Friday, August 2, 2013
သ၇ဏဂုံ စောင့်ထိန်းခြင်း အကျိုး
ထိုခေတ်က လူ့ သက်တမ်း သည် အနှစ် တစ်သိန်းရှည်၏။ ၀ိပဿီ  မြတ်စွာ ဘုရား ၏ လက် ယာ ရံ အဂ္ဂသာဝက နိသဘ မထေရ် ၏ ထံတွင် ထိုသူငယ် လုလင်သည် သရဏ ဂုံ  ဆောက် တည် ၍ အနှစ် တစ်သိန်း ကာလ ပတ်လုံး မညှိုးနွမ်း မပျက် စီးအောင် စောင့် ထိန်း၏ ။ သေသော အခါ ထိုသရဏဂုံ ကောင်းမှုဖြင့်ပင် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ် ၏။
ထို သရဏဂုံ ကောင်းမှုကြောင့်ပင် ထို လုလင်သည် အပူဇော် ခံရခြင်း၊ ခပ်သိမ်းသော နတ်တို့  မိမိ အလိုသို့ လိုက်ရခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ကို ရခြင်း၊ ရွှေ အဆင်းနှင့်တူသော အဆင်း ရှိခြင်း၊ အနှောက် အယှက် မပေးနိုင်ခြင်း၊ ကျေးဇူးသတင်းကျော်ဇောခြင်း၊
 အကြိမ် (၈၀) သိကြားမင်းဖြစ် ရခြင်း၊ (၇၅)ကြိမ် စကြ၀တေးမင်း ဖြစ်ရခြင်း၊ မရေ မတွက်နိုင်အောင် ပဒေသရာဇ် မင်းဖြစ် ရခြင်း၊ ကောင်းကျိုး အာနိသင် တို့ ကို ရရှိပြီးနောက် ယခု ဂေါတမ ဘုရားရှင် ပွင့်ထွန်းတော် မူသောအခါ သာဝတ္ထိပြည် ၌ အလွန် ချမ်းသာကြွယ် ၀သော အမျိုး ၌ လူလာဖြစ်၏။
(၇)နှစ် အရွယ်မျှ ရှိသေးသော ထိုသူငယ်သည် ကစားဖော်များနှင့် အတူ သံဃာ့ အာရာမ်သို့  သွား၏။ ရဟန္တာ တစ်ပါး က သူငယ်အား တရားဟော ၍ သရဏဂုံဆောက်တည်စေ၏။
သူငယ် ကလေးသည် ရှေးရှေး ဘ၀က မိမိစောင့်ထိန်း ခဲ့ဖူးသော သရဏဂုံ ကို အောက်မေ့ ဆင်ခြင်၍ ၀ိပဿ      နာကို တွင်တွင်ကြီး ပွား များပြီး အားထုတ်လိုက်သောအခါ တစ်နေရာ တစ်ထိုင်တည်း မှာပင် အရဟတ္တဖိုလ် သို့ ရောက်သွား၏။
(၇)နှစ်သား အရွယ် မှာပင် ဘုရားရှင် က ရဟန်းပြုပေး၍ ရဟန္တာ သခင် တိသရဏ ဂမနိယထေရ် အရှင် ဟု သာသနာတော် တွင် ထင်ရှားကျော်စောတော် မူခဲ့သည်။
(ထေရာပဒါန်၊ သုဘူတိဝဂ်)
Credit - ->ဓမ္မပါရမီ အေးချမ်းမွန် Credit To >> သက်တံ့ရောင် ပုံရိပ်များ <<Thanks
Re-posted By ACM 30-7-2013
https://www.facebook.com/excellencemedia
No comments:
Post a Comment