**********************************************************************
၁၅၀၀ ကျပ်တန် MEC Tel mobile အင်တာနက် setting ချိန်နည်းပါ။
1500တန်ဖုန်းကိုင်ဆောင်ထားသူတွေအတွက်InternetSettingထည့်နည်းလေးကို အောက်မှာပုံနဲ့တကွ ရှင်းပြပေးလိုက်ပါတယ်ဗျာ။ ဒီ Post လေးကို မြ၀တီ မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ အောက်မှာပုံနဲ့ရှင်းပြ ထားတဲ့အတွက် လူတိုင်းပုံကြည့်ပြီးလွယ်ကူစွာလိုက်လုပ်နိုင်ပါတယ်ဗျာ။
ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ
ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ
ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ
APN ထဲတွင် New APN တစ်ခုလုပ်ပါ
Name တွင် mectel ဟုရိုက်ထည့်ပါ။
ထို့နောက် OK ကိုနှိပ်ပါ။
APN တွင် #777 ရိုက်ထည့်ပါ
Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်
Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်
Prompt password တွင်#777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ
ထို့နောက် Edit access point အားSave ပြုလုပ်ပါ။
Mobile network settings တွင်Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင်Restartပြုလုပ်ပါ
PyaePhyo.com မှ မျှဝေဖေါ်ပြသည်..
.
************************************************************************
ဖုန်းမှ Wireless ထုတ်လွှင့်ပြီး (သို့) တိုက်ရိုက် ချိတ်ဆက်ကာ Computer ဖြင့် ပြန်လည် အသုံးပြုသူများ မြဝတီ တိုက်ရိုက် အစီအစဉ်အား ကြည့်ရှု့ နိုင်ရန်
Written by စကားဝါမိမိ ဖုန်းဖြစ်သော GSM သို့ CDMA မှ ထုတ်လွှင့်သော Internet ကို မိမိ Laptop သို့ Desktop (PC) ဖြင့် Wireless ချိန်ဆက်ကာ မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။
အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။
Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။
ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။
အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။
ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။
Android ဖုန်း GSM , CDMA 800 ဖုန်းများပေါ်မှ တိုက်ရိုက်ကြည့်ရှု့ ရန်နည်းလမ်းကို မကြာမှီ ရေးသား ဖော်ပြပေးပါမည်။
ရေးသားသူ -ဘုရင့်နောင်
မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်..************************************************************************
facebook စာမျက်နှာ Like တက်စေသည့် ဆော့ဖ်ဝဲ များသုံးခြင်း အန္တရာယ်ရှိ
မိမိ တို့၏ facebook စာမျက်နှာ များဝယ် ကြိုက်နှစ်သက်သူ များပြား လာစေသည့် ဆော့ဖ်ဝဲများ အသုံးပြုခြင်းသည် အန္တရာယ် မကင်းကြောင်း အိုင်တီ ကျွမ်းကျင်သူ တို့က ထောက်ပြကြသည်။
facebook စာမျက်နှာ များဝယ် Like တက်စေသော ဆော့်ဖ်ဝဲ အမျိုးမျိုး ရှိကြပြီး၊ ယင်းတို့ကို အခမဲ ရယူနိုင်သည့်ပြင် အသုံးပြုရန်လည်း လွန်စွာ လွယ်ကူ လှသောကြောင့် အချို့သော စာမျက်နှာ ပိုင်ရှင်များက ယင်းဆော့ဖ် ၀ဲ များကို အသုံးပြုလျှက် ရှိကြသည်။
ယင်းဆော့ဖ်ဝဲ များမှာ မိမိ ကွန်ပျူတာမှပင် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲနှင့် အွန်လိုင်းမှ အသုံးပြုရသော ဆော့ဖ်ဝဲဟူ၍ နှစ်မျိုး ကွဲပြားနေသော်လည်း အဆို ပါ ဆော့ဖ်ဝဲ များသည် facebook ၏ အားနည်းချက် ဟာကွက်ကို တရား မ၀င် အသုံးချခြင်းဖြစ်သည်။
Like တက်နှုန်း ပုံမှန်ထက် များစွာမြန်ဆန်လာလျှင် facebook မှ ယင်းစာမျက်နှာအား ပြန်လည် စစ်ဆေးလေ့ရှိပြီး၊ မိမိ Like မလုပ်ပဲ Like ဖြစ်နေကြောင်း တိုင်ကြားသူများ ရှိလာလျှင်မူ facebook မှ ယင်း စာမျက်နှာ အား ယာယီ ပိတ်ပြီး ပြန်လည် စစ်ဆေးမည်ဖြစ်သည်။
“အမှန်က hijacked account (ခိုးထားတဲ့အကောင့်) တွေကို greasemonkey (Firefox တွင် အသုံးပြုရသည့် ဆော့ဖ်ဝဲ) အတွက် userscript ရေးပြီး loop ပတ်ပစ်တာပါပဲ အဲဒါကို အသုံးရ လွယ်အောင် လုပ်ထားပြီး autolike ဘာညာ ပြောနေကြတာ” အိုင်တီ ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
“တစ်ခုတော့ ရှိတယ် fb က suspect ဖြစ်ရင်တော့ hijacked account တွေကို ပြန်စစ်လိမ့်မယ် ခုတလော တချို့ page တွေ နဲ့ အကောင့်တွေ report ထိတာလည်း အဲဒီလိုပဲ zombie တွေနဲ့ auto ဗျင်းနေကြတာ” ဟု သူက ဆက်ပြောပါသည်။
ထို့အပြင် ယင်းဆော့်ဖ်ဝဲများ အနက် အချို့သည် အသုံးပြုသူ၏ ကွန်ပျူတာ အတွင်းသို့ မသမာသော ကွန်ပျူတာ ပရိုဂရမ်များ ထည့်သွင်းတတ်လေ့ ရှိသောကြောင့် မိမိ ကွန်ပျူတာအတွက် လွန်စွာ အန္တရာယ်ရှိကြောင်း အင်တာနက် စာမျက်နှာ အချို့တွင်ဆိုထားသည်။
facebook ၏ အားနည်းချက် ဟာကွက်များကို facebook တွင် တာဝန် ထမ်းဆောင်နေကြသည့် ကျွမ်းကျင်သူ ပညာရှင်တို့က သိရှိလျှင် သိရှိခြင်း အမြန်ဆုံး ပြင်ဆင်လျှက် ရှိကြသည်။
ref: mashable.com, businessinsider.com Popularmyanmar.com မှကူးယူဖေါ်ပြသည်...facebook စာမျက်နှာ များဝယ် Like တက်စေသော ဆော့်ဖ်ဝဲ အမျိုးမျိုး ရှိကြပြီး၊ ယင်းတို့ကို အခမဲ ရယူနိုင်သည့်ပြင် အသုံးပြုရန်လည်း လွန်စွာ လွယ်ကူ လှသောကြောင့် အချို့သော စာမျက်နှာ ပိုင်ရှင်များက ယင်းဆော့ဖ် ၀ဲ များကို အသုံးပြုလျှက် ရှိကြသည်။
ယင်းဆော့ဖ်ဝဲ များမှာ မိမိ ကွန်ပျူတာမှပင် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲနှင့် အွန်လိုင်းမှ အသုံးပြုရသော ဆော့ဖ်ဝဲဟူ၍ နှစ်မျိုး ကွဲပြားနေသော်လည်း အဆို ပါ ဆော့ဖ်ဝဲ များသည် facebook ၏ အားနည်းချက် ဟာကွက်ကို တရား မ၀င် အသုံးချခြင်းဖြစ်သည်။
Like တက်နှုန်း ပုံမှန်ထက် များစွာမြန်ဆန်လာလျှင် facebook မှ ယင်းစာမျက်နှာအား ပြန်လည် စစ်ဆေးလေ့ရှိပြီး၊ မိမိ Like မလုပ်ပဲ Like ဖြစ်နေကြောင်း တိုင်ကြားသူများ ရှိလာလျှင်မူ facebook မှ ယင်း စာမျက်နှာ အား ယာယီ ပိတ်ပြီး ပြန်လည် စစ်ဆေးမည်ဖြစ်သည်။
“အမှန်က hijacked account (ခိုးထားတဲ့အကောင့်) တွေကို greasemonkey (Firefox တွင် အသုံးပြုရသည့် ဆော့ဖ်ဝဲ) အတွက် userscript ရေးပြီး loop ပတ်ပစ်တာပါပဲ အဲဒါကို အသုံးရ လွယ်အောင် လုပ်ထားပြီး autolike ဘာညာ ပြောနေကြတာ” အိုင်တီ ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
“တစ်ခုတော့ ရှိတယ် fb က suspect ဖြစ်ရင်တော့ hijacked account တွေကို ပြန်စစ်လိမ့်မယ် ခုတလော တချို့ page တွေ နဲ့ အကောင့်တွေ report ထိတာလည်း အဲဒီလိုပဲ zombie တွေနဲ့ auto ဗျင်းနေကြတာ” ဟု သူက ဆက်ပြောပါသည်။
ထို့အပြင် ယင်းဆော့်ဖ်ဝဲများ အနက် အချို့သည် အသုံးပြုသူ၏ ကွန်ပျူတာ အတွင်းသို့ မသမာသော ကွန်ပျူတာ ပရိုဂရမ်များ ထည့်သွင်းတတ်လေ့ ရှိသောကြောင့် မိမိ ကွန်ပျူတာအတွက် လွန်စွာ အန္တရာယ်ရှိကြောင်း အင်တာနက် စာမျက်နှာ အချို့တွင်ဆိုထားသည်။
facebook ၏ အားနည်းချက် ဟာကွက်များကို facebook တွင် တာဝန် ထမ်းဆောင်နေကြသည့် ကျွမ်းကျင်သူ ပညာရှင်တို့က သိရှိလျှင် သိရှိခြင်း အမြန်ဆုံး ပြင်ဆင်လျှက် ရှိကြသည်။
Myawady News
*************************************************************************
No comments:
Post a Comment