Sunday, August 4, 2013

၇မ္မက် ဘီလူး နှင့် အသပြာ ဖ၀ါးအောက် တွင် ပန်း မဖြစ်မီ ကြွေ၇ှာသည်




ရန်ကုန်တိုင်း ဒေသကြီး၊ မြို့သစ် တစ်ခုရှိ ရပ်ကွက် တစ်ခု တွင်းမှ ခယိုး ခယိုင် အိမ်လေး တစ်လုံး က အတွင်း တွ င် စုဝေး ထိုင်နေ သည့် လူများကြောင့် ဒီနေ့ မှပို၍နုံချာ သေးကျုံ့နေ သလို ခံစား ရသည် ဟု မလုံး(အမည်လွှဲ)က ပြန်ပြောင်း ပြောသည်။ 

ကြုံရာ ကျပန်း လုပ်ကိုင် စားနေရ သော သူတို့ မိသားစု အတွက် ပိုက်ဆံ ဆို သည်က မက်မော စရာ၊ အမြဲ လို အပ်နေ သောအရာ။ သို့သော်…
 

”ဒီငွေ ကို ယူလိုက်၊ ပြီးရင် ဒီစာချုပ် မှာ လက်မှတ်ထိုး”ဟု ရပ်ကွက် လူကြီး တစ်ဦး က အထက်ပါ စကားကို ဆိုလိုက်ရင်း ငွေတစ်ထပ်နှင့် စာချုပ် ကို မလုံးရှေ့သို့ ချပေး လိုက်သည်။ သူတို့ အတွက် အမြဲ လိုအပ်နေသည့် ငွေဖြစ်သော်လည်း ဤငွေ ကို ယူရန် အတွက် သူတွေဝေ လေးလံနေခဲ့ ရသည် ဟု မလုံးက ဆိုပါသည်။ 

သူ့ဘေး တစ်ဖက် စီတွင် ထိုင်နေသည့် ၇ နှစ် သမီးအရွယ် သမီးငယ်နှင့် ယောက်ျားဖြစ်သူ တို့ ထံ ငဲ့ စောင်းကြည့် လိုက်ရင်း မှ ဆယ်အိမ်မှူး နှင့် အဖွဲ့ညွှန်ပြသော စာချုပ်ပေါ် မှာ လက်မှတ် ထိုးရ မည့် နေရာတွင် ကြက် ခြေခတ် တစ်ခု ရေးခြစ်ပေး လိုက်သည်။ ပိုက်ဆံ ကိုတော့ ယောက်ျား ဖြစ် သူ က လှမ်းယူ လိုက်သည်။


ထို့နောက် ဖျတ်ခနဲ လက်သွားသော ကင်မရာ မီးရောင်။ သူ တို့ငွေလက်ခံရယူ သည် ကို သက်သေ အ ဖြစ် ဓာတ်ပုံ မှတ်တမ်း တင်သွားကြခြင်း။ ”ငွေကြေး က ချေးငှား တာလား အပြတ်ပေး တာလား၊ အဲဒါတော့ မသိ ဘူး။ သူတို့ ဘာသာ လူမှုရေး အရ လုပ် ကြတာ။ ကျွန်တော် တို့က ကျွန်တော် တို့ အနေနဲ့ လုပ်ပေး တာ မဟုတ်တော့ ကျွန် တော်တို့ ဘက်ကပြော လို့မရဘူး။ 


ဒါပေမဲ့ အဲဒီ လိုပေးတဲ့ အခါမှာတော့ ရုံးလုပ်ထုံး လုပ်နည်း အရ မှတ်တမ်း ဓာတ်ပုံ ရိုက်ရ တယ်” ဟု ထို ရပ်ကွက်မှ ဆယ်အိမ် စုမှူး တစ်ဦး က ပြောသည်။
 

၇ နှစ် အရွယ်သာ ရှိသေးသည့် သူတို့၏ သမီးငယ်ကို အိမ်နီးချင်း အမျိုး သား တစ်ဦးက ပြုကျင့် ခဲ့ကြောင်း ကို အချိန်လွန် မှ သိခဲ့ပြီးနောက် ဤသို့ လာ ပေးသော ငွေကို မည်သို့ အမည်တပ်ရ မည်မှန်း မလုံး ကိုယ်တိုင်လည်း မသိ။ မလုံးက အိမ်တကာလှည့် အဝတ် လျှော် အလုပ် လုပ်သူ။

 ယောက်ျား က လည်း ကျပန်း သမားမို့ အိမ် မကပ်နိုင်။ နေ့စဉ် အိမ်တွင် သားဖြစ်သူနှင့် သမီး တို့ သာကျန်ခဲ့ စမြဲ။ သမီးငယ် က ကလေးမို့ ရပ်ကွက် အနှံ့ဆော့ ကစား နေတတ်သည့် အပြင် အိမ်နီး ချင်း မည်သူ ခိုင်းခိုင်း မညည်းမညူ လုပ်ပေးတတ်သည့် ကလေး ဟု မလုံးက သူ့သမီး အကြောင်း ပြောပြ သည်။

သမီး က ယခုမေလ ၄ ရက်နေ့ မှ ဆီး မသွားနိုင်ဘဲ နာနေသည် ဟုဆို ၍မေး မြန်းရာ မှအဖြစ်ဆိုး သိကာ ရင်ကျိုး ရခြင်း ဖြစ်သည်။ မည်သည့် အချိန်က တည်းက ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိနေပြီ ဆို သည်လည်း မသိပါဟု မလုံးက မချိတင် ကဲ ဆိုပါသည်။


