သူတော်ကောင်း တို့ မည်သည် စာရေး ရာ၌ဖြစ်စေ တရားဟော ရာ၌ ဖြစ်စေ (အတ္တုက္ကံသန) မိမိ ကိုယ် ကို ချီးမြှောက်ခြင်း နှင့် (ပရဝမ္ဘန) သူတစ်ပါး ကို ရှုပ်ချခြင်း တို့ကို ရှောင်ရ၏။
"Democracy" ဆိုတာ BC 6th ရာစုလောက်က ရှေးဟောင်း Athens မြို့တော်ကြီးက စတင် ခဲ့တာ ဒီနေ့ အထိဖြစ်ပါတယ်။ Democracy ဆိုတာ နိုင်ငံရေး ဆိုင်ရာ စနစ် နိုင်ငံရေးဆိုင်ရာ ယန္တရားဖြစ် လို့ လူ့ဘောင် အဖွဲစည်း ထဲက လူသား အားလုံး ဟာ နိုင်ငံရေး အာဏာကို တရား နည်းလမ်း ကျသော နည်းဖြင့် အညီ အမျှ မျှဝေ ထောက်ခံသော စနစ်ဖြစ်သည်။
ပစ္စုပ္ပုန်ခေတ် Democracy ၏ သဘောထား ကို ထင်ဟတ်ပေါ်လွင်စေခြင်း ငှာ တရားနည်းလမ်း ကျသော တန်းတူ ညီမျှမှု သည် အခြေခံ ကျသော လူ့အခွင့်ရေး အရ မဲပေး အကောင် ထည်ဖေါ်ခြင်းဖြစ်သည်" လို့ ကျနော် နားလည် ထားပါတယ် ။
ဒီလို နားလည်ထားတယ် ဆိုတာ ကလဲ အများအပြော ကို မဟုတ်ဘဲ စာနှင့်ပေနှင့်လေ့လာ ထား တာပါ၊ ဒီတော့ ကာ ကျနော်များ ရဲ့ မြန်မာနိုင်ငံတော်ကြီး ဆီသို့ Democracy ဆိုသော စကား အသုံး အနှုန်းရာက်ရှိ လာတာ ကျနော် မမွေးမှီက ပင်ဖြစ်သော်ငြားလည်း 1988 နောက် ပိုင်း မှ လူသုံးများ ရေပန်း စားလာသော စကားဖြစ် သလို Democracy ကို လူ့အခွင့်ရေး လို့ မူသေ ယူပြီးနားလည် ထားကြမယ် ဆိုရင်တော့ မှန်ကန်သော နားလည်မှု လို့ ကျနော်ကတော့ မဆိုလို ချင်ဘူး လေးနက်သော နားလည်မှုကို ရစေချင်ပါတယ်။
အခွင့်ရေး ဆိုတာ ကိုကြားရရုံ မျှဖြစ်လိုခြင်နေကြသော ပြည်သူပြည်သားများ အတွက် ဆိုရှယ်လစ် စနစ်ရဲ့ ဆင်းရဲမှု ကို ညီးငွေ့နေကြသော ပြည်သူတွေ ဟာ အရမ်းကို မက်မောခဲ့တာ မဆန်း သလို ဒီမိုကရေစီ ၇ှိရင် မြေကြီးက ရွှေသီး မတတ် နားလည်မှု မှားနေသော ဗဟုသုတ နားပိတ် ခံထားရသော ကျနော်တို့ပြည်သူ အများရဲ့ နှစ်လုံးအိမ် ကို ဂွမ်းဆီထိ မက ပီတိဖြာ ခဲ့ ရတာကြောင့် ဒီမိုကရေစီတောင်းခံ သူ ကျောင်းသူ ကျောင်းသား လူ အများရဲ့ လုပ်ရပ် ကို ထောက် ခံ အားပေးခဲ့ကြပါတယ်။
