စိတ်ကူး စိတ်သန်း ဆန်းကြယ် တဲ့ သူတွေ ဟာ လက်တွေ့ လုပ်တတ် ရင်တော့ ကြီးပွား တတ် ပါတယ်... စိတ်ကူး ဆန်းပြီး... ဘာမှ မလုပ်ဘဲ ကိုယ့်ကိုယ် ကို အဟုတ် ထင်နေရင်တော့ စိတ်ကူး ယဉ်သမား ဖြစ်သွားပါလိမ့်မယ်...
အလုပ်လုပ်တဲ့ နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုပ်တတ်တဲ့ သူဟာ ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်...
လူငယ်တွေ ဟာ သိပ်ဖြစ်ချင် တဲ့ စိတ်ဟာ ကိုယ်ပိုင် အရင်းအနှီး မပါဘဲ အကျိုးရလာဒ် ကို သာ မျှော်ကြည့်နေ တဲ့ စိတ်မျိုး မဖြစ်သင့်ပါဘူး... ချမ်းသာချင်တယ်... ကျော်ကြားတဲ့ အနုပညာ ရှင်ဖြစ်ချင်တယ်. ပညာရှင်ကြီး ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူးတွေ ဟာ လူတိုင်း မှာ ရှိတတ်ကြပါတယ်...
တချို့ ကတော့ ငယ်ငယ် ကတည်း က အကြံကြီး ပါတယ် တချို့ကတော့ အတော်ကြီး လာတဲ့ တိုင်အောင် ဘာလုပ်ချင်တယ် လို့ ရည်ရွယ်ချက် မရှိပဲ အဖေခိုင်း တာ လုပ်မယ် ဆိုပြီး ကိုယ်ပိုင် စိတ်ကူး မဲ့နေတတ်ကြပါတယ်... အကြောင်း အားလျော်စွာ စိတ်ကူးပြောင်းလဲ တတ်တဲ့ သဘော ကတော့ ရှိပါတယ်...
ဒါပေမယ့် အကျိုးအမြတ် ကိုသာကြည့်ပြီး အလုပ် တန်ဖိုး အစစ် အမှန်ကို မကြည့်တတ် သူများ ဟာ အလုပ် ကို မစူးစမ်း ရသေးခင် နောက်တစ်ခု ပြောင်းလုပ် ဖို့ စိတ်ကူးတတ် ပါတယ်... ဘာမှ မလုပ်ရသေးခင် ကတည်း က စိတ်ကူး ခဏခဏ ပြောင်းတတ်တဲ့ သူဟာ တကယ်တမ်း အလုပ် စတဲ့ အခါမှာ အခက်အခဲ အသေးအဖွဲ ကို တွေ့တာနဲ့ စိတ်ဓာတ် ကျသွား တတ်ပါ တယ်...
ဒါကြောင့် စိတ်ကူး စပြီး ယဉ်ကတည်း က အကျိုးအမြတ် တစ်ခုတည်း ကို သာ မကြည့်ပါနဲ့ အလုပ် ရဲ့ အနှစ်သာရ အလုပ် ရဲ့ သဘောသဘာဝ ကိုပါ ကြည့်တတ်ကြ ဖို့လိုပါတယ်...
အလုပ် လုပ်တဲ့နေရာ မှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့ အချိန် စသည် တို့ကို လေလွင့်ပြုန်းတီးမှု မရှိအောင် ထိန်းပြီး လုပ်တတ်တဲ့ သူများက အချိန်ကြာလာတာ နဲ့ အမျှ ကိုယ်ရည် ကိုယ်သွေး တက်လာ တတ်ပါတယ်. .
ဘဝရဲ့ တန်ဖိုး ကို အလုပ်ဖြစ်အောင်... စိတ်ကူးကောင်း ထုတ်နိုင်ဖို့ နဲ့ စိတ်ကူး ကို အကောင် အထည် ဖော်ဖို့ အရေးကြီးပါတယ်...
အားလုံးကို ချစ်ခင်လေးစားလျှက်...ဒေါက်တာ မတင်ဝင်း

No comments:
Post a Comment