Showing posts with label သုဘလုလင် နှင့် ပြဿ နာ { ၁၄ } ချက်. Show all posts
Showing posts with label သုဘလုလင် နှင့် ပြဿ နာ { ၁၄ } ချက်. Show all posts

Saturday, March 28, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၈) ... နိဂုံးပိုင်း





၁၄ ။ ပညာဥာဏ် ကြီးမားသောသူ ဖြစ်ရခြင်း

**********************************

ဘုန်းတော်ခြောက်ပါးနှင့်ပြည
့်စုံတော် မူသောမြတ်စွာ ဘုရားရှင် သည် သုဘ လုလင် အား.........
 

"ဒကာတော် သုဘလုလင် ဤလောက ၌ အချို့သော အမျိုးသမီးသည် သော်လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း သမဏ သို့သော် လည်းကောင်း ဗြာဟ္မဏသို့သော်လည်းကောင်း ချဉ်းကပ်၍ မေးမြန်းတတ်ပေ။
 

`အရှင်ဘုရား ကုသိုလ်သည် ကား အဘယ်ပါနည်း။ အရှင်ဘုရား အကုသိုလ် သည် ကား အဘယ် ပါနည်း။ အရှင်ဘုရား အပြစ်ရှိသော တရားတွေကားအဘယ်ပါနည်း။အပြစ်မရှိသောတရားသည်ကား အဘယ်ပါ နည်း။ 

မှီဝဲသင့် မှီဝဲထိုက်သော တရားတို့ သည် အဘယ်ပါနည်း။ မမှီဝဲသင့် မမှီဝဲထိုက်သော တရားတို့သည် အဘယ် တရားမျိုး ပါနည်း။ ဘုရားတပည့်တော် အဖို့ ပြုလုပ်အပ် ခဲ့သည် ရှိသော် နေ့ညဥ့် သံသရာ ရှည်မြင့် စွာသော အချိန်အခါ ကာလတို့် ပတ်လုံး အကျိုးစီးပွားမဲ့ရန် အလို့ငှါ ၊ဆင်းရဲ ရခြင်းအလို့ငှါ ဖြစ်ပေ၏။ ဤကဲ့ သို့သော တရားမျိုး သည်ကား အဘယ်ပါနည်း။
 

ဘုရား တပည့်တော် အဖို့ပြုလုပ်အပ်ခဲ့သည် ရှိသော်နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ ပတ်လုံး အကျိုးစီးပွားရှိရန် အလို့ငှါ ၊ချမ်းသာရန် အလို့ငှါ ဖြစ်ပေ၏။ဤကဲ့သို့သော တရားမျိုးသည်ကား အဘယ်တရားမျိုးပါနည်း။ ´
 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် .... အပိုင်း (၁၇)





၁၃ ။ ပညာဥာဏ် နည်းပါးသော ပုဂ္ဂိုလ်ဖြစ်ရခြင
်း
**************************************
သစ္စာလေးရပ် တရားမြတ် ကို ကိုယ်တော်တိုင် ထူးသောဥာဏ်ဖြ
င့် ထွင်းဖောက် သိမြင်တော် မူသော မြတ် စွာ ဘုရားရှင် သည် သုဘလုလင် အား.......
 

"ဒကာတော် သုဘလုလင် ဤလောက၌ အချို့သော အမျိုးသမီး သည်သော်လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း သမဏ သို့သော် လည်းကောင်း ဗြာဟ္မဏသို့သော် လည်းကောင်း ချဉ်းကပ်၍ မမေးမြန်းတတ်ပေ။
 

`အရှင်ဘုရား ကုသိုလ်သည် ကား အဘယ်ပါနည်း။ အရှင် ဘုရား အကုသိုလ် သည် ကား အဘယ် ပါနည်း။ အရှင်ဘုရား အပြစ် ရှိသော တရားတွေကား အဘယ်ပါနည်း။ အပြစ်မရှိသော တရားသည်ကား အဘယ်ပါ နည်း။ မှီဝဲ သင့် မှီဝဲ ထိုက်သော တရားတို့ သည် အဘယ်ပါနည်း။ မမှီဝဲ သင့် မမှီဝဲ ထိုက်သောတရားတို့သည် အဘယ်တရားမျိုးပါနည်း။ 

ဘုရားတပည့်တော် အဖို့ ပြုလုပ် အပ်ခဲ့သည် ရှိသော် နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလ တို့် ပတ်လုံး အကျိုး စီးပွား မဲ့ရန် အလို့ငှါ ၊ဆင်းရဲ ရခြင်းအလို့ငှါ ဖြစ်ပေ၏။ ဤကဲ့သို့သော တရားမျိုးသည်ကား အဘယ်ပါနည်း။


Friday, March 13, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆)





၁၂ ။ အမျိုးမြတ်သူ ဖြစ်ရခြင်း

**********************

ကိလေသာမာရ် အပေါင်းကို အောင်မြင်တော် မူပြီးသည် ၏ အ ဖြစ်ကြောင့် ရာဂစသောကိလေသာ မြူ အညစ် အကြေး အပေါင်းမှ ကင်း စင်တော်မူသော မြတ်စွာဘုရားရှင် သည် သုဘလုလင် အား....... 
 

"ဒါကာတော် သုဘလုလင် နောက်တစ်မျိုးသော် ကား ဤလောက ၌  အချို့သော အမျိုး သမီး သည်သော် လည်းကောင်း အမျိုးသားသည် သော်လည်းကောင်း မခက်ထန် မတင်းမာသော စိတ်ထား ရှိသည် ဖြစ်၏။
အလွန်မောက်မာသော မာန်မာန တရား ထင်ရှား မရှိသည်ဖြစ်၏။ 


ရှိခိုး သင့် ရှိခိုး ထိုက်သော ပုဂ္ဂိုလ် ကို ရှိခိုး၏။ ခရီးဦးကြို ဆိုသင့် ကြိုဆို ထိုက် သောပုဂ္ဂိလ် ကို ခရီးဦး ကြိုဆို ၏။ နေရာပေးသင့်ပေးထိုက်သော ပုဂ္ဂိုလ် အားနေရာကို ပေး၏။ လမ်းဖယ်ပေးသင့်ပေးထိုက်သော ပုဂ္ဂိုလ်အား  လမ်းကို ဖယ် ပေး၏။ ။

ရိုသေ သင့် ရိုသေ ထိုက်သော ပုဂ္ဂိုလ် ကို အရိုအသေပြု၏။ လေးစားသင့်လေးစား ထိုက်သော ပုဂ္ဂိုလ် ကိုလေးစား၏။  မြတ်နိုးသင့် မြတ်နိုး ထိုက်သော ပုဂ္ဂိုလ် ကို မြတ်နိုး ၏။ ပူဇော်သင့်  ပူဇော် ထိုက်သော ပုဂ္ဂိုလ် ကိုပူဇော် ၏။ 

ထို ကဲ့သို့ မာန်မာန မကြီးသော ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်း စွာဆောက်တည် ထားအပ်သော ထို ကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေ လွန်သည်မှ  နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက်သမား တို့ရဲ့ လားရောက်ရာ
ဖြစ်သော နတ်ပြည်နတ်လောက သို့ ပဋိသန္ဓေ အားဖြင့်ကပ်ရောက် တည်နေရပေသည်။ 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၁၅)




၁၁ ။အမျိုး ယုတ်ညံ့ခြင်း

*********************

ဗြဟ္မာ နတ်လူ သုံးဘုံလူတို့် ၏ ကိုးကွယ်ရာဖြစ်တော် မူသော မြတ်စွာဘုရားရှင် သည် သုဘ လုလင် အား " ဒကာတော် သုဘလုလင်  ဤလောက၌ အချို့သော အမျိုးသမီး သည်သော်လည်းကောင်း အမျိုးသား သည်သော်လည်းကောင်း တင်းမာသော စိတ်ထားရှိသည် ဖြစ်၏။



အလွန်မောက်မာသော မာန်မာန တရား ထင်ရှား ရှိသည်ဖြစ်၏။ ရှိခိုး သင့် ရှိခိုး ထိုက်သော ပုဂ္ဂိုလ်ကို ရှိမခိုး။ ခရီးဦး ကြိုဆို သင့် ကြိုဆိုထိုက် သောပုဂ္ဂိလ် ကို ခရီးဦး မကြိုဆို။ နေရာပေးသင့်ပေးထိုက်သော ပုဂ္ဂိုလ်
အားနေရာကို မပေး။ လမ်းဖယ်ပေး သင့်ပေးထိုက်သော ပုဂ္ဂိုလ် အား  လမ်းကို ဖယ်မပေး။ ရိုသေသင့် ရိုသေထိုက်သော ပုဂ္ဂိုလ်ကို မရိုသေ။
 