ကျနော် တို့သည် မသိမှု အဝိဇ္ဇာ တောင့်တမှု တနှာ တို့ဖြင့်ပေါင်းစပ် ထားသော လူသား များဖြစ် ရာ အမှန် ကိုမြင်ခဲ လှပေသည်။ ကျနော် နားလည်သော Democracy တွင် "လူ့အခွင့်ရေး" ဟု တိုက်ရိုက် မဆိုလို နိုင်ငံရေး အာဏာ ကို တရားသောနည်းလမ်း အရ မျှဝေ သုံးစွဲပြီး အညီ အညွတ် အတူ တကွ အကောင်ထည်ဖေါ် ၍ ပြည်သူ တို့အား နစ်နာမှု မ ရှိသော တန်းတူ အခွင့်ရေး ကို ဖန်တည်းပေးရန် သာ ဖြစ်ပြီး မသိမှုရောပြွန်းနေသော တောင့်တမှု အားလုံး တို့အား ဖြည့်ဆီးပေးရန် မဟုတ်ပါ။
ကျနော် ရှင်းပြ လိုသည် က ဤ Democracy သည် အဓိက မဟုတ်။ အုပ်ချုပ် သူနှင့် ပြည်သူ ညီရင် မည်သည့် စနစ်မှာ မဆို အောင်မြင် စရာတွေ ရနိုင်မည် ထင်ပါသည်။
အဓိကပြောလိုသည် မှာ သူတော်ကောင်း၊ ခေါင်းဆောင်ကောင်း နှင့် ခေါင်းဆောင် ညံ့ ကိုနား လည်အောင် ရှင်းပြ လိုပါသည်၊ ဒီစာသား ကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ဆီမှ ဖတ် ယူပြန်လည် တင်ပြထားပါတည်။
ပထမ သူတော်ကောင်း ကိုပြောဆို ရာတွင် ကျနော် တို့ ရှေးပိုင်းလေး က နာမည်ကြီး လယ်တီ ဆရာတော် ကဲ့ သို့ သူတော်ကောင်း သာသနာ့ ခေါင်းဆောင် ကို အရင်ပြလိုပါတယ်။
လယ်တီ ဆရာတော် ဘုရားကြီး ဆိုလျှင် စာသင်သား သံဃာတော် ၁၀၀ နီးပါး အတွက် သောက်ရေ သုံးရေ ကို သံဃာတော်များ မသိအောင် ညအခါ ကိုယ်တိုင် ခပ်ဖြည့်တော် မူ၏။ မုံရွာမြို့ ကျောင်းပေါင်း ၂၀ခန့် တို့ကို လည်း တစ်နေ့လျှင်သောက်ေ၇အိုး ၂၀ခန့်ကို ကိုယ် တိုင် ထမ်းပို့တော် မူပါတယ်။
ရေ အလှူခံသော သံဃာ တို့က မသင့်တော်ကြောင်းလျှောက်သော အခါ လယ်တီ ဆရာတော် ဘုရားက ပြန်ပြောကြား သည်မှာ "တပည့်တော် ရဲ့ ခန္ဓာကိုယ် ဟာ ဘဝ အဆက်ဆက် က သားကျွန်၊ မယားကျွန်၊ တဏှာကျွန် ခံခဲ့ရတာပါ၊ အခု ဘဝမှာတော့ သာသနာ့ကျွန် ခံပရစေ ၊ ပြီးတော့ အခု ခန္ဓာကိုယ်ကြီး ကို တပည့်တော် အငှားနွားလို့ သဘောထားပါတယ်။
သူများနွား ကို ငှားထွန်ရတဲ့ လယ်သမား ဟာ ငှားခနဲ့ တန်အောင် နွားကို ခိုင်းရပါတယ်။ တန်အောင် မခိုင်းတဲံ့ လယ်သမားဟာ ငှားခငွေ ရှုံးတာပေါ့၊ ဒီ ဥပမာအတိုင်း ပဲ တပည့်တော်တို့ လူသားတွေ ဟာ ဒီ လူ့ဘဝ ခန္ဓာကိုယ်ကြီး ကို သေမင်းဆီ က ခဏငှား ထားတာပါ။ သေ မင်းပြန် မခေါ် ခင် ကုသိုလ် တရားတွေ ရအောင် တန်အောင် ခိုင်းရပါတယ်" လို့ပြောပြရှာ ပါတယ်။
တစ်ခါတွင် လည်း တစ်နိုင်ငံ လုံး ကာလဝမ်းရောဂါ ဖြစ်သဖြင့် လူတွေ အတော်များ များ သေကြေ ပါတယ်။ ထို ဝမ်းရောဂါသည် မုံရွာသို့ ကူးစက် လာရာ မြိ့သူ မြို့ သားတော်တော် သေကြ ပါတယ်။ လယ်တီကျောင်း အတွင်းသို့ ပါေ၇ာဂါ ကူးစက်လာရာ စာသင် ရဟန်းတစ်ပါး သည် ဝမ်းရောဂါဖြင့် အိပ်ရာထဲ လဲတော့၏၊
ဝမ်းရောဂါ သည် အလွန် အမင်းကြမ်း ရကား ထို ကိုယ်တော်လေး သည် အိပ်ရာထဲ မှာ ပင်ဝမ်း သွားသော အဆင့်ဖြစ် ရပြီး မြင်မကောင်းအောင်ဖြစ် ရသည် အနံ့ အသက်သည်လဲ ဆိုးလှ၏၊ ထိုရဟန်း အား လယ်တီဆရာတော် မှ ပြုစုပေး ရန် အစတွင် အနံ့ အသက်များကြောင့် ပျို့ချင် အန်ချင်ဖြစ်နေ ရကာ ....
ဤသို့ဖြစ်ရ ပါ မလား ဟူ၍ မိမိကိုယ် မိ မိဒီလောက်တောင်ဖြစ် လှတာ ရွံအုန်း ဟယ် ရွံအုန်း ဟယ် ဟုပြောပြီး ထို မစင် များကို မိမိကိုယ် တွင် လိမ်းပြစ်ပြီး ပျို့အန် ချင်နေ တာ ပျောက်သွားမှ စတင်ပြိး ထိုကိုယ်တော်လေး ကို ပြုစုပေးသည် ဟု သိရှိ ခဲ့ရပြိး ရေလှူခြင်း ကိုလဲ နှစ်ပေါင်း ၂၀ ကြာအောင် မပျက်မကွက် လုပ်ဆောင်ပေးခဲ့၏၊
ကိလေသာ ကုန်အောင် ကျင့်ထားပြိးဖြစ်သောကြောင့် ဆရာတော် အနေဖြင့် ယခုပြုသော ပရဟိတ ကုသိုလ် ကောင်းကျိုးကို ယခု ဘဝရော နောင် ဘဝမှာပါ ခံစား တော့မည် မဟုတ်ပေ။ ဤကဲ့သို့ အကျိုးကို မခံစားရတော့မှန်း သိလျှက်နှင့်ပြု လုပ်သောကြောင့် ထိုကဲ့ သို့သော ပုဂ္ဂိုလ် မျိုးသည် အတော်ဆုံး ခေါင်းဆောင်၊ သူတော်ကောင်း ခေါင်းဆောင် ဟု ခေါ်သည်။
သူတော်ကောင်း ခေါင်းဆောင်ပြီးတော့ ခေါင်းဆောင်ကောင်း ကို ညွှန်ပြ လိုပါသည်၊ ကျနော်တို့ နိုင်ငံ ရဲ့ ခေါင်းဆောင်ကောင်း ကို ဖေါ်ပြလို ပါက ဗိုလ်ချုပ်အောင်ဆန်း မှ တစ်ပါး အခြားမရှိ ဆို သလို ဖေါ်ပြရန် အခြားသူ မရှိပါ။ နိုင်ငံတော် အတွက် လုပ်ဆောင် သွားပြိး သူ့အတွက် ရယ်လို့ ဘာဆို ဘာမျှ ယူမသွားရှာပေ။
သူသေဆုံးသော အခါ သူပိုင် ပစ္စည်းဆို၍ ဝတ်စုံ တစ်စုံသာ ရှိသည်လို့ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ရေးသားသော သညာသိ နှင့် ပညာသိ စာအုပ်တွင် ဖတ်ရပါသည်။ အများ အကျိုးကို နှစ်ပေါင်း များစွာ အပင်ပန်း ဆင်းရဲ ခံပြီး ဆောင်ရွက်ခဲ့သော် လည်း ပစ္စက္ခ ဘဝတွင် ခံစားရမည့်ကောင်းကျိုးကို စွန့်လွှတ်နိုင်ခြင်းပင်ဖြစ်၏ ။
သို့သော် သူ့တွင် အနုသယ အနေဖြင့် ကိန်းနေသာ လောဘကို ပယ်သတ် ထားသူ မဟုတ်လေ ရာ သံသရာ(နောင်ဘဝ) တွင် သူပြုသော ကောင်းမှု ကို မလွဲမသွေ ခံစားရပေမည် ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကို ခေါင်းဆောင်ကောင်း ဟု ဆိုရမည်သာဖြစ်သည်၊
အဘယ်ကြောင့် ဆိုတာကို ရှင်းပြနေရန်ပင် လိုမည်မထင်၊ သူ့အတွက် ဘာမှလုပ်ဆောင် မသွားသော သာဓက တို့သည် ဗိုလ်ချုပ် ၏ အတ္ထုပ္ပတ္တိ စာအုပ်ပေါင်း များစွာတွင် အထင် ကရမြင်နေ ရသောကြောင့်ဖြစ်ပေသည်။
ဆက်လက်ပြီး ခေါင်းဆောင်ညံ့ ဆိုတာ ကို ဖေါ်ပြရန် မှာ ယနေ့မြန်မာနိုင်ငံ မှာ ဦးသိန်းစိန် ကို ချန်ထား၍ သင် မည်သူကို လက်ညှိုး ထိုး လိုပါသလဲ အားလုံးသည် ခေါင်းဆောင် ညံ့ဖြစ် လိုနေ သူများဖြစ်ကြသည်။
ခေါင်းဆောင်ညံ့ များသည် အများ အကျိုး ကို မည်မျှ ပင် သက်စွန့် ၍ကြိုးပန်းကြစေကာ မူ အောင်မြင် သွားသော အခါ ထိုကြိုးပန်းမှု ၏ အသီးအပွင့် ကို မိမိ ၏ ကြိုးပန်း ခဲ့ရသည်နှင့် အညီပြန်လည် ခံစား လိုကြသည်။ လက်ရှိ ဒီမိုကရေစီခေါင်းဆောင် အများစု မှာ ဒီအချက် ကို ရှင်းအောင် တွေမြင်နေရပါသည်။
အဝိဇ္ဇာနှင့် တဏှာ အားကြီးသော ပညာနည်း သူပြည်သူတို့ မမြင်ကြသော်လဲ ကိလေသာ ပါးရှား သူ အများ အကျိုးကိုကြည့်သူ ပြည်သူများ ကတော့ မြင်နေကြပါပြိ။
သမ္မတ ဖြစ်ခြင်ကြောင်း ကို ရှောက်ပြောနေသူ မည်သူ မဆို ခေါင်းဆောင် ညံ့များ ဆိုတာ ကို ပြည်သူတွေ မြင်စေခြင်း ငှာ ဤ Post ကိုရေးသားခြင်းဖြစ်သည်။ ကိုယ်ဖြစ်ချင်နေတာ ကိုယ်ရ ချင်နေတာ လောဘ ဤလောဘ နှင့် တက်လာမည့် ခေါင်းဆောင် သည်" နောင် လာ မည့် မောင်ပုလဲ ဒိုင်းဝန်ထက် ကဲ" ရန်သာ ရှိပါသည်။
ကျနော် သည် နိုင်ငံရေး ကို အလေးထား သူ မဟုတ် အဝိဇ္ဇာ နှင့် တဏှာကြီးသော ခေါင်းဆောင် များကို ပြည်သူ များ မြင်သာအောင်ထောက်ပြ သူဖြစ်သည်။
thesupernaturalmyanmar.blogspot.com
No comments:
Post a Comment