 ”ဒီကိစ္စ ကို စကြား ကတည်းက ခံစားချက် အပြည့် နဲ့ ကိုယ့်သားသမီး လိုပဲ ကိုယ့် သားသမီး ကိုယ့်မြေး တစ်ယောက် လိုပဲ ခံစားချက် နဲ့ ငါတို့က အမှု ကိစ္စနဲ့ ပိုက်ဆံ တစ်ပြား တစ်ချပ်မှ ကျွန်မတို့ ရတာ မဟုတ်ဘဲနဲ့ ကျွန်မတို့ ဘာသာ ကျွန်မ တို့ ဒီဖြစ်စဉ်မှန် သာဖြစ်ခဲ့လို့ ရှိရင် ကလေး တစ်ယောက် ဟာ ဒါမျိုးတွေဖြစ် သွားမယ် ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့် သားသမီး ကိုယ့်မြေးသာဖြစ်ခဲ့တယ် ဆိုရင် ဆိုတဲ့ အတွေးနဲ့ ပါတီဝင် တစ်ယောက်အ နေနဲ့ သာမက ပြည်သူ တစ်ယောက် အနေ နဲ့ အဖြစ်မှန် ကို ဖော်ထုတ်ချင်တယ် ။ဖော်ထုတ်ဖို့ လည်း သင့်တယ် လို့ယုံကြည် တယ်။

ဒီ ကိစ္စကို သိသိ ချင်း လိုက်ကြ တယ်၊ စုံစမ်းကြတယ်၊ လေ့လာကြတယ်။ ဘယ်သူမှ ကျွန်မ တို့ကို လက်ဖက်ရည် မတိုက် လမ်းစရိတ် မပေးဘူး။ ခု ကျွန်မ တို့ စွမ်းဆောင်နိုင်သ လောက် ပါတီဝင် တစ်ယောက်အနေ နဲ့ ရော၊ ပြည်သူ တစ်ယောက်အနေ နဲ့ရော၊ မိခင် တစ်ယောက် အနေနဲ့ရော ကျွန်မ တို့ လုပ်မှာပါ” ဟု ဒေသခံနိုင်ငံရေး ပါတီ တစ်ခုမှ မြို့နယ် အလုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။


သမီးဖြစ်သူ ထိုသို့ ကျူးလွန် ခံရ ပြီးမှန်း မိဘများနှင့် ပတ်ဝန်းကျင် သိ၍ အသံ ထွက်လာ ပြီးနောက် ကျူးလွန်သူ ပုဂ္ဂိုလ်က ငွေကျပ် သုံးသောင်းပေး၍ တောင်းပန် ခဲ့သည်ဟု မလုံး က ပြော သည်။
 

”ကိုယ်ကတောင်းတာ မဟုတ် ဘူး။ သူက လာပေးတာ”ဟု မလုံးက ဆို သည်။ အခြား အိမ်နီးချင်း တစ်ဦးဖြစ်ပြီး အကြောင်းရင်း အစ အဆုံး သိနေသည့် ဒေါ်နီက မူ တောက် တစ်ချက် ခပ်ပြင်းပြင်း ခေါက် လိုက်ပြီး ”ကလေး တစ်ယောက် ကို ဒီလို လုပ်ပြီး လျော်ကြေးပေး လိုက်ရုံ နဲ့ ပြီးရောလား။ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စရော ဟုတ်ရဲ့လား”ဟု ဒေါသဖြင့် မေးခွန်း ထုတ်သည်။ 

အဆိုပါ သုံးသောင်းပြီးနောက် အစ တွင်ဖော်ပြခဲ့သည့် အတိုင်း နောက်တွင် ငွေ ၂ သိန်း ၇ သောင်း ကို ရပ်ကွက် တာဝန် ရှိသူများနှင့် အတူ လာေ ရာက် ပေး ခဲ့ခြင်းဖြစ် သည်။ ”စာထဲ မှာဘာတွေရေး ထားလည်း ကျွန်မ မသိဘူး။ ကျွန်မ က စာမတတ် ဘူးလေ”ဟု မလုံးက ညှိုးငယ်သော မျက် နှာဖြင့် ပြောသည်။


”စခန်းကို မသွားခင် မှာ ကျွန် တော်တို့ ရုံးကို လာပြီးတော့ ချိန်းလိုက် တာပေါ့။ ဒါ ရဲတွေ ချိန်းလိုက်တာ ကျွန် တော် မသိဘူး။ ပြဿ    နာတက်နေတယ်၊ ဆယ်အိမ်မှူးရေ လာပါဦး ဆိုပြီး။ ရဲတွေ ကတော့ ခရေစေ့တွင်းကျ မေးတာပေါ့။ စုံစိနေ တာပဲ။ နှိုက်နှိုက် ချွတ်ချွတ်ပေါ့ ။ မေးပြီးတဲ့ အခါကျတော့ မင်း အမှုဖွင့် လို တယ် ဆိုရင်လည်း စခန်းကို လိုက်ပြီး အမှုဖွင့်၊ အဲ့မှာပြန် သွားပြီးတော့ ကလေး အိမ်နီးချင်းကို သွားပြောတာ။ 


သူက အဲ့ဒါမျိုးတော့ ငါမေ ကျနပ်ဘူး၊ အခုချက် ချင်းလုပ်မယ် ဆိုပြီး ခေါ်ကြ ဆိုတော့ ကျွန်တော် ခုချက်ချင်း စခန်း ကိုသွားကြ ဆိုပြီး ကျွန်တော်နောက်ကနေ လိုက်သွား တယ်။ စာရွက်ဖြူ ၁ဝဝ ဖိုးတောင် ဝယ် သွားတယ်။ 