 လေးစားသင့်လေးစား ထိုက်သော ပုဂ္ဂိုလ် ကိုမလေးစား။ မြတ်နိုး သင့် မြတ်နိုး ထိုက်သော ပုဂ္ဂိုလ် ကို မမြတ်နိုး ။ ပူဇော်သင့် ပူဇော် ထိုက်သော ပုဂ္ဂိုလ် ကို မပူဇော် ။ 

ထို ပုဂ္ဂိုလ်သည် ဤသို့ ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက်တည် ထားအပ်သော ထို  အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည် မှ နောက် ကာလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ  ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ်သော အလို ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သောငရဲသို့ကပ်ရောက်ရပေ၏။ 

Saturday, March 7, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၁၄)






၁၀။ စည်းစိမ် ဥစ္စာ များပြားရခြင်း
**************************
ကိလေသာ အညစ်အကြေးတို့ ကင်းစင်
တော်မူသော မြတ်စွာဘုရားရှင် သည် သုဘလုလင် အား " "ဒကာတော် သုဘလုလင် ဤလောက၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုး
သား သည်သော်လည်းကောင်း ပေးလှူလေ့ရှိသည်ဖြစ်၏ (အလှူဒါနပြု လေ့ရှိသည်) 


သာမဏ အားသော်လည်းကောင်း ဗြာဟ္မဏ အားသော် လည်းကောင်း ထမင်း ကို လည်းကောင်း(ဆွမ်း) ၊ အဖျော်ယမကာ ကို လည်းကောင်း၊ အဝတ် ကိုသော်လည်းကောင်း၊ ယာဉ် ကိုသော်လည်းကောင်း
ပန်း, နံသာ, နံသာပျောင်း ကိုလည်းကောင်း၊ အိပ်ရာနေရာ,ကျောင်း,ဆီမီး ကိုလည်းကောင်ပေး လှူတတ် သည် ဖြစ်၏။ 


ထို ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည် ထား အပ်သော ထို ကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည် မှ နောက် ကာလ ၌ ဤသို့ ပြည့်ပြည့် စုံစုံ ပြုကျင့်၍ ထား အပ်သော ဤသို့ကောင်းစွာ ဆောက်တည်၍ ထားအပ်သော ထို ဒါန ကောင်းမှု ကုသိုလ်ကံကြောင့် စုတိပြတ်ကြွေသေလွန်သည် မှနောက် ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ ရဲ့ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရပေ၏။ 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၃)




၉။ စည်းစိမ် ဥစ္စာ နည်းပါး ရခြင်း (ဆင်းရဲခြင်း)

***********************************

ရာဂစသောကိလေသာ အညစ်အကြေး တို့မှ သန့်ရှင်း စင်ကြယ် သောအရိယသာဝက အခြံအရံ လည်း ရှိတော် မူထသော မြတ်စွာဘုရားရှင်  သည် သုဘလုလင် အား "ဒကာတော် သုဘလုလင် ဤလောက ၌ အချို့သော အမျိုးသမီ သည်သော်လည်းကောင်း အမျိုး သားသည်သော် လည်းကောင်း ပေးလှူလေ့ရှိသည် မဖြစ်။(အလှူဒါနပြု လေ့မရှိ) 


သာမဏ အားသော်လည်းကောင်း ဗြာဟ္မဏ အားသော်လည်း ကောင်း ထမင်းကို လည်းကောင်း (ဆွမ်း) ၊အဖျော်ယမကာ ကို လည်း ကောင်း၊အဝတ် ကိုသော်လည်းကောင်း၊ ယာဉ် ကိုသော်လည်းကောင်း ပန်း, နံသာ,နံသာပျောင်း ကိုလည်းကောင်း၊ အိပ်ရာနေရာ,ကျောင်း,ဆီမီး ကိုလည်းကောင်းပေးလှူတက်သည် မဖြစ်။ 

ထိုပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည် ထား အပ်သော ထို နှမြောစေးနှဲခြင်း အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏  ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေ လွန်သည် မှ နောက် ကာလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လား ရောက် ရာဖြစ်သော အလိုဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီးလျက်ကျ ရောက် ရာဖြစ်သော ငရဲ သို့  ကပ်ရောက်ရပေ၏။ 

