Sunday, August 4, 2013

စလယ်ဝင် အိုးလေး ဖန်တီး၇ှင် တေးေ၇း .တေးဆို..ဂီတမှူး နေထွဏ်းဦး..ကွယ်လွန်



မြန်မာသံ ဂီတလောကတွင် အောင်မြင်ခဲ့သည့် တေးရေး၊ တေးဆို၊ ဂီတမှူး ဦးထွန်းရင် (ခ) နေထွဏ်းဦး သည် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

တေးရေးနေထွဏ်းဦး သည် ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်မီ ကာလ အတော်ကြာ ရောဂါဝေဒနာ ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရကြောင်း သူ၏ တူဖြစ် သူ တေးရေးနေနန်း က ပြောဆိုခဲ့သည်။

တေးရေးနေနန်း က “ မဆုံးခင် အချိန်အထိ အစာလည်း မ၀င်တော့ဘဲ ရေတောင် မနည်းမျိုချ ရတဲ့အထိ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ရောဂါလည်းစုံတယ်။ ဆီးချိုရောဂါ ကတော့ ဖြစ်နေတာ လေး၊ ငါးနှစ်ရှိပြီ။ 



သူ့ သီချင်းတွေက မြန်မာသံစဉ် ဆိုတဲ့သူတွေနဲ့ လွတ်ကင်းတယ်ဆိုတာ မရှိပါဘူး။ အနိုင် သီချင်းတော်တော် များများ ဆို သူပဲ တစ်ကိုယ်တော် အနေနဲ့ ရေးခဲ့တယ်။ သူ ဆေးရုံ မတက်ခင် သွားလာနိုင်တဲ့ အချိန် အထိလည်း တေးသီချင်း တွေ ရေးခဲ့တာရှိပါတယ်။ 

သူက ရော့ခ်တေးသီချင်းတွေ ဆိုတာ များတယ်။ မြန်မာ သံစဉ်ကတော့ သူ အရမ်းဝါသနာ
ပါလို့ သာ ရေးစပ်ခဲ့တာ” ဟု ပြောပြခဲ့သည်။

တေးရေးနေထွဏ်းဦး သည် ဂီတ သက်တမ်းအနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ရှိပြီ ဖြစ်ပြီး အဆိုတော် ၀မ်းကိုကို၊ နွဲ့ယဉ်ဝင်း စုံတွဲအခွေဖြစ်သည့် “ရွှေကော်ဇောနဲ့ ရွှံ့စက်” အခွေတွင် ပထမဆုံး သီချင်းရေးသားခွင့် ရခဲ့ပြီး နောက်ပိုင်း သူရေးသားသည့် တေးသီချင်းပေါင်းမှာ ကွယ်လွန်ချိန်အထိ အပုဒ်ပေါင်း ၁၈၀၀ ကျော် ရှိကာ တစ်ကိုယ်တော်တေးစီး ရီး လေးခွေ ထွက် ရှိခဲ့ဖူးသူ ဖြစ်သည်။

သူသည် Composer တေးဂီတ အဖွဲ့တွင် Bass player အဖြစ် မြန်မာသံစဉ် သီချင်းများကို တီးခတ်ပေးခဲ့သူ လည်း ဖြစ်သည်။

ဂီတသက်တမ်း နှစ် ၃၀ရှိပြီဖြစ်သော တေးရေးနေထွဏ်းဦး သည် မကွယ်လွန်ချိန်မှာ ပုလဲရတု အထိမ်း အမှတ်ပွဲ ကျင်းပ လိုသည့် ဆန္ဒရှိခြင်းကြောင့် ဂီတလောက အနုပညာရှင်များနှင့် တိုင်ပင် ကာ စီစဉ်ဆဲ ကာလတွင် ကွယ်လွန်ခြင်းဖြစ်ကြောင်း တေးရေး နေနန်း က ပြောဆို ခဲ့သည်။

နေထွဏ်းဦး ၏ “စလယ်ဝင်အိုးလေး”၊ “ပုံပြောကောင်းသော ချစ်သူ” အစရှိသည့် တေး သီချင်းများ သည် ပရိသတ်များ အကြား ထင်ရှားခဲ့သည့် တေးသီချင်းများ ဖြစ်ကြသည်။

တေးရေးနေထွဏ်းဦး သည် ရွှေပြည်သာမြို့နယ် တွင် နေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန် မှာ ဇနီး၊ သမီးနှစ်ယောက်နှင့် သားတစ်ဦး တို့ ကျန်ရှိခဲ့သည်။
                   မဇ္ဈိမ မှမျှဝေဖေါ်ပြသည် 

No comments:

Post a Comment