တကယ်လို့ ဟိုနင်းဖြစ် ရင် ကျွန်တော် က စာတင်ရတော့မှာ လေ။ ဟိုကျတဲ့ ခါ ကျတော့ မေးပြီးတော့ စခန်းမှူးရော၊ ဂတ်စာရေးရော၊ ရဲတပ် သားတွေရော မေးစမ်းပြီး တဲ့ အခါ ကျ တော့ သူ့ယောက်ျားရော သူရောက အမှု မဖွင့်ချင်ပါဘူးတဲ့။ အဲလိုပြော ပြီးမှ ဟိုက လက်မှတ် ထိုးခိုင်းတာကို လက် မှတ်ထိုးပြီး ပြန်လာတယ်” ဟု ငွေပေး အပ်ရာတွင်ပါဝင်ခဲ့သည့် ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

ဤကဲ့သို့ လူမသိ သူမသိ၊ မကြားဝံ့ မနာသာ အဖြစ်မျိုး မြန်မာနိုင်ငံတွင် မည်မျှ ထိဖြစ်ပျက်နေ ပါပြီနည်း။ ၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၌ ကောက်ယူထားသည့် စာ ရင်းများ အရ ရန်ကုန် တိုင်းဒေသကြီး အတွင်း အသက် မပြည့်သေးသည့် ကလေးငယ် များအား အဓမ္မ ကျူးလွန် မှု ၇၇ မှု ရှိခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလ အတွင်းတော့ အမှုပေါင်း ၃၁ မှုရှိ နေပြီဖြစ်သည်။


အသက် မပြည့်သေး သည့် ကလေး သူငယ် များ အတွင်း ၁ဝ နှစ်အောက် ကလေးငယ် များ အပေါ် အဓမ္မ ကျူးလွန် မှုများမှာ တစ်နှစ်လျှင် နှစ်ဆ နီးပါးခန့် မြင့်တက် လာပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အတွင်း မြန်မာတစ် နိုင်ငံလုံးကောက်ယူ ခဲ့သည့် စစ်တမ်း များ အရ အမှုပေါင်း ၈၈ဝ နီးပါး ရှိခဲ့သည် ဟု ကလေး သူငယ်နှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်း ဆိုင်ရာ စော်ကား မှုများ အား အ ရေးယူ ၍ ဥပဒေ အတွက် အဓိက လိုက်လံ ဆောင်ရွက်ပေးနေသည့် သမာဓိဖောင် ဒေးရှင်း မှ သိရသည်။ 


ကလေးသူငယ် တို့အပေါ် အဓမ္မ ကျူးလွန်သူ၊ လိင် အလွဲသုံးစား ပြု သူ အချို့မှာ ”ကျေအေးခြင်း ဆို သည့် စကား လုံးနောက် ၌ လုံလုံခြုံခြုံ ပုန်းအောင်း လျက် သားပင် ရှိသည်။ မုဒိမ်းမှု ဟုခေါ် သည့် မှုခင်း များစွာ ကား ဆိတ်ကွယ် ရာ အရပ်၌ မှောင်ရိပ် ခိုကောင်းတုန်းပင်ဖြစ် သည်။
 

”တကယ်တော့ မုဒိမ်းမှု ကို ကျေ အေး မပေးသင့် ဘူး။ ကျေအေးပေး တာနဲ့ နောက်တစ်ခါ အမှုထပ်ဖြစ် ဖို့ အခွင့် အလမ်း ဖွင့်ပေး သလိုပဲ” ဟု သမာဓိ ဖောင်ေ ဒးရှင်း မှေ ရှ့နေဖြစ် သူ ဦးငိုင်ဆာ့ခ် က ဆိုသည်။ 

၎င်းက သူ့ အတွေ့အကြုံ အရ ကလေးသူငယ်များ အပေါ် အဓမ္မပြု ကျင့် ရာတွင် ကလေး ကိုယ်တိုင်က လိုလို လားလား ပြောပြ လာခြင်းမျိုး မဟုတ်ဘဲ အသက်အရွယ် ငယ် လွန်းခြင်းကြောင့် သွေး တအားဆင်း လာခြင်း၊ ဆီး မသွား နိုင်ဘဲ နာကျင် လာသည့် အချိန် မျိုးမှ သာ စတင် သိရှိသည် ဟု ဆိုသည်။

 ပြစ်မှု ဆိုင်ရာ ဥပဒေ မှတ်တမ်းများ အရ အဓမ္မကျူးလွန်ရန် ကြံစည် ထားသူ များက ကလေး အပေါ် ကျူးလွန် ရခြင်း သည် အရွယ်ရောက် သူ တစ်ဦး ထက် ပိုမို လွယ်ကူလေ့ ရှိခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိ ရသည်။ အရွယ်ရောက် အမျိုးသမီး တစ်ဦး အနေဖြင့် ၄င်းတွင်ပြန်လည် ခုခံ နိုင်စွမ်းရှိပြီး ခွန်အား သုံး၍ ရုန်းကန်နိုင် ခြင်းကြောင့် ကျူးလွန်သူ အနေဖြင့် အကြံ စည် အထမြောက် ရန် ခဲယဉ်းသည်။
 

သို့ သော် ကလေး ကား မခုခံနိုင်။ ထို့ပြင် တစ်ခါ တစ်ရံ မိဘဖြင့် တိုင်မည် ဟုခြိမ်း ခြောက်ရုံဖြင့် ပင် ကလေးများ က ဖွင့်ဟ ဝန် ခံလေ့ မရှိတော့ကြောင်း တွေ့ရှိရ သည် ဟု ထိုင်းနိုင်ငံ အခြေစိုက် ကလေး သူငယ် ကာကွယ်ရေး အဖွဲ့မှ ကိုအောင် မျိုးမင်း က ပြောသည်။ 