Monday, March 2, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း ( ၁၂ )





၈။ အခြွေ အရံ များပြားရခြင်း
**********************
မဟာ ကရုဏာတော် မေတ္တာတော် ၏ တည်ရာဖြစ်သော  မြတ်စွာဘုရားရှင် သည် သုဘလုလင် အား" ဒကာတော် သုဘလုလင် နောက်တစ်မျိုးသော် ကား ဤလောက ၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း ငြူစူ စောင်းမြောင်းတက်သော စိတ်ထား မရှိသည် ဖြစ် ၏။ 


သူတစ်ပါး တို့၏ လာဘ်ရခြင်း အရိုအသေ ခံရခြင်း အလေးစား ခံရခြင်း အမြတ်နိုး ခံရခြင်း အရှိခိုး ခံရခြင်း
အပူဇော် ခံရခြင်း တို့၌ မငြူစူ မစောင်းမြောင်းတတ် ကပ်၍ မပြစ်မှားတတ်။
 

ဤသို့ ပြည့်ပြည့် စုံစုံ ပြုကျင့်၍ ထားအပ်သော ဤသို့ကောင်းစွာ  ဆောက်တည်၍ ထားအပ်သော ထိုမငြူစူ မစောင်းမြောင်း တက်သော ဖြူစင်ဖြောင့်စင်းသော  စိတ်ထားတည်း ဟူသော ကောင်းမှု ကုသိုလ် ကံကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ ရဲ့လားရောက်ရာ
ဖြစ်သော နတ်ပြည်လောက သို့ ကပ်ရောက်ရပေ၏။ 


ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်း ကြောင့် စုတိပြတ်ကြွေသေလွန်သည် မှနောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ ရဲ့ လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့ ၊ လူ့ပြည် လူ့လောက သို့ အကယ်၍ စိုက်ရောက် ခဲ့သည်ဖြစ်ငြားအံ့ အကြင်အကြင် ဘုံဘဝ၌ အကြင်အကြင် လူ့လောက ၌ အကြင်အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေအားဖြင့်ဖြစ်ပေါ်လာရ၏။ ထိုထို အမျိုးအနွယ် ၌ ကြီးမားသော ဘုန်းကံရှိသည် (ဝါ) အခြွေအရံ များပြား သည် ဖြစ်၏။ "ဟု ဟောတော်မူ အပ်ခဲ့ ပါသည်။



Sunday, February 22, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၁)



၇။ အခြွေ အရံ နည်းပါးရခြင်း
**********************

တရားမင်းကြီး ဖြစ်တော် မူသော မြတ်စွာဘုရားရှင် သည် သုဘလုလင် အား "ဒကာတော် သုဘလုလင်...... ဤလောက ၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း
ငြူစူစောင်းမြောင်းသော စိတ်ထား ရှိသည် ဖြစ်၏။ 


သူတစ်ပါး တို့၏ လာဘ် ရခြင်း အရိုအသေ ခံရခြင်း အမြတ်နိုး ခံရခြင်း အရှိခိုး ခံရခြင်း အပူဇော် ခံရ ခြင်း တို့  ၌ ငြူစူစောင်းမြောင်း တတ် ၏။ (ဒီလို ယုန်တော့ ခြုံတိုင်း ရှိရဲ့ ၊ ဒီးဒုတ် လောက်တော့ ငှက်တိုင်း လှရဲ့ စသည်ဖြင့်ပြောဆိုခြင်း) ကပ်၍ ပြစ်မှား တတ်၏။  ငြူစူစောင်းမြောင်း မှု ကို ဖွဲ့ချည်ထား ၏။ 

ထိုပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော(ဝါ) ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက်တည် ထား အပ်သော ထို ငြူစူစောင်းမြောင်းသော အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည်မှ နောက်ကာလ ၌ ချမ်းသာဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ် သော အလိုဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော
ငရဲသို့ ကပ်ရောက်ရပေ၏။




သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၀)




၆။ ရုပ်ရည်ချောမော လှပ တင့်တယ်
ရခြင်း
*********************************
မြတ်စွာဘုရားရှင် သည် သုဘလုလင် အား" ဒါကာတော်  သုဘလုလင် ဤလောက ၌ ကား အချို့သော အမျိုးသမီး သည်သော်လည်း ကောင်း အမျိုးသား သည်သော် လည်းကောင်း အမျက်ထွက် လေ့မရှိ
သည် ဖြစ်၏။ 


ရန်ငြိုးဖွဲ့ မှု မများပြားသည် (ဝါ) ပူပန်ကြောင့်ကြမှု မများပြား သည်ဖြစ်၏။ များစွာ ကိုသော်လည်း ပဲ ပြောဆို အပ်သည် ဖြစ်လတ်သော် စိတ်ထဲ၌ ငြိကပ်၍ မနေ၊  ("ငါ့ကိုပြောရကောင်းလား"ဟုငြိကပ်မှု မရှိ။)

စိတ်မဆိုး ဖောက်ပြန်သော စိတ်အမှု အရာ မရှိ ၊ရန်ငြိုးဖွဲ့မှု မရှိပေ။  အမျက်ထွက် မှုကိုသော်လည်းကောင်း၊ မနှစ်သက်မှု ကိုသော်လည်းကောင်း ထင်ရှား မပြပေ။ 


ဤသို့ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည် ထားသော ထိုကံ ကြောင့် စုတိပြတ်ကြွေသေလွန် သည် မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ ကပ်ရောက် ရပေ၏။ 


Monday, February 16, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၉)








၅။ အကျည်းတန် အရုပ် ဆိုးရခြင်း ၏ အကြောင်း
**************************************

မြတ်စွာဘုရားရှင် သည် သုဘလုလင် အား "သုဘလုလင် ဤလောက၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုးသား သည်သော်လည်းကောင်း အမျက်ထွက် လေ့ရှိသည် ဖြစ်၏။ ကြောင့်ကြ ပူပန်မှု များပြားလေ့ ရှိသည် ဖြစ်၏။ 


အနည်းငယ် ကိုသော်လည်းပဲ ပြောဆို ခဲ့မိသည် ဖြစ်လတ်သော် ကပ်ငြိ၍နေတတ် ၏။ ဒေါသဖြင့်ဖောက်ပြန်
နေတတ်၏။ ရန်ငြိုးဖွဲ့၍ နေတတ်၏။ အမျက်ကို လည်းကောင်း ဒေါသကို လည်းကောင်း မကျေနပ်မှု ကို လည်းကောင်း ထင်ရှားပြုလုပ်၍ပြတတ်၏။

ထို ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော(ဝါ)  ဖြည့်ကျင့်ထားသော ဤသို့ ကောင်းစွာဆောက်တည် ထား အပ်သော ထို ဒေါသနှင့်ယှဉ်တွဲနေသော အကုသိုလ်  ကံကြောင့် ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည်မှ နောက်ကယလ၌  ချမ်းသာဟူ၍မြူငွေ့မျှမရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ် သော အလိုဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော
ငရဲသို့ ကပ်ရောက်ရပေ၏။



Monday, February 9, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၈)





၎။ အနာရောဂါ ကင်းရှင်းရခြင်း
************************
ထိုနောက် မြတ်စွာဘုရား သည် သုဘလုလင် အား" ဒါကာတော် သုဘလုလင်ဤလောက၌ မိန်းမဖြစ်စေ ၊ယောက်ျားဖြစ်ေ
စ၊အချို့သော သူသည်လက်ဖြင့် လည်းကောင်း ၊တုတ် ဖြင့်လည်းကောင်ူ၊ဓားလက်နက်ဖြင့် လည်းကောင်းသတ္တ၀ါ တို့ကို ညှဉ်းဆဲလေ့မရှိ ။ 


ထိုသို သတ္တ၀ါ တို့ကို ညှဉ်းဆဲ လေ့ မရှိသော သူသည် ဤသို့ပြည့်စုံသော ဤသို့ ကောင်းစွာဆောက် တည် ထားသော ထိုကံကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရပေ၏။ 

ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်း ကြောင့် စုတိပြတ်ကြွေသေလွန်သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ရဲ့ လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့ ၊ လူ့ပြည် လူ့လော ကသို့ အကယ်၍ စိုက်ရောက်ခဲ့ သည်ဖြစ်ငြားအံ့ အကြင်အကြင် ဘုံဘဝ၌ အကြင်အကြင် လူ့လောက ၌ အကြင် အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေအားဖြင့်ဖြစ်ပေါ်လာရ၏။ 

ထိုထို အမျိုး အနွယ် ၌ ထိုထို လူ့ ဘဝ ၌ အနာရောဂါ ကင်းရှင်းခြင်း သည်ြဖစ်ရပေ၏။ 


Friday, February 6, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၇)




(၃)။ အနာရောဂါ ထူပြောရခြင်း
*************************
မြတ်စွာဘုရားရှင် သည် သုဘလုလင် အား "ဒကာတော် သုဘ လုလင် ဤလောက ၌ အချို့သော အမျိုးသမီး သည်သော်လည်းကောင်း ၊ အမျိုးသား သည်သော် လည်းကောင်း သတ္တ၀ါ တို့ ကို ညှဉ်းပန်းနှိပ်စက်လေ့ ရှိ သည် ဖြစ်၏။

လက်ဖြင့်သော် လည်းကောင်း၊ ခဲဖြင့်သော် လည်းကောင်း ၊တုတ်ဖြင့်သော်လည်း ကောင်း ၊ လက်နက်ဖြင့်သော် လည်းကောင်း ညှဉ်းပန်းနှိပ်စက်လေ့ ရှိသည် ဖြစ်၏။

ထို ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက်တည် ထား အပ်သော ထို အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက် ရာဖြစ် သော အလိုဆန္ဒ ကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီး လျက် ကျရောက် ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရပေ၏။



သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၆)





အသက်ရှည်ရခြင်း
==========
"ဒကာတော် သုဘလုလင် ဤလောက၌ကား အချို့သော အမျိုးသမီး သည်သော်လည်းကောင်း အမျိုးသား သည်သော်လည်းကောင်း သူ့ အသက် သတ် ခြင်းမှရှောင်ကြဉ်သည် ဖြစ်၏။ 

 
ချထားအပ်ပြီးသော တုတ် ရှိသည်ဖြစ်၍ ချထား အပ်ပြီ သောလက်နက် ရှိသည်ဖြစ်၍ မကောင်းမှု အကုသိုလ် ဒုစရိုက် တို့၌ ရှက်သော စိတ် ထားရှိသည်ဖြစ်၍ သတ္တ၀ါ တို့ အပေါ်၌ သနားခြင်း သို့ရောက်ရှိသည်ဖြစ်၍ အလုံးစုံသော သတ္တဝါ တို့၏ အကျိုးစီးပွား ကို အစဉ်စောက်ရှောက်ခြင်း ဂရုဏာတရား နှင့် ပြည်စုံ သည်ဖြစ်၍ နေထိုင်၏။

ထို ပုဂ္ဂိုလ်သည် ဤသို့ ပြည့်ပြည့် စုံစုံဖြည့်ကျင့်ထား သော ဤသို့ ကောင်းစွာဆောက်တည် ၍ ထားအပ်သော ထို ပါဏာတိပါတ ကံ ကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ ကပ်ရောက် ရပေ၏။ 



Tuesday, February 3, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် .... အပိုင်း (၅)




ပါဏာတိ ပါတကံ ကံကြောင့် ရရှိမည့်နောက် အကျိ
ုဆက် တစ်ခုသည်  ဥပပီဠက ကံ ကပ်၍ ညှင်းပန်းနှိပ် စက်တက်သော ကံ ဖြစ်ပါသည်။  


ထို  ပါဏာတိပါတ ကံကြောင့် လူအဖြစ် သို့ အမိ ဝမ်းကြာတိုက် တွင် စတင်ပြီးရောက်သော အခါ တွင် ထို ကလေး ၏ အကုသိုလ် ကံကြောင့် မိဘနှစ်ပါးတွင် ရှိသော စည်းစိမ် ဥစ္စာ တို့ သည် ဆားသည် ရေ တွင်ပျော် ဝင် သကဲ့သို့ ရန်သူမျိုး ငါးပါး ကြောင့်ပျောက်ဆုံး ပျက်စီးသွား ကြပါသည်။ 

မိမိအိမ် ၌ ခိုင်းစေသော နွား တို့သည် ကြမ်းတမ်း လာ ကြသည်။ နို့ထွက်သောနွားမ တို့သည် နို့မထွက်တော့။ မိမိ ခိုင်းသောနွား တို့သည် ကျိုးကုန် ကန်းကုန်ကြပါသည်။ နွားခြံ ထဲတွင် မမျှော်လင့်ဘဲရောဂါ အမျိုးမျိုး
သည်ဖြစ်ပေါ် လာပါတော့သည်။

