ရန်ကုန်မြို့ ရှိ ဈေး တစ်ခုမြင်ကွင်း
(၁)
မကြာမတင် ကာလ တစ်ခုတုန်းက ဘန်ကောက် ကို ခဏရောက်ခဲ့ ပါတယ်။ ကားကျပ်လို့ အချိန် ဘယ်လောက်ကြာမလဲ ဆိုတာ မှန်းရ ခက်ပေမယ့် သုံးမိနစ် တစ်စီး လာနေ တဲ့ မြေပေါ် ရထား တို့ မြေအောက် ရထားတို့ နဲ့ သွားရင်တော့ အဆင်ပြေပါတယ်။ ကားနည်းနည်း ရှင်း ချိန် ဆိုရင် ဘတ်စ်ကား စီး ပါတယ်။ တစ်ခါ တလေတော့ လည်း တက္ကစီ နဲ့ သွားပါတယ်။
(၂)
တက္ကစီ ကားတွေ က မီတာနဲ့ ဆိုတော့ ကားခပေးစရာ ဈေးဆစ် စရာ မလိုပါဘူး။ စတက် တက် ချင်း ၃၅ ဘတ် (မြန်မာငွေ ၁၁၀၀ ကျပ်ခန့်) ကျ ပါတယ်။ ပြီးရင် နှစ်ဘတ်စီ တက်ပါတယ်။ တစ်ကီလို မီတာကို ငါးဘတ်နှုန်းပါ။
ထိုင်း လူမျိုးတွေ မှာ အိမ် နာမည် ရှိကြပါတယ်။ သူတို့ ရဲ့ နာမည် ရင်းတွေက ရှည်လျား တတ် ကြ လို့ အိမ် နာမည်ပဲ ခေါ်ကြတာ များပါတယ်။ ‘၀က်ပုတ်’ ‘ခွေးကလေး’ ‘ကြောင်’ ‘ဆင်’ စသဖြင့် ခေါ်ကြတယ်။ တစ်ရက် မှာ ထိုင်းမိတ်ဆွေ ကိုဝက်ပုတ် နဲ့ တက္ကစီ စီးခဲ့ပါတယ်။
ပိုက်ဆံ ရှင်းတော့ ၉၇ ဘတ် ကျတာကို ကိုယ် ကပဲ ပေးလိုက်ပါတယ်။ ကား ဆရာက အကြွေ သုံးဘတ် ပြန်အမ်း ပါတယ်။ မယူတော့ ဘူးလို့ လက်ကာပြ လိုက်တော့ ကား ဆရာက လက် အုပ် ချီပြီး ကျေးဇူးတင် စကား ဆိုပါတယ်။ ၀က်ပုတ် ကတော့ ဘ၀င် မကျတဲ့ မျက်နှာနဲ့ ကြည့်နေ ပါတယ်။
(၃)
ကော်ဖီဆိုင် ထိုင်တော့ ၀က်ပုတ် က စကား စလာ ခဲ့ပါတယ်။
“သူငယ်ချင်း၊ မင်း ကို စကား နည်းနည်း ပြောလို့ ရမလား”
“ရပါတယ်၊ ပြောလေ”
“မင်းစောစော က ကားခ ရှင်းတော့ ပြန်အမ်းတဲ့ သုံးဘတ် ကို ဘာလို့ မယူတာလဲ။ သိမ်း ရမှာ အိတ်လေး တယ် ထင် လို့လား”
“မဟုတ် ပါဘူးကွာ။ ဘာမှ ရှိတဲ့ ပမာဏ မဟုတ်ဘူးလေ။ အလှူပေါ့”
ဝက်ပုတ် ခေါင်းကို ယမ်းပြီး စကား ဆက်တယ်။
“သူ့အတွက် ကျသင့်တဲ့ ကားခ ပေးတယ်ကွာ။ သူ့မှာ လည်း အကြွေရှိတယ် ကွာ။ အမ်းရမှာပေါ့။ အမ်း တာကို မင်းက လက်ခံ ရယူ ရမှာပေါ့။ အပိုဆု ချတယ် ပြောရအောင် သူက ဘာမှ လုပ်ပေး တာမှ မဟုတ်တာကွာ။ အိတ်တွေ အလေး အပင်တွေ သယ်ပေးရင် ကူညီပေးရင် တစ်မျိုးပေါ့ကွာ”
“ဟုတ်ပါပြီကွာ”
“မင်း အဲဒါ သူ့ကို ဖျက်ဆီး တာပဲ။ ဒါမျိုး ရတာ၊ ကြုံတာ များလာရင် ဒီလိုပေးမယ့် လူကို မျှော် လာမယ်။ အကြွေရှိနေရင်တောင် မှ မရှိ ဟန်ဆောင်တော့မယ်။ ဒါမှ မဟုတ် အကြွေစေ့တွေ မယူလာ ဘဲနေမယ်။ နောက်ပြီးတော့ မင်းကိုယ်မင်း လည်း ဖျက်ဆီးတာပဲ။
“ဘုရားရေ”
“ဘုရားမရေ နဲ့ ဟေ့ကောင်၊ မင်း ခုလိုမျိုး ၁၀ ခါလောက် ဆိုရင် တက္ကစီ တစ်ကြောင်း ခရီး တို စီးလို့ ရတယ်ကွ။ ကြက်ဆီ ထမင်း တစ်ပွဲကောင်းကောင်း စားလို့ ရတယ်ကွ။ ကြာရင် ပိုက်ဆံကို တန်ဖိုး မထားတတ် တဲ့ အကျင့် ပါသွားမယ်။ အေး.. လှူ ချင်သပ ဆိုရင် လိုအပ်နေတဲ့နေ ရာတွေ မင်းတို့ တိုင်းပြည်မှာ အများကြီး ထိထိရောက်ရောက် သွားလှူ ချေ”
(၄)
ဝက်ပုတ် ရဲ့ စကား အဆုံးမှာ တခြားရောက်ခဲ့ ဖူးတဲ့ နိုင်ငံတွေ က အကြွေစေ့ ကလေးတွေ မြင်ယောင် လာတယ်။ သူတို့ငွေနဲ့ ဆိုရင် ပြားဂဏန်းတွေ၊ ယူနစ်သေးသေးလေးတွေပေါ့ ။ သူသူ ငါငါ အကြွေစေ့လေးတွေ ဆောင်ထား တတ်ကြတာ အတိ အကျပေးချေတာ၊ အမ်းတာ သတိရမိတယ်။
“အဲဒီ အကြွေစေ့ တစ်စေ့ သွန်း လုပ်ဖို့ ကုန်ကျတဲ့ စရိတ်က အကြွေစေ့ငွေ တန်ဖိုးရဲ့ ၁၀ ဆ မက ရှိတယ်ကွ။ ဒါပေမဲ့ လိုအပ် လို့ အစိုးရ က အရှုံး ခံပြီး ထုတ်ပေးနေတာ”
ဟုတ်ပေ မပေါ့။ ကိုယ်တွေ ငယ်ငယ် တုန်းက ငါးပြား၊ ဆယ်ပြား၊ တစ်မတ်၊ ငါးမူး အကြွေစေ့လေးတွေ သုံးခဲ့ ဖူးတာ အမှတ်ရမိတယ်။
အဲဒီ အကြွေစေ့တွေ ကို စုပြီး အရည် ကျိုတယ်။ ပန်ကာဒလက် လုပ်တယ် ဘာညာကြားခဲ့ ဖူးတာ သတိရမိတယ်။
“ပြောရရင်ကွာ အကြွေစေ့တွေ ဆိုတာ ငါတို့ နေ့စဉ် လည်ပတ် သုံးစွဲ ရာမှာ ငွေကြေး ဖလှယ် အပေး အယူ လုပ်ရာမှာ မရှိမဖြစ်လို့ အဆင်ပြေအောင် ထုတ်ပေးထားတာကွ။ အဲဒါကို တချို့ လူတွေက စုဘူး နဲ့ စုကြသေးတယ်။ အဲဒီတော့ အကြွေစေ့တွေ ရှားပါး ကုန်ရော။ နိုင်ငံတော် မှာလည်း မလိုလား အပ်ဘဲနဲ့ အကြွေ သွန်းလုပ်ရတဲ့ စရိတ်က တက်လာရော”