ထိုသို့သော အဖြစ်ဆိုး တစ်ခုက (၅-၅-၂ဝ၁၃)နေ့ တွင် မြောက်ဥက္ကလာပ မြို့နယ် တွင် ဖြစ်ပွား ခဲ့သည်။ မဝေဝေ (အမည်လွှဲ) က သူ၏ ၇ နှစ် အရွယ် သမီး ငယ်လေးမှာ အဓမ္မပြုကျင့် ခံထား ရပြီး ဆေးကုသမှု ခံယူနေရတုန်း ပင် ဖြစ် သည်ဟု ဆိုသည်။ မဝေဝေ တို့မှာလည်း ကျပန်း အလုပ်သမား မိသားစု သာ ဖြစ် သည်။ ကလေး ကိုကျောင်းပင် မထားနိုင်။

ယခု ကိစ္စဖြစ်ပေါ်လာ ချိန်တွင် ငွေပေးကျေအေးခိုင်း သည်။ သက် ဆိုင်ရာ ရဲစခန်းမှ ထိန်းချုပ် ထားသော် လည်း စီရင်ချက်တော့ မချမှတ် ရသေး။ မဝေဝေ ကတော့ သမီးအတွက် အစိုး ရဆေးရုံ မှပေး လာမည့် သက်သေခံ ဆေးစာ။ ဤဆေးစာ ကိုသာ မျှော်လင့် တကြီး စောင့်မျှော်နေ ဆဲဖြစ် သည်။
 

”ငွေမယူဘူး။ တရားစွဲမယ်။ အဲဒီ လူကို အပြစ်ဒဏ် ကြီးကြီးမားမား ပေး စေချင်တယ်” မိခင် တစ်ယောက် ၏ ရင်တွင်း ခံစားချက် ကို မျက်ရည် များနှင့်ရောပြွန်း ၍ မဝေဝေ တစ်ယောက် အပြင်သို့ ထုတ် ဖော်ပြော လိုက်ပြီး လက်ခုံနှင့် မျက်ရည် တချို့ကို သုတ်ပစ် လိုက် သည်။

 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှလည်း ကလေး သူငယ် များ အဓမ္မပြုကျင့် ခံရမှုများအား မိမိ တို့ဆီ သို့ လာရောက် အမှုဖွင့် တိုင် တန်း မှသာလျှင် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင် မည်ဖြစ်ပြီး တိုင်ကြား လာ သည့် ပြစ်မှုများ အတွက်ကို မူ ထိရောက်သည့်ပြစ် ဒဏ်ပေးနိုင် ရန် ညွှန်ကြား ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံး မှ ရဲမှူးမြင့်ထွေး က ဆိုသည်။ ”ဒီလို အမှုတွေ အတွက် မြို့နယ်ရုံး ကိုတောင် မဟုတ်ဘဲ ခရိုင် တရားရုံး ကို တိုက်ရိုက် တန်းပြီး စွဲချက် တင် ပါတယ်”ဟု ရဲမှူးမြင့်ထွေး က ပြစ်ဒဏ်ေ ပးနိုင်ရန် ဆောင်ရွက်နေပုံ ကို ရှင်းပြသည်။

ဥပဒေ အရ တရားစီရင်ရာ တွင် ပြစ် မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၃၇၆ (အလို မတူဘဲ အဓမ္မပြုကျင့်ခြင်း) သာမက ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်း ထား သည့် ကလေးသူငယ် ဥပဒေပါ ၆၆(က)၊ ၆၅(က) တို့ဖြင့်ပါ ပူးတွဲ အရေးယူမှုပြု ကြောင်း သိရသည်။ 


ကလေး သူငယ် ဥပဒေ၌ ၆၅(က) တွင် ကလေး သူငယ် အား အသက်ဘေး အန္တရာယ် ဖြစ်စေနိုင်သော ရောဂါဝေဒ နာများ စွဲကပ်စေနိုင်သော (သို့မဟုတ်) အကျင့် စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ် ကိုစေ ခိုင်းခြင်း (သို့မဟုတ်) လုပ် ကိုင် ခွင့်ပြုခြင်း အတွက် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ် ၁ဝဝဝ ကျပ်ဖြစ်စေ ဒဏ် ၂ ရပ် လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၆၆ (က)တွင်မူ ကလေးငယ် အား လိင်လုပ် သား အဖြစ် ဆောင်ရွက်စေ ပါက ထောင် ဒဏ် ၂ နှစ်၊ ပြစ်ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ထိဖြစ်စေ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ကလေးသူငယ် ဥပဒေ အခန်း ၁၇ ပြစ် မှုနှင့် ပြစ်ဒဏ် များအခန်း ၌ ပြ ဋ္ဌာန်း ထားသည်။

အသက် မပြည့်သည့် ကလေးငယ် တစ်ဦး အပေါ် တမင် ရည်ရွယ်ကြံစည် ၍ အဓမ္မပြုကျင့်ခြင်း သည် မုဒိမ်းမှုမြောက် ပြီး ၄င်းသည် ကြီးလေး သည့်ပြစ် မှုကြီး တစ်ခု သာ ဖြစ်သည်။ ယင်း အတွက် သာ မန် အမှုများကဲ့သို့ ခွင့်လွှတ်၍ လုံးဝ မ ထိုက်သင့်သည့် အမှုသာ ဖြစ်ကြောင်း ဥပဒေ ပညာရှင် တို့က သုံးသပ်သည်။


 ပြစ်ဒဏ်များ ချမှတ် ရာတွင် အမြင့် ဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ် တစ် သက်တစ်ကျွန်း အထိ ချမှတ်နိုင်ကြောင်း ဦးငိုင်ဆာ့ခ် က ဆို သည်။
 

သို့သော် အဓမ္မ မှုတိုင်းတော့ တစ်သက် တစ်ကျွန်း မဟုတ် ကြပေ။ ဇနီးမယား အား အလို မတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ခွင့်မပြုသေးသည့် အချိန်တွင် ကျူးလွန်ခြင်း၊ ခြိမ်းခြောက် သဘော တူစေခြင်းနှင့် ယောက်ျား ထင် မှတ်၍ ပေါင်းသင်းမိခြင်း တို့ အတွက်မူ တရား သူကြီး က တွေ့ ရှိချက် အတိုင်းပြစ် ဒဏ် ချမှတ်သည်ဟု သိရသည်။

 ပြစ်ဒဏ် တို့ကား တရားခံ တို့ အ တွက် ကြီးကြီး မားမား အသင့်ရှိနေသည်။ သို့သော် မကောင်း မှု ကျူးလွန် သူများက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဥပဒေဘောင် အပြင် က လက်တစ် လုံးခြား ကစားနေကြ တုန်း ဖြစ်သည်။ ပြစ်မှု ကျူးလွန် သူက ကလေးငယ် မိသားစု ၏ပျော့ကွက်၊ ဟာ ကွက် ကို နင်း၍ အမှုကို မတိုင်တန်းစေရန် အမျိုးမျိုးကြိုးစား မည် သို့မဟုတ် ခြိမ်း ခြောက်ပြော ဆိုဦးမည်။
 

တစ်ခါတစ်ရံ ပတ်ဝန်းကျင် အကူအညီ တချို့ဖြင့် မြေ နိမ့်ရာ လှံစိုက် ပစ်တတ်သည်။ ကလေး သူငယ်များ အပေါ်၌ ရွေး ချယ် ၍ အဓမ္မပြုကျင့်သူ အများ စုသည် ကလေးငယ် များ၏ ရိုးသားမှု အပေါ် မူတည် ၍ စည်းရုံး သိမ်းသွင်းကြခြင်းဖြစ် သည်။ စည်းရုံး ရာတွင်လည်း လွယ်ကူမှု ရှိ ကြောင်း တွေ့ ရှိရသည်။

 မြောက်ဥက္ကလာမှ မဝေဝေ က ”သမီးလေး ကို မုန့်ကျွေးမယ် ဦးဦး နဲ့ လိုက်ခဲ့ ဆြို ပီးခေါ် သွားရင်း က အဲဒီလို လုပ်တာ။ ကျွန်မတို့ မရှိတုန်း။ ပြန်ရောက် တော့ ကလေး က သွေးတွေ ဆင်းနေ ပြီ”ဟု သမီးအား အဓမ္မပြု ကျင့် မှုခေါ်ယူ သွားခဲ့ပုံ ကို ပြန်ပြောင်းပြောသည်။
 


ကလေး သူငယ်များ ကား အသက် အရွယ် ငယ်လွန်း လှသည် မို့ အစား၊ ကစား၊ ခုံမင်ကြသည်။ အဆော့ မက်ကြ သည်။ အယုံကြည် လည်း လွယ်တတ် ကြ သည်။ ကလေးအား မုန့်ဝယ်ကျွေး မည် လိုက်ခဲ့ဟု ဆိုရုံဖြင့် ကလေးက မငြင်း တော့။ သူ့ အတွက်မုန့်စားရန် အသိတစ် ခုဖြင့် ရိုးသားစွာ လိုက်လာေ သ်ာလည်း အခွင့်ကောင်း ယူ၍ အဓမ္မကျူးလွန်စော် ကား သည်။ 

ကလေး က မိမိ လုံခြုံရေး အတွက် မည်ကဲ့သို့ ကာကွယ်ရမည် ကို သိထား သည်မဟုတ်။ ထို အခြေ အနေ ကလည်း ပစ်မှတ်ထား ကျူးလွန်သူတို့ အတွက် အခွင့်အရေး တစ်ရပ် ဖြစ်စေ သည်။ ကလေးငယ် များအပေါ် အဓမ္မ ကျူးလွန်ခြင်း (သို့မဟုတ်) မုဒိမ်းမှု ကျူး လွန်ခြင်း သည်ဒေါသ အလျောက် တစ် ခဏဆောင်ရွက်ကျူး လွန်မိခြင်း မဟုတ်။ ပင်ကိုယ် ဗီဇ၊ မျိုးရိုး၊ စရိုက်၊ အကျင့် တို့ အပေါ် ၌သာ မူတည်နေသည်။

”မုဒိမ်း မှုတော်တော် များများမှာ တော့ ကလေးက တရားခံ ကို ပြောနိုင် တယ်။ အဲဒီ ကနေ တရားခံ ကို ခြေရာခံ လိုက်တယ်။ ဒါပေမဲ့ ရဲက ကြိုတင် ထိန်း ချုပ်မှု လုပ်နိုင်ဖို့ ဆိုတာတော့ ခက် တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ် တစ်ဦးက ဆိုသည်။
 

ကလေး သူငယ် အဓမ္မပြုကျင့်ခံ ရမှု လျော့နည်း လာစေရေး အတွက် တော့ ရန်ကုန် တိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်ပေါင်း ၄၄မြို့နယ် အတွက် ပညာ ပေး လုပ်ငန်းများ အား စီမံချက် ချ၍ ဖော် ဆောင်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ မိဘများ အနေဖြင့် မိမိ ၏ သားသမီး ငယ်အား တစ်ဦးတည်း လွှတ်ထား တတ် ခြင်း၊ လယ်၊ တောနှင့် အခြားနေ ရာ တစ်ခု သို့ တစ်ဦးတည်း စေလွှတ်ခြင်းများ ကို အတတ်နိုင် ဆုံး ရှောင်ကြဉ် သင့်သည်။ 

ထို့အပြင် အသိ၊ မိတ်ဆွေနှင့် မိမိကြည် ညိုရသည့် လူပုဂ္ဂိုလ် ဆိုလျှင်တောင် မိမိ ကလေး ငယ်ဖြင့် နှစ်ဦး တည်း မထားသင့် ကြောင်း၊ စိတ် မချသင့်ကြောင်း ကလေး သူငယ်များ လိင် အလွဲ သုံးစား မှု မပြုခံရ စေရန် ဒေါက်တာတင့်ဆွေ က အကြံပြု သည်။
 

ကလေးသူငယ် များ အဓမ္မကျူး လွန် ခံရမှု မှာ ၂ဝဝ၉ ခုနှစ် အတွင်း လေ့ လာ ဆန်းစစ်မှု အရ အာရှတိုက် ၌ ၂၃ ဒသမ ၉ ရာခိုင်နှုန်း ရှိနေပြီး အမေရိ ကနှင့်ဥရောပ ထက်သာလွန်နေ သည်။ မိန်းကလေး များက ၁၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး ယောက်ျားလေး ၇ ဒသမ ၉ ရာခိုင်နှုန်း ရှိနေကြောင်း တွေ့ရှိ ရသည်။

 မြန်မာနိုင်ငံ အတွင်း၌ ကလေး အပေါ် အဓမ္မကျူးလွန်မှု တိုင်း တရားခွင်ရှေ့ သို့ရောက် ရှိနေခြင်းတော့ မဟုတ်။ ခြိမ်း ခြောက်မှု တစ်စုံတစ်ရာ ရှိ၍ အမှန် ကို မမြင်ရခြင်းလော၊ သို့တည်း မဟုတ် ဖိ အားပေးမှုကြောင့် အမှန် တရားနစ်မြုပ် ပျောက်ကွယ်နေခြင်းလော။
 


ယင်း အတွက် ”ကူညီပါရစေ” ဆိုသည့် ဆိုင်းဘုတ်အောက် အဓမ္မမှု တိုင်းရောက် မလာနိုင်ခြင်း လည်း ဖြစ်ပေ လိမ့် မည်။”ဒီကိစ္စ မျိုးက အရှက် အကြော က် မရှိဘဲ တိုင်ကို တိုင်ရမယ်။ မတိုင်ရင် ကလေး က အခါခါ ခံရမယ်။ ဒါက, ကလေးဆိုး လို့ဖြစ်တာမှ မဟုတ်တာ”ဟု ကလေးငယ် အပေါ် အဓမ္မကျူး လွန်ခံ ရမှုနှင့် စပ် လျဉ်း၍ ရှေ့နေ ဦးငိုင်ဆာ့ခ် က ပြောဆို လိုက်ခြင်းဖြစ်သည်။

အဓမ္မကျူးလွန်သူ တစ်ဦးအား တိုင်တန်းခြင်း မပြု၍ ယင်းထောင် မှ လွတ်လပ် သွားခြင်း သည် နောက်ထပ် ကလေး သူငယ်များ အပေါ်သို့ ဆက် လက် ကျူးလွန်နေဦးမည် ကတော့ သေချာကြောင်း ရှေ့နေ အတွေ့အကြုံ  အရပြောပြသည်။ 
 
ထိုကဲ့သို့ အဓမ္မမှု များသည် မြို့ လယ်နေရာ များတွင် ဖြစ်ပွားမှု ရှိသော် လည်း နည်းပါးပြီး ဆင်ခြေဖုံး ရပ်ကွက် များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ တောင်ဒဂုံ၊ ဒလ စသည် တို့ တွင်တော့ လ အလိုက်နှစ် အလိုက် ဖြစ်ပွားနေကြ သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြစ်မှု မှတ်တမ်း များအရ သိရ သည်။

သို့သော် သာမန် အလယ် အလတ် တန်းစား လူများတွင် အဓမ္မ ကျူးလွန်ခံ ရပါက ရုံးရှေ့သို့ မကြောက် မရွံ့လာ ရောက် တိုင်တန်း တတ်ကြသည်။ ၄င်း တို့၌ ပညာရည် အဆင့်အတန်း အားဖြင့် တတ် သိနား လည်ကြပြီး ငွေကြေးဖြင့် ကျေအေး ပါကလည်း မိမိ သားသမီး အ ပေါ် လိင် အလွဲ သုံးစားပြု မှုအား ကိုယ် တိုင် ပါဝင်သွားနိုင်မည် ကို သိရှိထားခြင်း တို့ကြောင့် ထို သူများ ကတော့ တိုင် တန်းမှုပြုရဲကြသည် ဟု ဥပဒေ မှတ်တမ်း ပြုစုရာ မှ တွေ့ရှိသည့် အချက် အလက် ကို ဦးငိုင်ဆာ့ခ်ပြောပြခြင်းဖြစ်သည်။

 မြောက်ဥက္ကလာပ မှ မဝေဝေ က သမီး အတွက် ပရိဒေဝ မီးတောက်လောင် ၍ ဘာလုပ် ၇ဘာကိုင်ရ မှန်း မသိချိန် က လေးခေါ် ၍ မြောက်ဥက္ကလာဆေး ရုံသို့ သွားခဲ့သော် လည်း တွေ့ကြုံ လိုက် ရသည် က ”တာဝန် ကျတဲ့ ဆရာဝန်မ က ဘာမှ မ ဖြစ်ဘူး ပြန်တော့ တဲ့။ 

သမီး ကိုခေါ်ပြီး ပြန်လာတော့ သမီး ကေ သွးတွေ တအား ထပ်ဆင်း လာတယ်”ဟု ပြောရင်း မဝေ ဝေ ၏ အသံက တိမ်ဝင် သွားပြီး ခဏတာ နစ်မြုပ် သွားသည်။ မျက်ရည် စက် များက ပါးပြင်ပေါ် သို့ တစ်လှိမ့်ပြီး တစ်လှိမ့်ဆင်း လာရင်း။ ”ရပ်ကွက်ထဲ တစ်ခါပြန်ပြီး လူ ကြီးတွေ ကို အကူ အညီပြန်တောင်း ရ တယ်။


 စခန်းမှာ အမှုတွေ ဘာတွေ ဖွင့်ပြီးတော့ ညကျ မှဆေးရုံပြန်သွား ရ တယ်” ဆေးရုံသို့ သွားရာ ပထမ အ ကြိမ်၌ သမီးငယ်လေး အား စစ်ဆေးပေးမှု မ လုပ်ခဲ့ကြောင်း မည်သို့မျှ နားမလည် ကြောင်း မဝေဝေ က ရိုးရိုးသား သားပင် ပြောသည်။ လက်ရှိ တွင်တော့ ကလေး အား လိုအပ်သည့် ဆေးကုသမှု များပေး ထားပြီး ပြန်လည်ပြသရန် ရက်လည်း ချိန်းထား သည် ဟု သိရသည်။

အဓမ္မ ကျူးလွန်မှုသည် ရဲအရေး ပိုင်သည့် အမှုဖြစ်ပြီး ယင်း အတွက် ကျူးလွန် ခံရသည်ကို ရဲစခန်း တွင် အမှုဖွင့် တိုင်ကြား ရမည်။ သို့သော် ခြွင်းချက် အနေဖြင့် အခြေ အနေတစ် စုံ တစ်ခုကြောင့်ရဲစခန်းသို့ မသွား ရောက်ဘဲ ဆေးရုံသို့ တိုက်ရိုက် သွားလျှင်လည်းဆေးရုံ ရှိဆေးစာ ဌာန မှ မှတ် တမ်း တင်ပြီး စခန်း သို့ပေးပို့ အမှုဖွင့် နိုင်ကြောင်း၊ ယင်းအတွက် ရဲစခန်း မှ တာဝန်ကျ ရဲအရာရှိ မှ ဆေးရုံသို့ လာ ရောက်၍ အမှုဖွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ရှင်း ပြသည်။



အဓမ္မပြုကျင့် ခံရသည့် ကလေး ငယ်တိုင်း မိန်းမ ကိုယ်၌ ထိုးသွင်း ဒဏ် ရာ ဒဏ်ချက် များ ရှိနေ မည်ဖြစ်သည်။ လိင်ပိုင်း ဆိုင်ရာ ကျူးလွန် ခံလိုက် ရ သော်လည်း ဆေးဝါး အချိန်မီ ကုသနိုင် ပါက အသက် အန္တရာယ် မထိခိုက်နိုင်။ သို့သော် ကလေး ၏ နုနယ်သည့် စိတ် ၌ ဒဏ်ရာ ကြီးကြီး မားမား ကျန် ရှိနေတတ် သည်။ ကျူးလွန် သူ  စိတ် ဆန္ဒတစ်ခဏ ကျေနပ် မှု အတွက် ကလေး ငယ် တစ် ယောက် ၏ တစ် ဘဝစာ အနာဂတ် ကို ကြီးမားသော ထိုးနှက် ချက်များနှင့် ပေး ဆပ်လိုက် ရခြင်း ဖြစ်သည်။

အိပ်မက် ဆိုးများ မက်ခြင်း။ ကြုံတွေ့ ခဲ့ရသည့် အဖြစ် ဆိုးအား ကြောက်လန့်နေတ တ် ခြင်း ၊ ဖြစ် ပျက် ခဲ့ရမှု အပေါ် ရင်မဆိုင် နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း တို့ ဝင် ရောက်လာနိုင်ကြောင်း စိတ် ကျန်းမာ ရေးဆိုင်ရာ အငြိမ်းစား ပါမောက္ခ ဒေါက် တာ ဆွေဆွေဝင်း က မှတ်ချက်ပြု ပြော သည်။ 


 ”သူတို့လေးတွေ အတွက် စိတ်ပိုင်း ဆိုင်ရာ အရမ်းကြီး ထိခိုက်သွားပြီ။ ဒီဟာ က သူတို့ ဘဝမှာ အမည်း စက် တစ်ခု ဖြစ်သွားတယ်”ဟု ပါမောက္ခက ကလေး များက ကလေး များ၏ စိတ် ခံစားနိုင် ရ မှုအပေါ် ဆွေးနွေးပြောကြားသည်။

ကလေးများ အတွက် ပြန်လည် ကုသပေး ရာတွင် ခန္ဓာကိုယ် သာ မက စိတ်ပိုင်း ဆိုင်ရာကိုပါ အဓိ က ထား ကု သပေးသင့် သည်။ ခန္ဓာကိုယ် ကျန်းမာ ရေးကား ပြန်လည် ကုသရန် လွယ်သော် လည်း စိတ် ကျန်းမာရေး ကား မည်သို့ ရှိနေသည်ကို ပင်မသိ။မှန်းဆရန် ခက် သည်။ 