အိမ်၌ ရှိသော အိမ်စေ တို့သည် ထို ကလေး ၏ မိဘ တို့ အမိန့် ကို မနာ ခံ၊ မျိုးစေ့ တို့သည် အပင် မပေါက် ဖြစ် လာကြသည်။ အိမ်မှာ ရှိသော ပစ္စည်း ဥစ္စာ သည် အိမ်၌ ပင် ဆုံးရှုံးကုန် သည်။ တော၌ ရှိသော ပစ္စည်း ဥစ္စာ သည်တောမှာ ပင်ဆုံးရှုံး ကုန်သည်။ 



သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၄)





မိမိသည် ခေတ်ကာလကောင်းနှင့် ကြုံရ ပါက ကုသိုလ် အလွယ် တကူဖြစ်နိုင်ပေ သည်။ ခေတ် ကာလ ဆိုးနှင့်ကြုံတွေ့ရ ပါက ကုသိုလ်ဖြစ်ဖို့ များစွာ ကြိုးစားရပါသည်။ အလွယ် အားဖြင့် မိမိသည် သမ္ပတ္တိ စက် ၄ ပါးနှင့်ပြည့်စုံ ပါက ကောင်းမွန်သော သုဂတိ ကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်၍ ဝိပတ္တိ ၄ ပါးနှင့် ပြည့်စုံပါက မကောင်းသော ဘဝ ကို အလွယ် တကူ ရရှိနိုင်မည်ဖြစ်သည်။

အသက်တို ရခြင်း
=========

"ဒါကာတော် သုဘ လုလင် ဤလောက ၌ အချို့သော အမျိုးသမီး သည်သော်လည်း ကောင်း အချို့သော အမျိုးသား သည်သော် လည်းကောင်း သူ့ အသက်ကို သတ် လေ့ ရှိသည်ဖြစ်၏။ ရက်စက်ကြမ်းကြုတ်သော စိတ်ထား ရှိသည်ဖြစ်၏။


 သွေးစွန်း သောလက် မမြဲ ရှိသည်ဖြစ် ၏။ သတ်ဖြတ် ညင်းဆဲခြင်း အမှု   ၌ သက်ဝင်၍ တည်နေ သည်ဖြစ်၏ ။ ကြင်နာစိတ် မရှိသည်ဖြစ်၏။ 

ထို ပါဏာတိပါတကံ ထြူေ ပာနေ သော ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည်ထား အပ်သော ထို ပါဏာတိပါ တ အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ  မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာဖြစ် သော အလိုဆန္ဒ ကင်းလျက် ဖရို ဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရပေ၏။


Thursday, January 29, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၃)







ဒီနေ့ အပိုင်း မှာဖော်ပြ မဲ့ အေ
ကြာင်းရာတွေ က ခေါင်းစဉ် နဲ့ မဆိုင် ဘူး လို့ ပြော လို့ ရသလို ဆိုင်တယ် လို့ လဲပြောလို့ ရပါတယ်။ ကံတရား အမျိုးမျိုး ကိုဖော်ပြ ခဲ့ပြီးဖြစ် သည်။ ထို ကံတရား တို့၏ အကြောင်း အရာ အကျိုးပေး ပုံ တို့ကို သိရှိ မှ ကံကို ပိုမို သဘောပေါက် ၍ ပြဿ          နာ၁၄  ချက် ကို ပိုမို နား လည်နိုင် မှာ ဖြစ် ပါသည်။

ဇနက ကံ
=====
ဇနက ကံ ဆိုသည် မှာ ပဋိသန္ဓေ အကျိုး ကို တိုက်ရိုက်ဖြစ်စေတတ် သော ကံဖြစ်ပါသည်။ အကုသိုလ် ကံနှင့် ကုသိုလ် ကံ ဟူ၍ နှစ်မျိုးခွဲနိုင်သည်။

ဝိဇ္ဇာ တဏှာ ဥပဒါန် တို့ရဲ့အားပေးထောက်ပံ့ မှု အကူအညီ ကိုရနေ တဲ့ အကုသိုလ် ဇနက ကံ တွေ သည် သမ္ပတ္တိ စက် ၄ ပါး ရဲ့အေ ထာက် အပံ့  ကောင်း ကို  ရရှိနိုင် ခဲ့ မည် ဆိုလျှင် အကျိုးကို တိုက်ရိုက်ဖြစ်ပေါ် စေသော သဘော ရှိပါသည်။

