တက္ကသိုလ် မှာ နှစ်စဉ်နှစ်တိုင်း အဆင့် (၁) ရ ခဲ့တဲ့၊ ဘွဲ့ရကာစ လူငယ် တစ်ဦး စာရင်းကိုင် ရာထူး လာလျှောက် လို့ ကုမ္မဏီပိုင်ရှင် က အင်တာဗျူးနေပါတယ်...
"မင်း... လစာ ဘယ်လောက် မျှော်မှန်း ထားလဲ"
"တခြား အကျိုးခံ စားခွင့်တွေ အပေါ် မူတည်ပြီး တစ်လ ကို ဒေါ်လာ နှစ်သောင်းလောက် ဆို ဖြစ်ပါတယ်"
"အင်း... ကောင်းပြီလေ၊ တခြား ခံစားခွင့်တွေ အနေ နဲ့ တစ်နှစ် ကို ၂ လ ခွင့်ပေးမယ်၊ နှစ်စဉ် လစာ ၂၅% တိုးပေးမယ်၊ အဆင့်မြင့်နိုင်ငံခြား ပညာတော်သင် လွှတ်မယ်၊ အိမ်လခနဲ့ ဖုန်းဘေလ် ကုမ္မဏီ က ကျခံမယ်၊ စီးဖို့ မာစီးဒီးကား ပေးမယ်၊ ကီလို နှစ်သောင်းမောင်းပြီးတိုင်း ကားအသစ် တစ်စီး ပြောင်းပေးမယ်... ကဲ ဘယ်နှယ့်လဲ"
"ဗျာ... ခညား နောက်နေတာလား"
"ဘယ်သူ က စ,နောက်တာလဲ... ပြော"
https://www.facebook.com/
No comments:
Post a Comment