ခန္ဓာကိုယ် ပြန်လည် ကုသရေး တွင်လည်း သာမန် စုတ်ပြဲ ဒဏ်ရာဒဏ် ချက် အတွက်တော့ ကုသ ရန် လွယ်ကူ သည်။ သွေး လိုအပ်မှုများ အတွက်လည်း ပြဿ    နာတော့ မရှိလှ။
သို့သော်  ပိုး ဝင်ရောက် ခံရခြင်း သို့မဟုတ် သား အိမ်ခေါင်း ကင်ဆာဖြစ်ရင် ဗိုင်းရပ်စ် တစ်မျိုး ကူးစက် ခံရခြင်းဖြစ် ပါက ကလေး အတွက် ထိခိုက် နစ်နာမှု များစွာ ရှိ လာလိမ့်မည်ဟု သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန် ဒေါက်တာစိုးလွင် က မှတ်ချက်ပေးသည်။ 


ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ ဆေး ရုံအုပ်ကြီး ဒေါက်တာကျော် ကျော် က ၄င်းတို့ အစိုးရဆေးရုံ များ အနေဖြင့် အဓမ္မ မှုများ အပါအဝင် ရဲမှူးခင်း ဆိုင်ရာ အမှုအခင်းများ အတွက် ရဲစခန်း ၏ ကန ဦး အစီရင်ခံစာ (First Information Report) (FIR) အား အရင်ဆုံး လက်ခံ ရယူရသည် ဟု ဆိုသည်။

အကယ် ၍ ယင်း အစီရင်ခံစာ ပုံ စံ မရောက်လာသေး သည့် အခါ များတွင်လည်း ဆေးရုံမှ မှတ်တမ်းကောင်းစွာ မှတ်သားထား ရပြီး ရဲဆေးစာ တွင်ြ ပန်လည်ဖြည့် စွက်ပေးရ သည်။ လူနာ ၏ အရေးပေါ် လိုအပ်ချက် အပေါ် မူတည်၍ ဆေးဝါး ကုသမှုဆောင် ရွက်ကြောင်း ပြော သည်။


”ဆေးရုံကြီး အချို့မှာ သက် ဆိုင်ရာ ရဲစခန်းမှ ရဲဝန်ထမ်း တစ်ဦး တွဲဖက် ထားရှိပေး ပါတယ်။ ဆေးရုံ တိုင်းတော့ မဟုတ်ဘူး”ဟု ရန်ကုန် ပြည်သူ့ဆေးရုံ အုပ်ကြီး က ဆိုသည်။ မလုံး ၏ သမီးငယ်လေး အမှုနှင့် မဝေဝေ ၏ သမီးငယ်လေး ၏ အမှု တို့တွင် ကလေး နှစ်ဦး စလုံး ကား သက်တူ ရွယ်တူ နီးပါး။ ပြစ်မှု ကျူးလွန် သူများ ကလည်း ငွေပေး ကျေအေးမှုများ၊ ခြိမ်းခြောက် မှုများ ပြုလုပ်ကြပြီး အပြစ်လျော့ မည့် နည်း လမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ် သည်။ 

”ဘဘ က အသက်လည်း ကြီးပြီ။ ပန်းလည်းသေနေတယ် တဲ့။ နင်တို့ ကလေး ဘာမှ မဖြစ်ပါဘူး ဆိုပြီး ပထမ ဆုံး ငွေ လာပေးတုန်းက ပြောသွားတာ။
 

ကျွန်မဖြင့် အသည်းတွေ ယားပြီး အသား တွေတောင် တုန်တယ်”ဟု မလုံးနှင့် အိမ် ချင်း ကပ်ရက်ဖြစ် သူ စစ်သူနာပြု တက္ကသိုလ် တက်ရောက်ခဲ့ ဖူး သည့် ဒေါ် မိမိကြီးက ၄င်းကြား ခဲ့ရပုံ ကို ပြောပြခဲ့ ခြင်းပင်။ 

အထက်ပါ ဖြစ်ရပ်နှစ်ခု တွင် ကွဲ ပြားနေ သည်က မိခင် များ၏ ယုံကြည် ချက်။ မဝေဝေ ကတော့ ပြတ်ပြတ် သား သား ဆုံးဖြတ်ပြီး သူမို့ အမှုဖွင့် ထားပြီး ဖြစ်သော် လည်း မလုံး က ဝေခွဲ မရသေး။ ပိုက်ဆံ ရယူထား ရ၍ အပြီးတိုင် ကျေအေး လိုက်နိုင်ပြီ ဟုလည်းမဆိုနိုင်။

မိခင်  တစ်ယောက်၏ စိတ်ဓာတ်နှင့် စခန်းသွား၍ အမှုဖွင့် မည် ဆိုပြန်တော့ လည်း မလုံး ၏ယောက်ျား၊ ကလေး ၏ ပထွေးကလည်း အမှု မဖွင့်စေချင်တော့။ တစ်ဖက်က ချုပ်ဆိုပေးထား လိုက် ရ သည့် စာချုပ် ရှိနေသးသည်။ 


တိုင်တန်းမှု ကြောင့် ပြဿ    နာတစ် စုံတစ် ရာ ထပ်ဖြစ် မှာလည်း မလိုလား။ ရှပ်အင်္ကျီ အနီကွက် နွမ်းနွမ်း ၏ လက် အင်္ကျီစဖြင့် မျက်ရည် ကို သုတ် လိုက်ကာ သမီးငယ်လေး ဘက်သို့ လှည့် ကြည့် ရင်း မလုံးက ” တိုင်လို့ရမယ် ဆို ရင်တော့ တိုင်ချင်သေး တယ်။ ဒီကလေး အနာဂတ် အတွက်ပါ” ဟု ဆို့နင့်သော အသံဖြင့် တိုးတိတ်စွာပြောပါသည်။


From: သူရထွန်း၊ သုတလင်း၊ မြတ်စုငြိမ်း
www.mmdailystar.com  

No comments:

Post a Comment