ဖြစ်ကြောတို ၊ ငြိမ်းလိုစိတ်
ထွက်ရိပ်ကင်း ၊ ချက်ခြင်းကု ပျက်မှုစိုး ၊ တိုး၍စိုက်
လှိုက်လှိုက်ဖို ၊ ကြည်ညို ခုနှစ်တန်
သောတာပန်။
၁။ အရိယာ အဆင့်သို့ရောက်သော်လည်း မပယ်ရသေးသော ကိလေသာ များကြောင့် လွန်ကျူး မိတတ်
(က) သောတာပန် ကဖြစ်ကြော တို၏။
(ခ) ပုထုဇဉ် ကဖြစ်ကြော ရှည်၏။
၂။ မပယ် ရသေးသော ကိလေသာ များကို ငြိမ်းအေးအောင် လုပ်မယ်လို့
(က) သောတာပန် က အမြဲတမ်း စိတ်ထားရှိ။
(ခ) ပုထုဇဉ်က ထို စိတ်မျိုးမထား။
၃။ ဤ ဘုရားသာသနာမှာ သာလျင် သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ များ အဖြစ်ဖြင့် ထွက်ရပ်လမ်း ရှိသည
(က) သောတာပန် က ယုံကြည်သည်။
(ခ) ပုထုဇဉ် က အခြားသာသနာမှာ လည်း ရှိလိမ့်ဦးမည်ဟု ယူဆ။
၎။ အပြစ် သင့်သွားလျင် အချိန်ဆွဲ၍ မထား ၊ နံနက် သင့်လျင် နံနက် ၊ ညနေ သင့်လျင် ညနေ ချက်ချင်း
(က) သောတာပန်က ကုသ။
(ခ) ပုထုဇဉ် က ထိုသို့မကုသ။
၅။ (က) သောတာပန် က အပြစ်ဖြစ်မှာ စိုးရွံ ၊ သီလ ပျက်မှာကြောက်သည်။
(ခ) ပုထုဇဉ် က ထိုသို့မစိုးရွံ ၊ သီလပျက်မှာ လည်း အမှုမထား။
၆။ သစ္စာတရားတွေ အမှန် တရားတွေ ဟောပြီ ဆိုလျင်.......
(က) သောတာပန်က စိတ်စိုက်၍ နာနေနိုင်၏။
(ခ) ပုထုဇဉ်က ထိုတရားတွေနားထဲမရောက်။
၇။ သစ္စာတရားတွေကို နာယူပြီးပြီဆိုလျင်လည်း ပြော၍မဆုံး ချီးကျူး၍မဆုံး ကြည်နူးမှုတွေ ဖုံးပြီးလျင်
(က) သောတာပန် က တပြုံးပြုံးနှင့် ကျေနပ်နေ၏။
(ခ ) ပုထုဇဉ် က ထိုသို့ခံစားမှု မရနိုင်။
ဤ အင်္ဂါရပ် (၇) ပါးနှင့် ညီညွတ်လျင် ကိုယ့်ကို ကိုယ်ဆုံးဖြတ် ချက် ချနိုင်သည်။
(မိုးကုတ် ဆရာတော်ဘုရားကြီး ၏ စာအု
No comments:
Post a Comment