တစ်ခါ တုန်းက နာမည်ကြီး ဟောပြောသူ တစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေ စက္ကူလေး ကို ကိုင်ပြီး တက်လာပါတယ် ။ ဟောပြောမယ့် အခန်း ထဲမှာ လူ ၂၀၀ လောက် ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေ လိုချင်ပါသလဲ ”
လက်တွေ လေထဲ ကို မြောက်တက် သွားကြတယ် ။ အကုန်လုံး လိုလို လက်ထောင် လိုက်ကြ တယ် ။
သူက ဆက်ပြောတယ် ။ “ ကျွန်တော် ခင်ဗျားတို့ ထဲက တစ်ယောက် ကို ဒီငွေပေးဖို့ ပါပဲ ဒါပေ မယ့် ခဏစောင့် ပါဦး ...” အဲဒီ လိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေ လိုက်တယ် ။ ပြီးတော့ သူ ဆက်မေးတယ် ။ “ ဘယ်သူ လိုချင်ပါသေးလဲ ”
လက်တွေ လေထဲ ကို မြောက်တက် သွားကြတုန်း ပါပဲ ။ “ ကောင်းပြီ ” သူက ဆက်ပြောတယ် “ ကဲ ဒီလို ဆိုရင်ရော ” သူကပြောပြော ဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကို ပစ်ချလိုက်တယ် ။ ပြီးတော့ ကြမ်းပြင် မှာ သူ့ခြေထောက် က ဖိနပ် နဲ့ နင်းခြေ လိုက်တယ် ။ ဒေါ်လာ ၂၀ တန် စက္ကူ ဟာ ညစ်ပတ်ပြီး အတော်လေး ကို ရုပ်ဆိုး သွားတယ် ။ သူက ပြန်ကောက်လိုက်တယ်။
“ ကဲ အခု ဘယ်သူ လိုချင်ပါသေးလဲ ” စကားသံ ဆုံးဆုံး ချင်းမှာပဲ လက်တွေ အတော် များများ လေ ထဲမှာ မြောက်သွားကြတယ် ။
“ ကဲ ခင်ဗျားတို့ အားလုံး အခု ဆိုရင် အရမ်း ကို တန်ဖိုး ရှိတဲ့ သင်ခန်းစာ တစ်ခုကို ရသွားကြ ပါပြီ ။ ကျွန်တော်ငွေစက္ကူ ကို ဘယ်လိုပဲ လုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့် လည်း ဆိုတော့ ငွေစက္ကူရဲ့တန်ဖိုး မပြောင်းလဲ သွားလို့ပါ ဒေါ်လာ ၂၀ တန်နေ တုန်းပါပဲ ”
ကျွန်တော်တို့ ဘ၀တွေ မှာ အကြိမ် များစွာ ကျဆုံး ခဲ့ခြင်း ၊ နင်းခြေ ခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့် ဘာသာချ ခဲ့တဲ့ ဆုံးဖြတ် ချက်တွေကြောင့် စိတ်ဓါတ် နဲ့ တန်ဖိုးတွေ ဟာ မြေကြီးပေါ်မှာ လို ညစ်ပတ်နေခဲ့ ရတယ် ။
တခါတရံ မှာ ကျွန်တော် တို့ဟာ ဘ၀ဟာ တန်ဖိုး မရှိဘူး ငါဟာ ဘာမှ အသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေးတတ်ကြတယ် ။ ဘာတွေ ဘယ်လိုပဲဖြစ်ခဲ့ ပါစေ ဘာတွေ ဘယ်လိုပဲဖြစ်နေပါစေ --- သင့်ရဲ့ တန်ဖိုးကို သင် ဘယ်တော့မှ မဆုံးရှုံး ပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ် အဖိုး တန် တဲ့ လူသား ပါ ဒါကို ဘယ်တော့ မှ မမေ့ ပါနဲ့ ။
fb ကနေ တွေ့ လို့ ...သဘော ကျတာနဲ့  မျှဝေတာပါ..
No comments:
Post a Comment