသော စားသောက် ကုန်များကြောင့် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း မှ သိရသည်။လက်ရှိမြန်မာနိုင်ငံ တွင် ဓာတု ဆိုးဆေးများ၊ အရောင်တင်ဆေး များဖြင့် ဟင်းသီးဟင်းရွက် များနှင့် စားသောက်ကုန် များကို ၀ယ်ယူသူများအောင် ပြုလုပ်နေကြပြီး ထိုစားသောက်ကုန် များကို ကြာရှည် စားသုံးပါက အစာအိမ် အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ် အများစု တိုက်ကျွေးလျက် ရှိသော နို့မှုန့်များသည် တရုတ်နိုင်ငံ မှ အ၀င် များပြီး အန္တရာယ်များသော အကြော ဆွဲနိုင်သည့် မယ်လမင်း ဓာတ်များ ပါဝင်နေကြောင်း ၊ ကော်ဖီမ စ်နှင့် Creamer များတွင် လည်း ကဖိန်း၊ အုန်းသီးခွံ အမှုန့်များ ထည့်သွင်း ထားသောကြောင့် ကျောက်ကပ် ပျက်စီးခြင်း၊ ရင်သား ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အမျိုးသမီး များ ကိုယ်ဝန် မဆောင်နိုင်သည် အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
"ယခုနောက်ပိုင်း တချို့ပြည်တွင်းထုတ်ကုန်တွေမှာ Expire Date ကို ပြန်ပြင်ပြီးတော့ ဆိုင်တွေ မှာ တင်တာတွေ ရှိ လာတယ်။ စားသုံးသူတွေက Date ကိုကြည့်ပြီး ၀ယ်စားတာ များတဲ့ အတွက်ကြောင့် အထဲ မှာ မှိုတက်နေတာကို မသိနိုင်ပါဘူး။
အဲတော့ ဖြစ်စေချင် တာက Date လွန်နေတဲ့ ဟာ ၀ယ်မိပြီ ဆိုရင် ဆိုင်ကို ချက်ချင်း ပြန်ပြော ပါ။ ပြန်ပြော မှ ဆိုင် ကနောက် ဆိုရင် သေချာ စစ်ပြီး ကုန်ပစ္စည်း ကို ဆိုင်ပေါ်တင်ရင် စားသုံးတဲ့ သူလည်း အန္တရာယ် မရှိနိုင်တော့ဘူး။
Date ပြောင်းတဲ့ ကုမ္ပဏီကလည်း နောက်ဆိုမလုပ်ရဲ တော့ဘူးပေါ့။ အဓိက နယ်စပ်က ၀င်လာတဲ့ ကုန် ပစ္စည်း အများစုကို မသိဘဲ စားမိတဲ့သူတွေ၊ ဆိုင်ပေါ်တင်မိတဲ့ သူတွေကြောင့် ကင်ဆာရောဂါ ရှိသူဦးရေ တိုးပွားလာရတာပါ" ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း အတွင်းရေးမှူး၊ ဒေါက်တာရီလွင်ကျော်ဇော ၏ ပြောကြားချက် အရ သိရသည်။
ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ကျနိုင်စေရန် ဓာတုပ စ္စည်း ပါဝင်သည့် စားသောက်ကုန်များ အပြင် ကင်ဆာဓာတ် ကို ဖြစ်ပွားစေနိုင်သော လူသုံးကုန် ပစ္စည်းများဖြစ် သည့် ပလတ်စတစ် အိတ်၊ တစ်ခါသုံးဖော့ဘူးများ၊ ခြင်ဆေးခွေ၊ ဖိုက်ဘာ ပစ္စည်းများကို အသုံးပြုခြင်း မှ ရှောင်ကြဉ် ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းမှ တိုက်တွန်း အကြံပြုထားကြောင်း သိရသည်။
Eleven Media Group
Myanmar Online News မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment