ဒိုင်း၊ ဒိုင်း”
လင်မယားနှစ်ယောက်လုံး ရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့် လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်း ဆရာတော်ခြေ ရင်းမှာ
သို့သော် ကျနော့်ကို ဤဒွန္နယာထဲ အရောက်ပို့ဆောင်ပေးခဲ့
ဒီလင်၊ ဒီမယား အသက်ရှင်နေသေး သမျှ များစွာသော သမီးပျို တို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ ၏ ဘ၀ပန်းများ ဆက်လက် လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။
လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်
ကျနော် လူပျင်း တစ်ယောက်မဟုတ်သည် က
တစ်နေ့ လုပ်မှ တစ်နပ်စာ မျှရသော ၀င်ငွေသည် မိသားစု တစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေ ကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့် အမတွေက ယောင်နောက် ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သား တက်နေနိုင်ကြချိန်တွင် လူပျို လူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။
တစ်သက်လုံး မိဘလုပ်စာ ကို ချို့ချို့ငဲ့ငဲ့ ကပ်စားခဲ့ ရသမျှ
ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက် သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင်
ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက် သည်။ သို့နှင့် ထမင်းကျွေးမည့် အလုပ် လိုက်ရှာဖြစ
တစ်ခါတစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပိုလုပ် လာရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေသည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ် အတွက် ရှာရသည်မှာ မသက်သာလှ။
အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယ ညင်သာစွာသုတ်ပေးရှာသည်။ အမေ့မေတ္တာ တစ်ခုတည်း ကသာ ကျနော့်ဘ၀ရဲ့ အမောမှန် သမျှကို ပြေပျောက်စေသည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။
“အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”
“အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင် ကတည်း က အမေဒီအလုပ်လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ်လုပ်မှာပေါ့ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေး ရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသားဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန် စကား။
ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။
ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရ သည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတ
ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆို သူများ မှာလည်း ကျနော့်နှင်နှင် ချာတူးလန် များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။
“မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုး တက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်း ဆုံးဖြတ်ချက် အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။
ကျနော့်သဘော ဟု အခွင့်ပေးလိုက် သည်။ အမေ့ ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ် ထားသောဈေးေ
အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓ ရုပ်ပွားတော်လေးတစ်ဆူ သီတင်း သုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစင်သည် လည်း တောက်ပခွင့် မရရှာပေ။
“တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင် ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။
ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာ ကို မော် ကြည့် လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦး ဆုံး အကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။
“ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။
အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီအမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။
“သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။
အ၀တ်အစား အနည်းငယ် ထည့်ထားသော အိတ် အဟောင်းလေးကို လွယ်ပြီး အိမ်ပေါ် ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်း လာခဲ့သည်။ ကော့သောင်သို့ ထွက်မည့် ကား ရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင် ကို အမေကြည့်နေ မည် မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင်
ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်း ကို ဖြတ် သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွား လုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။
ကျနော့် ရွာသားများ ကို လည်းတွေ့ရ သ
ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများ အားလုံး ပျော်ရွှင်နေသည် ကိုတွေ့ရသည်။
ကျနော့် တစ်ယောက်တည်း ကသာ ကျန်ရစ်သောအမေအို ကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေ သည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင် ခဲ့။ ရှေ့ ဆက် ရမည့် ခရီးကို မည့်သို့ရှိလေမည် နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံ များလည်း နားထဲ မ၀င်လာတော့။
“အမေရေ----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာ ခဲ့ တယ် သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နေ
ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန် မခ ပြန်ရောက်လာတာ ကိုပဲ အမေ၀မ်းသာ လှပါပြီကွယ်”။ အမေစကားဆိုသည်။
ဝမ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့အချိန်မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။
ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေး ကို ပြန်တမ်းတနေမိသည်။ အိမ်မှုံ စုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက် သည်။ ကော့သောင် သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန် လူမျိုးဖြစ်ဟန် တူသော အမျိုးသမီး တစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်း ဘက် လိုက်မည့်သူများကို စာရင်းယူသည်။
ကျနော်လည်း စာရင်းပေး လိုက်သည်။ မိန်းကလေး အများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော် တို့ အုပ်စု အားလုံးဆယ်ရောက် ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက် ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကိုမိန်းမ၊ ယောက်ျား ခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွား သည်။ သွားရမည့် ခရီးစဉ်ကို ပြောပြသည်။
ဟိုဘက်ကမ်းရောက် က မည်သို့ မည်ပုံနေထိုင် ရမည်ကိုလည်
ဟိုဘက် ရနောင်းဘက်ကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီး လည်း ပါသည်။ ကျနော်တို့ အားလုံးကို လှေဝမ်းဗိုက် ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ် များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျား မကွဲတော့။ အတူတူ ပူးကပ်နေကြရသည်။ ဤလှေဝမ်း မှာ ငါးထည့်သော နေ ရာဖြစ် သည် ။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။
အခုတော့ ငါးနေရာတွင် မနုဿ လူသားများ အစားဝင် ယူနေရသည်။ ငါးပုတ် အနံ့ဖြင့် လှေ ၀မ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။
လှေစ ထွက်သောအခါ မော်တော်စက် သံကြောင့် နားကွဲ မတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူး သဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့် ရှူရှိုက်ခွင့် မရ။ လှေဝမ်းဗိုက် ကျဉ်း ကျဉ်းလေး ထဲ တွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံ စစ်ဆေးရေး စခန်းသို့ ရောက်သော အခါ ကျနော်တို့ ကို ခေါ်လာသောမွန် မကြီးက သက်ဆိုင်ရာ ကို ဘာတွေသွားပြောနေသည်မသိ။
သက်ဆိုင်ရာ က လှေပေါ်ဆင်း လာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်
တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့ အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။
အိမ်ကြီး ဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော် တို့ယောက်ျားလေး များကို စပ်ဆိုင် ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။
ဘာမှ မတတ်နိုင်၊ သူ့လက်ခုပ် ထဲကရေ ဘ၀ရောက်သွားလေပြ
ငါး အလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်း ရလာသည်။ အလုပ်သမား အများစုမှာ စုဖို့ဆောင်း ဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။
တပင်တပန်း လုပ်ပြီး ရလာသော လုပ်အားခ သုံးပုံ တစ်ပုံ ကို မွန် လင်မယားလက်ထဲ ထည့် ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါ ခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။
ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေး များကို ဇိမ်ခန်း ပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့် မိန်းကလေးသုံးယောက်
ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူ မျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။
ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန် လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင် ကျင့် လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်း သူငယ်ချင်းကို အကူ အညီတောင်းရသည်။ သေနတ် တစ်လက်ရှာပေးဖို့။
လျောလျောလျှူလျှူပင် ကူညီ သည်။ ပစ်နည်းခတ်နည်း ကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည် ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ် ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာ ခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရ မည့် ကိစ္စဖြစ
အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့် သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။
ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွ
တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်
ကိုယ့်လုပ်အား ခကို ခေါင်းပုံဖြတ်မှု၊ မြန်မာ အချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက် သည်။ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင် မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။
ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေ သည်။ သည်နေ့မှ သေနတ် ကလည်း ခါတိုင်းထက် ပိုလေးနေ သလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည် ။ မောင်းဖြုတ် လုလု စမ်းကြည့်သည်။ အိုကေ။
အိမ်ထဲ ၀င်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်
ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနား ခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။
ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာ အကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက် လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ် အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။
သေနတ်ပြောင်းကို ကလေးဆီ ဦးတည် လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသော အသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီ မိသားစု မှာမှ ညီး ကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။
သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့ အုပ်စုထဲမှာ ရုပ်အချောဆုံး မိန်းကလေးဖြစ်သည်။
မွန် လင်မယားနှစ်ယောက် ၏ ထိုင်းနယ်ခြားစောင့်ရဲတွေ ကို မျက်နှာလို မျက်နှာရ လာဒ်ထိုး မှု တွင် သားကောင်ဖြစ်ခဲ့ ရသူလေး။ ထိုင်း ရဲများ ၏ အသုံးတော်ခံ တစ်ဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက် တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။
အပင်ပေါ်က ကြွေကျ လို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့် အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက် ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။
“ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး ရှင်”။ မြတ်မြတ်က ဆိုလာသည်။
“မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။
ကျနော့်မှာ စကားများများပြော ဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်း ငယ်ပြော ပြီး အသင့်စောင့်နေသော သူငယ်ချင်း လက်ထဲ သူ့သေနတ်ပြန် အပ်ကာ မိုးမလင်းခင် ရနောင်း ကမ်း က လစ်ထွက် လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော် တစ်စီးနှင့်တွေ့ သဖြင့် တက်လိုက် လာခဲ့သည်။
အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါး သို့ ပြန်ရောင်း စားေ
“ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြစ်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက် လှလှလေးကို ပြန်လည် သတိရနေမိသည်။
“အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”
ြ
မြန်မာမိန်းကလေး များ ရောင်းစား ခံရသော ဘ၀မှ လွတ်ကင်းကြ ပါစေကြောင်း ဆန္ဒပြုလျှက်--------------။
မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်
ထိုအဖြစ်အပျက် ဇာတ်လမ်း လေးကို ပြန်လည်ရေးသား ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်.။
source-http://
သတင်းနှင့် သီချင်းကြိုက်သူများအတွက် မှ မျှဝေဖေါ်ပြသည်.....
No comments:
Post a Comment