(၅)
အကြွေစေ့ သွန်းလုပ်တာ ကုန်ကျတဲ့ စရိတ်က ယူနစ်သေးသေး နဲ့ ငွေထုတ် ရတဲ့ စရိတ် စက ဟာ နိုင်ငံတစ်နိုင်ငံ အတွက် မနည်း လှပါဘူး။ ယူနစ်သေးသေးလေးတွေ ဟာ များများ လည် ပတ် ရတာမို့ ကြာကြာ ခံအောင် အကြွေစေ့ အနေနဲ့ သွန်းလုပ်ကြ တာပေါ့။ အကြွေစေ့ မရှိရင် မရဘူးလား ဆိုတော့ ရတော့ရတာပေါ့ဗျာ။ ဒါပေမဲ့ အဆင် မပြေတာတွေ အများကြီးကြုံရ ပါတယ်။
(၆)
“ငါတို့ ငယ်ငယ်တုန်းက ငါးပြား၊ ဆယ်ပြား နဲ့ ဈေးရောင်း စားခဲ့ တာပေါ့အေ။ အဆင်လည်း ပြေပါတယ်။ အခု ငါးဆယ် တစ်ရာ ခေတ်ကျမှ ဒုက္ခရောက်တော့တာ။ မှတ်ရ သားရ မလိုချင်တာ ယူရ ၀ယ်ရနဲ့”
ဈေးကလေး မှာ ဟင်းသီးဟင်းရွက်ရောင်း တဲ့ အဒေါ်ကြီး ညည်းပြောပြောနေတာ တစ်ပိုင်း တစ်စ ကြားရတယ်။
“အစ်မ ဘာယူမလဲ”
“ကုလားအော်သီးလေး လေးငါးတောင့်လောက်”
တစ်နေ့ မှာ ဈေးဝယ်သူ တစ်သန်းက ငွေပြန် အမ်းရေးပြဿ နာကြောင့် တစ်ယောက် တစ်ရာဖိုးစီ မလိုဘဲ ၀ယ်ရတာ မျိုးရှိရင် သန်းတစ်ရာ။ သိန်းတစ်ထောင် ဆိုတဲ့ငွေ လေလွင့်ပြီပေါ့။ သိန်းတစ်ထောင် ဆိုတာ စာသင်ကျောင်း တစ်ဆောင် ဆောက်လို့ ရတယ် . . . . .“လေးငါးတောင့်တော့ မရဘူး အစ်မရေ.. တစ်ပုံ တစ်ရာ။ သုံးပုံ နှစ်ရာ”
ဈေးဝယ် အမျိုးသမီးက တစ်ထောင်တန် ထုတ်ပေးတယ်။
“အတန်သေးပေးပါ အစ်မရယ်။ ကျွန်မ ရှိတာလေးတွေ စောစော ကပဲ အမ်းလိုက် လို့ပါ”
“ဒါဆိုလည်း နောက်နေ့မှ ယူတော့”
ဈေးသည် အဒေါ်ကြီး မျက်နှာ ပျက်သွားတယ်။ ချက်ချင်းပဲ မျက်နှာ ဆည်ပြီး ဈေး ဆက်ရောင်း တယ်။
“ဒီလို လုပ်ပါလား အစ်မရယ်။ ကန်စွန်းရွက်တွေ လတ်တယ် တစ်စီးနှစ်ရာ၊ ငါးရာဖိုး သုံးစီး ။ နောက်ပြီး ဘူးသီးလေး လည်း နုတယ် အစ်မရဲ့။ ဟင်းချို ချက်ဖို့ တစ်စိတ်လောက် ယူ သွားလေ။ တစ်ထောင် ဖိုးပြည့်အောင် ယူလိုက်ပါနော်”
“အဲဒါပဲ။ ရှင်တို့ ကို အားနာ တာနဲ့ သနား တာနဲ့ ယူလိုက်ရ ၀ယ်လိုက်ရ နဲ့။ အိမ်ပြန်ရောက်ရင် အလုပ် က ရှုပ်သေးတယ်။ ဘယ်သူမှ မစားလို့ ပိုနေပြန်တော့ အလဟဿ ဖြစ်ပြန်ရော။ ရေခဲသေတ္တာ ထဲ သိမ်းထား ရအောင် ကလည်း မီးက မလာတစ်ချက်၊ လာတစ်ချက် နဲ့ ပျက်စီးကုန်တာ များလှပြီ”
သြော် ဒုက္ခ၊ ဒုက္ခ။ ဈေးသည် လည်း ဈေးသည် ဒုက္ခ၊ ဈေးဝယ် လည်း ဈေးဝယ် ဒုက္ခ။
(၇)
“အဘ ဘာမှ မ၀ယ်တော့ ဘူးလား။ အင်ဥတွေပေါ်ပြီ အဘ ရဲ့၊ ၀ယ်သွားဦးလေ”
“သြော် အေးအေး၊ ခဏလောက် လျှောက်ကြည့်လိုက်ဦး မယ်ကွယ်”
ဈေးကလေး ထဲ ဆက်လျှောက်ကြည့် မိတယ်။ အမ်း စရာ မရှိလို့ မှတ်ထား တဲ့ ဈေးကြွေးတောင်း တာ စကားများနေကြ တဲ့ ဈေးသည်နဲ့ ဈေးဝယ် လည်း တွေ့ရတယ်။
“ဟဲ့ ပိုက်ဆံလေးနှစ်ရာနဲ့ ငါက လိမ် ရမှာလား”
“ဟုတ်ပါတယ် အစ်မရယ်။ ကျွန်မ လည်း မရှိ လို့ ဈေးရောင်း စားရတာပါ။ မလိမ်ပါဘူးတော်။ ကျွန်မလည်း မအမ်းနိုင်ခဲ့ တာလေ။ သုံးရက်လောက် ရှိရောပေါ့။ အဲဒီနေ့က အစ်မ ကြက်သွေးရောင် ပါတိတ် ၀မ်းဆက်လေး ၀တ်လာ လို့ လှလိုက်တာ လို့တောင် ကျွန်မပြော ခဲ့သေးတယ်လေ”
“ကောင်မက အပြောကောင်း၊ အေးပါအေ။ ငါ့ကို လှတယ် ဆိုတော့လည်း လက်ခံ ရမှာပေါ့။ ဒီနေ့ လည်း တစ်ထောင်တန် ပဲ ပါတယ်ဟဲ့”
“အစ်မရယ် တစ်ထောင်ပြည့်အောင် ၀ယ်ပေါ့။ ဒါလေးများ”
(၈)
ဘုရား၊ ဘုရား။ ဒါလေးများတဲ့ ဒါလေးတွေ များများ လာရင် ဒါကြီးဖြစ်တော့မယ်။ ထိုင်း ကမိတ်ဆွေ ‘၀က်ပုတ်’ ကို သတိရ မိတယ်။ သူတွက်ပြ တဲ့ ဂဏန်းသင်္ချာ ရိုးရိုးလေး ကို ဈေး တွက် တွက်မိတယ်။
တစ်နေ့ မှာ ဈေးဝယ်သူ တစ်သန်းက ငွေပြန် အမ်းရေးပြဿ နာကြောင့် တစ်ယောက်တစ်ရာ ဖိုးစီ မလို ဘဲ ၀ယ်ရတာမျိုး ရှိရင် သန်းတစ်ရာ။ သိန်းတစ်ထောင် ဆိုတဲ့ငွေ လေလွင့်ပြီပေါ့။ သိန်းတစ်ထောင် ဆိုတာ စာသင်ကျောင်း တစ်ဆောင် ဆောက်လို့ရတယ်။
ဟိုစဉ်းစား၊ ဒီစဉ်းစား နဲ့ ခေါင်းတွေ နောက်လာတယ်။
(၉)
