
ဒီ တစ်ပတ်တော့ စာရေးသူတွေ ကို လက်ဆောင်ပေးဖို့ ပုံပြင်လေး တစ်ပုဒ် နဲ့ စပြောချင် ပါတယ်၊
ပုံပြင်လေးက ဒီလိုပါ၊ တစ်ခါက မြို့လေးတစ်မြို့မှာ ကိုကံလှလို့ခေါ်တဲ့ လူတစ်ယောက် ရှိပါတယ်၊ အဲဒီ ကိုကံလှ က နာမည်နဲ့ လိုက်အောင် ကံ ကလဲ အရမ်းလှပါတယ်၊ သူလုပ် သမျှ အလုပ်တိုင်း ဟာ အောင်မြင်တာ လဲများပါတယ်၊
လောလောဆယ် ကိုကံလှ က ငွေကြေးအရင်း အနှီး လဲ သိပ် မတတ်နိုင်တော့ ရွာအနီး အနား နား တောထဲတောင်ထဲ က ရလာတဲ့ သစ်သားလေးတွေ နဲ့ ခုံဖိနပ်လေးတွေ ခုတ် ၊ ခုတ်ပြီး မြို့ကို တက် တက်ရောင်းပါတယ်။
အဲဒီလိုရောင်းရင်း၊ ခုတ်ရင်း၊ ခုတ်ရင်း ရောင်းရင်းနဲ့ ကိုကံလှ စီးပွားရေး စမ်းထလာပြီး ကိုကံလှ ဖိနပ်ဆိုပြီး ခုံဖိနပ်တွေ ဟာ ဈေးကွက် တစ်ခုရလာပါတယ်။ ရပ်ဝေး ရပ်နီး ကလဲ အမှာစာတွေ ၀င်လာမစဲ တသဲသဲပေါ့၊
တစ်နေ့တော့ ကိုကံလှက ခုံဖိနပ်ခုတ်ရောင်းရတာ ငြီးငွေ့လာပြီး၊ နတ်ရုပ် တု လေးတွေ ပြောင်း ခုတ်ပြီး ရောင်းပါတယ်၊ သူ အလုပ်ပြောင်းတော့ ခုံဖိနပ် မှာတဲ့ ဖောက်သည်တွေလဲ ကတိတွေ ပျက်နဲ့၊ စိတ်ပျက် လက်ပျက်ဖြစ်ကုန် ပါတယ်၊
ဒါပေမယ့် ကိုကံလှကတော့ နာမည်နဲ့လိုက်အောင် ကံကလှနေဆဲပါပဲ၊ နတ်ရုပ်တု လေးတွေ ခုတ်ရောင်းတော့လဲ သူ့နတ်ရုပ်တုလေးတွေဟာ လက်ရာမြောက်လွန်းလို့ လူတိုင်းက သဘော ကျကြပါတယ်၊ တောင်ပြုံးဘက်နတ်ကန္နားလာတဲ့ နတ်ကတော် တိုင်းက ကိုကံလှ နတ်ရုပ် တုလေးတွေ ကို ခဏခဏ မှာကြတယ်၊
ဒီလိုနဲ့ ကိုကံလှလဲ ၀င်ငွေတွေတော်တော်လေး လမ်းဖြောင့်လာပါတယ်၊ စီးပွားရေး လဲကောင်း လာပါတယ်။ ခက်တာက ကိုကံလှက အလုပ်တစ်ခု အောင်မြင်လာရင် အဲဒီ အလုပ်တစ်ခု အပေါ်မှာ စွဲစွဲမြဲမြဲ လုပ်ချင်စိတ်ကုန်ကုန်လာပြီး နောက်တစ်ခု ပြောင်းဖို့ စိတ်ကူးတတ်တာပဲ၊
သူ့စိတ်ကူး အတိုင်း ကိုကံလှ က နတ်ရုပ်တုလေးတွေ ခုတ်ရောင်းနေရာ ကနေ ပလုပ် တုပ်လေးတွေ လုပ်ရောင်း ဖို့ စဉ်းစားပြန်ပါတယ်၊ စဉ်းစားတဲ့အတိုင်း ပလုပ်တုပ်လေး တွေ လုပ်ရောင်းပါတယ်၊
အဲဒီလို လုပ်ရောင်းတော့ နတ်ရုပ်တုမှာတဲ့ လူတွေအခက်တွေ့ကြတာပေါ့၊ သူနယ် တစ်ဝိုက်မှာ ကိုယ်ကံလှဟာ သူ့အလုပ်မှာ ကျွမ်းကျင်သူတစ်ယောက်တော့ ဟုတ် တယ်၊ ဒါပေမယ့် အလုပ် ကိုယ် စွဲစွဲမြဲမလုပ်ဘူးဆိုတဲ့ နာမည်ဆိုးကြီးရလာပါတယ်၊
အဲဒီ အချိန်က စပြီး ကိုကံလှ ကို လူတိုင်းက ယုံကြည့်မှုနည်းလာတယ်၊ ဒါကြောင့် သူ့ ပလုပ်တုပ်လေးတွေ ကို လဲ မှာ သူကြဲသွားပြီး ငုတ်တုတ် ဘ၀ကိုရောက် သွားကာ စီးပွားရေးတွေ သိသိသာသာ ကျလို့သွားပါတော့တယ်။
