တစ်ခါက သစ်ခွပန်းတွေ ကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ တရား အားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။
တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကိုသွားဖို့ အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေ ကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။
ကိုရင်တွေ ကလည်း ပန်းကို သေချာစောင့်ရှောက် ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာ ကိုရင်တွေ က ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆ တိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွ အိုးတွေ ကွဲကြေခဲ့တယ်။
ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေ အရမ်း ထိတ်လန့် ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘုန်းကြီးပြန်ရောက်တဲ့ အခါ ကိုရင်တွေ က အကျိုးအကြောင်း ပြောပြတယ်။
ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်း ၀န်းကျင် စိမ်းစိမ်း စိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွ စိုက်ခဲ့တာ မဟုတ်ဘူး"လို့ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ် ရှိပါတယ်။
စိတ်ဆိုး၊ဒေါသထွက် ဖို့ သစ်ခွပန်း စိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ် ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကို မထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွ ဆုံးရှုံး တာက သူ့စိတ်ကိုပျော်အောင်၊ဒေါသထွက်ေ အာင် မသက်ရောက်စေနိင်ခဲ့ဘူး။
နေ့စဉ် လူ့ ဘ၀မှာ ကျွန်တော်တို့ ရဲ့ လိုအင်တွေက များခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်တော်တို့အရမ်းဂရုစိုက်ခြဲ့ ကတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခံစားချက်က နိမ့်လိုက်မြင့် လိုက်နဲ့ ကျွန်တော်တို့ မပျော်ရွှင်ခဲ့ကြဘူး။
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေထားတာ မဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်တော်တို့ပေါင်းသင်းခဲ့တာ မဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
စိတ်တို၊ဒေါသ ထွက်ချိန် မှာ ကျွန်တော် တို့ ဒီလိုတွေးတောနိင် ခဲ့ကြရင် ကျွန်တော် တို့ရဲ့ စိတ်ညစ် စရာ ခံစားချက်တွေကို ကျွန်တော်တို့ တနည်းနည်းနဲ့ ဖြေသိမ့်နိင်လိမ့်မယ်လို့ ထင်ပါတယ်.....။
သူဇာ
သတင်းလေးများ ဆုံဆည်း၇ာ မှ မျှဝေဖေါ်ပြသည်
တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကိုသွားဖို့ အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေ ကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။
ကိုရင်တွေ ကလည်း ပန်းကို သေချာစောင့်ရှောက် ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာ ကိုရင်တွေ က ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆ တိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွ အိုးတွေ ကွဲကြေခဲ့တယ်။
ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေ အရမ်း ထိတ်လန့် ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘုန်းကြီးပြန်ရောက်တဲ့ အခါ ကိုရင်တွေ က အကျိုးအကြောင်း ပြောပြတယ်။
ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်း ၀န်းကျင် စိမ်းစိမ်း စိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွ စိုက်ခဲ့တာ မဟုတ်ဘူး"လို့ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ် ရှိပါတယ်။
စိတ်ဆိုး၊ဒေါသထွက် ဖို့ သစ်ခွပန်း စိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ် ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကို မထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွ ဆုံးရှုံး တာက သူ့စိတ်ကိုပျော်အောင်၊ဒေါသထွက်ေ
နေ့စဉ် လူ့ ဘ၀မှာ ကျွန်တော်တို့ ရဲ့ လိုအင်တွေက များခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်တော်တို့အရမ်းဂရုစိုက်ခြဲ့
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေထားတာ မဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်တော်တို့ပေါင်းသင်းခဲ့တာ မဟုတ်ဘူး"
"စိတ်တို၊ဒေါသဖြစ်ဖို့ ကျွန်တော်တို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
စိတ်တို၊ဒေါသ ထွက်ချိန် မှာ ကျွန်တော် တို့ ဒီလိုတွေးတောနိင် ခဲ့ကြရင် ကျွန်တော် တို့ရဲ့ စိတ်ညစ် စရာ ခံစားချက်တွေကို ကျွန်တော်တို့ တနည်းနည်းနဲ့ ဖြေသိမ့်နိင်လိမ့်မယ်လို့ ထင်ပါတယ်.....။
သူဇာ
သတင်းလေးများ ဆုံဆည်း၇ာ မှ မျှဝေဖေါ်ပြသည်
No comments:
Post a Comment