ဂျပန် ဆေးပညာရှင် များ၏ ယူဆချက် အရ နွားနို့သည် သွေးတိုးရောဂါ ကို ကာကွယ် ပေးနိုင် သည့် သတ္တိ ရှိသည်ဟု ယူဆကြသည်။
အကြောင်းရင်း မှာ နွားနို့တွင် ပါဝင်သော ပရိုတင်း ဓာတ်များ သည် သွေးကြော များ ၏ ပျော့ပျောင်း မှုကို ထိန်းသိမ်းပေးပြီး သွေး ကြော မာကျစ် မှု မရှိအောင် တားဆီးပေးခြင်း၊ ဆိုဒီယမ် (ဆားဓာတ်) လွန်ကဲ မှုကို ချေဖျက်ပေး သည့် အာနိသင် ရှိကြောင်း သိရသည်။
ဂျပန် ဆေးပညာရှင် များက ကျန်းမာ သည့် အရွယ် ရောက်ပြီးသူ ၁၃၁ ဦးကို စမ်းသပ် စောင့်ကြည့် အကဲ ခတ် ခဲ့ကြပြီး အစမ်းသပ်ခံ ပုဂ္ဂိုလ်များ အားလုံး သည် နေအိမ် ၌ ပင် နေကြ ရသည်။
နေ့စဉ် နွားနို့ (သုံးပုလင်း= ၆ဝဝ စီစီ) ကို သောက်ကြ ရပြီး ၁ဝ လ ကြာသည့် နောက်တွင် မူလ က အပေါ်သွေး တိုးနှုန်း ၁၁ဝ ရှိခဲ့ကြသည့်သူ များသည် သွေးတိုးနှုန်း အနည်း ငယ် လျော့ကျ သွားသည် ဟု အဆိုပါ သိပ္ပံ ပညာရှင် များ က ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ် တွေ့ရှိချက် များ အရ နွားနို့ သည် သွေးတိုး ရောဂါ များကို သွေး တိုးနှုန်း ချပေးနိုင်ပြီး သွေးတိုးနှုန်း သည် အစား အသောက်နှင့် လည်း မလွဲ မသွေ ပတ်သက် ဆက်နွှယ် မှု ရှိသည် ဆိုသည့် အချက်ကို ပါ သိရှိနိုင်သည်။
No comments:
Post a Comment