ပုံပြင်လေးကတော ဒီလောက်ပါပဲစာဖတ်သူရယ်၊ ဒါပေမယ့် တွေးစရာတွေကတော့ အများကြီး ကျန်နေခဲ့မယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုရင် လူတိုင်း လူတိုင်းက စိတ် တွေအမြဲပြောင်း လဲနေ သလို အလုပ်တွေလဲ ဟိုဟာကောင်းနိုးနိုး၊ ဒါကောင်းနိုးနိုးနဲ့ ခဏခဏပြောင်းနေကြ တတ်တာ မဟုတ်လား၊
တစ်ချို့ကြတော့ တစ်ယောက် လ္ဘက်ရည်ဆိုင်ဖွင့် လို့ အောင်မြင် လာတာမြင်ရရင် သူလဲအောင် မြင် မယ်ထင်ပြီး လိုက်ဖွင့် တတ်ကြတယ်၊ ဒါပေမယ့် သူ့ကျတော့ မအောင်မမြင်ဖြစ်ပြီး အကြွေးတွေ ပတ်လည်ဝိုင်းနေတတ်တာတွေ ရှိတတ်ပါတယ်၊ တစ်ချို့ကြတော့ သူဝပ်ရှော့ဖွင့်  လို့ အောင်မြင်တာမြင်ရင် ငါလဲအောင်မြင်ထင်ပြီး လိုက်ဖွင့်တယ်၊ ဒါပေမယ့် မအောင် မမြင်ဖြစ်နေ တာတွေ ဒုနဲ့ဒေးပါ၊
သူထမင်းဆိုင် ဖွင့်လို့ အဆင်ပြေပေမယ့် ကိုယ်ကျတော့ ပြေချင်မှ ပြေတတ်တာ မ
ဟုတ်လား၊
တစ်ခါ လူတစ်ယောက် ဟာ ဟိုအလုပ် ကို စပ်စပ်နဲ့ လုပ်လိုက်၊ ဒိအလုပ် ကို စပ်စပ်နဲ့ လုပ်လိုက် ဆိုရင်လဲ မအောင် မမြင်ဖြစ်ပြန်ရောတဲ့၊
မြတ်စွာဘုရားရှင် ကတော့ ဘ၀မှာ အောင်မြင်ဖို့ အတွက် တိုးတက်ဖို့ အတွက် အောင် မြင်ကြောင်း တရား လေးမျိုးဟောကြားပေးထားပါတယ်၊ အဲဒါတွေက ဘာတွေလဲ ဆိုရင်....
(၁) "ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တက်တက်ကြွကြွလုပ်ရမယ်၊
(၂) ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်ရမယ်၊
(၃) မိတ်ဆွေသူငယ်ချင်းကောင်းလဲ ရှိရမယ်၊ စီးပွားဖက်သူငယ်ချင်းကောင်းရှိရမယ် ပေါ့၊
(၄) ၀င်ငွေနဲ့ ထွက်ငွေမျှမျှ တတ သုံးစွဲရမယ်”ဆိုတဲ့ လေးချက်ပဲဖြစ်ပါတယ်၊
ပြောခဲ့တဲ့ အချက်လေးခုထဲက နံပါတ်တစ်မှာ တက်တက်ကြွကြွလုပ်ရမယ်ဆိုတာ
(၁) ကိုယ်အလုပ်ကို ရေရှည်ထိန်းထားပြီး အချိန်အကြာကြီး တည်မြဲအောင် လုပ်ရမယ်၊
(၂) အမြဲ မပြတ် လည်ပတ်နေအောင်လုပ်နေရမယ်၊
(၃) စားသုံးသူ စိတ်ကြိုက်ဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ပေးရမယ်၊
(၄) ကိုယ့် လုပ်ငန်းအပေါ်မှာ လေးလေးစားစားနဲ့ ကွာလတီကောင်းအောင် လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်တွေ လဲပါဝင် ပါတယ်၊
အဲဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ဟာ ဘ၀မှာ အနှေးနဲ့ အမြန်ကြီးပွား တိုးတက် လာမှာပါ၊ အဲဒီလိုမှ မဟုတ်ပဲ ခုန်ဖိနပ်လေးလုပ်လိုက်၊ နတ်ရုပ်လေးခုတ်လိုက်၊ ပလုပ် တုပ်လေး လုပ်ရောင်းလိုက်ဆိုရင် ဘ၀ဟာကြီးပွား တိုးတက် ဖို့ ဝေးနေဦးမယ် ဆိုတာ ပြော ကြား လိုက် ပါတယ်၊
စာဖတ်သူ များလဲ ဒီစာလေး ဖတ်ပြီးချိန်က စ ကြီးပွား တိုးတက်ကြပါစေ လို့ ဆန္ဒပြုရင်း။ ။
ရွှေမန်းသား
July 28, 2013 at 12:35pm
http://mingalargarden.blogspot.in/ မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment