Saturday, August 3, 2013
မြန်မာ့ လျှပ်စစ် ကဏ္ဏ္ဒ ဖွံ့ဖြိုးေ၇း အတွက် ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ် သုံးမည်
မြန်မာနိုင်ငံ အနှံ့ လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ကမ္ဘာ့ဘဏ် က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ် ရုံးခွဲ မှ ပြန်ကြားရေး အရာရှိ ဦးကျော်စိုးလင်း က The Voice သို့ ပြောကြားသည်။
ကမ္ဘာ့ဘဏ် က သုံးစွဲ မည့် ယင်းငွေကြေး ပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့ မှ ၂၀၁၄ ခုနှစ် ဇူလိုင် လ ၃၁ ရက် နေ့ အထိ စီမံကိန်း ကာလ အတွက် အသုံးပြုရန် လျာထားခြင်းဖြစ် ပြီး ကမ္ဘာ့ဘဏ် ၏ အပြည်ပြည် ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေး အသင်း (International Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေး မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းချေးငွေ သည် နှစ်ပေါင်း ၄၀ ကြာ မှ ပြန်လည် ပေးဆပ် ရမည် ဖြစ်ပြီး ကြား ကာလတွင် ဆယ်နှစ် ဆိုင်းငံ့ ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ကာ ဝန်ဆောင်ခ အဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင် ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘာ့ဘဏ် အနေနှင့် လျှပ်စစ် ကဏ္ဍတွင် ကူညီ ပံ့ပိုးပေးရန် စီစဉ် ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦး အနက် တစ်ဦး သာလျှင် လျှပ်စစ် ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော ဓာတ်ငွေ့တာဘိုင် များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှိနေ ပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက် ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ် ဓာတ် အားပေး စက်ရုံ များမှ ၂၅ ရာခိုင်နှုန်းသော လျှပ်စစ် ဓာတ်အား များသည် ဓာတ်အားပေး ပို့ ဖြန့်ဖြူးခြင်း အဆင့် တွင် ဆုံးရှုံးနေ ရခြင်း တို့ကြောင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အား ရရှိ မှု မလုံလောက် သည့် ပြဿ နာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ် က ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ များကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေး ပို့ ဖြန့်ဖြူး ရာတွင် လေလွင့်သည့် ပမာဏကို လျော့ နည်းအောင် ဆောင် ရွက်ပေးခြင်းဖြင့် လျှပ်စစ် ဓာတ်အား မလုံလောက်မှု ကို လျော့နည်းစေနိုင်ကြောင်း ၎င်းက ဆိုသည်။
ဓာတ်အားပေး စက်ရုံ များရှိ ဓာတ်ငွေ့ တာဘိုင် များကို လဲလှယ် တပ်ဆင်ပေးရာ တွင်လည်း ဝယ်ယူရေး ကန်ထရိုက် စာချုပ် များကို စနစ် တကျ ချုပ်ဆို သွားမည်ဖြစ်ပြီး ကန်ထရိုက်ပေး ရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို ဈေးပြိုင် စနစ်ဖြင့် တင်ဒါခေါ် ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ် ၏ ပစ္စည်း ဝယ်ယူရေး စည်းမျဉ်း လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
မွန်ပြည်နယ် သထုံမြို့နယ် တွင် ယခင် ဓာတ်ငွေ့ တာဘိုင် အဟောင်းများ အစား ခေတ်မီနည်း ပညာ များဖြင့် အသုံးပြု ထားသည် လျှပ်စစ် ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင် သည့် ပေါင်း စပ်ပတ်လည် ဓာတ်ငွေ့ တာဘိုင် နည်း ပညာသုံး စက်သစ် များဖြင့် လဲလှယ် တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။
ကမ္ဘာ့ဘဏ် က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှ တစ်ဆင့် စက်ရုံ အနီးရှိ ဒေသခံများ ရင်ဆိုင် ခံစားနေရသော စက်များ လည် ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝ ပတ်ဝန်း ကျင် ကို ထိခိုက်စေသည့် ဓာတ်ငွေ့ ထုတ်လုပ် မှုနှင့် အသံ ဆူညံမှုများ သိသိ သာသာ လျော့ ပါးစေ မည့် အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှု များကို အထိုက် အသင့် လျော့ ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြု လုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment