Showing posts with label ပြည်သူ့ အသံ. Show all posts
Showing posts with label ပြည်သူ့ အသံ. Show all posts
Monday, January 19, 2015
ကုန်ဈေးနှုန်း ဘယ်လို ထိန်းမလဲနှင့်ပြည်သူ့အသံ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က နိုင်ငံ့ ၀န်ထမ်းများ ၏ လစာ ကို သင့်တင့် မျှတသော တိုးမြှင့်ပေးမှု မျိုးဖြင့် တိုးပေးမည် ဟု ဇန်န၀ါရီ ၁၄ ရက် တွင် ပြုလုပ် ခဲ့သော  ဘဏ္ဍာရေးကော်မရှင် အစည်း အဝေး ၌ ပြောကြား ခဲ့သည်။ 
လာမည့် ဘဏ္ဍာနှစ်သစ် ဧပြီလ တွင် ထပ်တိုးပေးသော လစာ မှာ လက်ရှိ အစိုးရ သက်တမ်း အတွင်း သုံးကြိမ်မြောက် လစာ တိုးပေးမှုဖြစ်သည်။ လစာ တိုးတိုင်း ကုန်ဈေးနှုန်း တက်လေ့ ရှိသောကြောင့် သည် တစ်ကြိမ်တွင် လည်း ကုန်ဈေးနှုန်း တက်မည် ကို ပြည်သူ အားလုံး က စိုးရိမ်လျက်ရှိသည်။  