Showing posts with label ဘဏ်လုပ်ငန်း နှင့် သက်ဆိုင်သမျှ. Show all posts
Showing posts with label ဘဏ်လုပ်ငန်း နှင့် သက်ဆိုင်သမျှ. Show all posts

Tuesday, December 15, 2020

ဘဏ် ဘဏ် ဘဏ့် ဘဏ်

 



ချေး ငွေ တွေ အ တွက် အ တိုး တွေ အ တင်း မ တောင်း တာ ၊ ပြတ် မ ဆပ် ခိုင်း သေး တာ က လွဲ ရင် အ များ ကြီး မ ပြောင်း သေး ပါ ဘူး ။ 


Covid 19 ကာ လ ကို နောက် ထပ် နှစ် နဲ့ ချီ ဖြတ် သန်း ရ ပြီး ထိ ရောက် တဲ့ ဖြေ လျော့ မှု မ လုပ် ပေး ရင် အိမ် ခြံ မြေ အ မြောက် အ များ ဘဏ် တွေ ကို ထိုး အပ် ကြ ရ လိမ့် မယ် ။ 


နိုင် ငံ တစ် ခု ရဲ့ စီး ပွား ရေး ကို နိုင် ငံ တွင်း ရှိ ဘဏ် တွေ နဲ့ အ တင် အ ချ လုပ် လို့ ရ တယ် ။ အ မေ ရိ ကန် မှာ ဂ လင်း စ ပန်း လုပ် ပြ ခဲ့ တယ် ။ 


ဘဏ် တွေ ဖြေ လျော့ မှု လုပ် မ ပေး နိုင် သေး ရင် အ စိုး ရ က ဖြေ လျော့ မှု လုပ် ပေး ရ မယ် ။ အ စိုး ရေ ဖြေ လျော့ ပေး ရ မှာ က မြင့် မား တဲ့ အ ခွန် တွေ လျော့ ပြီး ရှုတ် ထွေး တဲ့ လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး ရ မှာ ။ 


ကု လ သ မ ဂ္ဂ က Covid 19 ကြောင့် မြန် မာ နိုင် ငံ ရဲ့ SME လုပ် ငန်း ၉၃ % လောက် ပြို လဲ သွား နိုင် တယ် လို့ ခန့် မှန်း ခဲ့ တယ် လို့ ဖတ် လိုက် ရ တယ် ။ ADB လို့ ခေါ် တဲ့ အာ ရှ ဖွံ့ ဖြိုး ရေး ဘဏ် က တော့ မြန် မာ GDP ၄.၅ % အ ထိ ကျ မယ် လို့ ပြော တယ် ။ 


မြန် မာ နိုင် ငံ မှာ Covid ကြောင့် ကု စား မှု က နိုင် ငံ GDP ရဲ့ ၄ % ရှိ တယ် လို့ ဆို တယ် ။ အ များ စု က ဆေး ကု သ စား ရိတ် ၊ ရော ဂါ ကာ ကွယ် ရေး နဲ့ အိမ် ထောင် စု တွေ ကို တိုက် ရိုက် ထောက် ပံ့ တာ ။ စု စု ပေါင်း သန်း ပေါင်း ၁၈၂၃၉၄၈. ၃၇၄ သန်း ( သန်း ပေါင်း ၁၈ သိန်း ကျော် ) ရှိ တယ် ။ မ ဝေ ဖန် ချင် ပေ မယ့် Covid 19 ကို မြန် မာ တာ ဝန် ရှိ တွေ ပေါ့ ပေါ့ တွေး ခဲ့ ကြ တယ် ။ 


စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ငွေ ထုတ် ချေး တာ ၃၉၉၀၀၀ သန်း ပဲ ရှိ တယ် ။ ၅ ဆ လောက် ကွာ တယ် ။ အဲ့ ဒါ နိုင် ငံ ခြား စီး ပွား ဆက် သွယ် ရေး ဝန် ကြီး ဌာ န က အ မြဲ တမ်း အ တွင်း ဝန် ဦး အောင် နိုင် ဦး ပြော ထား တာ ။ 

ဘဏ် တွေ က သူ ရ မယ့် အ တိုး ကို နေ့ ချင်း တွက် ယူ ယုံ မ က ဘူး တိုး ရင်း ပေါင်း အ ပေါ် တောင် အ တိုး ထပ် ယူ တာ မျိုး လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး သင့် တယ် ။ 


ဘဏ် တိုး တွေ ချ လိုက် ရင် အပ် ငွေ တွေ ပြန် ထုတ် သွား မယ် ဆို တဲ့ မ ဆီ လျော် တဲ့ ဆင် ခြေ တွေ က ဘဏ် သူ ဌေး ကြီး တွေ ရယ် ၊ ဘဏ် ထဲ ကို ပိုက် ဆံ ထည့် ထား နိုင် တဲ့ ဝန် ထမ်း တွေ ရယ် အ တွက် ရပ် တည် နေ ကြ သ လို ဖြစ် နေ တယ် ။

 

တစ် က မ္ဘာ လုံး Covid ကြောင့် စီး ပွား ရေး လှုံ့ ဆော် ပြီး ကိုယ့် နိုင် ငံ ထဲ လုပ် ငန်း တွေ ပြန် လည် ပတ် အောင် ဆောင် ရွက် နေ တဲ့ အ ချိန် မှာ မြန် မာ တစ် နိုင် ငံ ထည်း ပိုက် ဆံ တွေ ဘဏ် ထဲ ထည့် ပြီး အ တိုး ထိုင် စား နေ စေ တာ မ မှန် ပါ ဘူး ။ 


ဗ ဟို ဘဏ် က ဒေါ် လာ အ ရောင်း အ ဝယ် လုပ် နေ ရ မှာ မ ဟုတ် ပဲ အ တိုး အ တင် အ ချ နဲ့ ဘဏ် ထဲ က ပိုက် ဆံ တွေ အ ပြင် ထွက် ပြီး လုပ် ငန်း တွေ မှာ ရင်း နှီး မြုတ် နှံ ဖြစ် အောင် လုပ် ပေး ရ မှာ ။ ပြည် သူ က သူ့ ပိုက် ဆံ ကို ဘဏ် ထဲ မှာ ထား လို့ အ ကျိုး မ ရှိ ရင် အ ပြင် ထုတ် ပြီး အ ကျိုး ရှိ တာ လုပ် ကြ လိမ့် မယ် ။ 

Sunday, March 26, 2017

ငွေစုမယ် ဆိုလျင်…


အစိုးရဘဏ် (မြန်မာ့ စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိကဘဏ် တို့၏ အတိုးနှုန်းထားများပါ……
မသိသေးသောသူများ သိစေရန် ပြန်မျှဝေလိုက်ပါတယ်……

ဘဏ်တိုး 

တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လ အတွက် အတိုးက

ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို ... ၇၀၀၀
ငွေ ၁၀၀ သိန်းကို ... တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..
စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )
စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..
၁လ - ၃လ - ၆လ - ၉လ - ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ - ၃လ - ၆လ - ၉လ - ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုများလေလေပါ ..
ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ် ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..
အတိုး လစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ - တစ်နှစ်စာ အတိုး ထုတ်ပေးပါတယ် ... အပြင်ဘဏ်တွေ ကတော့ ၃ လ တစ်ခါ ၃ လစာ အတိုး ထုတ်ပေးပါတယ် .. လစဉ် အတိုး ရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံ ပုံပြီး ၁ လ စီ 
၃လ ဆက်တိုက် ခွဲထည့်လိုက်ပေါ့ ။