“ခေါင်းနောက် မှာပေါ့။ ဈေးက မုန့်ဟင်းခါး စားလာ ခဲ့တယ် မဟုတ်လား။ အချိုမုန့် နဲ့ ကိုယ်နဲ့ မတည့်တဲ့ ဟာကို ဒီလောက် အသက်ကြီး တာတောင် လိုက်ပြောနေရ တုန်း”
အိမ်ရောက်တော့ မီးဖိုချောင် ၀န်ကြီး အဟောက် ခံရတယ်။ ကယောက်ကယက် အိပ်မက် လို့ ချွေးဒီးဒီး ကျပြီး နိုးလာတယ်။
အကြွေစေ့ ပိခြင်း တဲ့။ ကောင်းဗျာ။
Written by: မောင်စံပေါ
From...Search Myanmar
မြန်မာနှစ်ယောက် တရားဆွေးနွေးကြတယ်၊ မေးကြဖြေကြတယ်။ အင်မတန်နုညံသိမ်မွေ့တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေ လောဘ ဒေါသ မောဟတွေ ပြောသွားလိုက်တာလဲ စုံနေတာပဲဗျို့။ ဒါပေမဲ့ နှစ်ယောက်လုံးက အင်္ဂလိပ်လိုတရွှတ်ရွှတ်ညှပ်နေတာ နဂိုက မူလက မြတ်ဗုဒ္ဓဟာ အင်္ဂလိပ်လိုများ တရားတွေ ဟောခဲ့သလား အောက်မေ့ရလောက်တယ်။ အဲဒါ နုညံ့သိမ်မွေ့တဲ့ မာနတွေ ကြွားဝါမှုတွေဆိုတာ သဘောမပေါက်ဘူး။ မြတ်စွာဘုရားရဲ့တရားတွေဟာ အတော်လေး reasonable ဖြစ်ပါတယ်၊ practical လဲဖြစ်ပါတယ်တဲ့။ သဘာဝလက္ခဏာကို ကြည့်ရတယ် (individualistic)။ experience အာရုံကို အတွေ့အကြုံရသွားတဲ့သဘော၊ ပထဝီဆိုရင် ခက်မာတယ် softness/hardness မာတဲ့သဘော ပျော့တဲ့သဘော၊ သာမညလက္ခဏာ - အင်္ဂလိပ်လိုတော့ universalistic ဗျို့။ ယိုသူမရှက် မြင်သူရှက်ဆိုသလို ကျုပ် နားထောင်ရင်း နားရှက်လာတယ်ဗျာ။ ကမ်းကုန်ရော။
ReplyDeleteကျနော့်အနေနဲ့ ဘုရားဆုပန်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေကို မြတ်ဗုဒ္ဓရဲ့ဝေါဟာရအရ ယုတ်မာသောလောဘမဖြစ်ရအောင် ဒီဃနိကာယ်ထဲက လောဟိံစသုတ်ကို ဖတ်ဖို့၊ သဘောပေါက်အောင် ဖတ်ဖို့နဲ့ မြတ်ဗုဒ္ဓက တရားမဟောထိုက်တဲ့ပုဂ္ဂိုလ် ၃ မျိုးနဲ့ တရားဟောထိုက်တဲ့ပုဂ္ဂိုလ် ၃ မျိုးရှိကြောင်း ပြဋ္ဌာန်းပေးထားတဲ့အထဲမှာ ကိုယ်ဘယ်အဆင့်လဲ ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ ကြည့်ဖို့တိုက်တွန်းလိုက်ကြောင်းပါဗျား။