 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၂)





သုဘလုလင် သည် မြတ်စွာ ဘုရား ထံ သို့ရောက်သော အခါ "မြတ်စွာဘုရား
လောက ၌ ယုတ်ညံသော သတ္တဝါ မွန်မြတ်သော သတ္တဝါ နှစ်မျိုးနှစ်စား ရှိရာတွင် တို သတ္တဝါနှစ်မျိုး ကွဲပြားစေသော တိုက်ရိုက် အကြောင်း အရာ အားပေးထောက်ပံ့ တက် သောအကြောင်း တစ်ရားနှစ်မျိုး တို့သည် အဘယ် ပါနည်း?"

၁။ လောက ၌ အသက်ရှည်သော သူ နှင့် အသက်တိုသော သူ

၂။ အနာရောဂါ ကင်းသောသူ နှင့် အနာရောဂါ ထူပြောသူ

၃။ အဆင်း လှသောသူ နှင့် အဆင်း မလှသောသူ

၎။ခြွေရံ များသော ဘုန်းတန်ခိုး ကြီးသော ဂုဏ် သတင်း ကျော်ကြားသောသူ နှင့် ခြွေရံ နည်းပါးသော တန်ခိုးနည်း ပါးသော ကျော်စောမှု မရှိသော သူ

၅။ြ ကွယ်ဝ ချမ်းသာသောသူ နှင့် ဆင်းရဲသော သူ

၆။ ဥာဏ်ပညာကြီး၍ ထက်မြတ်သော သူ
နှင့် ဥာဏ်ပညာနည်း ၍ မထက်မြတ်သော သူ

၇။  မြင့်မြတ်သောသူ နှင့် ယုတ်ညံ့ သော သူ ဟူ၍ အမျိုးမျိုးတွေ့မြင်နေကြ
ရ ပါသည်။ 



သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)






မဟာ ဂရုဏာတော် သမာပတ် ကို ဝင်စားတော်မူပြီးသော မြတ်စွာဘုရား သည်လောကကြီး သို့ကြည့် ရှုတော်
မူသော အခါ သုဘလုလင် သည် သရဏဂုံ တည် လိမ့် မည် တောဒေယျ   ပုဏ္ဏား သည် ခွေး  ဘဝရောက်ပြီးနောက် သေ ၍ ငရဲ ၌ ခံ ရတော့မည် ဟု မြင်တော်မူ ပါသည်။ 

သုဘလုလင် အိမ်တွင် မရှိခိုက် မြတ်စွာဘုရား  သည်ကြွတော်မူ ၍ ဆွမ်းခံရပ်သော အခါ ခွေး ဘဝ ရောက်နေသော ပုဏ္ဏားက ဟောင်သည်ကို သိတော် မူသောကြောင့်"တောဒေယျ......သင်ရှေး ယခင်လူဖြစ်စဉ် ကလည်း ငါ့ကို 'ဘော ဘော' နှင့်အော်အော်ပြော တယ်၊ ယခုလည်း သင် ငါ့ကို
ဟောင်နေပြန် ပြီ၊ အဝီစိကို သွားလိမ့်မယ်"ဟုမိန့်တော်မူပါသည်။

ထိုခွေး လည်း မြတ်စွာဘုရား ၏ စကားတော်ကို ကြားသော အခါ စိတ် မကောင်းကြီးစွာဖြစ်လျက် မိမိ အိပ်ရာနေရာ မှ စွန့်ခွာ ၍ ပြာပုံ ၌ ခွေ အိပ် လျက်နေသည် သုဘလုလင် ပြန်ရောက် လာသည့် အခါ အကြောင်းကျိုး ကို မေးမြန်းရာ အိမ်စေ တို့ကပြန် လည်ပြောပြသော အခါ များစွာ စိတ်မကောင်းဖြစ်လျက် မြတ်စွာဘုရား အား မိမိ ၏ ဘခင်ခွေး ဘဝ ရောက်ကြောင်း သက်သေကို ဖော်ထုတ်ပြ ရန် မပြနိုင်ပါက
မုသာဝါဒဖြင့် စွပ်စွဲ ရန် အတွက် မြတ်စွာဘုရား သတင်းသုံးရာကျောင်းသို့သွားရောက်ခဲ့ပါသည်။